စာကြမ်းပိုးတို့ ရဲ့ အပြာရောင် စကားဝိုင်း
ရွာသူ ရွာသားတို့ ခင်ဗျားးးး
ဒီ လ အတွက် ကြားဖြတ်လေး တင်ဆက်ချင်တာကတော့ ခုတလော လူပြောသူပြော အရမ်းများနေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ အပြာဆန်ဆန် ၀တ္ထု တွေ အကြောင်း ပေါ့ဗျာ။
အဲဒီ ဆရာ ရေးတာ တစ်အုပ်မကတော့ဘူးဗျနော့။
ဟော့(ထ) ပုံ များတော့ စာကြမ်းပိုး တို့ တစ်ဖွဲ့လုံး အငြိမ်မနေရအောင် စုစည်းငြင်းခုန်ဖြစ်အောင် ကို စွမ်းပါပေတယ်ဗျာ။
အဲ။ သူ့ အယူအဆ ကိုယ့်အယူ အဆ တွေ မငြင်းခုန်ခင် စာအုပ်ရှာဖတ်ရ၊ သုံးသပ်ချက်တွေရှာဖတ်နဲ့ အတော် အလုပ်များလိုက်သေးဗျ။
ကဲ! ပထမဆုံး သုံးသတ်ချက်တွေ အရင်ပြောပြပါ့မယ်။ ပြီးမှ ကျနော်တို့ အယူအဆလေးတွေ ပြောကြတာပေါ့။
စာဖတ်သူတို့လည်း ပွင့်ပွင့်လင်းလင်း သူ့အမြင် ကိုယ့်အမြင် ဝင်ပြောလို့ရပါတယ်ဗျ။
စာအုပ်မဖတ်ရသေးလည်း အားမငယ်ပါနဲ့။ သုံးသပ်ချက်တွေဖတ်ပြီးရင် အနည်းနဲ့ အများ မှန်းနိုင်ပါလိမ့်မယ်။
ခင်ဗျားတို့ကြားပြီးကြရောပေါ့။ FB ပေါ်မှာလည်း အောင်ရင်ငြိမ်းကို ရှုတ်ချပြောဆိုသူတွေရဲ့ အသံတွေ ညံနေတယ်ခင်ဗျ။
အဓိက ဆွေးနွေးကြမှာက မြန်မာ စာပေလောကမှာ အပြာစာပေ ပေါ်ပေါက်လာပြီ။ အဲဒါကို ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ…။ ဒါလောက်ပါ…။
ဆိုတော့ အောင်ရင်ငြိမ်းရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “ဆိုက်ကိုးဆစ်တစ်ယောက်ရဲ့ နောက်ဆုံးအနုပညာ” ဆိုတဲ့ စာအုပ်ကို ဆရာဖြိုးထိန် ဝေဖန်ထားတဲ့ ဆောင်းပါးလေး ဖေါ်ပြပေးချင်ပါတယ်။
အဲဒါလေး အရင် ဖတ်ကြည့်ကြပါဗျာ။
ဒါလေးကတော့ ဆရာဖြိုးထိန်ရဲ့ သုံးသပ်ချက်လေးပါ။
ကျက်သရေ ယုတ်တဲ့ အပြာစာအုပ်တစ်အုပ် (ဖြိုးထိန် သုံးသပ်ချက်)
ဒီစာအုပ်က ဆွဲဆုတ် လွှင့်ပစ်ရမယ့် စာအုပ်ပါ။ ဒီစာအုပ်မှာ ကွန်မြူနစ်လူထွက်…လက်နက်ချ ကဗျာဆရာမ မအိ နဲ့ အပြာဝတ္ထုစာရေးဆရာ မိုးသက်ဟန်တို့က ညစ်ညမ်းစာပေကို အသစ်အဆန်းစာဖြစ်လေဟန် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ခံတွင်းတွေ့စွာ အမှာစာရေးသား ထားကြပါတယ်။ အဲဒီ စာအုပ်ရှေ့မှာလည်း မသိမသာ အင်္ဂလိပ်စာနဲ့ Not For Conservative ဆိုပြီး စာဖတ်ပရိသတ်ကို စော်ကားထားပါတယ်။
ဝတ္ထုမည်ကာမတ္တ ၀တ္ထုက စကတည်းက ညစ်ညမ်းပါတယ်။ အောင်ရင်ငြိမ်းရဲ့ ယုတ်မာတဲ့၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ အရေးအသားတွေက စာအုပ်တစ်အုပ်လုံး ပြည့်နှက်နေပါတယ်။
သူ့ရဲ့ ဖွင့်ဟ ၀န်ခံချက်၊ ညစ်တီးညစ်ပတ်တွေပါပဲ။ သူ့ရဲ့ လျှို့ဝှက်ချက် သုံးချက်နဲ့ အစပျိုးပါတယ်။
ပထမ လျှို့ဝှက်ချက်က မူလတန်းကျောင်းသားဘ၀တုန်းက ပထမဆုံး ကိုယ်ခန္ဓာချင်း ထိတွေ့သာယာခဲ့ဖူးတဲ့ မိန်းကလေးရဲ့ အိမ်နာမည်က ပိုးဟပ်ဖြူတဲ့။ သူ့ထက် တစ်နှစ်ငယ်တဲ့ ညီမ၀မ်းကွဲပါဆိုပြီး ဒါလောက်ပဲ ဖေါ်ပြထားပါတယ်။
လျှို့ဝှက်ချက် နံပါတ် ၂ ကတော့ နံပါတ် တစ်ထက် လျှို့ဝှက်မှု အဆင့်မြင့်တဲ့ အ၀ါရောင် လျှို့ဝှက်ချက်တဲ့။
ရှစ်လေးလုံး အရေးအခင်းဖြစ်လို့ စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့ ကာလမှာ ရည်းစားမဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့ ပထမဆုံး အကြိမ် ညအိပ်ခဲ့ဖူးတယ်တဲ့။
အဲဒီညက အိပ်ရာထဲမှာ ပထမဆုံး တရားဝင်ပြောပြီး သူ့ပါးပြင်တွေ၊ နှုတ်ခမ်းတွေကို နမ်းခဲ့တယ်။
သူကလည်း ချစ်တယ်လို့ ပြန်ပြောပြီး အနမ်းတွေနဲ့ တုန့်ပြန်ခဲ့တယ်။ ပုစဉ်းရင်ကွဲသံတွေ တိတ်ဆိတ်ငြိမ်သက်တဲ့ ညအမှောင်၊ မိန်းမ၀တ် အင်္ကျီကြယ်သီးတွေ၊ ဖြုတ်ရခက်တဲ့ ဇာဘော်လီချိတ်တွေ၊ သူ့အသက်ရှူသံနဲ့ ကျွန်တော့်အသက်ရှူသံရောထွေးလို့။ နူးညံ့နွေးထွေးတဲ့ ရင်သားတွေ၊ တစ်ညလုံး အသက်မရှူတမ်း နမ်းနေမိလို့ ချိုမြိန်မှုကနေ ခါးသက်သက်အရသာဆီ ပြောင်းသွားတဲ့ နှုတ်ခမ်းနဲ့ လျှာတွေ၊ လူနှစ်ယောက်လုံး ကိုယ်ခန္ဓာအပေါ်ပိုင်းဗလာ။
အပြန်အလှန် ပွေ့ဖက်ပွတ်သပ်နေမိတဲ့ လက်တွေ၊ရုပ်ရောနာမ်ရော အိပ်မက်ကမ္ဘာထဲ ရောက်နေသလို လှိုက်မော တိမ်းမူးနေတဲ့ အာရုံခံစားမှု
(စာ -၂၉၊ ၃၀)
အဲသလိုနဲ့ အဲဒီညက သူ့အတွင်းခံဘောင်းဘီပေါ် ရောက်နေပြီဖြစ်တဲ့ သူ့လက်တွေကို ပြန်ရုတ်ပြီး အဲဒီမိန်းမဆီကနေ ထွက်ပြေးလာခဲ့တယ်တဲ့။ ဒါပေမယ့် အသက် ၁၆ နှစ်အရွယ်မှာ လူပျိုရည်မပျက်အောင် စိတ်ထိန်းချုပ်ဆင်ခြင်နိုင်ခဲ့တဲ့ အောင်ရင်ငြိမ်းဟာ ၂၁ နှစ်အရွယ်အရောက်မှာတော့ သူ့ထက် ၈ နှစ်လောက်ပိုကြီးတဲ့၊ လိင် အတွေ့အကြုံရင့်ကျက်တဲ့ မိန်းမတစ်ယောက်နဲ့ ငြိစွန်းပြီး လူပျိုဘ၀ကို ပထမဆုံး စွန့်လွှတ်ခဲ့ရပါတော့တယ်တဲ့။
ဒီနေရာမှာ စာဖတ်သူများ သတိပြုမိမလား မသိဘူး။ သူများတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ သေကြကြေကြ၊ ပြေးကြလွှားကြနဲ့ သေနတ်သံတွေကြားမှာ အသက်ပေးလှုပ်ရှားနေကြတဲ့ လူငယ်တွေကိုမြင်ယောင်မလာဘူးလား။ အောင်ရင်ငြိမ်းကတော့ တဏှာရေယဉ်ကျောမှာ မျောနေတဲ့ လူငယ်ဖြစ်တယ် ဆိုတာ။ ဘာကဗျာဆရာလဲ။ ဆန်းစစ်လို့ ရပြီနော်။
စာဖတ်ပရိသတ်ကို သူပေးတဲ့ အရေးအသားနဲ့ မက်ဆေ့ခ်ျကလည်း စကတည်းက ယဉ်သကိုပဲ။ ဆက်ပြီးတော့ သူ့ရဲ့ တတိယ လျှို့ဝှက်ချက်…နောက်ဆုံးလျှို့ဝှက်ချက်ကတော့ လင်ရှိမယားနဲ့ ဖေါက်ပြားတဲ့ ကိစ္စပဲ။ သြဂတ်စ်မိုး တဲ့။ ရှမ်းပြည်နယ်တောင်ပိုင်းက ခရိုင်မြို့တစ်မြို့ မှာနေတယ်။ သူ့ယောက်ျားက အရာရှိကြီး။ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ အထက်တန်းစားအသိုင်းအ၀ိုင်းပေါ့။
အကြမ်းဖျင်းအားဖြင့် သြဂတ်စ်မိုးနဲ့ သူ့ယောက်ျား အိမ်ထောင်ရေး အဆင်မပြေဘူး။ ခွဲအိပ်ကြတာ ဆယ်နှစ်ရှိပြီတဲ့။ ဒီလိုနဲ့ Facebook Account ထဲမှာ သူတို့ နှစ်ယောက်တွေ့ကြတယ်။ သြဂတ်စ်မိုးက အောင်ရင်ငြိမ်းအကြောင်းကို
သူ့မောင်ဝမ်းကွဲ ပြောပြလို့ သိထားတယ်။
အောင်ရင်ငြိမ်းဟာ ကဗျာဆရာ။
ဘုရားမဲ့ဝါဒီ။
စာပေလောကမှာ လူမုန်းများသူ။
Facebook လိုင်းမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိမ်ခေါ်ဆဲရေးနေတဲ့သူ။
အလွန်အကျွံ လွတ်လပ်ခွင့်ကို မြတ်နိုးတဲ့ Free Thinker ။
ဥပဒေစည်းကမ်းတွေကို မုန်းသူ။
အစဉ်အလာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေကို ဆန့်ကျင်သူ။
နောက်ပြီးတော့ သူက မေတ္တာငတ်နေသူ။
ပျော်ရွှင်မှုပျောက်ဆုံးနေသူ။
ဒီတော့ သြဂတ်စ်မိုးက မေတ္တာတွေ၊ လုံခြုံမှုတွေ ပေးမယ်ပေါ့။
အဲဒီလို စတင် ရင်းနှီး သိကျွမ်းသွားရာကနေ တစ်လအတွင်းမှာ ချစ်သူတွေ ဖြစ်သွားတယ်။
မကြာခဏ ဖုန်းနဲ့ စကားပြောကြတယ်။ သြဂတ်စ်မိုးက အောင်ရင်ငြိမ်းကို ဖုန်းဝယ်ပေးတယ်။
ရံဖန်ရံခါ အသုံးအဆောင် ပစ္စည်းတွေ ပို့ပေးတယ်။ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အချစ်စစ် အချစ်မှန်ပေါ့။
အောင်ရင်ငြိမ်း ရဲ့ သွေးသံရဲရဲ ဘ၀ဟာလည်း ခုတော့ သွေးတိတ်ပြီး ချမ်းမြေ့သာယာလာတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အရှိန်က တက်လာတယ်။ ဖုန်းထဲမှာပဲ ညဘက် တိတ်တိတ် လိင်ဆက်ဆံကြတဲ့အထိ အတင့်ရဲလာတယ်။
အဲဒီအကြောင်း သူ့မောင်ဝမ်းကွဲသိသွားပြီး မိုးမီးလောင်တယ်။ ဒီအကြောင်းတွေကို ပြောပြီး သူတို့ဇာတ်လမ်းကိုရပ်ဖို့ သြဂတ်စ်မိုးက ပြောတယ်။ အောင်ရင်ငြိမ်းကလည်း နောက်ဆုတ်ပေးရတယ် ဆိုပါတော့။
ဒီနေရာမှာ ဇာတ်လမ်းအစုတ်ပလုတ်ကို ခဏရပ်ပြီး မဟုတ်တရုတ် သူတို့နှစ်ဦး လုပ်ကြတဲ့ Mobile Sex အကြောင်းကို ထုတ်ပြပါရစေ။
အခု ကျွန်တော်တို့ Mobile Sex လုပ်တဲ့အကြောင်း ခင်ဗျားတို့ကို ပြောပြမယ်။ ပထမဆုံး ချစ်တဲ့ အကြောင်း၊
လိင်ဆန္ဒဖြစ်နေတဲ့အကြောင်း ပြောကြတယ်။ သူ့ဓါတ်ပုံ၊ ကိုယ့်ဓါတ်ပုံ အပြန်အလှန်မြင်ဖူး ထားကြပြီ။ စိတ်နှလုံးချင်းလည်း တစ်သားတည်းဖြစ်နေတဲ့ အတွက် တစ်ယောက်တစ်နေရာစီ ဝေးကွာနေပေမယ့် ကျွန်တော်တို့ တစ်ယောက်အနားမှာ
တစ်ယောက်ရှိသလို အာရုံထင်မြင်ခံစားကြတယ်။
“မသောကြာ အိပ်ခန်းထဲကို ကျွန်တော်ဝင်လာခဲ့မယ်နော်”
“အင်း…လာလေအောင်။ ကျွန်မဘေးနားမှာ အိပ်နော်။ ကျွန်မတို့ အတူတူအိပ်ကြမယ်”
“အိပ်ရာပေါ်မှာ ရင်ချင်းအပ်ပွေ့ဖက်ပြီး နှုတ်ခမ်းတွေ နမ်းကြမယ်နော်”
“အင်း…အကြာကြီးနမ်းမှာလား။ နှုတ်ခမ်းတွေ နမ်းပြီးရင်ရော”
“လည်ပင်းတွေ၊ ရင်သားတွေ ဆက်နမ်းမယ်လေ။ ပြီးတော့ ဗိုက်သားတွေ၊ ပေါင်တံတွေ၊ တင်ပါးတွေ”
“စိတ်တွေ အရမ်းလှုပ်ရှားလာတယ် အောင်ရယ်”
“အောင်လည်း စိတ်နိုးကြားနေတယ်”
“အင်း…အောင့်သဘောပဲ။ ကျွန်မတော့ ဘယ်လို ဖြစ်နေမှန်းမသိတော့ဘူး”
