အမြဲမခွဲ​​နေချင်​​သော တွဲလက်​တစ်​စုံ

ကြင်​နာ​သော အဖြူ​ရောင်​ သံဇဉ်​​လေး​ပြေးအလာမှာ

တေးသွား​လေးတူတူ ဆိုညည်းရင်း ရင်​ခုန်​ရဖူးတယ်

ဘေးမှာ သူ့အပြုံး​လေး ခိုနားရင်းပါ

ဆူးခင်းလမ်းပါတဲ့ အတူမငြင်းဆန်​နိုင်​​သော

၁၅၀၀ ​မေတ္တာများက တို့နှစ်​​ယောက်​ရင်​မှာ

ခို​အောင်း​နေစဲပါ​မေ

ဘဝဆို​သောလမ်း​လေးမှာ အချစ်​ဆို​သော

ဆိုင်းဘုတ်​​လေး ​ရေးထိုးဖူးတယ်

အမုန်း​တွေမဖိတ်​​ခေါ်ရဘူးတဲ့​​မေ

ပျော်​ရွှင်​ဖူးတဲ့ ​နေ့ရက်​​လေးများ မျက်​ရည်​စက်​​လေး

အလည်​မလာရဘူး​နော်​ ​မောင့်​ရင်​မှာ

ချစ်​စကား​လေးတစ်​ခွန်း

အမိန့်​​တော်​ခံဘူးတယ်​ ထာဝရပါ​မေ

ဘဝ​တွေဘယ်​​လောက်​ခြားခြား

မေ့နဲ့​မောင်​သာ ချစ်​သစ္စာတည်​ရင်​​လေ

တွဲလက်​က​လေး မြဲပါ​စသေား

ကာရံ {8.8.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..