မြေပုံထဲက လမ်းကြောင်းအတိုင်း သွားပါမယ်

မြေပုံထဲက လမ်းကြောင်းအတိုင်း သွားပါမယ်

ဒီနေ့လဲ တစ်နေကုန် ကားစီးပါအုန်းမယ် .. မြေပုံထဲမှာ ဆွဲထားတဲ့ ပန်းရောင်လမ်းအတိုင်းပဲ … စုစုပေါင်း မိုင် ၁၂၀ ၀န်ကျင်လောက် တောင်တန်းတွေပေါ် ကားစီးကြမယ် … လိုရမယ်ရ ရွတ်စရာ ဘုရားစာတွေ သယ်လာခဲ့နော် ..

မနက် ၇ နာရီ ကုန်ဟိန်းမြို့ကနေ စထွက်မယ်လို့ စီစဉ်ထားပေမယ့် တကယ်တမ်းထွက်ဖြစ်တော့ ၇ နာရီခွဲ ရှိပါပြီ။ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ ပေါက်လို့ ပါလို့ မပြီးကြတဲ့သူတွေကို စိတ်မရှည်အောင်စောင့်ရအုန်းမယ် ..

ကုန်ဟိန်းက စထွက်တာနဲ့ ပါတ်ဝန်းကျင်မှာ စမ်းချောင်းတွေနဲ့ စိမ်းစိမ်းစိုစိုရှိပါတယ်။ တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ် အသုံးပြုကြတာ တွေ့ရတယ်။ မိုင်တိုင်ကို သံလွင်မြစ်ကနေ စပြီး ခေါ်ဝေါ်တဲ့ဓလေ့တစ်ခု တွေ့ခဲ့ရတယ်။ တာလီကို ဖြတ်ပြီးနောက် တာကော် (၂) မိုင်ဆိုတဲ့ မြို့မှာ ခဏနားကြတယ်။ စမ်းချောင်းတစ်ခု စီးဆင်းနေတာတွေ့ရတယ်။ အဲဒီစမ်းချောင်းက မိုင် (၃၀) အထိ တောင်ကြားတွေထဲမှာ ဆက်တိုက်စီးဆင်းနေတယ်တဲ့။ ကြည်လင်နေတဲ့ စမ်းချောင်းရေ၊ စမ်းချောင်းသံတွေကြောင့် တောတောင်ထဲမှာ သွားနေရသလို ခံစားရပါတယ်။

စထွက်လာပါပြီ ..

စထွက်လာပါပြီ ..

ဒီစမ်းချောင်းလေးက မိုင် ၃၀ တောင်ရှည်တယ်တဲ့

ဒီစမ်းချောင်းလေးက မိုင် ၃၀ တောင်ရှည်တယ်တဲ့

သံလွင်မြစ်ကို ကျော်ဖြတ်ပြီးတာနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖြစ်သွားပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းတောင်တန်းတွေက ပိုမြင့်ပြီး ပိုလှတယ်။ ရာသီဥတုလဲ ပိုအေးမြပါတယ်။ မိုင် ၃၀ ပန်ခင်းဆိုတဲ့ မြို့မှာ ခဏနားကြတယ်။ အပြန်အဲဒီမှာ တည်းရမှာတဲ့။ ကုန်ဟိန်းလောက် မတိုးတက် မလှပတဲ့ ရွာလေးတစ်ရွာပါပဲ ..

မိုင် ၃၀ ပန်ခင်းက တည်းခိုခန်း

မိုင် ၃၀ ပန်ခင်းက တည်းခိုခန်း

လမ်းခရီးရဲ့ တစ်ဝက်ဖြစ်တဲ့ မိုင်းပျဉ်းမြို့မှာ နေ့လည်စာစားကြမှာပါ။ သွားတာက ကားကြီး ၂ စီးဆိုတော့ တစ်စီးနဲ့တစ်စီး စောင့်မောင်းရင်း၊ ကျန်းမာရေးအတွက် မကြာခဏရပ်ရင်းနဲ့ အေးအေးဆေးဆေးပဲ မောင်းလာကြတယ်။ အိပ်ငိုက်လိုက်၊ နိုးလိုက်၊ လှတယ်ထင်ရင် ဓါတ်ပုံရိုက်လိုက်နဲ့ ငေးရင်း တွေးရင်း ကားစီးလာခဲ့တယ်။
ကားကြီးပဲ ဘရိတ်ခဏခဏဆွဲရလို့ heat တက်ပါတယ်။ တစ်နာရီလောက်မောင်းပြီးတိုင်း တစ်ခါနားပြီး ဘီးတွေကို ရေနဲ့လောင်းကြရတယ်။ တောင်ကျရေတွေက ကြည်စိမ်းနေတာပဲု။