စိတ်တွေအရမ်းနိုးကြားရုန်းကြွလာပြီ ဆိုရင် ကျွန်တော်တို့ ပြောတဲ့ စကားလုံး အသုံးအနှုန်းတွေက ပိုမိုလွတ်လပ်လာတယ်။ လူနှစ်ယောက်ရဲ့ ကိုယ်ခန္ဓာနှစ်ခုက တစ်ယောက်တစ်နေရာစီ။ လက်တွေက တစ်ကိုယ်ရေ အာသာဖြေတော့မယ့် အနေအထားအတိုင်း။ စိတ်အာရုံထဲမှာက ကိုယ်ခန္ဓာချင်း ပူးကပ်ပွေ့ဖက်ပွတ်သပ်လို့။ လင်မယားနှစ်ယောက် အိပ်ရာထဲ အမှန်တကယ် အတူနေကြသလို ဟိုဘက်ဒီဘက် အပြန်အလှန်ဖုန်းနဲ့ ကျွန်တော်တို့ တပြိုင်နက် Masturbate လုပ်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း အထွတ်အထိပ်ရောက်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်း တင်းမာနေတဲ့ အကြောအခြင်တွေ အားလုံး
ပြေလျော့ကျေနပ်ပြီး Mobile Sex ကိစ္စ ပြီးဆုံးသွားကြတယ်။
(စာ – ၉၄၊ ၉၅)
အင်း…မောင်နဲ့နှမ သားနဲ့အမိ ဖတ်မိလို့ရှိရင် မကြားဝံ့မနာသာတွေ ချည်းပဲ။
ဘယ့်နှယ့်ဗျာ၊ ဖုန်းထဲမှာများ Intercourse လုပ်ကြတယ်လို့။ ၀တ္ထုအကြောင်း ဆက်ပြီးပြောရရင် သူတို့တွေ အဆက်အသွယ်ဖြတ်ထားကြတယ်။
မကြာခင်မှာ သေလောက်အောင်လွမ်းလို့ ပြန်တွေ့ကြတယ်။ သြဂတ်စ်မိုး ရန်ကုန်ကိုလာတယ်။
အောင်ရင်ငြိမ်းကို ဖုန်းဆက်ခေါ်တယ်။ အဲဒီည အတူတူ အိပ်ကြတယ်။ ဒီတစ်ခါတော့ နဖူးတွေ့ဒူးတွေ့ပဲ။
ဒါပေမယ့် ဟိုအထိမရောက်ကြဘူးဆိုပဲ။ နောက်ဆုံးကောင်းခန်းရောက်ခါနီးမှာ ကိုယ့်ဟာကိုယ်ပဲ အာသာဖြေပြီးတော့
ပြီးလိုက်ကြသတဲ့။ အဲဒီမှာ လိင်စိတ်နိုးကြတဲ့ အရေးအသားတွေနဲ့ ယိုသူမရှက် မြင်သူရှက်မို့ မဖေါ်ပြတော့ပါဘူး။
ဒါပေမယ့် ကျွန်တော့်ဘက်က ခိုင်လုံတဲ့ အထောက်အထားပြရမှာမို့ စာမျက်နှာ (စာ – ၁၁၇ မှ စာ – ၁၂၇ အထိ) မှာ မီးကုန်ယမ်းကုန်ပါပဲ။ ဒီစာအုပ်ရဲ့ ညစ်ညမ်းမှုအထွတ်အထိပ်ပါပဲ။
အောင်ရင်ငြိမ်းဟာ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အမြဲဆာလောင်မွတ်သိပ်နေတဲ့ ကြောင်တစ်ကောင်။
အင်မတန်လိင်ကိစ္စမှာ လက်ယဉ်နေတဲ့ တဏှာရူးပဲဆိုတာ အပေါ်လွင်ဆုံး အခန်းပါပဲ။
ရှေ့မှာကတည်းက ၀တ္ထုမည်ကာမတ္တ၀တ္ထုလို့ ပြောထားခဲ့တယ်။ တကယ်က လိင်ဝတ္ထု၊ အပြာဝတ္ထု၊ ညစ်ညမ်းဝတ္ထု ပါပဲ။ ဒါပေမယ့် ၀တ္ထုအကြောင်း ဆက်ပြောရမယ့် ၀တ္တရား ရှိတယ်။
ဆက်ရရင် ဒီလိုနဲ့ ဒီအကြောင်းတွေ သိသွားတဲ့ သူ့ယောက်ျား ဦးအေးချမ်း နဲ့ အောင်ရင်ငြိမ်းတို့ တွေ့ဆုံခန်း။ အဲဒီမှာလည်း အောင်ရင်ငြိမ်းက သူ့အယူအဆတွေ ပြော။ ဦးအေးချမ်းကလည်း မယားခိုးမှု နဲ့ စွဲလို့ရတယ်ပေါ့။ နောက်ဆုံးတော့ အတင်းချည်း ဇာတ်ကောင်နှစ်ကောင် ပြေငြိမ်းလိုက်တယ်ပေါ့။
နောက်ပိုင်းမှာ အောင်ရင်ငြိမ်းတစ်ယောက် သြဂတ်စ်မိုး နဲ့ ဝေးရတာမို့ လေလွင့်နေတယ်ပေါ့။
ကာမကို ဆာလောင်တတ်တဲ့ အောင်ရင်ငြိမ်းဟာ မိန်းမတွေနဲ့ ကင်းကွာပြီး မနေနိုင်တော့လို့ ကျန်တဲ့မိန်းမတွေနဲ့ အချစ်မပါပဲ လိင်ဆက်ဆံမှုတွေ လုပ်တဲ့အကြောင်းဆက်ရေးပြထားတယ်။
ဒီလိုနဲ့ သူသေခါနီးမှာ သြဂတ်စ်မိုး ရောက်လာတာနဲ့ ဇာတ်သိမ်းထားပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်ကို ဖေါ်ပြစရာရှိပါတယ်။ အဲဒါကတော့ အောင်ရင်ငြိမ်းရဲ့ ဘာသာရေး စော်ကားမှုပဲ။ အင်မတန်မိုက်ရိုင်းတဲ့ အရေးအသားဖြစ်တယ်။
မြန်မာတစ်မျိုးသားလုံးကို စော်ကားတယ်။ ဒါကြောင့် ဒီလူဟာ မျိုးမစစ်လို့ ပြောရမယ်။
ဖတ်ကြည့်ပါ။ စာမျက်နှာ (၅၆) မှာပါတဲ့ လက်မောင်းမှာ Love and Sex ဆေးမင်ကြောင်နဲ့ နတ်ဆိုးစေတမန် ကိုးကွယ်မှု ဆိုတဲ့ ကဗျာ။ သူ့ကဗျာရဲ့ အောင်တန်းကျပုံကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။
“ရူးသွပ်နေတဲ့ ချစ်သူနှစ်ယောက်
We are 1 outsiders
လူ့အဖွဲ့အစည်းကို ဆန့်ကျင်၊
လူမှုကျင့်ဝတ်တွေဆုတ်ဖြဲ
အတိတ်ကို ပြန်မတွေးနဲ့၊
ပစ္စည်းမှာ ဒဏ်ရာတွေရှိတာ
ခဏမေ့ထား
မင်းနှုတ်ခမ်းတွေ
ခြောက်သွေ့နေရင်လည်း
နမ်းမှာပဲ
မင်းရင်သားတွေ ပျော့ပြဲနေလည်း
ဆွဲမှာပဲ
လူ့အဖြစ်ဟာ ပေါ့ပေါ့လေး၊
အလေးချိန်မရှိ၊ အနှစ်သာရမရှိ
ငရဲကို ဂရုမစိုက်နဲ့
God is Gay.
God is dead with HIV.
အခု အဲဒီငရဲကိုငြင်းဆန်၊
နတ်ဆိုးစေတန် ကိုးကွယ်စို့။
အဲဒီမှာ အထူးပြောချင်တာက “ဘုရားဟာ ဂေး၊ ဘုရားသခင်ဟာ HIV အေအိုင်ဒီအက်စ် နဲ့သေပြီဆိုတာတွေဟာ တော်တော့်ကို လူစိတ်ပျောက်ပြီး ရေးတဲ့ ချေးထုပ်ခနောင်းတောင် တန်ဘိုးမရှိတဲ့ ကဗျာပဲ။ အဲ…ကဗျာလို့ ဆိုရမှာတောင် သနတယ်။ ဒါ့အပြင် တချို့အခန်းတွေမှာ ဘာသာရေးတိုက်ခိုက်ချက် ပေါက်ပန်းဈေး အတွေးအခေါ်တွေက နှလုံးနာစရာ ကောင်းလှတယ်။
အောင်ရင်ငြိမ်းဟာ မိစ္ဆာဒိဌိပဲ။ ကဗျာမာရ်နတ်ပဲ။ စာပေဓမ္မ န္တရာယ်ပဲ။ သူက ဒီစာအုပ်နဲ့ သူအမြီးပြတ်တာကို လိုက်ပြပြီး ငါ့လို အမြီးဖြတ်ပါလားလို့ ပြောနေတဲ့ တိရာစ္ဆာန်ပဲ။ မြန်မာတင်မက ကမ္ဘာ့နိုင်ငံတချို့ကပါ အနှိုင်းမဲ့ ဗုဒ္ဓလို့ ယုံကြည်ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာရေး ကိုင်းရှိုင်းမှုကိုပါ ငါနဲ့ကိုင်တုပ်တဲ့ အမျိုးယုတ်ပဲ။
မင်းဟာ ကဗျာဆရာမဟုတ်ဘူး။ ကဗျာရူး၊ စာရူး၊ တဏှာရူးပဲ။ မင်းလို စုန်းပြူး တစ်ကောင်ရှိနေတော့ ငါတို့ကဗျာဆရာတွေ နာမည်ပျက်တယ်။ အသရေယုတ်တဲ့ မင်းစာအုပ်ကို လက်ညောင်းခံရေးနေရတာ
ရေးချင်လို့ ရေးနေတာမဟုတ်ဘူး။ မင်းတို့လို တာဝန်မဲ့ အရေးအသားတွေကို သတိပေးဖို့ တာဝန်ရှိလို့ဟေ့။
ဒီအတိုင်းဆို စာပေလောက အတွက် ရင်မောလှတယ်။
ဖြိုးထိန်
+++++++++++++++++++++++
ကဲ။ စာအုပ်မသိခင် ဝေဖန်ချက်ဖတ်ရတာနဲ့တင် ကို မျက်လုံးပြူးစရာဖြစ်နေတယ်ဗျာ။
အဲ နောက်တစ်ခုက သူ့ရဲ့ “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” စာအုပ်နဲ့ ပိတ်သက်လို့ စည်သူအောင်မြင့်ရဲ့ ဧရာဝတီသီတင်းမှာ ရေးထားတဲ့ သုံးသပ်ချက်လေး ပြပါမယ်။
++++++++++++++++++++++++++++++
အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား (စည်သူအောင်မြင် ရဲ့ အတွေးအရေး)
ပြီးခဲ့တဲ့ ရက်ပိုင်းက ၀တ္တုသစ် တအုပ်ထွက်ပြီး ဆိုင်တွေပေါ် ရောက်ပါတယ်။ ရေးသူက အောင်ရင်ငြိမ်း၊ ၀တ္တုနာမည်က “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” တဲ့။ စာအုပ် မျက်နှာဖုံး အပေါ်ဘက်မှာတော့ NC 18 ဆိုပြီးလည်း ဖော်ပြထားပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ဆိုတာမျိုးပေါ့။ ဒီ NC 18 ဆိုတဲ့ အသုံးအနှုန်းလေးကိုတော့ ဒီဂျစ်တယ် ဓာတ်ပြားစနစ်တွေ မပေါ်ခင် အရင် ဗီဒီယို ခွေငှားတဲ့ ခေတ်က အပြာကားတွေ (တရားမ၀င် လိင်ဆက်ဆံမှု ခွေတွေ) ကို ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ နောက်စာလုံးတလုံးက Not For Conservatives ပါတဲ့၊ အယူအဆ အဟောင်းသမားတွေအတွက် မဟုတ်ဘူးပေါ့ဗျာ။ အင်း … အမှာစာ ရေးပေးသူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ရေးရာတွေကို ဘာသာပြန်လေ့ရှိတဲ့ စာရေးဆရာ “မင်းခက်ရဲ” နဲ့ စာရေးဆရာ “မလေး” ပါ။ ဒီ စာအုပ်အကြောင်း ဘာလို့ ပြောပြချင်တာလဲ။ စာအုပ်ဝေဖန်ရေး ရေးမလို့လား။ စာအုပ် ကြော်ငြာ လုပ်မလို့လား။ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတဲ့ သက်တန်း ၂ နှစ်တာ ကာလအတွင်း ရေးသားဖော်ပြလာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်အကြောင်း ဆွေးနွေးမလို့ပါ။ အပြာ (အပြာဆန်ဆန်မဟုတ်) ဒါမှမဟုတ် ညစ်ညမ်းတယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ထုတ်ဝေခွင့် ပြုသင့်နေပြီလား စတာတွေ ဆွေးနွေးသွားဖို့ပါ။
ဝတ္တုဆိုတော့ ဒြပ်မဲ့ ၀တ္တုတော့ မဟုတ်ပါဘူး။ ဇာတ်ကောင် ရှိသလို ဇာတ်လမ်းလည်း ရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ် လို့ခေါ်တဲ့ လူတပိုင်း စက်တပိုင်း လူ၊ သူ့ ပတ်ဝန်းကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံ အိပ်စက် လိင် ဆက်ဆံနေတဲ့သူ။ အဲဒီအထဲမှာ ရိုးရိုး အမျိုးသမီးတွေ ပါသလို ၁၇ နှစ်အရွယ်၊ အရွယ်မရောက်သေးသူလည်း ပါ၊ အသက်ကြီးကြီး ယောက်ျား နဲ့ ကလေးတွေ ရထားတဲ့ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ အဲ… အိပ်တဲ့အခန်း၊ ဆောရီး သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။ အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေအချာ တရားဟောထားလေရဲ့။ နောက်ဆုံး နိဂုံးကျမှသာ တန်ဘိုးအဟောင်းတွေ အတွေးအခေါ် အဟောင်းတွေ ပြိုကျပြီး တန်ဘိုးသစ် အတွေးအမြင်သစ်တွေ ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ် ဘာညာ သာရကာ နိဂုံးချုပ်ထားလေရဲ့။
ဒီနေရာမှာ ၀တ္တုကို တန်ဆာဆင်ထားတဲ့ ရိုမန်းဘော့ထ် ရဲ့ လိင်ဆက်ဆံပုံအကြောင်း ဖော်ပြထားတာတွေကို ထုတ်နှုတ် ကိုးကားရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားရပါတယ်။ အစောဆုံး ဖေ့ဘုတ် စာမျက်နှာတင်သူ တယောက်ကတော့ မျက်နှာဖုံး နှစ်ခုကိုပဲ တင်ပြီး ဝေဖန်ပါတယ်။ အတွင်းက စာသားတွေ ဖော်ပြရင် သူ့ဝေါ ညစ်ညမ်းမှာ စိုးလို့တဲ့။ ဒါပေမယ့် ဝေဖန်ဆွေးနွေးသူတွေကလည်း မနည်းပါဘူး။ ဆွေးနွေးကြပါတယ်။ အမေရိကား ရောက်နေတဲ့ ဒါရိုက်တာ ချိုတူးဇော် တို့တောင် ပါလိုက်သေးရဲ့။ ခက်တာက သူတို့တွေက ဒီ ၀တ္တုထဲမှာ ဘယ်လို ရေးသားဖော်ပြထားမှန်း မသိကြဘူး။ ကျွန်တော်ကတော့ အသက် ၅၀ အရွယ်ရှိပြီ။ ကျနော့်တသက် တရားဝင် ပုံနှိပ်ဖော်ပြတဲ့ စာအုပ်စာတန်းတွေမှာ တကြိမ်မှ မတွေ့ဘူးတဲ့ အရေးအသားတွေ ဖော်ပြထားတယ်ဆိုတာ သိစေချင်တဲ့အတွက် ဘာပဲပြောပြော နမူနာ တချို့ ထုတ်နှုတ်ဖော်ပြပါမယ်။
