ကမ္ဘာကြီးက လည်တယ်
စကြ၀ဠာက လည်​တယ်
မြို့ပြကလည်တယ်
လေတံခွန်က လည်​တယ်
ငါ
လက်နှစ်​ဖက်​ကိုဆန့်​တန်း
နေထွက်​ရာအရပ်​ကလည်း လည်​​နေတာ ​တွေ့ရ
သစ်​ရွက်​အ​ကြွေက လည်​တယ်
လေဆင်​နှာ​မောင်းက လည်​တယ်
ကားဘီးကလည်​တယ်
ငါ
ဘောပင် ကောက်​ကိုင်​ကြည့်​​တော့
မင်​ထွက်​ရာအရပ်​ကလည်း လည်​​နေတာ​တွေ့ရ
ဝဋ်​​ကြွေးကလည်​တယ်
စကားကလည်​တယ်
ကျည်​ဆံကလည်​တယ်
ငါ
အင်​တာနက်​ကိုဖွင့်​ကြည့်​​တော့
အ၀ိုင်း​လေးလည်​​နေတာကို​တွေ့ရ
လည်​တယ်​လည်​တယ်​နဲ့
ငါတို့ဟာ
သံသရာအရှည်​ကြိီးထိမူးဝေ
ငါ့ကိုလာမလှည့်​ပါနဲ့
မင်းနဲ့ငါ မူး​နေကြသူအချင်းချင်း
တစ်​​နေရာရာမှာ မြင်​တွေ့ဘူးလား
ငါ​တော့
ဆုံကြဘူးတယ်​ထင်​​နေလို့။
ကိုစစ်

ko six

About ko six

ko six has written 103 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014