” နှစ်ကြာ နဲ့ တန်အောင်စီးချင်သေးလို့”

 

ဝက်စုရွာ နဲ့ ဒီမိုရွာ နှစ်ရွာကြားမှာ ချောင်းတစ်ခုခြားကာ စီးဆင်းနေသည်။

ဝက်စုရွာ ဘက်မှ ဒီမိုရွာသို့ သွားကြတဲ့အခါ ၀က်စုလှေဆိပ်မှ လူမျိုးအတော်များများ စက်လှေအား ဌား၍သွားရပြီး အချိန်ကုန်သက်သာ ဒီမိုရွာသို့ ခရီးအမြန်ရောက်ရန် ချောင်းကိုအတည့်ဖြတ်မောင်းခိုင်းပြီး သွားကြသည်ကို တွေ့ရပေသည်။

တစ်နေ့တစ်၌ ထိုဝက်စုလှေဆိပ်တို့ မြန်မာအဖွဲ့ ရောက်လာသောအခါ

” ဗျို့ ဦးကြီး ဟိုဘက် ဒီမို ကမ်းဘက်သွားချင်လို့ ”

” ရတယ်လေ လှေဆိပ်ကပ်ပေးမယ် ” ဆိုပြီး စက်လှေတစ်စီး လှေဆိပ်ကပ်ပေးပြီး

” ကဲ သွားမည့်သူတွေ စက်လှေပေါ်တက်လို့ရပြီ ” ဆိုလို့ မြန်မာအဖွဲ့ တက်ပြီး နေရာယူကြရင်း

” ဦးကြီး လှေခက ဘယ်လောက်ပေးရမလဲ”

” နှစ်ကြာ(နှစ်ရာ လို့ပြောတာ စကားသံဝဲနေလို့) ထဲပါ ဒါသတ်မှတ်ပုံမှန်ဈေးပါဘဲ အခြားလူမျိုးတွေလည်း ဒီနှုန်းပါဘဲ”

” ဦးကြီး အခြားလူမျိုးတွေသွားတုန်းက အတည့်ဖြတ်မောင်းပေးတာတွေ့တယ်နော်”

” အတည့်ဖြတ်မောင်းတော့ ဒီမိုရွာကို အမြန်ရောက် အချိန်ကုန်သက်သာတာပေါ့ ဟုတ်ဘူးလား မင်းတို့က ဘယ်လိုသွားစေချင်လို့လည်း”

” ရွာချောင်းရိုးလေးအတိုင်း မောင်းသွားပြီး လှည့်ပတ်ကြည့်ချင်သေးတာ ပြီးမှ ဒီမိုရွာဘက် သွားချင်လို့ ရမလား ဈေးကောပိုပေးရမှာလား”

” ဈေးကသတ်မှတ်ဈေးမို့ နှစ်ကြာပါဘဲ မပြောင်းလဲပါဘူး ဒီမိုရွာရောက်ဖို့ အချိန်တော်ကြာမှာပေါ့ဗျာ ဟိုပတ်ဒီပတ် ဟိုဝှေ့ဒီဝှေ့ မောင်းနေတော့”

” ဟုတ် ရပါတယ် ဒါဆို အဲလိုဘဲ ဟိုပတ်ဒီပတ် ဟိုဝှေ့ဒီဝှေ့ မောင်းပြီးမှ ဒီမိုရွာဘက်ပို့ပေးနော် ကြာလေကောင်း လေပေါ့ဗျာ တန်အောင်စီးချင်သေးလို့ပါ”

သြော် အခြားလူမျိုးတွေလိုမဟုတ်ဘူး မြန်မာအဖွဲ့ ဒီမိုရွာကို မရောက်နိုင် မရောက်နိုင် ဆိုတာ တကယ်တော့ တန်အောင်စီးနေလို့ကိုး….. လို့တွေးတော်မိရင်း ချောင်းလည်ထဲ ကလည်လည်ဖြစ်နေရှာတဲ့ မြန်မာအဖွဲ့ စက်လှေ ကိုငေးမောကြည့်ကာ ဆေးလိပ်လေးတစ်ဖွာလောက်ရှိုက်ကာ ရင်မောလေဟန်နဲ့ ဆေးလိပ်မီးခိုးလေး ကိုသာ ခင်ခ တစ်ယောက် မှုတ်ထုတ်မိလေတော့သတည်း။

 

 

ခင်ခ ။

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..