ကဲ ရွာသူား ၊ ဘိုးဘိုး ဘွားဘွား ဦးလေး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေးများ တို.ရေ..

ကျုပ် တစ်ခုလောက်ပွား…. အဲ ပြောချင်ပါတယ်ဗျာ..

အခု ကျုပ်တို.နိုင်ငံမှာ ကားတွေ များလာတယ်….ဘယ်နားကြည့်ကြည့် ကားကျပ်တယ်ဆိုတာတွေ ကြားနေရတာပဲဗျာ.. ကျုပ်ဒီပို.စ်ကိုဘာလို.တင်လဲဆိုတော့ အခု ကားမောင်းသမားဖြစ်နေပြီလေ… ရုံးတက်ရုံးဆင်း မန်နေဂျာကို ကားမောင်းပို.နေရလေတော့… ပြောချင်စရာတွေ တွေ.လာပြီပေါ့.. ဒီကလဲ သိပ်မပြောချင်ဘူးဆိုတော့… ဟေ့ဟေ့.. ကဲ ဘယ်သူ.မျက်နှာမှမထောက်တော့ဘူး ပြောပြီဗျာ..

ဒီလိုဗျ… ဟိုနေရာကြည့်လဲ ကားတွေတန်းစီ ဒီနေရာကြည့်လဲ ကားတွေတန်းစီ..

ဟော ဟိုနေရာမှာ ကားတစ်စီးနဲ.တစ်စီး ညိကြပြန်ပြီ…. ဒီနေရာမှ တိုက်ကြပြန်ပြီ…

အဲဒါ တွေ ဘာလို.ဖြစ်လဲ သိလား………. (အစိုးရမကောင်းလို. ဆိုတာတော့မပြောနဲ.နော်… ပြောရလွန်းလို. အဲဒီစကားရိုးနေပြီ… သူတို.ကို လွှတ်ထားလိုက်တော့.. )..

သူတို.မပါပဲ.. ကျုပ်တို.ဟာကျုပ်တို. စဉ်းစားကြည့်ရအောင်…….

ရှေ.မီးပွိုင်မှာ လမ်းပိတ်နေတယ်.. ဘာလို.လဲ မီးပွိုင်ပျက်နေလို.တဲ့.. အဲဒီတော့ ပွိုင့်ပျက်နေတော့ မောင်းချင်သလိုမောင်းကြတယ်… တစ်ယောက်နဲ.တစ်ယောက် လျော့မပေးကြဘူး.. ခေါင်းချင်းဆိုင်ပြိုင်တိုးကြတယ်.. ပွိုင့်အလယ်ကောင်မှာ ပိတ်ကရော… ပိတ်တဲ့ကြားက နောက်ကတန်းစီနေကြတဲ့ သူတွေကလဲ စိတ်မရှည်တော့ တဖက်လမ်းကြောကနေ လမ်းပြောင်းပြန် တက်လာရော.. ဒါနဲ. ဟိုဘက်လမ်းကြောက ကားတွေကလဲ ပိတ်ရောသွားမရတော့ဘူး…

ကဲ အဲဒီတော့ အဲဒီကိစ္စကို ကျုပ် စိတ်ကူးလေးနဲ.ပြင်ကြည့်မယ်..ဗျာ..

မီးပွိုင့်ပြင်တဲ့သူကလဲ ပြင်နေပေါ့… ယာဉ်ထိန်းရဲကလဲ လမ်းရှင်းပေးပေါ့… ကားမောင်းသမားတွေကလဲ ကိုယ့်လမ်းကျောကနေ ကိုယ် ကျော်မတက်ပဲ အေးအေးဆေးဆေးမောင်းပေါ့ဗျာ… တစ်စီးကျော်တက်ရလို. ဘယ်လောက် အချိန်ပိုလာမှာလဲ……

အဲလို မလုပ်နိုင်ရင်တော့ ကျုပ် တို.လမ်းတွေအားလုံး ဘေးခြံခတ်ပြီး ကျော်တက်လို.မရအောင် လမ်းတလျှောက်လုံး ကာပြစ်ဗျာ ကဲအေးရော…. ကာတာတောင် ဟိုလို လမ်းလယ်ခေါင်မှာ ချနေတဲ့ ပလပ်စတစ် တုံးကြီးတွေ မရဘူးနော်.. အဲဒါဆို ရွှေ.ပြီး လမ်းကျောပြောင်းမောင်းနေကြအုံးမယ်… တစ်ခါတည်း အသေ ခြံခတ်ရမှာ…

အင်းပြီးတော့ လမ်းဖြတ်ကူးနေကြတဲ့သူတွေအကြောင်း… ကျုပ်တို.နိုင်ငံက လမ်းစည်းကမ်းတွေ ယာဉ်စည်းကမ်းတွေကို ပြည်သူလူထုသိအောင် ဘယ်လိုကြေငြာလဲတော့မသိဘူး… ကျုပ်တွေ.ရမြင်ရသလောက်ကတော့.. ဘယ်သူမှ မသိကြသလိုပဲဗျ… (ကျုပ်လဲမသိဘူးနော်…)..