“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”
“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)
“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)
“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။ သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘ၀မှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အ၀ ခံစားလို့။” (စာ- ၁၃၇)
အင်း … တော်လောက်ပြီထင်တယ်။ စာအုပ်ထဲမှာ ဒီထက် ပိုများပါတယ်။ အမယ် … အဲလို စာသားတွေကို ဒေါက်တာချက်ကြီး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတွေလို သာမာန်ကာလျှံကာ ထည့်သွင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာထရန် ရပ်ဆဲလ်၊ ဆီမွန်ဒီဗူးဗွား၊ အိုရှိုး၊ မိုက်ကယ်ဖူကိုး စတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ဒဿန ပညာရှင်တွေရဲ့ ဘာသာပြန် စာလုံး စာပိုဒ်တွေနဲ့ တအုပ်လုံး မွန်းမံ ချယ်မှုန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၆၀ နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်မှု မှန်သမျှ နင်းခြေ ခံခဲ့ရပါတယ်။ အခု အစိုးရသစ် သက်တန်း ၃ နှစ်တာ ကာလ အတွင်းမှာလည်း လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး မရကြသေးပါဘူး။ အာဏာအရပ်ရပ်ကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြဲမြဲမြံမြံ ချုပ်ကိုင်ထားမြဲ ရှိပါသေးတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာနဲ့ အမျှ အရေးအသား ပေါင်းစုံ ပေါ်ထွက်လာခဲ့တာမှာ အခု ဖော်ပြပါ ၀တ္တုကလည်း တအုပ် အပါအ၀င်ပါ။
ကောင်းပါပြီ။ ဒါဟာ အနုပညာနဲ့ ဖော်ကျူးတဲ့ ၀တ္တု တစ်ပုဒ်လား။ လိင်ကိစ္စ ဆိုတာကတော့ တကယ့် လူ့ဘ၀ ထဲမှာ ရှိနေလေတော့ ဒါကို တနည်းနည်းနဲ့ ရေးသား ဖော်ပြကြတာပါပဲ။ နိုင်ငံတကာမှာ ရှိခဲ့သလို မြန်မာ ၀တ္တုတွေမှာလည်း ရှိခဲ့တာပါပဲ။ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အရှေ့က နေ၀န်းထွက်သည့်ပမာ လို ဂန္ထ၀င်မြောက် အထင်ကရ ၀တ္တုကြီးမှာလည်း ပါတာပါပဲ။ ဒါပေမယ့် ဒီလို ဖော်ပြတာမျိုးတော့ မဟုတ်ပါဘူး။ ဆုံးပါးသွားပြီဖြစ်တဲ့ စာရေးဆရာကြီး နတ်နွယ်ကလည်း “တံခွန်တိုင်မောင်နှမများ” ရာဇ၀င် ၀တ္တုမှာလည်း ဒီလို ဇာတ်ဝင်ခန်း ပါတာပါပဲ။ ဒါပေမယ့် “ ဇီးဖြူသီး စကောထဲ လှိမ့်သလို၊ လမ်းကြမ်းကြမ်းမှာ လှည်းစီးရသလို” ဆိုတာမျိုးလောက်ပဲ ရေးခဲ့ပါတယ်။ ဒါတောင် ညစ်ညမ်းတယ် ဆိုပြီး အပြင်းအထန် ဝေဖန်လို့ ဆရာနတ်နွယ် စိတ်ဆိုးခဲ့ပါသေးတယ်။ ပြင်သစ်မှာလည်း “လေဒီချက်တာလီရဲ့ ချစ်သူ” မှာလည်း အဲလို အခန်းမျိုး ပါတာပါပဲ။ အဲဒီအတွက် ကာလတခု ပိတ်ပင်တာတောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ၀တ္တုမှာ ရေးသလိုမျိုး မဟုတ်ပါဘူး။
အဲတော့ ဒီစာအုပ်ကို ဘယ်ခြင်းတောင်းထဲ ထည့်ရမှာပါလဲ။ အနုပညာနဲ့ ဖန်တီးတဲ့ ၀တ္တုစာရင်းထဲ ထည့်ရင်တော့ တကယ့် ရသ၀တ္တုရေးဆရာတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ အဘိဓမ္မာ စာအုပ်ထဲ ထည့်ရလောက်အောင်လဲ ဘာ အသစ်မှ မတွေ့ရပါဘူး။ ဆေးပညာ စာ အုပ်ထဲလည်း ထည့်လို့ မရပါဘူး။ ပြောရရင် နိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားမှုနှုန်း မြင့်တက်နေချိန်၊ အဲဒီအထဲကမှ လူမဆန်တဲ့ သက်ငယ် မုဒိန်း အမှုတွေက ရာခိုင်နှုန်း အချိုးအစား အများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောက ရောက်နေချိန် ဒီ ၀တ္တု ထုတ်ဝေလာတာပါ။
ဒီလို ညစ်ညမ်းတာမျိုးတွေ ဖေ့ဘုတ်လို၊ အင်တာနက် ၀က်ဘ် ဆိုက်လိုမျိုးတွေမှာ လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာပဲ။ ဓာတ်ပြားတွေလည်း အောလပုံ ၀ယ်လို့ ရနိုင်တာပဲ မဟုတ်ဘူးလား။ ဘာများ ထိန်းချုပ်ချင်သလဲ မေးခွန်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညစ်ညမ်းမှုတွေဟာ သူ့နေရာနဲ့ သူ ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာမှ အိမ်ဦးခန်း ထားလေ့မရှိပါဘူး။ လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လုံးဝ မပိတ်ပင်လိုပါဘူး။ လွတ်လပ်စွာ ရေးသားပါ။ ပြီးရင် လွတ်လပ်စွာ ဝေဖန်တာကိုလည်း ခံယူရပါမယ်။ ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အမုန်းတရားတွေပွားပြီး လူမျိုးတုန်း သတ်ကြ ဖြတ်ကြတဲ့ အဖြစ်မျိုး ရောက်သွားမှာမျိုးကို ဝေဖန် တားဆီးရမှာ ဖြစ်သလို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တန်ဘိုး ပျက်စီးအောင်၊ ရာဇ၀တ်မှု ကျူးလွန်မှုကို အားပေးသလို ဖြစ်လာမှာမျိုးတွေကိုတော့ ဝေဖန်ရပါမယ်။ လိုအပ်ရင် တားဆီးရပါမယ်။
အရေးကြီးဆုံး အချက်က ဒီနိုင်ငံဟာ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးထားခဲ့လို့၊ ပညာရေးဟာ ဟိုးချောက်ထဲအထိ နိမ့်ကျ နေတဲ့ နိုင်ငံတနိုင်ငံပါ။ အဲလို အခြေအနေအောက်က ပြည်သူတွေကို ဘာလွတ်လပ်မှု၊ ညာလွတ်လပ်မှု ဆိုပြီး ခုလို ၀တ္တုတစ်အုပ် ထည့်ပေးတာကတော့ မသင့်တော်ပါဘူး။ စာအုပ်ရောင်းကောင်းချင်လို့၊ ညှို့မဂ္ဂဇင်းတုန်းကလို ငွေကြေး အမြတ်အစွန်းရချင်လို့ ဆိုရင်တော့ ခင်ဗျားတို့ သဘောပါပဲ။
ညစ်ညမ်းတဲ့ အကြောင်းပြောလို့ ညစ်ညမ်းတဲ့ အပြာကားတကား နဲ့ပဲ နိဂုံးချုပ်ပါမယ်။ နိုင်ငံခြား အပြာ ဗီဒီယို ဇတ်ကား တစ်ခုပါ။ ဇတ်လမ်းအစမှာ လူတစ်ယောက်ဟာ အမျိုးသမီး နှစ်ယောက်ကို မြေတိုက်ထဲ ဖမ်းခေါ်လာပါတယ်။ နောက် … အဲဒီ မြေတိုက်ထဲမှာ ချုပ်နှောင်ထားပြီး အမျိုးမျိုး ပြုကျင့်ပါတယ်။ တကားလုံး အဲဒီ အခန်းပါပဲ။ ဇာတ်လမ်းပြီးခါနီးမှာ ရဲက မြေတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းပါတယ်။ ပြီးတော့ စာတန်းထိုးပါတယ်။ ရာဇ၀တ်ဘေး ပြေးမလွတ် တဲ့။ အခု အောင်ရင်ငြိမ်းရဲ့ ၀တ္တုဟာလည်း အဲဒီ ဗီဒီယို ဇာတ်ကားလို ဖြစ်လေမလားပဲ။ ကျနော် ကွန်ဆာဗေးတစ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ၀တ္တုကို အဲလိုပဲ မြင်ပါတယ်။ ဟော … ပြောရင်းဆိုရင်း ဒီဆောင်းပါးတောင် ညစ်ညမ်းဆောင်းပါး ဖြစ်မှန်းမသိ ဖြစ်သွားလေပြီလား မပြောတတ်တော့ပါဘူး။
(စည်သူအောင်မြင့်သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)
+++++++++++++++++
ကိုင်းးး၊ အဲဒါတွေသာဖတ်ကြည့်။ ဒါတောင် ဖွဘုတ်ပေါ်မှာ ဟိုလူက နည်းနည်းပြော ဒီ လူကနည်းနည်းပြောနဲ့ သူတို့ အချင်းချင်း ဖိုက်ကြတာတွေ မပါနိုင်တော့ဘူးးး
ဒါရိုက်တာ ချိုတူးဇော် ပြောထားတာလေးတော့ ဆွဲထည့်ချင်သားဗျ။
“မကြိုက်ရင် မဖတ်နဲ့ပေါ့. . .”
ကျနော့်ကွန်မန့်တွေမှာ အမြဲ ဒီလိုရေးသင့်တယ်၊ ဒီလို မရေးသင့်ဘူး လာလာ မန့်သမျှ လူတွေကို ကျနော်က “မကြိုက်ရင် မဖတ်နဲ့ပေါ့” လို့ ပြန်ပြောတာ၊ “ဘု တော” တာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ပိတ်ဆို့နေတဲ့ မဆလမှိုင်းကြီးတွေကို ဖွင့်ပေးတာ။ ရွေးချယ်ပိုင်ခွင့်ဆိုတာ လွတ်လပ်မှု ရှိမှ ရတယ်။
ခင်ဗျားတို့ အသိဉာဏ်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှု ကို မမီ ရင်တော့ အာဏာရှင်က ပြုံးပြုံးကြီး ခင်ဗျားတို့ တုံးမှု ကို အသုံးချသွားပါလိမ့်မယ်။
သူ့စာ ကို မကြိုက်ရင် မဖတ်နဲ့။
မကောင်းကြောင်း၊ အဆင့်အတန်းမရှိကြောင်း၊ မြင်တယ် ထင်တယ် ဆိုရင်လဲ လွတ်လပ်စွာ ချက်နဲ့၊ လက်နဲ့ ဝေဖန်၊
အဲဒီလို စာ ကို ရေးရမလား လို့ ရှုတ်ချ ကန့်ကွက်ဆန္ဒပြချင်သပ ဆိုလဲ ပြ၊
တစုံတခု တသင်းတဖွဲ့ကို ထိခိုက်ပုတ်ခတ်၊ အကျိုးစီးပွားပျက်စီးစေတယ် လို့ ဥပဒေကြောင်း အရ ခိုင်လုံရင် ဥပဒေနဲ့ တရားစွဲဆို လို့ ရသေးတယ်။
အဲဒါတွေအားလုံးက ခင်ဗျား ရဲ့ လွတ်လပ်ခွင့်။
ဒါပေမဲ့
သူ့ရဲ့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကိုတော့ ချုပ်ချယ် ကန့်သတ်ဖို့ မကြိုးစားပါနဲ့။
အဲဒါ ဒီမိုကရေစီယဉ်ကျေးမှု ပါပဲ။
ချိုတူးဇော်
တချိန်က အမေရိကန် USIS က ထုတ်ခဲ့တဲ့ “ခြံစည်းရိုးအတွင်းက လူ” ကို ပြန်ထုတ်ဝေ၊
လူတွေကြား ပြန်ပြန့်နှံ့အောင် နီးစပ်သူတို့ အားထုတ်ကြစေချင်တယ်။ အဲဒီ စာအုပ်က ဒီမိုကရေစီယဉ်ကျေးမှု ကို အတော်လေး ကို လူတိုင်း နားလည်လွယ်အောင် ဥပမာကောင်းလေးတွေနဲ့
ဖေါ်ပြထားတာပါ။
++++++++
“ယင်ကောင်လား
ပျား လား.. .”
ယင်ကောင်တွေက အညှီ ကို ရှာတယ်
ပျားတွေက ပန်းရနံ့နောက်ကို လိုက်တယ်. . .