လမ်းတွေကောင်းတယ်

လမ်းတွေကောင်းတယ်

ကားဘီးရေလောင်းဖို့ ရေကန်တွေ ရွာတိုင်းလိုလိုမှာ ရှိတယ်

ကားဘီးရေလောင်းဖို့ ရေကန်တွေ ရွာတိုင်းလိုလိုမှာ ရှိတယ်

မိုင်းပျဉ်းရောက်တော့ ၁၂ နာရီခွဲလောက်ရှိပြီ။ ထမင်းဆိုင်ကို ကြိုမှာထားလို့ အဆင်သင့်ပြင်ထားပြီးသားတွေ့ရတယ်။ နေရာအတော်လေးကျယ်တဲ့ တရုတ်ထမင်းဆိုင်တစ်ခုပဲ (ဆိုင်နံမည်မှတ်ဖို့ မေ့ခဲ့တယ်)၊ စေတနာပါပါနဲ့ သေသေချာချာချက်ပြုတ်ထားလို့ စားရတာ အဆင်ပြေတယ်။

ဗိုက်ဖြည့်ထားအုန်းမှ ..

ဗိုက်ဖြည့်ထားအုန်းမှ ..

မိုင်းပျဉ်းကထွက်ပြီးနောက် တောင်တန်းတွေက ပိုပိုလှလာတယ်။ မမြင်ဖူးတဲ့ မြင်ကွင်းတွေမို့ သေချာလိုက်ကြည့်ဖြစ်ခဲ့တဲ့။ တောင်တွေကိုကြည့်ရင်း မူးလာတယ်။ မြန်မာပြည်ထဲ နှံ့နေပြီ တစ်ခါမှ ကားမမူးခဲ့ပေမယ့် ဒီတစ်ခါတော့ တကယ်မူးလာတယ်။ ကားဆရာက သိပ်မြင့်တဲ့တောင်တွေတက်ရတဲ့အခါ အဲယားကွန်းခဏပိတ်ပြီး ပြူတင်းပေါက်ဖွင့်ခိုင်းလို့ တော်သေးတယ်။ တောင်လေက လတ်ဆတ်နေတယ်။ ဖုန်လုံးဝမပါတဲ့ အေးမြတဲ့လေတွေက ရန်ကုန်သူားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့လေတွေဖြစ်မှာပါ။

ဒီလိုအရောင်က တစ်မျိုးလှတယ်

ဒီလိုအရောင်က တစ်မျိုးလှတယ်

တောမီးလား ဘာလားတော့မသိဘူး ..

တောမီးလား ဘာလားတော့မသိဘူး ..

ကိုးကွေ့တောင်က ကွေ့တစ်ခု

ကိုးကွေ့တောင်က ကွေ့တစ်ခု

တောင်တွေတစ်တောင်ပြီးတစ်တောင်တက်လိုက်ဆင်းလိုက်၊ တောင်နံမည်တွေရှိပေမယ့် နံမည်တွေက မှတ်ရခက်တယ်။ မှတ်မှတ်ရရ ကိုးကွေ့တောင်ကို သတိထားခဲ့မိတယ်။ တောင်ထိပ်ရောက်ဖို့ ကိုးကွေ့တက်ပြီးမှ ရောက်ပြီး ကိုးကွေ့ပြန်ဆင်းရတဲ့တောင်တစ်ခု၊ စပါယ်ရှယ်တောင်လို့ခေါ်တဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်အထိအမြင့်ရှိတဲ့တောင်တစ်ခု၊ ညနေနေကျချိန် အလင်းရောင်မှုန်မှုန်မှာ ဖြတ်ခဲ့ရတဲ့ တောင်အလှတွေကို ခံစားခဲ့ရတာ အန်ချင်လောက်အောင် မူးပါတယ်။

မြွေလိမ် မြွေကောက်လမ်းတွေ

မြွေလိမ် မြွေကောက်လမ်းတွေ

လှေခါးထစ် စိုက်ခင်းတွေလဲရှိတယ်

လှေခါးထစ် စိုက်ခင်းတွေလဲရှိတယ်

လှတယ်နော် ..