အဲဒီတော့ မသိတဲ့သူကို မတတ်တဲ့သူက ဆရာလုပ်မယ်…ဗျာ..

အခုတော့ လမ်းကူးတဲ့သူတွေက ကားဆိုတာ တိုက်ရင် သေမယ်ဆိုတာမသိလေရော့သလားပဲ… အရေးတောင်မလုပ်ဘူး ဖြတ်ကူးနေကြတာ.. မြင်တဲ့သူရှောင်သွားလိမ့်မယ် တိုက်ရင် လျော်ရမှာပဲ လေဆိုပြီး တွေ.ကရာနေရာကနေကူး…..

ပြီးတော့ရှိသေးတယ်.. မီးပွိုင့်မှာ လူကူးဖို.သတ်မှတ်ထားတဲ့ နေရာရှိတယ်နော်.. အဲဒီကနေ ကူးကြပါတယ်.. စည်းကမ်းလိုက်နာကြတာလေ… အဲ ကူးမယ့်ကူတော့လဲ ပွိုင့်နီနေလား စိမ်းနေလား ဘာမှမကြည့် ကားရှင်းကူးတာပဲ…အဲဒီကူးနေတဲ့အထဲ မျိုးဆက်သစ်တွေကို ဦးဆောင်လမ်းပြမယ့် ဆရာမတွေတောင်ပါသေး.. ကားမောင်းတဲ့သူတွေကလဲ စိမ်းတော့ အရှိန်တင်ဖြတ်မောင်း.. အဲဒီမှာ တိုက်မိမလိုဖြစ်.. လမ်းကူးတဲ့သူကလဲ ဂျိုကြည့်ကြည့် ကားမောင်းတဲ့သူကလဲ ဆဲဆို… ကောင်းမှကောင်း…

ပြီးတော့ရှိသေးတယ်… နိုင်ငံတော်က စေတနာအပြည့်နဲ.( :) :) ) လူကူးကုံးကျော်တံတားတွေ ဆောက်ပေးထားတာ (အခုဆို ကမ်းနားလမ်း ပန်းဆိုးတန်ုး ဆိပ်ကမ်း နားမှာ လူကူးကုံးကျော်ဆောက်ပေးနေလေရဲ. စေတနာတွေ စေတနာတွေ) .. အဲဒီတံတားတွေ အခု ရေညှိတွေကိုတက်လို.. တစ်ယောက်မှ မသုံးဘူး.. တက်ရတာညောင်းတယ်.. အောက်ကပဲကူးမယ်.. ဆိုပြီးကူးကြတာ.. ကျုပ်တောင်ပါသေး… ဆူးလေလမ်းပေါ်မှာ လူတိုင်းအောက်ကပဲကူးနေကြတာ… ကျုပ်လဲ တံတားများပြင်နေလို.လားဆိုပြီး အောက်ကပဲ ကူးခဲ့သေးတာ..ဟေ့ဟေ့… ကျုပ်လဲ လူတိုင်းစည်းကမ်းမရှိတော့ စည်းကမ်းရှိတာရှက်သလိုလိုတောင် ဖြစ်လာသေးတယ်… ဟဟဟဟ

အဲဒီကိစ္စလေး စိတ်ကူးနဲ.ပြင်မယ်ဗျာ..

လမ်းကူးတဲ့သူတွေက လူကူးမျဉ်းကြားက ကူး လူကူးကုံးကျော်တံတားရှိတယ်ဆိုရင် တံတားကနေကူး …. ကားမောင်းတဲ့သူတွေက လူကူးမျဉ်းကြား လူကူးနေရင် ခဏရပ်ပေး…

မီးပွိုင်မှာ ကူးတဲ့သူတွေက ကိုယ်ကူးမယ့်လမ်းရဲ. ပွိုင့်စိမ်းနေရင် ခဏရပ်စောင့် နီမှကူး ပေါ့ဗျာ.. ဒါတောင် စိတ်ချလက်ချမကူးနဲ. ကွေ.ကားတွေက လာနေသေးတယ်… ဘေးဘီကြည့်ကူး…

ကားမောင်းသမားတွေကလဲ ပွိုင့်ဝါရင် အရှိန်လျော့ပြီး ရပ်ကြတော့ ပြီးတော့ ရပ်မျဉ်းမှာပဲရပ်ပေါ့.. လမ်းကူးတဲ့သူတွေ လဲ အဆင်ပြေ ကားမောင်းတဲ့သူတွေလဲ အဆင်ပြေ.. မကောင်းလားဗျာ…

 