ယင်ကောင်တွေက ရောဂါဘယ ကိုပဲ ပေးတယ်။
ပျားတွေက ချိုမြိန်သော ဆေးဘက်ဝင်သော ပျားရည်ကို ထုတ်လုပ်တယ်။
သင့်ဘ၀ ယင်ကောင် အဖြစ်မခံပါနဲ့။
ပျား ဖြစ်အောင် သာ ကြိုးစားပါ။
သွားပုပ်လေလွင့်မှာ သာယာပြီး၊ အတင်းအဖျင်းနဲ့ အချိန်ကုန်၊ အညှီအဟောက်ကိုပဲ
စိတ်ဝင်စားရင် သင်ဟာ ယင်ကောင် ဘ၀ နဲ့ ပြီးသွားလိမ့်မယ်။ ရောဂါတွေနဲ့ တူတဲ့ အကုသိုလ်
တွေ ကိုသာ လူ့လောက မှာ သင်ဖြန့်ဝေနေတယ်။
ပျားတွေလို မွှေးရနံ့သင်းရာ ပန်းတွေနဲ့ တူတဲ့ ကောင်းမှုကုသိုလ်နဲ့ ပညာဗဟုသုတတိုးပွားရာမှာဘဲ ကျက်စားပါ။
အဲဒီ ပညာဗဟုသုတတွေကို ဆောင်ကြဉ်းပြီး၊ ပျားရည်နဲ့ တူတဲ့ ကုသိုလ်အလုပ်တွေ၊
ကောင်းမြတ်သော အလုပ်တွေ ကိုသာ လောက အတွက် ဖြန့်ဝေပါ။
လူပြောများတဲ့ လိင်ဆက်ဆံမှုတွေကို အသေးစိတ်နီးပါး ရေးဖွဲ့ထားတဲ့
စာရေးဆရာတယောက်ရဲ့ စာအုပ်ဟာ အညှီ ဆိုပါတော့၊ ယင်ကောင်တို့ အညှီ မှာ အုံဖွဲ့ တ၀ီဝီ နဲ့ အချိန်ကုန်သလို အကုန်မခံပါနဲ့။
ကျနော့်ကို ညီမငယ် တဦး တမျက်နှာစ နှစ်မျက်နှာစ ပို့ပေးလို့ ဖတ်ရ၊ ဒါဟာ ကျနော်ဖတ်ချင်တဲ့ စာအုပ်မျိုး မဟုတ်တဲ့အတွက် ဖတ်ရန် အားထုတ်စရာ မရှိ၊ ဖတ်လဲ မဖတ်လို။ ရေးတာကတော့သူသန်ရာ သူ ရေးတာ၊ သူ့လွတ်လပ်ခွင့်။
မဖတ်တာက ကိုယ့်အဆင့်အတန်း။ (ကိုယ်က နိမ့်တာလဲ ဖြစ်နိုင်ပါသကို)
ကျနော့်မှာ ဟောဒီ အင်တာနက်ပေါ်က ဖတ်စရာတွေ မှ အများကြီး။
သန်ရာ သန်ရာ ရေးသူတို့ထံမှ သန်ရာ သန်ရာ ဖတ်ပါလေ။
သင်္ကန်းမှ အားမနာ ထိုသော စာအုပ်ကို ဖတ်ပြီး၊ ဝေဖန်ဆွေးနွေးနေသော ရဟန်းပျို တို့၊
ဆင်ခြင် ရှက်ရွံ့စေ။
ကိုယ့်အလုပ်ကိုယ်လုပ်
တကုပ်ကုပ်။
ပျား သာ ဖြစ်စေ၊
ယင်ကောင် တွေ ထဲ
မပါလေ နှင့်။
ချိုတူးဇော်
++++++++++++++
ကဲ။ ဒီနောက်ကတော့ ကျနော်တို့ စာကြမ်းပိုး အဖွဲ့ရဲ့ ထင်မြင်ချက်လေးတွေနဲ့ အဆုံးသတ်ချင်ပါတယ်။
စာကြမ်းပိုး (၁) –
ဆိုတော့ ကျွန်တော်တို့ ဦးတည်ဆွေးနွေးကြတာက အောင်ရင်ငြိမ်း တစ်ယောက်တည်းကို ရည်ရွယ်တာမျိုးမဟုတ်ပဲ မြန်မာစာပေလောကမှာ ဒီလိုအပြာစာပေပေါ်ပေါက်လာပြီ ဆိုတာ အသိအမှတ်ပြုပြီး ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတဲ့ အတွေးမျိုးတွေပေါ့…။ အဲဒါ က အဓိက ရည်ရွယ်ချက်ပါ။ အောင်ရင်ငြိမ်းနောက်မှာထပ်ထွက်လာမယ့် အပြာဝတ္ထုတွေက တန်းစီနေကြပါပြီ။ တိုးတက်မှုနဲ့ အတူ ကပ်ပါလာတတ်တဲ့ ဆုတ်ယုတ်မှု တစ်ခုလို့ ကျွန်တော်က ယူဆပါတယ်။ ဆုတ်ယုတ်မှု မလိုချင်ရင် တိုးတက်မှုကိုလည်း မမက်ကြနဲ့ပေါ့ဗျာ။ စာပေစိစစ်ရေးမရှိတော့တဲ့ အချိန်မှာ ချက်ခြင်းဆိုသလိုပဲ လိင်ပညာပေးမဂ္ဂဇင်း တစ်အုပ် ပေါ်ထွက်လာခဲ့တာ မှတ်မိပါသေးတယ်။ နောက်…ဘယ်လို ကိုင်တွယ်လိုက်သလဲမသိ…။ အဲဒီမဂ္ဂဇင်း ထပ်ထွက်မလာတော့ပါဘူး။ အခု အောင်ရင်ငြိမ်း ရဲ့ အပြာဆန်ဆန် ၀တ္ထု။ ပထမတစ်အုပ်ထွက်ခဲ့ပြီးပြီ။ ဆရာဖြိုးထိန်တို့လည်း ဝေဖန်ဆွေးနွေးခဲ့ကြပြီးပြီ။ အခု နောက်တစ်အုပ် ထပ်ထွက်လာတော့မှ အသံတွေ ပိုကျယ်လာတာခင်ဗျ။ ကျွန်တော့်အထင်ပြောရရင် ဒါမျိုး ၀တ္ထုတွေ ထပ်ထွက်လာပါလိမ့်ဦးမယ်။ ဒါ ဆူနာမီ နဲ့ တူတဲ့ လှိုင်းကြီးတွေပါ။ ဆိုတော့ ဆူနာမီလို လှိုင်းတွေကို ရင်ဆိုင်အံတု ဖို့ ကျွန်တော်တို့ ပြင်ဆင်ကြရမှာပါ။ အခုက စာပေစိစစ်ရေး ရုတ်တရက်ပျောက်သွားတဲ့ အချိန်မှာ အပြာစာပေ ဆူနာမီကြီးက ကျွန်တော်တို့ ကလေးတွေကို ပြင်ဆင်ချိန်မပေးပဲ ဖုံးလွှမ်းသွားတဲ့ သဘောပါ။ ပြင်ဆင်ချိန် လုံးဝမရှိလိုက်တဲ့ သဘောပါ။ ဆိုတော့ ကျွန်တော်တို့ ကလေးတွေကို ပညာပေးရပါတော့မယ်။ နောက် စာအုပ်တွေမှာ Rating သတ်မှတ်တာတွေ ထင်ထင်ရှားရှားလုပ်ဖို့လိုပါမယ်။ မုဒိမ်းမှု ပေါများလှတဲ့ အချိန်မျိုးမှာ ဒီလို အပြာဝတ္ထုတွေကို စာအုပ်အငှားဆိုင်တွေ မှာ ပေါ်ပေါ်ထင်ထင် တင်ငှားနေကြတာမျိုးကို ကျွန်တော် အလိုမရှိပါဘူး။ အငှားဆိုင်တွေပေါ်တင်တာကိုလည်း ကန့်သတ်ထားသင့်ပါတယ်။ စီးတီးမတ်လို ဆိုင်မျိုးတွေကရော ဒီလိုစာအုပ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ တင်ရောင်းကြမယ် မထင်မိပါဘူး။ အရင်ကလည်း မြန်မာ အပြာစာအုပ်တွေ ရှိခဲ့တာပါပဲ။ အွန်လိုင်းမှာလည်း အလွယ်တကူ ဒေါင်းလုဒ်ဆွဲ ဖတ်နိုင်နေတာပါပဲ။ ဒါပေမယ့် အခုပေါ်လာတဲ့ အချစ်ဝတ္ထုပုံဖမ်းထားတဲ့ အပြာရောင်စာပေ ကိစ္စကို ရင်ဆိုင်ဖို့ကျတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှု မရှိပဲ ရင်မဆိုင်သင့်ပါဘူး။ ဘာတွေ ပြင်ဆင်ကြမလဲ။ ဆွေးနွေးကြတာပေါ့…။
စာကြမ်းပိုး (၂) –
ခက်တော့ ခက်သားကလားးး
သုံးသပ်ချက်မျိုးစုံကို အရင်ဖတ်မိတာဗျ။ စာအုပ်က နောက်မှ။
ကျနော့ တယောက်တည်း အမြင်ပြောရရင်တော့
အရင် ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတဲ့ စာအုပ် ပေါ်တင်ဖြစ်လာတယ် ဆိုတာ တစ်ချက်။
အဲဒီလို စာအုပ်ကို တရားဝင်ခွင့်ပြုရလောက်အောင် ဘာတွေဖြစ်သွားပြီလည်း ဆိုတာ တစ်ချက် ။
(သူတို့ အကြောင်းဖော်တဲ့ စာအုပ်က လွဲရင် ခွင့်ပြုလိုက်ပြီလားတော့ မသိ။ဘာလို့ ဆို ဒီ မနက်ပဲ ကိုမိုးဇေငြိမ်းရဲ့ “ဘာလဲဟဲ့ စွမ်းအားရှင် စာအုပ်ကို ခေါ်မေးပြီး ထုတ်ဝေခွင့် ပိတ်ထားတယ် ကြားတယ်ဗျ)
နောက်တော့ ဒီ စာအုပ်ကို တရားဝင်ပေးဖတ်နိုင်ရလောက်အောင် ကျနော်တို့ နိုင်ငံက ၁၈ နှစ် အထက်တွေ အတွေးအခေါ်တွေ ရင့်ကျက်နေပြီလား ဆိုတာ တစ်ချက်။
နောက်ပြီး ငါးပွက်ရာ ငါးစာချတတ်တဲ့ ကျနော်တို့ နိုင်ငံ အသိုင်းအဝိုင်းအရ ဒီ စာအုပ်ပေါက်ပြီးရင် ဒါမျိုးတွေ နောက်က အများကြီးလိုက်မှာဆိုတာ တစ်ချက်။
နောက်ပြီး ပညာပေး အမည်ခံပြီး ဒါမျိုး များများထွက်လာရင် ဆေးကျောင်းမှာ သင်တဲ့ အနတ်တမီ ဘာသာကြီးနောက်ကောက်ကျဖို့ရှိတယ်ဗျ။
ဟားဟားဟားးး
အဲဒီ ယေဘူယျ အချက်တွေနဲ့ပြောရရင်ကျနော်က တော့ သဘောမကျဘူးဗျာ။
စာကြမ်းပိုး (၃) –
၁ ။ လိင်ကိစ္စကို ပျစ်ပျစ်နှစ်နှစ်ရေးပြထားတဲ့ စာအုပ်တွေကို ဖတ်တဲ့လူတစ်စု ရှိနေတာတော့ ဟုတ်ပါတယ်။
ဒါပေမယ့် အဲဒီလူတစ်စုကို ”စာဖတ်သူ”ဆိုတဲ့ အထွေထွေ
စာဖတ်ပရိတ်သတ်ကြီး စာရင်းထဲ မသွင်းသင့်ပါဘူးလို့ ယူဆပါတယ်။
မောင်နှင့်နှမ/သားနဲ့အမိ အတူဖတ်လို့ . . . မသင့်တော်တဲ့ စာမျိုးကိုမှ ဖတ်ချင်လှပါရဲ့ဆိုသူတွေအတွက်စာပေအနုပညာသမားစာရင်းထဲမဝင်တဲ့ ဘာညာစာအုပ် (အပြာစာအုပ်) ရေးသူတွေ ရှိတာလည်း ဟုတ်ပါတယ်။
အဲ့ဒီ ညစ်ညမ်းစွာ ရေးသူ/ညစ်ညမ်းစွာဖတ်သူတွေဟာ တိုးတိုးတိတ်တိတ် ညစ်ညမ်းစွာရှိနေကြတာ ကြာပါပြီ။
ဖတ်တဲ့သူတွေလည်း ဖတ်ကြ ။ ရေး ထုတ် ရောင်းသူတွေလည်း ရောင်းကြနဲ့ပေါ့ ။
ဒီအခြေအနေဟာ ဒီနိုင်ငံမှာ ပေါ်တင် အနေအထားနဲ့ မရှိခဲ့ပါဘူး။
စာဖတ်သူစာရင်း/ရသ&သုတ စာပေချစ်သူစာရင်းထဲ မသွင်းထိုက်တဲ့ ညစ်ညမ်းစာပေဖတ်သူတွေဖတ်ဖို့လောက်နဲ့. . . လိင်အသားပေးစာအုပ်တစ်အုပ်ကို တရားဝင်ထုတ်ဝေလိုက်တာဟာ
ကျန်တဲ့ အထွေထွေစာချစ်သူ စာဖတ်ပရိတ်သတ်ကြီးကို စော်ကားရာတောင် ရောက်သလားလို့ ။
( မဖတ်ချင်သူ မဖတ်နဲ့ပေါ့လို့ လွယ်လွယ် ဆိုရင် ရပေမယ့် ဒီလိုစာအုပ်မျိုးကို စာပေလောကရဲ့ စာအုပ်စင်ပေါ်မှာ မြင်နေရတာကိုက ”စာပေရွာ” နာ ပါတယ် ။ )
၂။ ဒီစာအုပ်ဟာ ရသ/သုတချစ်သော စာချစ်သူ / တကယ့်စာဖတ်သူတွေအတွက် နှစ်သက်မြတ်နိုးစရာမဟုတ်ဘူးလို့ . . .ကျနော်တို့ကတော့. . .ယူဆပါတယ်။
ဒီလို စာအုပ်မျိုးဟာ ညစ်ညမ်းစာဖတ်သူတွေအတွက်သာ အားရကျေနပ်လောက်တဲ့ စာအုပ်မျိုးမို့ ပန်းဆိုးတန်းမှာ ခိုးကြောင်ခိုးဝှက်ရောင်းတဲ့ ဘာညာစာအုပ်အပါး ခပ်ပေါပေါလေးတစ်အုပ်လို့ပဲ သဘောထားပါတယ် ။
ဒါကြောင့် ဒီလိုစာမျိုးကို ရေးသူကိုလည်း (ဒီစာအုပ်အတွက်) စာပေအနုပညာသမားစာရင်း မသွင်းနိုင်ပါဘူး ။
ညစ်ညမ်းစာပေရေးသားသူ/ ညစ်ညမ်းစာရေးသူအဖြစ် အသိအမှတ်ပြုရုံပါပဲ။
၃။ ဒီလို လိင်စိတ်နိုးကြွစေသော စာမျိုးကို ဖတ်လိုက်သူ(စာဖတ်သူ)ဟာ ဒီစာအုပ်ထဲက ဘာများ ယူလို့ရလိုက်မလဲ။
လင်ရှိမယားတစ်ယောက် နဲ့ အခြားယောကျာ်းတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု / အိမ်ထောင်ရေးသစ္စာမဲ့မှုကို ပြုကောင်း/လုပ်ကောင်းသယောင်ယောင် အယူအဆမျိုးကို. . . မြင်ရဖတ်ရလို့ ဘာများ ရလိုက်မလဲ။
ဖတ်တဲ့သူဟာ စာအုပ်ထဲက စာသားတွေရဲ့ အဓိပ္ပာယ်ဖော်ဆောင်ချက်အရ လိင်စိတ်တွေ နိုးကြွလာမယ်။
ဖတ်ရတာ တမျိုးအရသာ ရှိနေမယ်။ ရပ်ကွက်ထဲကလူတွေပြောသလိုပြောရရင် ဖီးလ်တက်လာမယ်ပေါ့ဗျာ ။
ဒါက အပေါ်ယံသဘောပါ။ ဖတ်လိုက်လို့ ဖီးလ်တက်လာစေရုံလောက်နဲ့တော့ ရသမြောက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး ။
ဒါ ရသပါလို့သတ်မှတ်ရင်လည်း အဆင့်အတန်းမရှိတဲ့ ရသတစ်ခုခုပဲ ဖြစ်မယ် ။
တကယ်လို့ ဒီလိုရေးတာကို ဒီလူတွေ ဖတ်ပြီး ဒီလိုဖီးလ်တက်သွားပါတယ်ဆိုတဲ့အချက်ကို . . . စာပေကပေးတဲ့ ရသစာရင်းထဲ ထည့်ရင် ထည့်တဲ့သူဟာ. . . . ရသအနုပညာကိုစော်ကားတဲ့လူလို့ ကျနော် ယူဆတယ်။
၎ ။ ဒီလိုစာကို ဖတ်လို့ အကျိုး ရလဒ်ဘာတွေ ရှိမလဲ ။
”တကယ့်စာဖတ်သူတွေ” ကတော့ စာအုပ်ထဲကနေ ယူသင့်တာယူ ချန်သင့်တာချန်ပြီး အမှားအမှန်ခွဲခြားလိုက်လိမ့်မယ်။
ဒီစာအုပ်ဟာ သမိုင်းမှာ ရိုင်းတဲ့စာပဲလို့. . .သတ်မှတ်နိုင်လိမ့်မယ် ။
——————
ရသစာပေကို လေ့လာလိုက်စားစပြုတဲ့ လူငယ်စာဖတ်ပရိတ်သတ်(စာဖတ်သက် နုငယ်သူလူငယ်များ) အတွက်တော့ . . . ဒီစာအုပ်ကို ဖတ်ပြီး အတုယူမှားနိုင်တယ်။
ဒီစာအုပ်ထဲက အရသာကို ညစ်ညမ်းပါလားလို့ မဝေဖန်နိုင်ခင် ကောင်းလှချည်လားလို့. . .စွဲလမ်းသွားနိုင်တယ် ။ စာဖတ်သက် နုငယ်သူ လူငယ်စာဖတ်ပရိတ်သတ်တွေအတွက်တော့ ဒီစာအုပ်ဟာ အဆိပ်တစ်ခွက်ပါ ။
—————————
စာရင်းထဲ သွင်းမထားတဲ့ ညစ်ညမ်းစာကိုမှ ဖတ်ချင်သူတစ်စု / စိတ်ဆန္ဒနောက်ကို အသိဥာဏ်နဲ့ အမှားအမှန် လိုက် မခွဲခြားနိုင်ပဲ ရွေးချယ်ဖတ်ရှုနေသူတစ်စုအတွက်တော့ ဒီစာအုပ်ဟာ အဆာပြေ ရေတစ်ခွက်ပေါ့လေ။
၅ ။ ဒီလိုစာအုပ်မျိုးကို ဒီလိုနိုင်ငံမှာ ဒီလိုတရားဝင် ရေးသားခွင့် / ထုတ်ဝေခွင့် / ရောင်းချခွင့် ပြုလိုက်တာဟာ ဘယ်နည်းနဲ့မှ မကောင်းပါဘူး။
ရေးသူရေးဖတ်သူဖတ် . . .ဒါပေမယ့် အသိအမှတ်ပြုပြီး စာပေ”တန်း”ပေါ် ပစ်မတင်သင့်ဘူး။ စာပေစင်မြင့်ပေါ်မှာ နေရာမပေးသင့်ဘူး ။ ဒီလိုစာသားမျိုးတွေနဲ့ ဒီလိုစာအုပ်မျိုးကို စာပေအိမ်ဦးခန်းပေါ် တင်မထားသင့်ပါဘူး။
(သူ့ဘာသာသူ ညစ်ညမ်းတဲ့ချောင်ကြိုချောင်ကြားမှာသာ ထားသင့်တယ်။ ချောင်ကြိုချောင်ကြားကြိုက်သူတွေ ညစ်ညမ်းစွာ ကြိုက်ပါစေ။ ပေါ်တင်တော့ မကြိုက်စေသင့်ပါဘူး။ )
”စာပေစင်မြင့်”မှာ မြင်သင့်တာမြင်ရအောင် ကြဉ်သင့်တာ ကြဉ်ရအောင် တာဝန်ရှိသူက တာဝန်ရှိသည့်အလျောက် ဆောင်ရွက်ပေးဖို့ လိုပါသေးတယ်။
ဒါမှ ကျနော်တို့ တို့ချစ်တဲ့ . . .”စာပေရွာ ” မနာမှာပါ။
စာကြမ်းပိုး (၄) –
ကျနော် ကတော့ –
ဒီကိစ္စဟာ စာပေကို ခုတုံးလုပ်ပြီး ဘော်ချက်တာလို့မြင်တာပဲဗျာ….
