ရွှေအကြောင်းသိကောင်းစရာ(၁၉)

လေပတ်ကားဆိုတာလဲ ရွှေလောကမှာတစ်ချိန်က တော်တော်ခေတ်စားခဲ့တဲ့ စကားလုံးပါပဲ ပတ်ကားရိုက်တယ်ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာဖြစ်နိုင်ပါတယ်

ဥပမာ- ရွှေတစ်ပိဿာ နောက်တစ်ပတ်နေရောက်မယ်
ခုနှစ်သိန်းနဲ့ရောင်းပေးမယ် ဝယ်မလား ဝယ်မယ်ဆိုရင်
ပတ်ကားရိုက်လိုက်တယ်လို့ပြောကြတယ်

အဲဒီနေ့မှာ
ခြောက်သိန်းဈေးဖြစ်ဖြစ် ရှစ်သိန်းဈေးဖြစ်ဖြစ် ခုနှစ်သိန်း
နဲ့ပဲအရောင်းအဝယ်လုပ်ရတယ်

လေပတ်ကားဆိုတာက
တော့ ရောက်မယ့်ပစ္စည်း ချေဖို့ငွေမရှိဘဲနဲ့ အရောင်းအဝယ်လုပ်ထားကြပြီး အဲဒီနေ့ပေါက်ဈေးနဲ့
အရှုံးအမြတ်ရှင်းကြတာကိုခေါ်တာပါ

ရွှေအကြောင်းသိကောင်းစရာ(၂၀)

‘လမ်းကြောင်း’ ဆိုတာကတော့ ခုလောလောဆယ် ရွှေဈေးကွက်မှာ အသုံးတွင်ကျယ်နေတဲ့စကားတစ်ခုပါ ရွှေရောင်းမယ်ဆိုရင် လမ်းကြောင်းရောင်းမှာလား ရေမြန်ရောင်းမှာလားလို့ ပြန်မေးလိမ့်မယ်

လမ်းကြောင်းဆိုတာကအမှတ်(၈)မှာပြောထားသလို ဈေးတက်ရင်ပြန်ရောင်းမယ်စိတ်ကူးနဲ့ စာရင်းမှတ်ပြီးဝယ်မယ့်လူကိုပြောတာ သူ့ကိုရောင်းထားလို့ကတော့ ရော့ရွှေ ပေးငွေဆိုပြီး သွားပြောလို့မရဘူး

စောင့်ပေတော့ ညနေငါးနာရီအထိ အဲဒီအချိန်ရောက်မှနောက်ဆုံး ပစ္စည်းသိမ်းပြီး ငွေထုတ်ပေးတဲ့ ဝယ်သူလက်ထဲကို ကိုယ့်ပစ္စည်းအပ်ပြီးငွေထုတ်ယူရတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..