ကဲ ဒီတစ်ခါ ဘက်စ်ကား၊ တက်ခ်စီ ၊ ကိုယ်ပိုင်ကားတွေ အလှည့်…

ကျွန်တော် တစ်ခု သိထားတာက ဘက်စ်ကားတွေက လမ်းညာဘက်လမ်းကပ်မောင်း ရတာ ဟုတ်လားဗျာ… ကျုပ်သိတာ မှားများနေလားမသိဘူး… အခု ဘက်စ်ကားတွေက သူတို.လမ်းချည်းပဲ အကုန်တွေ.ကရာ ခေါင်းထိုး လုမောင်းနေကြတာပဲ… တက်ခ်စီတွေလဲ အတူတူပဲ.. မျဉ်းသေ ကွေ.ကြော နားမလည် အဆင်ပြေသလို ဦးအောင်လုမောင်းနေကြတာပဲ….. သူတို.က အဆင်ပြေသလိုဖြတ်.. နောက်က ကားက စိတ်တိုတော့ လက်ကလေးပြ မောင်းသွားရော… ဒါတောင်ပြောကြသေးတယ်.. ကိုယ်ပိုင်ကားမောင်းနေတော့ ဘယ်နားလည်မလဲတဲ့ ဒီက စီးပွားရှာနေရတာတဲ့…. စီးပွားရှာတာတော့ နားလည်ပါတယ်… စည်းကမ်းမရှိတာကတော့ စည်းကမ်းမရှိတာပဲ… တစ်စီးနဲ.တစ်စီးပြိုင်မောင်းကြ ခရီးသည်လုတင်ကြ… တစ်စီးနဲ.တစ်စီး ညိကြ ပြသနာတက်ကြ မလျော်နိုင်ရင် ထွက်ပြေးကြ….. အော်ဒုက္ခ ခရီးသည်တစ်ယောက် အလွန်ဆုံး နှစ်ရာ… ဖြစ်လိုက်ရင် နှစ်ရာနဲ.မတန်ဘူး.. ဆုံးရှုံးရတာ မတွက်မိလေရောသလားဗျာ….

အဲအဲပြီးတော့ ကွေ.ကြော မှာ တည့်တည့်သွားမယ်. ကားတွေ ကျော်တက် လမ်းလုမောင်း တည့်တည့်သွားရမယ် လမ်းကြောကနေ ကျော်တက် ကွေ.ကြောကို ကျော်ကွေ. အဲဒါတွေလဲရှိသေးတယ်.. ကျုပ်တော့ လမ်းတွေပေါ်မှာ မြှားတွေ ရေးဆွဲထားတာ.. ကွမ်းတံတွေးတွေနဲ.ဖုံးနေလို.လား မမြင်ကြလို.လား ဒါမှမဟုတ် မမြင်ချင်ယောင် ဆောင်တားလား… မပြောတတ်ဘူးဗျာ.. ဒါမှမဟုတ် အဲဒီမြှားတွေရဲ. အဓိပ္ပာယ်ကျုပ်ပဲ မသိတာလားတော့ မသိ… အဆင်ပြေသလိုမောင်းနေကြတာ.. ဘက်စ်ကားလား၊ တက်စ်စီလား ဆိုတော့ မဟုတ်ဘူးဗျ…. ကိုယ်ပိုင်ကား တန်ဖိုးကြီးကား..တွေလဲ ပါတာပေါ့.. အဲဒီအထဲမှာ မောင်းနေကြတဲ့ ဂုဏ်သရေရှိ တိုက်ပုံ ပုဆိုး၊ နံကတိုင် လည်စီးနဲ. လူတွေလဲ အဆင်ပြေသလို လုပ်နေကြပါပေါ့လားဗျာ… အဆင့်အတန်းရှိကြပုံပြောပါတယ်…..

ကဲ အဲဒါလေး စိတ်ကူးလေးနဲ.ပြင်ကြည့်မယ်ဗျာ…

ဘက်စ်ကားတွေ တစ်စီးနဲ.တစ်စီး ၁၅မိနစ် ဂိတ်ကနေ လွှတ်လွှတ်နေတာ.. ကိုယ်အလှည့်မှာ ပုံမှန် ရပ်တင်ချ အတိုင်းသွားရင် နောက်ကားကျော်တက်စရာအကြောင်းမရှိတော့ဘူး.. နောက်ကားကလဲ အဲလို ပုံမှန်သာဆို လုမောင်စရာမလိုတော့ဘူးပေါ့ဗျာ…. အဲလမ်းကြောဆိုလဲ ဘက်စ်ကားလမ်းကြောကမောင်းပြီး သွားမယ်ဆိုရင် လုမောင်းစရာ မလိုသလို တခြားကားတွေလဲ ပိတ်ဆို.မှုမဖြစ်တော့ဘူးပေါ့….

အဲ တခြား ကိုယ်ပိုင်ကား တက်စီတွေကလဲ… သူလမ်းကြောသူမောင်း ကွေ.မယ်ဆို ကွေ.ကြောယူထားပြီး တည့်တည့်သွားမယ်ဆို တည့်ကြောယူထား အနားနီးမှ ကျော်တက်တာတို.လက်ကလေးပြပြီး လမ်းကြောခိုးတာတို. မလုပ်နဲ.ပေါ့… တစ်စီ စောင့်လိုက်ရလို. တစ်ပွိုင့်မိလို. အလွန်ဆုံးစောင့်ရ စက္ကန်.၅၀ လောက်ပါပဲ.. အဲဒီ စက္ကန်.လေးတွေကို သီးခံမစောင့်နိုင်လို. နစ်နာဆုံးရှုံး မှုတွေ အများကြီးဖြစ်နေတာ မသိကြလေရောသလားဗျာ……..