အပြာစာပေကို ၁၈နှစ်အထက်မှဖတ်ရန်ဆိုပြီး rating လုပ်တော့ရော ၁၈ နှစ်အထက်တွေဖတ်ရင် အကျိုးရှိမှာမို့လို့လား …..လို့ တဖက်လှည့်နဲ့ စဉ်းစားကြည့်မိပါတယ်။ ၁၈ နှစ်အောက်တွေမဖတ်အောင်ရော ဘယ်လိုထိန်းချုပ်လို့ ရမှာလဲ … ပေါ့ဗျာ…။
ဘယ်နိုင်မှာ ဘယ်လို ဘာတွေလုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး….
ကျနော် သိတာကတော့ ဒီနိုင်ငံမှာ အဲဒါမျိုးတွေအတွက် အသင့်မဖြစ်သေးပါဘူး…. အဲဒါမျိုးတွေရဲ့ ဆိုးကျိုးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး…..
ဒါမျိုးတွေကို ထိထိရောက်ရောက်မတားဆီးလို့ လူငယ်တွေမှာ ထိခိုက်မှု့တစ်စုံတစ်ရာဖြစ်ခဲ့ရင် သမိုင်းတရားခံဟာ အဲဒီအပြာစာပေတွေရေးသားထုတ်ဝေဖြန့်ချီသူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေသာ ဖြစ်ကြပါလိမ့်မယ်။
ပြီးတော့ – အဲဒါမျိုးတွေ မဆင်မခြင် မစောင့်မထိန်း လျှောက်ရေးလို့ စာပေစိစစ်ရေးဆိုတဲ့ လက်မည်းကြီး တစ်ကျော့ပြန်လာခဲ့ရင်ဖြင့် ကိုယ်ကျိုးမနည်းပေဘူးလားဗျာ…။
+++++++
ကဲ။ စာဖတ်သူ အမြင်လေးတွေလည်း သိချင်ပါသေးတယ်။
ဒိုင်းခင်ခင် say:
လက်စသတ်တော့ အောင်ရင်ငြိမ်းဆိုတာ
နအဖအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းသမီး မမ ပိုင်တဲ့ မီဒီယာတွေမှာ အယ်ဒီတာ လုပ်တဲ့သူကိုး၊
မမ နဲ့လည်း မကင်းဘူးလို့ အသံတွေထွက်နေတဲ့သူပါ၊ ဒီစာအုပ်ရဲ့ထုတ်ဝေသူက အမျိုးသမီးတစ်ယောက် ဖြစ်နေတယ်လို့သိရတယ်၊
အောင်ရင်ငြိမ်းဆိုတာကလည်း ရဲပြေးတစ်ယောက်ဖြစ်ဖူးသလို လက်ရှိမှာလည်း ဇနီးနဲ့ကလေးကို တာဝန်ယူမှု့ကင်းမဲ့စွာနဲ့ စွန့်ပစ်ထားသူပါ၊
အခုလည်း လူငယ်တွေ နိုင်ငံရေးကို ပြန်လည်စိတ်ဝင်စားလာတဲ့အချိန်မှာပဲ အညှီအဟောက်စာပေနဲ့
လမ်းမှားရောက်အောင်စွဲဆောင်ပြန်တယ်၊
အားလုံးက လက်မခံနိုင်မယ့် အခြေအနေမျိုးမှာ
စာပေစီစစ်ရေးဆိုတဲ့ ကျားသေကို အသက်သွင်းဖို့
ကြိုးစားမယ်လို့ထင်တယ်၊
ဒီအချိန်မျိုးမှာ ဒီစာအုပ်မျိုးထွက်လာတာဟာ သမရိုးကျတော့ မဟုတ်ဘူး၊
အခု မီဒီယာတွေကိုလည်း စသုံးလုံးက မကြာခဏခေါ်ခေါ်စစ်နေတယ်ဆိုတော့ မီဒီယာကို ပြန်ပြီးထိမ်းချုပ်ချင်နေပြီ၊ မီဒီယာသမား စစ်စစ်တွေလည်း အထူးသတိထားကြပါ၊နောက်လာမယ့် အကွက်ဆန်းတွေကိုလည်း စည်းလုံးစွာနဲ့ကာကွယ်ကြဖို့ တိုက်တွန်းချင်တယ် —- ။
Facebook မှကူးယူဖေါ်ပြပါသည် ။
Was this answer helpful?
LikeDislikeဒါဆို ဟို ကကြောင် ထင်တာ မမှားဘူးပေါ့။
တော်ပါ့ ကြောင်။ :-)
Was this answer helpful?
LikeDislikeသိပ်ဟုတ်တာပေါ့ အရီးရေ။ ဒီပို့စ်ထဲက ကွန်မင့်တွေထဲမှာ ကိုကြောင့် ကွန်မင့် အကောင်းဆုံး အမှန်ဆုံး။ ကမ္ဘာ့နိုင်ငံရေးပရောဟိတ်ကြီး ဂျော့အိုဝဲ ရေးခဲ့တဲ့ ၁၉၈၄စာအုပ်မှာ တစ်ပါတီအာဏာရှင်စနစ်ရဲ့ လုပ်ပုံလုပ်နည်းက အခု လုပ်ပုံနဲ့ တစ်ထေရာတည်းပဲ။ မန်းဂဇက်ကို ကြော် ဟိုအရင်ကတည်းက ဖတ်လာခဲ့တဲ့အထဲမှာ နိုင်ငံရေးသဘောထားမှာ ကိုကြောင်နဲ့ ကြော် အမြင်ချင်းတူခဲ့တယ်။ ဥပမာတစ်ခုဆိုရင် အမေစု ၀င်အရွေးခံတာကို ကိုကြောင် သဘောမတူခဲ့ဘူး။ အဲဒီမှာ ကြော်နဲ့ အမြင်ချင်းတူတယ်။
Was this answer helpful?
LikeDislikeမောင်တိမ်မည်း ရေ
စာမပြည့်စုံ သွားတာ Sorry ပါ။
အဲဒီ ဥပဒေက ယူကေ ကပါ။ မြန်မာပြည်မှာ ရှိမရှိ တော့ မသိ။
မရှိလောက်ပါဘူးလို့ တော့ ထင်မိတယ်။
ပိုပြီး အကျယ်သိချင်ရင် ဒီမှာပါ။
A smoking ban in England, making it illegal to smoke in all enclosed work places in England, came into force on 1 July 2007 as a consequence of the Health Act 2006. Similar bans had already been introduced by the rest of the United Kingdom before this — Scotland on 26 March 2006, Wales on 2 April 2007 and Northern Ireland on 30 April 2007.
Since July 2007 smoking is banned inside pubs, bars, restaurants and other public buildings in England.
(Source From – en.wikipedia.org/wiki/Smoking_ban_in_England)
Smoking at work: the law
Smoking is not allowed in any enclosed workplace, public building or on public transport in the UK.
Penalty for smoking in the workplace
Workers can be fined up to £200, or up to £50 in Scotland.
What businesses must do
Businesses must:
• make sure people don’t smoke in enclosed work premises or shared vehicles
• display ‘no smoking’ signs in all workplaces and vehicles – in Wales they must be bilingual signs
Fines and penalties
Businesses can be fined up to £2,500 if they don’t stop people smoking in the workplace or up to £1,000 if they don’t display ‘no smoking’ signs.
In Scotland, there is a fixed penalty fine of £200. If fine is not paid, it goes up to £2,500.
Driving for a living
Smoking is not allowed in any work vehicle that more than one person uses, like:
taxis
buses
vans
goods vehicles used by more than one driver
company cars used by more than one employee
Workers can smoke in a company car that only they use (if the employer agrees).
Residential care homes
Residential care homes and hospices can offer individual smoking rooms – for residents only.
The room must be well ventilated and smoke must not get into other rooms.
(Source From – https://www.gov.uk/smoking-at-work-the-law)
အဘနီ
တကယ်တော့ ကျွန်မတို့ အားလုံး ဂဇက်ရွာလွှတ်တော်ထဲ မှာ ရှိနေကြတာလေ။
မဟုတ်ဘူးလား။
ဒီ ဂဇက်ရွာလွှတ်တော်ထဲ မှာလဲ ပြည်သူ့အသံတွေ စစ်စစ် ရှိနေပါတယ်။
ဒီတော့ ပြည်သူ့အသံ နားထောင်ဖို့ စိတ်စေတနာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် များ ဒီ ဂဇက်ရွာ ထဲ မှာ မန်ဘာတောင် ဝင်နေသင့်တယ်။ :-))
အဘဖော
( ဥပဒေကို လူ အများစု က ပြဌာန်းသည် ဆိုသည့်တိုင်အောင် ၊
လူနည်းစု တွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မထိပါးသင့်ဘူး ။}
မှန်ပါတယ်။
ပြည်သူတွေကတော့ သူတို့ ဆန္ဒကို သူတို့ စိတ်ကြိုက်ဖော်ထုတ်နိုင်ပါတယ်။
ဒါပေမဲ့ ပြည်သူတွေ ပြောနေတိုင်း အားလုံးကို လိုက်ပြီး ဥပဒေ ထုတ်ရမယ် ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီ အတွက် ဆင်ခြင် သုံးသပ်နိုင်စွမ်း ရှိတဲ့ ဘက်မလိုက် ဘဲ အမှန်တရားကိုသာလိုက် မဲ့ အမြင်ကျယ်တဲ့ တကဲ့ ပညာရှင် အစစ် တွေက ဥပဒေပြု ရမဲ့ အစိုးရ အဖွဲ့ထဲ မှာ အများကြီး လိုတာပါ။
Decision ကို သူတို့ ကလုပ်မှာလေ။
ဒါဟာ နိုင်ငံတစ်ခု မှာ အရေးကြီးဆုံး မို့ ကိုယ့် ပြောသလို လုပ်ပေးမဲ့ ကိုယ့် ကိုယ်စားလှယ် ကို ကိုယ့်စိတ်ကြိုက် ရွေးဖို့ ပေါ့။
ဒါကြောင့်လဲ ရွေးကောက်ပွဲနီးတိုင်း လူတွေ ကို ဟိုဟာလုပ်ပေးမယ်၊ ဒီလို ဥပဒေပြင်မယ် စသဖြင့် မဲဆွယ်ပွဲ တွေ မြင်မြင်နေရတာ မဟုတ်လား။
ပြောသာပြောရ။ ဘုန်းကြီး စာချဖြစ်နေမလားဘဲ။ :-)))
ကကျောက်
နှင်း ကို လွမ်းတာနဲ့ ရွာထဲတောင် သိတ်မတွေ့ပါလား။
ဂျီပုန်း တွေ ကိုတော့ ဘေးမဲ့ပေးပါလေ။
သူတို့ ဟာသူတို့ တူနှစ်ကိုယ်တိုင်းပြည်ထူထောင်တာ အများမထိခိုက်ပါဘူး။
ဆန္ဒပြတာကတော့ နောက်ပိုင်း ပြလွန်းအားကြီးရင် ထမင်းစားရေသောက် မဆန်းသလိုဖြစ်သွားမှာပါ။
ဒီလို မဆန်းဘဲ ရိုးသွားတော့ သိပ်ပြီး ပေါက်ကွဲမထွက်တော့ဘူးလေ။
ဒီအတွက် ဒီမိုကရေစီနိုင်ငံ တွေမှာ ဒါကို တမင်လွှတ်ထားပါမဟုတ်လား။
အပြာစာအုပ်ကိုတော့ ကလေးသူငယ်များ အကျိုး အလို့ငှာ တရားဝင် မဖြစ်သင့်တာအမှန်ပါ။
ပုံ
စာလိပ် (အရီးလိပ်)
(စာကြမ်းပိုး များ ကိုယ်စား ဝင်၍ ကြမ်းပိုး ကို လိပ်ဖြစ်အောင် ဝင်ပြောနေသည်)
:-)))
Was this answer helpful?
