ခေတ်ကိုမီအောင်လိုက်ဖို့ လိုပါတယ် ကျောင်းဒကာ…။

ခေတ်ကို မမီရင်တောင် ခေတ်ရဲ့ပြေးလမ်းမှာ ဟိုးနောက်ဆုံးကို မရောက်ရှိစေနဲ့ပေါ့ဗျာ…။

ခေတ်နဲ့ ရင်ဘောင်တန်းပြီး ခေတ်ရှေ့က ပြေးနိုင်ရင်တော့ အကောင်းဆုံးပေါ့…။

ဟိုတလောလေးက ရွာထဲမှာ LT ကိစ္စအတော်လေး ခေတ်စားခဲ့တာ ခင်ဗျားမှတ်မိဦးမှာပေါ့…။

အဲဒီလို နားရှက်စရာကိစ္စတွေဆို ဘလက်ကြီးက ပြောရဆိုရမှာ ရှက်တတ်တာကြောင့် ၀င်မဆွေးနွေးဖြစ်ခဲ့ဘူးပေါ့…။

သိတယ်မဟုတ်လား…။

ဘလက်ကြီးတို့က ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတာလေ…ဟေးဟေး…။

LT ဆိုလို့ ကိုထူးဆန်းတို့ ကိုစံလှကြီးတို့ မ၀င့်ပြုံးမြင့်တို့ကိုတောင် လှမ်းသတိရလိုက်မိသေး…။

ဟိုတလောက ရွာထဲ အဲဒီ အကြောင်း ဆွေးနွေးငြင်းခုန် ခဲ့ကြသေးတယ်လေ…။

ပြီးခဲ့တဲ့ တစ်ပတ်လောက်က မိန်းမမရသေးပဲ ကလေးလိုချင်တယ် ဆိုတဲ့ အောင်လ အကြောင်းလေး

နားစွန်နားဖျားရပ်ကွက်မှာ ထည့်ပြောခဲ့သေးတာ မှတ်မိဦးမှာပေါ့…။

မသိလို့ ရေးခဲ့မိတာ တောင်းပန်ပါတယ် အောင်လရယ်…။

သူ့သီချင်းနဲ့ သူ့ ပြန်တောင်းပန်ရတော့မယ့် အပေါက်…။

ပုဂ္ဂိုလ်က မိန်းမမရပဲ ကလေးလိုချင်မှာပေါ့…။ သူတို့က LT လုပ်နေကြပြီကိုး…။

ဘလက်ကြီးကတော့ အဲဒီလို ပွင့်လင်းတာကိုကြိုက်ပါတယ်…။

ဟုတ်တယ်လေဗျာ…။ တချို့ LT တွေက ခိုးကြောင်ခိုးဝှက်တွေနဲ့…။

အောင်လတို့ကတော့ ရှင်းရှင်းပဲ…။

အတူတူ နေနေတာ နှစ်လလောက် ရှိနေပြီ…တဲ့…။

ကလေးရမှ မင်္ဂလာဆောင်ချင်တာ…တဲ့…။

အဲဒါမျိုးမှ ခေတ်ရှေ့ပြေးတာ…။

ဘရက်ပစ်တို့ ဂျိုးလီကြီးတို့လိုပေါ့ ဟေးဟေး…။

ဆက်ဆွဲထား မောင်အောင်လလေးရေ…။

ကျွန်တော်တို့ဆိုလည်း ကိုယ့်မိဘတွေ မင်္ဂလာဆောင်ကို မမြင်ဖူးဘူးလေ…။

ကျွန်တော့်ကလေးတွေကို သူတို့ရဲ့ မိဘတွေ မင်္ဂလာဆောင်ကို မြင်ဖူးစေချင်လို့ စဉ်းစားမိတာပါ တဲ့…။

သူမြင်ဖူးအောင်ပဲ သူ့ဖေနဲ့ မေက LT ရဦးမယ့် အပေါက်မျိုး…။

တော်သေးတယ်ဗျ…။

သူ့ကောင်မလေးက လက်မခံလို့…။

ဒီမယ် ကိုအောင်လ..။

ရှင်ကျမကို ဘယ်လိုအတန်းအစားထဲကအောက်မေ့နေလဲ…။

LT ဆိုတာလောက်နဲ့ ရှင်က မကျေနပ်နိုင်ပဲ

ကလေးရမှ မင်္ဂလာဆောင်မယ်ဆိုတာတော့ ရှင်လွန်ပြီ ကိုအောင်လ…ဘာညာသာရကာ နားပူမှာပေါ့ဗျာ…။

ဟေးဟေး…အဲဒါကတော့ ဘလက်ကြီးစိတ်ကူးထဲက ထိုးဇာတ်ပါ…အောင်လနဲ့တွေ့ရင် သွားမေးမနေကြနဲ့ဦး…။

အဲဒါနဲ့ ဒီဝါကျွတ်လောက်ကို  အောင်လတို့ မင်္ဂလာဆောင်ဖြစ်ကြမယ် ဆိုလား…။

လောလောဆယ်ကတော့ သူတို့ ချစ်သူနှစ်ယောက် လင်မယားလို နေနေကြပါပြီတဲ့…။

ကဲ…ခင်ဗျားတို့လည်း ပွင့်ပွင့်လင်းလင်းပေါ့…။

အောင်လလေးလို ရဲရဲတင်းတင်း LT နိုင်ကြပါစေဗျာ…။

ဟယ်…ငါဘာတွေပြောနေမိပါလိမ့်…။

 

 

black chaw

About black chaw

black chaw has written 332 post in this Website..