ကိုယ်ပိုင် တန်ဖိုးကြီး ကားမောင်းသမား ဂုဏ်သရေရှိလူကြီးမင်းများလဲ ကိုယ်ဝတ်ထားတဲ့ အဆင့်အတန်းရှိ အ၀တ်အစား ကိုယ်စီးနေတဲ့ မော်ဒယ်မြင့်ကားတွေလို စည်းစနစ်တကျ မောင်းကြဖို.တော့လိုတာပေါ့ဗျာ… လူတိုင်းကတော့ ကိုယ်လိုရာကို အမြန်ရောက်ချင်ကြတာပဲလေ… ဒီထက်မြန်ချင်ရင်တော့… လူနာတင်ယာဉ်သာ ၀ယ်စီးတော့လို…

အဲအဲ လူနာတင်ယာဉ်ဆိုလို.. ဟိုတလောကလဲ အာတီဒုံ ပို.စ်တင်ထားတာတွေ.တယ်… အဲဒီကားစီးလဲ ကြာမှာပဲ… ကျွန်တော်သိထားတဲ့ အချက်က ကျွန်တော်တို.နိုင်ငံတော့သိဘူးရယ်… သူများနိုင်ငံတွေမှာ (ကျုပ်တော့ အိုဗာစီးဆို ဒလဟိုဘက်ကမ်းတောင် ရောက်ဘူးတဲ့အကောင့်မဟုတ်ဘူးနော်… တီဗွီကနေကြည့်ရတာပြောဒါ အဟီးးးး) ဘယ်ဘက် လမ်းကြောက အမြန်နှုန်းတင်မောင်းရတဲ့လမ်းကြော လို.သိထားတယ်… အဲဒီလမ်းကြောကိုမောင်းရင် ဘယ်လောက်မောင်းရတယ်ဆိုလား.. ဆိုင်းဘုတ် ထားကြတယ်… ကျုပ်အပေါ်ကပြောထားသလို ဘက်စ်ကားက ပုံမှန်၊ တက်စ်စီက ပုံမှန်၊ကိုယ်ပိုင်ကားက စနစ်တကျဆိုလို.ကတော့… ကျုပ်တို. လူအသက်ပေါင်းများစွာကယ်တင်နိုင်တာပေါ့… အခုတော့ လူနာတင်ယာဉ်ပေါ်တင် အခြေအနေဆိုးသွားတဲ့သူတွေ များစွာရှိနေမှာပဲဗျာ…. ကျုပ်တို.ကားမောင်းသမားကနေ လူသတ်သမားတွေ ဖြစ်မှန်းမသိဖြစ်နေကြတာ မသိလေရော့သလားဗျာ…..

ပြီးတော့ လမ်းအမှတ်အသား မြှားတွေ ဆိုင်းဘုတ်တွေလဲ လိုက်နာဖို.လိုသဗျ…. ဒါနဲ. ဟိုးကြာပါပြီး အာတီဒုံပဲ YELLOW BOX အမှတ်အသားအကြောင်းတင်တာ အဲဒီအကြောင်းကို သူတင်မှ ကျုပ်သိတာကလား…. အဲဒါနဲ. ကျုပ်အဲဒီ YELLOW BOX (ဒီစာက အင်္ဂလိပ်လိုရေးမှ အဆင်ပြေတာနော.. ဟိဟိ ကျုပ်ကို အင်္ဂလိပ်လို ညှပ်ညှပ်သုံးတယ်ဆိုပြီး အထင်ကြီးနေမဆိုးလို. ခွိ).. ကို မြင်တိုင်း ကျုပ် အာတီဒုံကို သတိရတယ်… ကားလဲရပ်ပေးတယ်…. အဲလိုရပ်ပေးနေတုံး ကျုပ်ဘေးနားကကားတွေလဲ အဲဒီအကြောင်းသိတယ်ထင်ပ သူတို.လဲရပ်ထားကြတယ်… အဲလို ရပ်ထားတုံး ကိုရွှေတက်ခ်စီ ဆရာသမားတွေက ရပ်ထားတဲ့နေရာကနေ တည့်တည့်မဖြတ်ပဲ.. ကိုယ်လမ်းကြောထဲ ၀င်လုပါလေရော… ဒါနဲ. ကျုပ်တို.ရပ်ထားတဲ့ သူတွေလဲ မထူးတော့ဘူးဆိုပြီး YELLOW BOX ရောဘာသောနားမလည်ဘူး… အကုန်မောင်းကြတော့တာပဲဗျို.. တစ်ယောက်စည်းကမ်းဖောက်တာနဲ. လူတိုင်း လိုက်ဖောက်မိသလို ဖြစ်နေကြရောဗျာ…… မျဉ်းသေ တဖက်ကြောကနေ တဖက်ကြော မကူးရ မဖြတ်ရ မျဉ်းဖြတ် ကူးလို. ကွေ.လို.ရ မီးပွိုင့်ရှေ.က အဖြူမျဉ်းနဲ. အ၀ါမျဉ်းတွေ ကားရပ်အဖြူ လူကူး အ၀ါ ဆိုတာတွေ ကားမောင်းသမားတွေ မသိလေရော့သလား.. ဒါမှမဟုတ် ကျုပ်ပဲ အသိမှားနေသလားဗျာ….. အဲဒါလေးတွေပြင်လိုက်ရင်ရော ဘယ်လောက်အပန်းကြီးသွားမှာလဲဗျာနော့