LikeDislikeရိုမန်းဘော့ထ်ဖတ်အပြီး နောက်ဆက်တွဲ အတွေးများ
June 26, 2014
“ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။ အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက် အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့ ယုံကြည်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက *(ကျနော့အတွက်) ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူး။
အာဏာပိုင်တွေက လိုက်ဖမ်းတယ် ဆိုတာတော့ လွန်လွန်းပါတယ်ဗျာ။ အောင်ရင်ငြိမ်းရဲ့ ဝတ္ထုကောင်းခြင်း မကောင်းခြင်း၊ တော်လှန်ရာ ရောက်ခြင်း မရောက်ခြင်းက တစ်ပိုင်း။ ညစ်ညမ်းတာ အကြောင်းပြ၊ ဘာသာရေးကို အကြောင်းပြပြီး ဖမ်းတာတွေ အကျင့်ပါမှာ ကြောက်ရတယ်။ ပြီးတော့ ဒါရေးလို့ ဖမ်းတယ်ဆိုတာ မျှတမှုလည်း မရှိဘူး။ အဲဒါမျိုး *(အာဏာပိုင်တွေလုပ်တာမျိုး) ကိုတော့ ဝိုင်းပြီး ကာကွယ်ပေးကြဖို့ လိုမယ်ထင်တယ်။”
လွတ်လပ်ခွင့် နဲ့ ပိတ်ပင်မှု
ဒါကတော့ ရိုမန်းဘော့ထ် မဖတ်ခင် ဟိုအရင်ကတည်းက တွေးခဲ့တဲ့ အတွေးမျိုးပါ။ သက်ဆိုင်နေလို့ ထည့်ရေးလိုက်ပါမယ်။
ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဇာတ်ဝင်ခန်း ပါတယ် ဆိုပါစို့။ လူငယ်တစ်ယောက်ဟာ အဲဒီ ဇာတ်ကားကို ကြည့်ပြီး ရုပ်ရှင်ထဲကအတိုင်း လိုက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ် ဆိုပါစို့။ လူတော်တော်များများက အဲဒီ ရုပ်ရှင်ကို တရားခံရှာကြလိမ့်မယ်။ တကယ်တော့ လောကကြီးက ကျယ်ဝန်းပြီး ဖြစ်ရပ်တွေ စုံလှပါတယ်။ အဲဒီ သေကြောင်းကြံသွားတဲ့လူဟာ အဲဒီ ရုပ်ရှင် မကြည့်ရလည်း လောကဓံရဲ့ တစ်ကွေ့ကွေ့မှာ တခြားတစ်ယောက်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သတင်းမျိုး ကြားတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ ပါတဲ့ စာအုပ်တွေ ဖတ်ရတာ၊ သီချင်းတွေ နားထောင်ရတာ၊ ဒါမှမဟုတ် အဲလိုဖြစ်ရပ်ပါတဲ့ တခြားရုပ်ရှင်ကြည့်ရတာ မျိုးတွေ ကြုံချင်ကြုံမှာပဲ။ တကယ်တော့ အဲဒီ လူငယ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမှာ အဓိက အကြောင်းရင်းက လောကကို အရှုံးပေးလိုစိတ် ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ သတ်သေသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူများ နောင်တရအောင် လုပ်ချင်လို့ သတ်သေတာလည်း ဖြစ်ချင်ဖြစ်မယ်။ *(တခြား ကျနော်တို့နားမလည်နိုင်သေးတဲ့ အကြောင်းတွေကြောင့်လဲ ဖြစ်ချင်ဖြစ်မယ်)။ အချုပ်ကို ပြောရရင် အဓိက အကြောင်းရင်းက အဲဒီလူငယ်ရဲ့ စိတ်အနေအထားကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ အချိန်မှာ ရုပ်ရှင်ကို ကြည့်လိုက်ရတော့ အမြန် လုပ်ဖြစ်သွားတာမျိုးတော့ ရှိချင်ရှိမယ်။ ဒါပေမဲ့ အဲဒီလူငယ်ဟာ အဲဒီ ရုပ်ရှင်ကို မကြည့်ရလည်း သူ့မှာသာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်တိမ်းညွတ်မှုမျိုး ရှိမယ်ဆိုရင် တစ်ကွေ့ကွေ့မှာ သူ့ကိုယ်သူ သတ်သေဖြစ်ဖို့ များပါတယ်။ အဲဒီလိုပဲ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ လိင်ဆက်ဆံတဲ့အခန်းပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြီး လက်တွေ့စမ်းတယ် ဆိုပါစို့။ တကယ်တော့ အဲဒီလူဟာ လိင်ဆက်ဆံတဲ့ ရုပ်ရှင်တို့၊ တခြားစာအုပ်တို့ကို တစ်ကွေ့ကွေ့မှာ တွေ့မှာပဲ။ အသက်မပြည့်သေးတဲ့သူတွေ မကြည့်ရ၊ မဖတ်ရ ဆိုတာမျိုး တားမြစ်တာ ရှိသင့်ပေမဲ့ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ အဲဒီလူကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျပါတယ်။ လူတိုင်းဟာ ကိုယ့်တာဝန်ကိုယ် ယူသင့်ပါတယ်။ ဝေဖန်တာမျိုးကတော့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတာပေါ့။
ပိတ်ပင်တားမြစ်တာတွေမျိုးထက် လူ့အဖွဲ့အစည်းကြီးက လူတစ်ယောက်၊ တရားခွေတစ်ခွေ၊ စာအုပ်တစ်အုပ်ရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ မခံဖို့၊ ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ တုံ့ပြန်နိုင်ဖို့ပဲ အရေးကြီးတာပါ။။ ဒါက စာအုပ်အကြောင်းကနေ စစဉ်းစားရင်း ပေါ်လာတဲ့ အတွေးပါ။
စာအုပ်အပြင်အဆင်
အဖုံးကစပြီး ပြောရရင် “NC-18” လို့ တပ်ထားပြီးရင် “Not For Conservatives” ဆိုတာနဲ့ “Adult Fiction” ဆိုတာက မလိုတော့ဘူး ထင်တယ်။ အောင်ရင်ငြိမ်းက လူ့အဖွဲ့အစည်းကို သစ်စေချင်လို့ လုပ်တာလို့ သူကိုယ်တိုင် ဆိုခဲ့တယ် မဟုတ်လား။ ဒါဆို ရှေးရိုးစွဲတွေ မဖတ်ရဘူးဆိုပြီး လုပ်တာ လွဲသလို ဖြစ်နေတယ်။ ဒီစာအုပ်ကို အောင်ရင်ငြိမ်းလို တူတဲ့အတွေးအခေါ်ရှိတဲ့လူတွေပဲ ဖတ်တော့ ဘာများထူးလာမှာလဲ။ သူမရေးခင်ကတည်းက အဲဒီလူတွေမှာ ဒါမျိုး အယူအဆတွေ ရှိနေပြီလေ။ လက်ခုပ်သံ ရရုံကလွဲလို့ ဘာများ ပြုပြင်ပြောင်းလဲမှု ဖြစ်လာမှာလဲ။ (ဒီနေရာမှာ အနုပညာဟာ ဘာအတွက်မှ မဟုတ်ဘူးလို့ ဆင်ခြေပေးရင်တော့ ရတယ်။ ဒါဆိုရင်လည်း လူ့အဖွဲ့အစည်းကြီး သစ်ဖို့တို့ ဘာတို့ ဘာလို့လျှောက်ပြောနေမလဲ။)
ယူဆကြည့်လို့ ရတာ တစ်ခုက “Not For Conservatives” ဆိုမှ ရှေးရိုးစွဲတွေ ပိုဖတ်ချင်လာအောင် စတန့်ထွင်လိုက်တာလို့ ခန့်မှန်းကြည့်လို့ရတယ်။ ဒါမှ ဖတ်ချင်တဲ့သူ ပိုများလာမယ်လေ။ နောက်တစ်ခုက “Adult Fiction” ဆိုပြီး စာရေးသူကိုယ်တိုင် တံဆိပ်ကပ်လိုက်တဲ့ ကိစ္စ။ အဲဒီလို တပ်လိုက်တော့ အပြာဆန်ဆန် သဘော သက်ရောက်သွားစေတယ်။ “Adult Fiction” ဆိုရင် လူတိုင်းက အပြာစာအုပ်လို့ ရုတ်တရက် တွေးကြမှာပဲ။ ကိုယ့်စာအုပ်ကို အပြာစာအုပ်လို့ အထင်မခံချင်ရင် စာရေးသူကိုယ်တိုင်က “ကဗျာဆရာ တစ်ယောက်ရဲ့ ဆိုက်ကို နောက်ခံ ဝတ္ထု” လို့ပဲ ရေးလိုက်တာ ပိုကောင်းမယ်။ အခုတော့ ကိုယ့်စာအုပ်ကိုယ် နှိမ်လိုက်သလိုဖြစ်သွားတယ်။ လူတွေကို လိင်ကိစ္စအကြောင်းအသားပေးလို့ မြင်လာစေပြီးတော့ ဖတ်လာကြအောင် ဆွဲဆောင်တာလားလို့လည်း တွေးကြည့်မိတယ်။
အမှာစာ
အစဉ်အလာတွေကို ရိုက်ချိုးတဲ့ စာအုပ်လို့ ဆိုထားပေမဲ့ အမှာစာဆိုတဲ့ အစဉ်အလာကိုတော့ လိုက်ထားတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး ပြောရရင် မြန်မာစာအုပ်တွေရဲ့ အမှာစာတချို့က ပေရှည်လွန်းတယ်။ စာအုပ်နဲ့ မဆိုင်တာတွေလည်း ပါတတ်တယ်။ တစ်ခါတစ်ခါကျလည်း အမှာစာတွေက စာဖတ်သူအပေါ် ဆရာလုပ်လွန်းတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း မှတ်သားစရာလေးတွေ ပါတဲ့ အမှာစာတွေလည်း ရှိပါတယ်။
စာအုပ်ရေးတဲ့သူတွေကလည်း နာမည်ကြီးတွေရဲ့ ဝိတ်လိုချင်တော့ အမှာစာ မရမက ရေးခိုင်းတာမျိုးရှိတယ်။ အမှာစာရေးပေးဖို့ မျက်နှာချို သွေးကြရရှာတယ်။ အမှာစာကို ဖျစ်ညှစ်ပြီး ရေးနေရတယ်ဆိုတာကလည်း တစ်နေ့က ဖတ်လိုက်ရတယ်။ ရယ်တော့ ရယ်ရတယ်။ မှာစရာ ထွေထွေထူးထူး မရှိရင် မှာမနေနဲ့တော့ပေါ့။ ပြီးတော့ အမှာစာ အများစုက ဟန်ဆောင်ပန်ဆောင်များတယ်လို့ ခုနောက်ပိုင်း ခံစားလာရတယ်။ အစဉ်အလာကို ရိုက်ချိုးတဲ့ဝတ္ထုဆိုတော့ တကယ်လို့ အဲလို အပေါ်ယံ ဟန်ဆောင်မှု အားလုံးကို ရိုက်ချိုးရင် ပိုကောင်းမယ်။
ဒါပေမဲ့ ထုတ်ဝေသူက ရေးချင်လို့ ဖြစ်စေ (သူက ပိုက်ဆံစိုက်မှာကိုး) ပြောစရာ တစ်ခုခု ရှိနေလို့ ဖြစ်စေ ရေးတာမျိုးကတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ များသောအားဖြင့်တော့ စာဖတ်သူကို ဆရာလုပ်တာတွေ၊ စာရေးသူကို စွတ်မြှောက်ပေးထားတာတွေ၊ မဆိုင်တာတွေ၊ (တခါတခါဆို) အမှာစာရေးတဲ့သူက စာအုပ်ရေးတဲ့သူကို အပေါ်စီးကနေ ဆရာကြီးဆန်ဆန် သုံးသပ်ချိုးနှိမ်တာမျိုးတောင် ဖတ်ဖူးသေးတယ်။
အမှာစာဆိုတာ နိုင်ငံတကာမှာလည်း ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ လေးငါးမျက်နှာလောက် ရှည်တာတွေတော့ မတွေ့ဖူးဘူး။ တွေ့လည်းမဖတ်ဖြစ်ဘူး။ များသောအားဖြင့်တော့ နိုင်ငံတကာ စာအုပ်တွေမှာ ထည့်ကြတာက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအများကြီးဆီက စာတစ်ကြောင်း နှစ်ကြောင်းလောက်စီ စုထည့်ထားတာမျိုးများတယ်။ ဒါမှလည်း ကြေညာရာ ရောက်ပြီး ရောင်းကောင်းမှာကိုး။
အမှာစာဆိုတဲ့ ဓလေ့က တကမ္ဘာလုံး လုပ်နေကြပေမဲ့၊ စာအုပ်ရောင်းထွက်ဖို့ လိုအပ်ပေမဲ့ အဲဒီလို ဝိတ်သုံးရတဲ့ အစဉ်အလာကြီးကိုတော့ သဘောမကျဘူး။ ဒါပေမဲ့ အခြေအနေအရ လုပ်ကြရတာတွေကိုတော့ နားလည်ပေးလို့ရပါတယ်။ (မှတ်ချက်။ ။ ဆရာမြသန်းတင့်ရဲ့ အမှာစာ အရှည်ကြီးတွေ၊ ဆရာ တာရာရဲ့ အမှာစာ အရှည်ကြီးတွေကိုတော့ နှစ်သက်ပါတယ်။ သူတို့က စာဖတ်သူအပေါ် စေတနာထားပြီး ရေးတဲ့ အမှာစာတွေကိုး။ ဖတ်မိသလောက်က စာဖတ်သူတွေကို ငတုံးလို့ သဘောထားတဲ့ အမှာစာမျိုးတွေ မဟုတ်ဘူး။ ဒါတောင် သူတို့လည်း တခါတခါ စာအုပ်နဲ့ ဘာမှ မဆိုင်တာတွေကို စာရေးသူကို အားမနာဘဲ အမှာစာမှာ ရေးထားကြတာတွေ ရှိသေးတယ်)
မင်းခက်ရဲတို့ မလေးတို့ရဲ့ အမှာစာထဲမှာ တွေးစရာလေးတွေ ထုတ်နုတ်ပြထားတာတွေ၊ သုံးသပ်ပြထားတာတွေထဲမှာ သဘောမတူတာတွေ ပါပေမဲ့ သူတို့အတွေးတွေ သိရလို့ ဗဟုသုတတော့ ရပါတယ်။
မလေး ရဲ့ အမှာစာကတော့ အလွန်အကျူး ညွှန်းဆိုသလိုရှိတယ်။ သူက ကျူးလွန်ချိုးဖောက်မှု မပါတာကို ပုပ်ပွနေတဲ့ ရေသေအိုင်နဲ့ တင်စားထားသေးတယ်။ ပြီးတော့ ရိုမန်းဘော့ထ်ဟာ လူသားသစ်၊ မိုးကုပ်စက်ဝိုင်းသစ်နဲ့ ကမ္ဘာသစ်ကို ဖျတ်ခနဲ လှမ်းမြင်ထားပြီးပြီတဲ့။ ကျန်တဲ့သူတွေကရောတဲ့။ စိန်ခေါ်ထားတာလား၊ ရိုးရိုးမေးခွန်းထုတ်လိုက်တာလားတော့ မသိ။
Sexism
ဝတ္ထု စစချင်း စာ(၂၈) အောက်ဆုံးနားနဲ့ စာ (၂၉) အပေါ်ဆုံးမှာ မိန်းမတွေကို နှိမ်ထားတဲ့ sexist ဖြစ်တဲ့ ကွန်ဆာဗေးတစ် ဆန်တာကို စတွေ့တယ်။ အမှာစာရေးတဲ့ စာရေးဆရာမ မလေး ကဇာတ်ကောင် ရိုမန်းဘော့ထ် ကမ္ဘာသစ်ကို ရောက်ပြီလို့ ပြောပေမဲ့၊ ဇာတ်ကောင်ကာ ကမ္ဘာဟောင်းဖြစ်တဲ့၊ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ ကမ္ဘာမှာ ကျန်နေတုန်းပဲ။ ဇာတ်ကောင်ကလည်း ဝန်ခံထားပါတယ်။ မိန်းမတွေကို အဆိုးမြင်တတ်တဲ့ ရိုမန်းဘော့ထ် တစ်ကောင်ပါတဲ့။ မိန်းမတွေကို အထင်မကြီးဘူးဆိုတာတွေ၊ မိန်းမဆန်တယ် ဆိုတာတွေနဲ့ နှိမ်ထားတယ်။ ဒါပေမဲ့ အဲဒီလို မိန်းမဆန်တဲ့ စရိုက်သဘာဝ၊ အတင်းအဖျင်းပြောတဲ့ စရိုက်သဘာဝ က ခေတ်သစ် ယောကျာ်းတစ်ချို့မှာလည်း ရှိတယ်တဲ့။ မဟော်မုန်းဓာတ်တွေ လွန်ကဲနေတဲ့ ငနဲတွေတဲ့။ ဒီနေရာမှာတော့ ရိုမန်းဘော့ထ်ဟာ (အောင်ရင်ငြိမ်းကို ပြောတာ မဟုတ်ဘူးနော်။ ဇာတ်ကောင်ကို ပြောတာ) ကွန်ဆာဗေးတစ်လို့ ပဲ မှတ်သားလိုက်ရတော့တယ်။ ဒါပေမဲ့ စာအုပ်ရဲ့ တချို့နေရာတွေမှာ ကျတော့လည်း sexism ကို ဆန့်ကျင်ထားပြန်ရော။