လှတယ်နော် ..

ဒီလို မြင်ကွင်းမျိုး မြင်ရခဲတယ်

ဒီလို မြင်ကွင်းမျိုး မြင်ရခဲတယ်

သဘာဝ ပန်းချီးကားချပ်တစ်ခု

သဘာဝ ပန်းချီးကားချပ်တစ်ခု

လှတာတွေမြင်ရတော့ အိပ်ငိုက်ဖို့တောင် သတိမရတော့ဘူး ..

လှတာတွေမြင်ရတော့ အိပ်ငိုက်ဖို့တောင် သတိမရတော့ဘူး ..

နေတောင် ၀င်တော့မယ်

နေတောင် ၀င်တော့မယ်

မှုန်မှိုင်းမှိုင်းလဲ လှတာပဲ

မှုန်မှိုင်းမှိုင်းလဲ လှတာပဲ

ခဏနေရင် မှောင်တော့မယ်

ခဏနေရင် မှောင်တော့မယ်

နေ၀င်သွားမှာ နှမြောမိတယ်

နေ၀င်သွားမှာ နှမြောမိတယ်

ဒီလိုအကွေ့တွေမှာ သတိထားပြီး မောင်းနေရတယ်

ဒီလိုအကွေ့တွေမှာ သတိထားပြီး မောင်းနေရတယ်

ကျိုင်းတုံမြို့ကို ညနေပိုင်းလောက် ရောက်သင့်ပေမယ့် နေသာဝင်သွားရော မရောက်သေးပါဘူး။ တောင်တက်လမ်းတွေများလွန်းလို့ ခရီးတော်တော်လေးဖင့်ပါတယ်။ ကားဆရာကိုလဲ မပြောရဲဘူးလေ။ ကားဆရာက နမ့်စန်နယ်သားဖြစ်ပြီး တောင်ပေါ်လမ်းတွေကျွမ်းကျင်တယ်လို့ သိရလို့ စိတ်ချလက်ချ လိုက်ခဲ့ရပေမယ့် နှေးလိုက်တာလို့ ခံစားရတယ်။ အမှောင်ထဲ လမ်းတစ်နေရာမှာ တောင်ကျချောင်းတစ်ခု လမ်းမပေါ်ဖြတ်စီးနေတာရှိပါတယ်။ ကျွန်မတို့ကားဆရာက ကျွမ်းကျင်လို့ ကျော်လိုက်နိုင်ပေမယ့် အနောက်ကကားက နစ်သွားလို့ အဲဒီမှာ တစ်နာရီနီးပါး ကြာသွားသေးတယ်။

ည ၈ နာရီမှ ကျိုင်းတုံမြို့ထဲရောက်ပါတယ်။ မြို့ထဲက အောင်နိုင် မြန်မာထမင်းဆိုင်မှာ ကြိုတင်စီစဉ်ထားပါတယ်။ ကျွန်မကတော့ မရတော့ပါဘူး။ မူးပြီးအန်ချင်နေလို့ ထမင်းမစားတော့ပဲ လစ်ပိုတစ်လုံးသောက်၊ ရေသောက်ပြီး ညနေစာပြီးလိုက်တယ်။

ထမင်းစားပြီး အားလုံး ကားပေါ်ပြန်တက်ပြီးတော့မှ ကျိုင်းတုံဟော်တယ်သစ်မှာ ညအိပ်ရပ်နားပါတော့မယ်။

နယူးကျိုင်းတုံဟိုတယ်

နယူးကျိုင်းတုံဟိုတယ်

အားလုံးပဲ ပင်ပန်းနေကြပြီဆိုတော့ ရေပူနဲ့ ရေချိုးပြီး အိပ်ကြရအောင်နော် …

နောက်နေ့မှ ကျိုင်းတုံ- တာချီလိတ်နဲ့ မယ်ဆိုင်ဘက် ခရီးဆက်ကြမယ် ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....