ဒီတစ်ခါတော့ ဆိုင်ကယ်၊ဆိုက္ကား၊စက်ဘီး၊ထော်လာဂျီ

ရန်ကုန်မှာဆို ဆိုင်ကယ် မမောင်းရ၊ စက်ဘီးမစီးရ၊ ဆိုက္ကားအနှေးယာဉ် မ၀င်ရ ထော်လာဂျီ မမောင်းရ ဒါလေးတွေ ရှိတယ်ထင်တယ်… စီးလဲ ဖမ်းတယ်ဆိုပဲ.. တစ်ခါမှ မမြင်ဘူးပေါင်..ကျုပ်တောင် အခု စီးနေသေး ဟေးဟေး… ဆိုက်ကယ် စီးတဲ့သူတွေက တခြားလူတွေ မဟုတ်ဘူး.. ဟိုလူတွေပဲလေ… ရဲကိုကိုတို၊ ကိုကိုစည်တို.၊ မပျက်တာလိုက်ပြင်နေတဲ့ မြန်ဆက် ၀န်ထမ်းတွေ၊ စာပို.သမားတွေ၊ အဲလို လူတွေ လိုလို ဘာလိုလို နဲ. ရောယောင်စီးနေကြတဲ့ ဘာမဆိုင်ညာမဆိုင်လူတွေ.. ပေါမှပေါ… ကဲအဲဒီတော့ သူအလုပ်နဲ.သူမစီးလို.မရလို.စီးတာ မပြောလိုပါဘူးဗျာ… စီးတော့ စီးပေါ့ စည်းကမ်းလေးနဲ.စီးကြပါလား…

အခုတော့ဟုတ်ပေါင် ယူနီဖောင်းဝတ်ကလဲ လမ်းလယ်ကောင်မှာ ကားယားကြီး ယူနီဖောင်းမ၀တ်ပဲနဲ.လဲ ကားယားပဲ.. ဆိုင်ကယ်စီးနေကြတာပြောပါတယ်… ကိုယ်က ကားနဲ. ညိမဆိုးလို.ကျော်မတက်ရဲပဲ နောက်ကနေလိုက် ဟွန်းတီးပြန်ရင်လဲ လွတ်ကျော်သွားကွာ တာဝန်နဲ.ကွ ဆိုတဲ့ ဂျိုကြည့်ကြည့်တာခံရသေး.. ကျုပ်တို.လူမျိုးကလဲ ခက်သားလား… မီးသတ်ဖြစ်ဖြစ် ကြက်ခြေနီ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တာဝန်ဆိုတဲ့လက်ပတ်လေးသာပေးလိုက်.. အမလေးပြလိုက်တဲ့ပါဝါ… မီးသတ်က လမ်းရှင်းပေးရတာနဲ. ကြက်ခြေနီက ကားတားပေးတာနဲ. အော်လိုက်ငေါက်လိုက်သေး ဟေးဟေးဟေး.. ယာဉ်ထိန်းရဲတောင် သူလောက် လမ်းမရှင်းတတ်ဘူး…. အဲလိုပဲ ကျုပ်တို.ဆီမှာ ကိုယ်အလုပ်ကိုမလုပ်ပဲ တာဝန်ရှိတယ်ဆိုရင် ကိုယ်တာဝန်ကို မသိ ပြီးအောင်မလုပ်ပဲ ပါဝါပဲ ပြချင်နေကြတော့ ခက်သားလားကွယ်ရို. …

ဆက်အုံးမယ်.. ဆိုက္ကားသမား.. ဘ၀အခြေအနေမကောင်းလို. ဆိုက္ကားနင်းစားနေပေမယ့်.. သူဟာသူဆိုက္ကားနင်းစားတာ.. ဘယ်သူမှ ဂရုမစိုက်တဲ့ပုံစံ လမ်းလယ်ကနေ နင်း၊ နင်းမှာပေါ့ လမ်းလယ်ကပဲ လမ်းကောင်းတာကိုးဆိုပဲ… လမ်းလယ်ကမောင်းတော့ ကားတွေက သူနောက်ကနေ မလွတ်မကျော်တက်နိုင် ဟွန်းတီး ဂျိုကြည့်ကြည့် ပါးစပ်က ဆဲသေး.. ပြောသေးတယ်သူတို.က မရှိလို.လုပ်စားနေရတာ ကိုယ်ပိုင်ကားပေါ်က ကောင်တွေက စမန်ထနေသေးတယ်ဆိုပဲ…. ဆင်းရဲတာကို အခွင့်ကောင်းယူပြီး လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်လေး ကောင်းသဗျာ.. ထပ်ဆင်းရဲအုံးမယ် ဟဟဟဟဟ.. ဆင်းရဲချမ်းသာမရွေး စည်းကမ်းကတော့ လိုက်နာရမှာပဲလေဗျာ… ပိုက်ဆံမရှိလို.ဆိုက္ကားနင်းနေရှာတာ လမ်းလယ်ခေါင် ဆိုက္ကားနင်း နင်းပစေဆိုလို.ကတော့… ကားတောင်မောင်းစရာရှိမှာမဟုတ်ဘူးဗျို.. ဆိုက္ကားမ၀င်ရဆိုတော့လဲ အဲဒီ ဆိုက္ကားနင်းတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာပေါ့နော…. အဲဒါတော့ ကျုပ်လဲ မစဉ်းစားနိုင်ဘူး ဥာဏ်တိန်တယ်ပဲဆိုဆို.. စည်းကမ်းလိုက်နာဖို.ပဲ သိတယ်..