လိင်ဆက်ဆံခန်း နဲ့ အပျိုစင်အယူ ပယ်ချမှု
ခုနက sexist ဖြစ်တဲ့၊ အမျိုးသမီးတွေကို နှိမ်တဲ့ ဇာတ်လမ်းစဉ် အပြီးမှာတော့ လိင်ဆက်ဆံတာကို အသေးစိတ်ရေးပြထားတယ်။ တကယ်ကတော့ မထည့်လည်း ရတဲ့ ဇာတ်ဝင်ခန်းမျိုး။ အဲဒီ ဇာတ်ဝင်ခန်းမှာ metaphor နဲ့ လှလှပပ ဖွဲ့ထားတာမျိုးလည်း မရှိဘူး။ ဒါကိုတော့ နားလည်ပေးလို့ရတယ်။ ဇာတ်လမ်းအတွက် မလိုအပ်လှပေမဲ့ သူက လိင်ကိစ္စဆိုတာ ရှက်စရာ ရွံစရာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့မျိုး၊ ဟန်ဆောင်မှုတွေကို ရိုက်ချိုးချင်တာ မဟုတ်လား။
အပျိုစင်ဖြစ်နေရမယ် ဆိုတဲ့ အယူအဆကို ပယ်ချတာမျိုးတော့ လက်ခံပါတယ်။ ဒါကလည်း တော်လှန်ရေး တစ်ရပ်တော့ မဟုတ်ပါဘူး။ အထူးအဆန်း အမှတ်ပေးရလောက်အောင်တော့ မဟုတ်ဘူး။ လက်တွေ့အပြင်လောကမှာ သဘောထားပြည့်ဝတဲ့ ယောကျာ်းတော်တော်များများ အဲလိုသဘောထား ရှိကြတာပဲ။
Anarchism အငွေ့အသက် နည်းနည်း
အောင်ရင်ငြိမ်းရဲ့ အခန်း(၂) မှာ Anarchism (မင်းမဲ့ဝါဒ) အငွေ့အသက်လေးတွေတော့ ထင်ဟပ်နေတယ်။ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ထားတာမျိုး ပြောထားတာတွေ ပါတယ်။ ဒါပေမဲ့ အယူအဆသစ် တစ်ခုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေ ရေးပြရုံနဲ့တော့ ဒီဝတ္ထုကို တော်လှန်ဝတ္ထုအဖြစ် အမှတ်ပေးစရာ အကြောင်းမရှိဘူး။ ပြီးတော့ မတရားတဲ့ ဥပဒေအကြောင်း ပါးပါးလေး ထည့်တာမျိုးထက် အတုံးလိုက် အတစ်လိုက် ရေးသွားသလို ခံစားမိတယ်။ Anarchism အငွေ့အသက် ပါတယ် ဆိုပေမဲ့ တကယ့် anarchism တော့ မဟုတ်ဘူး။ Anarchist တွေက ဥပဒေဆိုရင် လုံးဝကို လက်မခံတာ။ အခြေခံဥပဒေဆိုတာ ဥပဒေ ဖြစ်နေတဲ့ အတွက်ကို ပယ်ချကြတာ။ ဒီထဲက ဇာတ်ကောင်ကတော့ တကယ် တရားမျှတဲ့ ဥပဒေ ဆိုတာ ရှိသင့်တယ်လို့ ဆိုထားတယ်။
အသစ်အဆန်း ဘာတစ်ခုမှ မရလိုက်ပေမဲ့ ဒီအခန်းက ဖတ်လို့တော့ အဆင်ပြေတယ်။
မတရားတဲ့ ဥပဒေတွေလည်း ရှိတယ်
အမျိုးသားနဲ့ အမျိုးသမီး အိပ်လိုက်တဲ့အခါ အမျိုးသားက အမြတ်ထွက်ပြီးတော့ အမျိုးသမီးက နစ်နာသွားတယ် ဆိုတဲ့ အယူအဆကို ဇာတ်ကောင်က ပယ်ချထားတယ်။ ကျွန်တော်လည်း အဲလိုပဲ တွေးတယ်။ ဒါလည်း အတွေးအခေါ် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အများစုက မိန်းကလေးတွေ နစ်နာတယ်လို့ တွေးကြတာ မှန်ပေမဲ့ အပြင်လောကမှာ မိန်းကလေးတွေ အပါအဝင် တော်တော်များများက ဘယ်သူမှ မနစ်နာဘူးလို့ပဲ တွေးပြီး အိပ်နေကြတာတွေ ရှိတာပဲ။ မြန်မာနိုင်ငံမှာလည်း ရှိတယ်။ နစ်နာတယ် ထင်ရင် ဘယ်မိန်းကလေးက အိပ်မှာလဲ။ အိပ်ပြီး ယောကျာ်းလေးကို ပစ်သွားတဲ့ မိန်းကလေးတွေတောင် ရှိသေးတယ်။ တစ်ခုတော့ ရှိတယ်နော်။ ကိုယ်ဝန်ရသွားတဲ့ ကိစ္စမျိုးမှာ ယောကျာ်းလေးက ပစ်သွားတာမျိုးဆိုရင် မိန်းကလေးဘက်က တော်တော်နစ်နာပါတယ်။ အဲဒါမျိုး ပစ်သွားတာကိုတော့ လက်ခံပေးလို့ မရဘူး။
တရားဥပဒေတွေ မျှတမှု မရှိတာကိုလည်း ဇာတ်ကောင်က ထောက်ပြထားတယ်။ ဒါကလည်း လူတိုင်းသိနေတဲ့ ကိစ္စဆိုတော့ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
အထွေထွေ
၉၆၉ နဲ့ မဘသ ကို ဆန့်ကျင်ထားတာ ပါတယ်။ အနောက်ဘက် ခြံစည်းရိုးတစ်ဝိုက်မှာ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်နေတယ် ဆိုတာ ရေးထားတယ်။ “အမှောင်ခေတ်လွန် သို့မဟုတ် အရူးခေတ်လွန် ၉၆၉ စင်တီမီတာ” တဲ့။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်း *(ခြားနားတဲ့အမြင်) မဟုတ်ပေမဲ့ လူသားဝါဒလေး ရှိနေတာကိုတော့ အသိအမှတ်ပြုမိတယ်။ ဒါပေမဲ့ အဲလိုဟာတွေ ထည့်ထားပုံက သက်သက်၊ ဝတ္ထုက သက်သက်လို တခြားစီ ဖြစ်နေတယ်။ အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။
ကြားထဲမှာ အိုရှိုးအယူအဆတွေ ထည့်ထားတယ်။ ဒါကလည်း အိုရှိုးဖတ်ဖူးပြီးသားသူတွေ အတွက်ဆို သိပ်အထူးအဆန်းမဟုတ်ပါဘူး။
စာမျက်နှာ ၁၁၁ မှာတော့ အသစ်အဆန်း မဟုတ်ပေမဲ့ လှပတဲ့ သဘောထားလေးကို တွေ့ရတယ်။ စံနှုန်းတွေကို ပစ်ပယ်ထားတဲ့ ဇာတ်ကောင် ရိုမန်းဘော့ထ်ရဲ့ စံနှုန်းတစ်ခုကို ဖတ်လိုက်ရတယ်။ “ဟင့်အင်း… သူတို့ကို (ယေဘုယျကျင့်ဝတ်တွေကို လိုက်နာတဲ့သူတွေကို) ကွန်ဆာဗေးတစ်တွေလို့ ကိုယ်မစွပ်စွဲချင်ပါဘူး။ သူတို့အမြင်မှာ အဲဒါကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားလို့ ယုံကြည်နေမယ်ဆိုရင် ကောင်းမှုလို့ သတ်မှတ်ထားမယ်ဆိုရင် ကောင်းတဲ့အပြုအမူကို လုပ်တာကို ကိုယ့်အနေနဲ့ အပြစ်တင်စရာမှ မလိုအပ်တာ။ သူတို့ တန်ဖိုးစံနှုန်းနဲ့ သူတို့ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံ နိုင်ပါတယ်။ အဲ…. ဒါပေမဲ့ သူတို့က သူတို့သာ ကောင်းမွန်မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားပိုင်ရှင်တွေဖြစ်တယ်။ သူတို့ ကိုင်စွဲထားတဲ့ ကိုယ်ကျင့်တန်ဖိုးစံနှုန်းတွေနဲ့ သွေဖည်နေတဲ့သူတွေကို ကိုယ်ကျင့်တရား ပျက်ယွင်းနေသူတွေလို့ စွပ်စွဲပြောဆိုလာမယ် ဆိုရင်တော့ ကိုယ်ဆန့်ကျင်ငြင်းဆန်ရလိမ့်မယ်” တဲ့။
“ကိုယ့်တန်ဖိုးစံနှုန်းကိုမှ အမှန်တရား၊ ကောင်းမှုလို့ စွဲလမ်းဆုပ်ကိုင်ထားပြီး ကိုယ်နဲ့မတူတဲ့ တခြားတန်ဖိုး စံနှုန်းတွေကို အမှား၊ မကောင်းမှုလို့ သတ်မှတ်ယူဆမယ်ဆိုရင်၊ ဥပမာ မိစ္ဆာဒိဌိလို့ ပြောမယ်ဆိုရင် အဲဒါ တရားမျှတမှု မရှိတဲ့ အပြုအမူ တစ်မျိုးပဲလေ” ဆိုပြီး ရေးထားပါတယ်။
အဲဒီနောက်မှာတော့ အိုရှိုးက စကားဝိုင်းထဲ ဝင်လာပြန်ရော။ ဒါပေမဲ့ ဒဿနတွေကို အတုံးလိုက် အတစ်လိုက် ချပြဖို့အတွက် အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။ (ဇာတ်လမ်းထဲက) အိုရှိုးက ဝင်ပြောတယ်။ “ခင်ဗျားတို့ လူ့အဖွဲ့အစည်းမှာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ အစဉ်အလာ ကိုယ်ကျင့်တရား၊ လူမှုကျင့်ဝတ်၊ အတွေးအခေါ်ဟောင်းတွေရဲ့ ဆုံးမသွန်သင်မှုတွေပဲ လွှမ်းမိုးကြီးစိုး အမြစ်တွယ်နေတာ” တဲ့။ Gay Right ကို ထောက်ခံထားပြီး ပုဒ်မ-၃၇၇ ကို ဆန့်ကျင်ထားတယ်။ သိပ်အထူးအဆန်း မဟုတ်ပေမဲ့ တိုးတက်တဲ့ *(ခြားနားတဲ့) အမြင်လို့တော့ ပြောရမှာပေါ့။
အခန်း (၁၁) မှာတော့ ရပ်ဆဲလ် တို့ အိုရှိုးတို့ မြသန်းတင့်တို့ရဲ့ စာအုပ်တွေအပြင် ရိုမန်းဘော့ထ်စာအုပ်ကို အမှာစာ ရေးပေးထားတဲ့ မင်းခက်ရဲ တို့ မလေး တို့ရဲ့ စာအုပ်တွေထဲမှာ ဇာတ်ကောင် ရိုမန်းဘော့ထ်က စိတ်အာရုံ နှစ်မြှုပ်ထားသတဲ့။ သြော်….ရိုမန်းဘော့ထ်က အောင်ရင်ငြိမ်းရဲ့ စာအုပ် မဖတ်လို့တော်သေး။
ဇာတ်လိုက်တစ်ယောက်တည်း တစ်ကိုယ်တော် ဆန္ဒပြတဲ့အခါမှာပြောတဲ့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုတည်းကပဲ တရားမျှတမှုကို ထိခိုက်စေတာ မဟုတ်ဘူး၊ တခြား ဥပဒေ အဟောင်းအနွမ်းတွေကလည်း တရားမျှတမှုကို ထိခိုက်စေတယ် ဆိုတာတော့ သဘောကျတယ်။
ဇာတ်သိမ်းလေးလည်း မဆိုးပါဘူး။
ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။ အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက် အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့ လက်ခံနိုင်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူးလို့ ထင်တယ်။
အနုပညာတော်လှန်ရေးလို့ ပြောရအောင်ကျတော့လည်း ဒီဝတ္ထုထဲက အတွေးတွေဟာ တစ်ချို့တွေအတွက်တော့ ခုမှ အသစ်အဆန်း ဖြစ်နေနိုင်ပေမဲ့ တကယ်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ အဆိုအမိန့်တွေ များလွန်းတော့ ကိုယ်ပိုင်အယူအဆ နည်းသလိုလည်း ဖြစ်နေတယ်။ ပါတဲ့ ကိုယ်ပိုင်အယူအဆတွေကလည်း အသစ်အဆန်းတော့ မဟုတ်လှပါဘူး။ ဒါပေမဲ့လည်း ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ပုံ၊ လူအများစုရဲ့ တွေးပုံခေါ်ပုံတွေကြောင့် ဒီလောက်လေးကပဲ တော်လှန်ရေးတစ်ရပ်လိုတောင် ဖြစ်သွားရော။
_______________________
ကောင်းကင်ကို (ဇွန် ၂၇၊ ၂၀၁၄)
Edited and moderated by ခွန်ဒီးယမ် (*)
Was this answer helpful?
LikeDislikeစာအုပ်ထဲက.. ကာမေသုကိုဖွင့်ပုံအရနဲ့ဆက်စပ်ပြောရရင်.. မိုးပြာဖွင့်ပုံနဲ့ ဆင်နေတယ်လို့ထင်မိတယ်..။
ကာမပိုင်ဆိုတာမှာ.. ယူအက်စ်မှာ.. လင်မယားခြင်းလဲ.. လိင်ဆက်ဆံမယ်ဆိုရင်.. တဦးတယောက်တဘောမတူရင်.. မုဒိန်းမှုမြောက်ပါတယ်..
အခုဆိုရင်..ကယ်လီဖိုးနီးယား ကောလိပ်ကျောင်းသားတွေထဲ.. လိင်ဆက်ဆံမယ်ဆိုရင်.. ပါးစပ်နဲ့(ဒါမှမဟုတ်)စာရွက်နဲ့.. Yes ပြောမှ/ချရေးထားမှ ဆက်လှုပ်ရှားခွင့်ရှိမယ်ဆိုတဲ့ဥပဒေကြမ်းထွက်လာပြီဖြစ်တဲ့အတွက်.. အဲဒါကလည်း… မိုးပြာဖွင့်ပုံနဲ့ တူနေပါတယ်..။
ကောင်းပါလေ့…။
Was this answer helpful?
LikeDislikeရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း
http://www.phothutaw.com/2014/06/blog-post_1204.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+PhoThuTaw+(Pho+Thu+Taw)
သိပြီးကြတာရင်လဲ ဖြစ်မှာပေမယ့် မှတ်တမ်းကျန်ခဲ့အောင် ဒီမှာလာမှတ်သွားတာ။
Was this answer helpful?
LikeDislikeဘာဖြစ်ဖြစ် … ဘာပဲပြောပြော ..
အခုဆိုရင် အောင်ရင်ငြိမ်းလို့ ပြောလိုက်တာနဲ့
ကလေးက အစ၊ ခွေးအဆုံး မြန်မာပြည် တပြည်လုံးနီးပါး သိလောက်အောင်
ကျော်ကြားသွားတာပဲ ….
Was this answer helpful?
LikeDislikeညမင်းသားတို့ ဒေါက်တာချက်ကြီးတို့ကို အင်တာနက်ပိတ်သတ်ကြီးသိသလို သိကြတာပါ..
အထင်ကြီးစရာမရှိပါ……………
Was this answer helpful?
LikeDislikeဘာပဲဖြစ်ဖြစ်တော့ သူ့ဟာ Best Seller စာရင်းတော့ဝင်သွားပြီး နိုင်ငံကျော်သွားတာပဲ။ အရင်က သူ့ကို ဘယ်သူမှမသိပေမဲ့ ခုတော့သိသွားပြီ။ သူအမြတ်တော့ထွက်သွားတာပေါ့။ ကလေးတွေတော့ အတွေးအခေါ်တွေမှားပြီးလမ်းမှားရောက်ဖို့ အတော်နီးစပ်သွားပြီပေါ့။
Was this answer helpful?
