အားမငယ်ပါနဲ့ကွာ ဘ၀ဆိုတာ တမာလို

မခါးသက်တာတော့ သေချာတာပေါ့

မာယာတွေ ဘယ်လောက်ပေါပေါ မင်းလေးပြုံးကြည့်လိုက်ပါ

အရှုံးဆိုတာလေ ယူတက်ရင် အသုံးကျလာမယ့်

လှေကားထစ်လေးများပါ သူငယ်ချင်း

 

ဘယ်တော့မှ ကျော်မတက်ပါနဲ့နော် မတော်လို့

ချော်လှဲခဲ့ရင်လေ မထိနာမိမှာစိုးလို့ပါ သူငယ်ချင်း

 

လောဘဆိုတာ သောကရဲ့လှည့်ကွက်တစ်ခုပါ

မောဟချင်းမပြိုင်ချင်းပါနဲ့ ပြောသမျှတွေ သဘောမကျခဲ့ရင်လဲ

မင်းဇောတက မတက်လိုက်ပါနဲ့နော် သူတို့ရဲ့သောကတွေက

မင်းလောက်မလျှော့ဆိုတာ မမေ့ပါနဲ့ သူငယ်ချင်း

 

မချစ်လို့ပြစ်သွားသူတွေအတွက် မင်းဝမ်းမနည်းလိုက်ပါနဲ့

သက်ဆင်းလာမယ့် မျက်ရည်စက်တွေက အသွေးအသားတို့ရဲ့

တစ်စိတ်တစ်ပိုင်းဆိုရင် မင်းနားလည်ပေးလိုက်ပါ

မင်းနောက်မှာ ကြင်နာမယ့်သူတွေ လက်ကမ်းကြိုနေလိမ့်မယ်လေ

 

သူငယ်ချင်းသိပါစေ တိုတောင်းတဲ့ ဘ၀ခရီး ဘယ်လောက်ကြမ်းကြမ်း

ဇွဲဆိုတာကို လက်ကိုင်ထားရင်လေ မျှော်လင့်ချက် ပန်းတိုင်ဆိုတာ

ငါတို့အတွက်ပါ သူငယ်ချင်း

 

ကာရံ (2.6.2314)

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..