စက်ဘီးတွေ ပြောမနေနဲ.တော့ ကျုပ်လဲ အဲဒီအထဲပါတယ်… ဟိုနားဒီနား စက်ဘီးလေးနဲ.ပြေးလွှားရတာ အဆင်တော့ပြေသား.. ဒါပေမယ့် ကားတွေ ကြား ဟိုထိုးဒီထိုး အန္တရာယ်များသားကလား…. မိန်းလမ်းမတွေမှာ ဆို မစီးသင့်ဘူးပေါ့ဗျာ… ဟိုကြားကထွက်လာ ဒီကြားကထွက်လာ.. လမ်းကူးမှာကို လမ်းလယ်မျဉ်းမှာ ကန်.လန် ရပ်စောင့်နေ….. အင်းဘယ်လိုပြောရမလဲ….

ထော်လာဂျီ.. ဒါကတော့ ကိုကိုစည်များ စီးတော်ယာဉ်များပေါ့ လမ်းပြင်တယ်ဆိုပြီး ကျောက်အကြေတွေနဲ. ကတ္တရာလူးထားတဲ့ ဟာတွေ နဲ. လမ်းလိုက်ဖာ… ဖာတဲ့နေရာမှတင် ရပ်ချင်သလိုရပ်… မောင်းချင်သလိုမောင် မြင်တဲ့သူရှောင်မောင်း.. ငါလမ်းခင်နေတယ် ဘာဖြစ်ချင်လဲကွာဆိုတဲ့ပုံစံနဲ.ဗျို…. (အစိုးရကိုပြောတာမဟုတ်ဘူးနော်…. လူတွေကိုပြောနေတာ.. ကျုပ်ပြောတဲ့အထဲအစိုးရမပါဘူး.. ကိုယ်ဟာကိုပြင်ကြည့်နေတာ)

ကဲ အဲဒါလေး စိတ်ကူးလေးနဲ.ပြင်ကြည့်မယ်ဗျာ…

ဆိုင်ကယ်သမားတွေ ကိုယ်တာဝန်နဲ.ကိုယ် သွားလာတာဝန်ထမ်းဆောင်နေကြပြီး အသာအယာဘေး ကပ်မောင်းပေါ့ဗျာ.. ပြီးတော့ လမ်းကြားတွေမှာလဲ မောင်းလို.ရသား… လမ်းကြမ်းလဲ ဆိုင်ကယ်က မောင်းလို.ရတာပဲလေ.. မိန်းလမ်းတွေမှာ ဆိုင်ကယ်မစီးရဆိုတဲ့ ဆိုင်ဘုတ်တတ်ထားတာ သူတို.မပါဘူးလားမသိဘူး ဒါဆို ဆိုင်းဘုတ်ပြင်ရမယ်လေ… ဆိုင်ကယ်မစီးရ မှတ်ချက် မီးသတ်၊ရဲ၊စည်ပင်၊ ဆက်သွယ်ရေးဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊ တာဝန်ရှိပုဂိုလ်မပါဆိုပြီးတော့လေ…. ဟေးဟေး အဲလိုမဟုတ်ရင်တော့ မစီးရဆိုရင် သမ္မတတောင် စီးခွင့်မရှိရဘူးမို.လားဗျာ…. (စကားမကြီးကြီးတစ်လုံးလွှတ်လိုက်ပြီဗျို.) ဒါမှ စည်းကမ်း ဆိုတာ အဓိပ္ပာယ်ရှိပေမပေါ့ဗျာ…..

ဆိုက္ကားသမားတွေကတော့ လမ်းကြိုလမ်းကြား တွေမှာ နင်းကြ စီးပွားရှာကြပေါ့ဗျာ… မိန်းလမ်းတွေပေါ်တက်မနင်းကြနဲ.ပေါ့.. မိန်းလမ်းထိပ်တွေမှာ ဆိုက်ကား ဂိတ်တွေ ဖွင့်ထားပြီး လမ်းသွယ်တွေမှာ နင်းစားကြပေါ့…… ဒါမှမဟုတ်ရင်လဲ ဆိုက္ကားသမားတွေ အလုပ်လက်မယ့်ဖြစ်မှာဆိုးလို. ဆိုပြီး နောက်ဆိုက္ကားလမ်း တစ်လမ်းထပ်ဖောက်ပေးဖို.ပဲရှိတော့တယ်ဗျို. …

စက်ဘီးတွေ ကတော့ မစီးသင့်ပါဘူးဗျာ… အဲအဲ.. ဒါပေမယ့် ကြည့်မြင့်တိုင်အပေါ်လမ်းမှာ ဂင်တိုတိုနဲ. စက်ဘီး စီးနေတာတွေ.ရင် အဲဒါ ကျုပ်ပဲဗျို. ကားမောင်းနေရင် နပန်သာ ဆင်းအုပ်ကြပေတော့ဗျို.. ..

ကိုကိုစည်တို.(စည်ပင်) ထော်လာဂျီတွေကတော့ လမ်းပြင်မယ်ဆို အဲအဲ ပြင်တာဟုတ်ဘူး လမ်းဖာမယ်ဆိုလဲ ညပိုင်းတွေများ အလုပ်လိုက်ကြပါတော့လား.. အခုတော့ ကားအရမ်းရှုပ်တဲ့အချိန်တွေပြင် အဲဒါတွေရှောင်နေရတာနဲ. ကားတွေ ပိတ်ကုန်ပါရောလားဗျာ……

ကဲ အဲလို ပြင်ကြမယ်ဆိုရင် လမ်းတွေ မရှုပ်တော့ဘူးဆို ကျုပ်ထင်တယ်ဗျာ…

အဲလိုပြင်ဖို.အတွက် အဲလို စည်းကမ်းရှိဖို.အတွက်.. စည်းကမ်းမလိုက်နာသူကို အရေးယူဖို.အတွက် ဘယ်သူ.မှာတာဝန်ရှိလဲ…

အဲဒီမေးခွန်း ကို ကျုပ်ကိုကျုပ်မေးကြည့်တော့….. စည်းကမ်းမလိုက်နာတာ ကိုယ်ဟာကိုပြင်ပေမယ့် မလိုက်နာသူများကျတော့ အရေယူပေးမှ ရမယ်မဟုတ်လားဗျို. အဲဒီတော့ ကျုပ်ထည့်မပြောတဲ့ အကြောင်းအရာကတော့ အခု ထည့်ကို မပြောမဖြစ်ပြောရတော့မှာပေါ့… တာဝန်ရှိပုဂိုလ်တွေပေါ့ဗျာ…

တိတိကျကျပြောရရင် ကိုကိုယာဉ်ထိန်းရဲ မမ ယာဉ်းထိန်းရဲမေတွေပေါ့…. ကျွန်တော် ထင်တယ် ရန်ကုန်မြို.ပေါ်မှာ ယာဉ်ထိန်းရဲ အရေအတွက် ထောင်ကျော်ရှိမယ်ထင်တယ်…. ဘာလို.အဲလိုပြောနိုင်တာလဲဆိုတော့… သူတို. ရင်ဘတ်မှာနံပါတ်လေးတွေ တတ်ထားတာ.. နံပါတ်က ၂ထောင်ကျော်တာ မြင်မိသလားလို….. အဲလို ထောင်ကျော် ယာဉ်ထိန်းတွေ မီးပွိုင့်တစ်ခုမှာ နှစ်ယောက် နှုံးထားအုံး.. ရန်ကုန်မှာ ပွိုင့်တိုင်းပွိုင့်တိုင်း လုံလုံလောက်လောက်ထားလို.ရတယ်…. အဲ ထားရုံနဲ.မပြီးသေးဘူး.. အဲဒီကိုကို များက လက်မဆော့ဖို.လဲလိုသေးတယ်… ဘယ်နှယ့် မီးပွိုင့်တီထွင်ထားတဲ့သူက သူ Timer နဲ.သူအလုပ်လုပ် အောင်လုပ်ထားတာ ကိုယ်ရွှေဥာဏ်တော်စူးရောက်တွေက ပွိုင့်ဘုတ်ခုံကနေ ခလုပ်အပိုထုတ်ထားပြီး စိမ်းချင်စိမ်း နီချင်နီ လုပ်ထားတာကလား…………. ဒီကြားထဲ ရှေ.ဘက်စ်ကားနဲ. နောက်ဘက်စ်ကား ယှဉ်မောင်းလာပြီး ကားသမားအခေါ် ကားဖိုက်လာတယ်ဆိုပါတော့…. ရှေ.ကားက အစိမ်းဖြတ်နေတုန်း စပယ်ယာက ပိုက်ဆံနှစ်ရာ ပစ်ပေးလိုက်တာနဲ. နောက်ကားက မီးနီမိပါလေရောလား…. မီးပွိုင့်ခလုတ်တစ်ချက်က နှစ်ရာတန်တာနောာာာ.. (ဟင်းးးးးးးးပြောမိပြန်ပြီ)

မပြောတော့ဘူး မပြောတော့ဘူး… ဆက်အုံးမယ် အဲလို မီးပွိုင်တွေကို သူဟာသူအလုပ်လုပ်ပါစေလားဗျာ… သူအချိန်နဲ.သူ အလုပ်လုပ်နေရင် အားလုံး အဆင်ပြေနေမှာပါ… (ဟိုလူကြီးတွေ မီးစုံထွန်း အွမ်အွမ် နဲ. လာနေရင်တော့လဲ တစ်မျိုးပေါ့ဗျာ).. အဲဒီခလုပ်ကိုသုံးပေါ့.. အခုတော့ဗျာ… မီးပွိုင်မှာ ယာဉ်ထိန်းရုံလေးတွေ က နောက်ဆို လိုတော့မှာတောင်မဟုတ်ဘူး… သူတို.အရိပ်နဲ.နေပူပူမှာပင်ပန်းမှာဆိုးလို. ဆောက်ပေးထားတဲ့ဟာ အဲဒီမှာအေးအေးဆေးဆေးမနေပဲ…. ဝေါ့ကီတော်ကီ သရေပင် အပတ်ကြီး (စကားပြောစက်) ကိုင်ပြီး ခလုပ်လေးကိုင် မတ်တတ်ကြီး ခမျာ ပင်ပန်းလိုက်တာနော်…….. ဒါမှ မဟုတ်ရင်လဲ မီးပွိုင်တွေကို အော်တိုထားပြီး ကွန်ပျူတာစစ်စတန်တွေနဲ. ထိန်းထားလိုက်ပေါ့ဗျာ… ယာဉ်ထိန်းရဲတွေကိုကျတော့ ယာဉ်ထိန်းဆိုင်ကယ်တွေ၊ ကားတွေပေးပြီး နယ်လှည့် ကင်းထားလိုက် စည်းကမ်းမရှိတဲ့ မည်သူမဆို ဖမ်း ဒဏ်ငွေရိုက် မှန်အမဲကပ်ထားလို.၊ ဟိုတံဆိပ်ကြီး နဲ. ကားခေါင်းမှာ ဦးထုပ်ကြီး တင်ထားလို. ဒါ ဟိုသံရုံးက ကားလေ ဆိုတာတွေ မရှိပဲ တန်းတူ စည်းကမ်းဖောက်ရင် အရေးယူကြပါတော့လားကွယ်ရို. …..

ပြောသာပြောနေရတာပါ… ကျုပ်တို.ဆီက ယာဉ်ထိန်းရဲ မီးပွိုင့် ကို ကွန်ပျူတာစစ်စတန်နဲ. ထိန်းဖို.နေနေသာသာ ဝေါ့ကီတော်ကီတောင် သရေပင်ပတ်ထားတာ.. မဖြုတ်ရဲဘူး.. ပြန်မတတ်တော့မှာစိုးလို.လေ… ဟေးဟေးဟေး… ကိုယ်အချင်းချင်း နှိပ်တာတော့မဟုတ်ပါဘူးဗျာ… တိုးတက်စေချင်လွန်းလို.ပါ….. စေတနာလေးနဲ.ဒေါသလေးရောသွားလို.ပါနော…. စိတ်မရှိနဲ.နော် ရဲကိုကိုတို.ရေ…..

အဲလိုပဲ လမ်းကူးသူတွေလဲ စည်းကမ်းမရှိရင် အရေးယူ၊ ဆိုင်ကယ်၊ဆိုက္ကား၊စက်ဘီး အကုန် အရေးယူဗျာ…

ကျုပ်စိတ်ကူးလေးနဲ.ပြင်ထားသလို စည်းကမ်းမရှိတဲ့သူ မရှိသလို စည်းကမ်းဖောက်တဲ့နေရာမှာတင် အရေးယူဒဏ်ငွေရိုက်… တစ်နှစ်လောက်ပဲ ပြင်းပြင်းထန်ထန်လိုက် ရဲကိုကိုတို. တာဝန်တွေအေးအေးဆေးဆေးဖြစ်သွားမယ်နော…. စည်းကမ်းတွေရှိကြ လိုက်နာကြ လမ်းတွေရှင်း ယာဉ်တိုက်မှုတွေ လျော့ကျ ရဲကိုကိုတို.လဲ အရမ်းအလုပ်မရှုပ်တော့ပဲ…… ကားတွေလဲ မကျပ်တော့ဘူး.. လူတွေလဲ စည်းကမ်းလိုက်နာကြတယ်… ယာဉ်တိုက်မှုတွေလဲ လျော့က ဘယ်လောက်ကောင်းလိုက်တဲ့ စိတ်ကူးလေးလဲဗျာ……………

ဘာ!!!!

ငါတို.အမှုလိုရင် ဘယ်လိုရှင်းမလဲဟုတ်လား၊ ငါတို.၀င်ငွေလျောသွားရင် ငါတို.မိသားစု ငါတို.ရတဲ့ လစာနဲ.မလောက်ဘူး.. ဟုတ်လား………….

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး ကျုပ်လဲ ဒါတော့ ဥာဏ်မမှီဘူးဗျာာာာာာာာာာာာာာာာာာာာာာာာာာာာ

 

 

ကျုပ် ဒီညနေ အိမ်ပြန်ရင် စက်ဘီးလေးတွန်းပြန်လိုက်ပါအုံးမယ်နော်…. တော်သေးဘီ

စိတ်ကူးနဲ.ရူးနေတဲ့

ရွှေတိုက်

 

About ရွှေတိုက်စိုး

has written 79 post in this Website..