LikeDislikeဆရာမ ခင်ပန်နှင်း FB ပေါ်က ပို့စ်ပါ။
Khin Myint Oo
June 25
ရိုမန်းဘော့ ထ် ၏ တစ်ကိုယ်တော်ဆန္ဒပြခန်း
ခင်ပန်နှင်း
အောင် ရင်ငြိမ်း ရဲ့ ရိုမန်းဘော့ ထ်တွေ ရဲ့ ကမ္ဘာ ထဲ မှာ တစ်ကိုယ်တော်ဆန္ဒပြခန်းပါပါတယ်။ ခပ်ကျဉ်းကျဉ်းပြောပြရရင် ၂၀၁၄ ခုနှစ် မေလ ၁၀ရက်မှာတဲ့ ….။ ရန်ကုန် High Court တရားရုံးရှေ့ ၊ မဟာဗန္ဓုလပန်းခြံ ၀င်ပေါက်အနီး ပလက်ဖောင်းမှာပါ။ ပြစ်မှုပုဒ်မ ၄၉၇ အလိုမရှိ၊ ..နဲ့ ပုဒ်မ ၃၇၇ ကိုဗားရှင်းအသစ် ပြောင်းဖို့ ပါတဲ့ ။
၄၉၇ က မယားခိုးမှု၊ ၃၇၇ က သဘာဝမဟုတ်သောလိင်ဆက်ဆံခြင်းပါ။
ရိုမန်းဘော့ ထ် ကတော့ ပလက်ဖောင်းပေါ်ကန့် လန့် ဖြတ် ခင်းထားတဲ့  တရားသူကြီးစားပွဲစင်မြင့် ပေါ်မှာ တရားသူကြီးဝတ်စုံအပြည့် နဲ့ အခန့် သား ထိုင်လို့ ပါ။ …သတင်းထောက်တွေ နဲ့ တွေ့ ပါရော။ ဧရာဝတီသတင်းမီဒီယာ၊ Eleven Daily, 7 Day နဲ့ အခြားသတင်းထောက်များပါ တဲ့ ။ အသက် ၂၅ နှစ်လောက် တရုတ်ခေတ်ပညာတတ် မျက်နှာပေါက် နဲ့ အမျိုးသမီးသတင်းထောက် က ချည်သားအော်လ်တာရှပ်၊ ဂျင်းပင်အကျပ်နဲ့ ပါတဲ့ ။ ကိုယ်လုံးကခပ်မိုက်မိုက်၊ သူ က အဲဒီအမျီုးသမီးသတင်းထောက်ရဲ့ အမေးကို ရင်သားတွေ ကို တမင်စိုက်ကြည့် ပြီးဖြေသတဲ့ ။
တခြားအမျိုးသမီးသတင်းထောက်တစ်ယောက်ကတော့  သူ့ ကိုမီဒီယာကျင့် ဝတ်ကိုကျော်လွန်ပြီးပုဂိုလ်ရေးဆန်တဲ့ မေးခွန်းမေ
းသတဲ့ ။အဲဒီအမျိုးသမီးသတင်းထောက်ကခေတ်ပညာတတ် အိန္ထယ၀ါဒီသူ ဆိုပဲ။ …ရှင်ကိုယ်တိုင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်နဲ့ ညအိပ်ဖူးလို့  ပုဒ်မ ၄၉၇ ကိုဆန္ဒပြနေတာလားလို့ မေးတယ်….။ရှင်ကိုယ်တိုင်က ဂေးတစ်ယောက်လားလို လည်း ထပ်ဆင့် မေးတယ်။ သူပြန်ဖြေတာက…မင်းရဲ့ လှပတဲ့ ရင်သားတွေကိုယောက်ျားတစ်ယောက်ကနမ်းတာမဟုတ်ဘဲ လိင်တူမိန်းမတစ်ယောက်ကနမ်းတာခံချင်တာမျိုးမဖြစ်ဘူးဘူးလား…ဆိုပဲ။ (ကြမ်းတမ်းရိုင်းစိုင်းလွန်းပါတယ်။သဘာဝမကျတာကိုဘယ်မိန်းမက အိပ်မက်တောင်မက်ဘူးမှာလဲ။) ဆက်ရေးထားတာက…ကျွန်တော် အဲဒီလို အရွဲ့ တိုက် ပြန်မေးရင်း သူ့ ရဲ့ ရင်သားတွေကို ဘော်ဒီဖစ် အော်လတာရှပ် အောက် ကနေအပြင်ကိုရုန်းထွက်လာတော့ မလို ပြည့် မောက်လုံးဝန်းနေပါတယ်။ အား…ဒီမိန်းမ ရဲ့ ….××××ကျွန်တော်လိင်စိတ်ဆတ်ခနဲနိုးကြားလာပြီး××××။ )ဒီ့ ထက်ဆိုးတာတွေ ကိုရေးမပြတော့ ပါ၊ဒီလောက်ဆိုသဘောပေါက်လောက်ပါပြီ။
ကဲ…ကျွန်မ ကြော်ငြာနေရာတော့ မရောက်ပါဘူးနော်။ ဘောင်ကျော်တာကိုပြောတာပါ။ ဒီတော့ ကျွန်မတို့ တွေ သတင်းလိုက်ရင် ၀တ်စားဆင်ယင်မှု ဆင်ခြင်ရတော့ မှာလား။ အစက မလိုခဲ့ သော်လည်း ခု ဆိုရင်…ဟို သတင်းမမ အကျီင်္က ကျပ်လိုက်တာ၊ အောင်ရင်ငြိမ်းဝတ္ထုထဲကအတိုင်းပဲ ဆိုရင်…သေရော။
အဆိုတော်ချမ်းချမ်းရင်သားလှတာကျွန်မရေးခဲ့ ဘူးတယ်။ သူ့ ရင်သားလေးက မို့ မို့ လေး၊ သိပ်အကြီးကြီးလည်းမဟုတ်ဘူး။ သူ ဖော်ထားတာမဟုတ်ဘူး။ ကျွန်မက ထွင်းဖောက်ကြည့် ခဲ့ တာ။ မိန်းမသားတို့ ၏မွေးရာပါပိုင်ဆိုင်မှုကို ချစ်စိတ်၊ မြတ်နိုးစိတ်၊ အနုပညာစိတ်နဲ့ ကြည့် ရင်ရေးရင် ဘာမှကန့် ကွက်စရာမရှိတဲ့ ပြင် အားပေးရမည့် ကိစ္စဖြစ်တယ်။
စာရေးဆရာရဲ့ သဘောထားကိုအံ့ သြလှပါတယ်။ မယားခိုးမှု နဲ့ ဓမ္မတာအတိုင်းမဟုတ်သောလိင်မှု ဥပဒေကိုဆန့်  ကျင်ဆန္ဒပြနေရာမှသည် လာမေးတဲ့ သတင်းထောက်အမျိုးသမီး ကိုစိတ်နဲ့ ၊ နှုတ်နဲ့ ပြစ်မှားကျူးလွန်လိုက်သေးတယ်။ ကာမေသု….ဆိုတာ အဲဒါကိုခေါ်တာ လို့ ပြောရင် ပြောသူကို ကွန်ဆာ့ ဗ်တစ်ဗ လို့ စွတ်စွဲဦးမယ်။ …ရှေ့ က လူကြီးတွေ ထားခဲ့ တာ အကြောင်းမဲ့ တော့ မဟုတ်ဘူးဆိုတာ ဆင်ခြင်ပါ။
Eleven Daily အကြီးတန်းသတင်းထောက်ကမေးသတဲ့ ။ ..လူကြီးမင်း ဆန္ဒပြရခြင်းရည်ရွယ်ချက်…။သူပြန်ဖြေတ ယ်၊…သတင်းထောက်ကပြန် ပြောတယ်၊..ခုဆန္ဒပြဖို့ အာဏာပိုင်တွေ ဆီက ခွင့် ပြုမိန့် တောင်ခံပါသလားတဲ့ ။ သူက မလို ဘူးတဲ့ ။ …
ဧရာဝတီသတင်းမီဒီယာကမေးသတဲ့ ။ လူသတ်မှုတို့ မုဒိန်းမှုတို့ ခိုးမှု တို့ ကို တားဆီးတဲ့ ဥပဒေတွေကိုတော့ မရှိမဖြစ်လိုအပ်တယ်လို့ မြင်ပါသလား ဆိုတော့ …..ထောက်ခံတယ်တဲ့ ၊ အဲဒါတွေကသူတပါဒကိုထိခိုက်တယ်တဲ့ ။ လိင်နဲ့ ပတ်သက်တဲ့ ကိစ္စက ဘယ်သူ့ ကိုမှမထိခိုက်အောင်နေလို့ ရရင် ဥပဒေတွေ မလိုဘူးတဲ့ …ကဲ။×××ဆိတ်ကွယ်ရာမှာပင်မကောင်းမှုကိုမပြု ရ×××ဆိုတဲ့ ဘုရားဟောရှိတယ်ဆိုင်ကွန်ဆာ့ ဗေးတစ်လို့ ပြောမှာလား။
7 Day အမေးကိုဖြေတာက…လူ့ အခွင့် အရေးကိုတန်ဖိုးထားရင် အိမ်ရှင်မတွေ တခြားယောက်ျားနဲ့ လိင်ဆက်ဆံတာကို တရားဝင်ခွင့် ပြု သင့် သတဲ့ …။ ခုပဲ အဲဒီစာအုပ်ကိုရုပ်ရှင်ရိုက်ဖို့ ဝယ်သလိုလိုသတင်းကြားတယ်…တိရစ္ဆာန်တို့ ရဲ့ ကမ္ဘာ လို့ သာ ခေါင်းစဉ်တပ်ပါတော့ ။…
စည်းအပြင်က လူ ကို၊ ကမျူးရဲ့ အောက်ဆိုက်ဒါထဲက မားဆိုးလို…လူကိုကျွန်မတို့ သဘောကျခဲ့ သော်လည်းဒီလိုလူကိုတော့ သဘောမကျနှိုင်ပါဘူး။ ရေးသားဖန်တီးတဲ့ စာရေးဆရာကိုရှုံ့ ချပါတယ်။
Was this answer helpful?
LikeDislikeဒါလည်း ဆရာမခင်ပန်နှင်းရေးတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာဆောင်းပါးပါ။
ဆရာမ ခင်ပန်နှင်း ဖေ့စ်ဘုတ်က ကူးတင်တာပါဗျာ။
Khin Myint Oo
June 25
မနက်ဖြန်ထုတ်ပြည်ထောင်စုနေ့ စဉ်သတင်းစာမှာပါမည်။
…………………………………………………
အောင်ရင်ငြိမ်း၏ ရိုမန်းဘော့ထ် တွေ ရဲ့ ကမ္ဘာစာအုပ်
ခင်ပန်နှင်း
အပြာစာအုပ်ဟု ခုတလောတော်တော်ပြဿနာကြီးမားနေပြီး၊
စာပေလွတ်လပ်ခွင့် ထိပါးရန်စိုးရိမ်သူတွေ ကစိုးရိမ်နေကြ ခြင်းနှင့် 
အတူ အာဏာပိုင်ဆီကပင် အရေးယူမည်ဟု သတင်းထွက်နေသော စာအုပ် ကို
ဒီနေ့ ပဲ မီးပွိုင့် မှာ ကား ခဏ ရပ် ရင်း မိတ္တူတွေ့ သဖြင့် ဝယ်လိုက်သည်…ကျပ်၅၀၀၀။
အွန်လိုင်းမှာစာရေးဆရာကိုအမျိုးမျိုး အပြစ်ပေးနေပြီ။ …အသက် ၁၈ နှစ်အောက် မဖတ်ရ ဆိုတာ ဟန်ဆောင်ပန်ဆောင်ရှောင်ကောင်းအောင် ထည့်  ထားတာပဲ ဟု…ယခုဖတ်ပြီးသောအခါ သုံးသပ်မိပါသည်။
လိင်ကိစ္စ ကိုဒီလိုမျိုး မထောက်မထားရေးရဲတာ ချီးကျူးစရာမဟုတ်ပါ။
ပွင့် ပွင့် လင်းလင်းဟု မသုံးသင့် ပါ၊ မထောက်မထားလို့ ပဲ သုံးပါမည်။ ရေးဖော်ရေးဖက်တွေ ကိုထောက်ထားရမည်။ စာပေလွတ်လပ်ခွင့် ကိုထောက်ထားရမည်။ စာရေးသူမှာ ဇနီးတို့ သမီးတို့ မရှိရင်တေင် အမေတော့ ရှိမှာပဲ…ကိုယ့် အမေ ကိုထောက်ထားရပါမည်။ ယဉ်ကျေးမှု လူသားဆန်မှု ကိုရှေ့ တန်းမှာထားနေသော ကမ္ဘာကြီးကိုလည်း ထောက်ထားရပါမည်။
မဖတ်ရသေးခင်က၊ ဒီလိုဆိုးရွားမည် မထင်မိ၊ ဘယ်လိုကောင်းကွက်ရှာပြီးဘယ်လို ကယ်တင်ရမလဲ စဉ်းစားထားသည်။ ဒါကြောင့် မီးပွိုင့် မိတုန်း ကျပ် ၅၀၀၀ ဆိုတာကိုရဲရဲပဲဝယ်လိုက်သည်။ ရုံးရောက်ရောက်ချင်းဖတ်သည်။ ဘယ်နားကနေ ဘယ်လို လုပ်ကယ်မလဲ….ရှာမတွေ့ ။
ဒီကနေ့  ကမ္ဘာကြီးက လွတ်လပ်ပေါ့ ပါး၍ ကိုယ်စိတ်ဖြေလျှော့ မှု ကိုဦးစားပေးသောကမ္ဘာကြီးဆိုတာ သေချာပါသည်။ လိင်ကိစ္စ ဆိုတာ ကိုကျန်းမာရေးဟူသောခေါင်းစဉ်အောက်မှာထည့် လာကြပါပြီ။ Sexual Health ဆိုတာ အဓိပါယ်ဖွင့် ဆိုချက်ရှိပါသည်။Lifestyle ဘ၀နေမှုပုံစံ ထဲ မှာလည်း ထိုကိစ္စရပ်ဆိုင်ရာရှိပါသည်။ ကြုံရင် ရေးပြပါမည်။ ခု ရေးပြရင် ထိုစာအုပ် ကိုထောက်ခံရာရောက်မည်စိုးသည်။ ကျွန်မ အောင်ရင်ငြိမ်း၏ ရိုမန်းဘော့ ထ်တွေ ရဲ့ ကမ္ဘာ စာအုပ်ကိုကန့် ကွက်ပါသည်။
ဒီကနေ့ လိင်ကိစ္စလွတ်လပ်ပွင့် လင်းမှု အတန်အသင့် ရှိလာတာသေချာပါသည်။ လိင်ကိစ္စလွတ်လပ်ပွင့် လင်းမှုကို လူမှုရေးဖောက်ပြန်မှု ခေါင်းစဉ်အောက်သို့ ဆွဲမသွင်းရန်၊ လူမှုရေးစည်းဘောင်အတွင်းကပဲ ဖြစ်ရန် တော့ တော်တော်လိုအပ်ပါသည်။ လူတစ်ဦးကျင့် သုံးသောလိင်ကိစ္စသည် မည်သူတစ်ဦးတစ်ယောက်ကိုမှအရုပ်ဆိုးအကျည်းတန်စေသောအဖြစ်မျိုး မဖြစ်စေရန်…တော်တော်အရေးကြီးသည်။ ဖွင့် ဟ နေစရာလည်း မလိုသလို ထုတ်ဖော်ရေးသားပြနေစရာလည်းမလိုပါ။..ဒါ ကိုယ့် တစ်ကိုရည်ကိစ္စဖြစ်သည်။ စည်းကမ်းပြည့် ဝသောကိစ္စဖြစ်ရပါမည်။
မည်သို့ ပင် ခေတ်မီရဲတင်းပွင့် လင်းသောကမ္ဘာကြီးဖြစ်နေပါစေ….ဖုံးဖုံးဖိဖိ ထားအပ်သည်တို့ အမြဲ ရှိနေပါသည်။ သိုသိပ်သင့် သည်တို့ လည်းရှိသည်။ လွတ်လပ်ပွင့် လင်းလေလေ ဖုံးသင့် ဖိသင့် တို့ ပိုများလေလေ၊ ခေတ်မီလေလေ ထိန်းသိမ်းအပ်သည်တို့ ပိုလိုလေလေဖြစ်သည်။ အောင်ရင်ငြိမ်း ရေးပြတဲ့ လိင်ကိစ္စ၊ မည်သို့ မည်ပုံဆက်ဆံသည် ဆိုသည်တို့  ကို သူ့ ဇာတ်လိုက် ရိုမန်းဘော့ ထ် နှင့် ပြည့် တန်ဆာတို့ တွေ့ ဆုံခန်းမှာရေးရင်တောင် နည်းနည်းတော့ တော်ဦးမည်…ခုတော့ ကျောင်းဆရာမတို့ ၊ ဒီဇိုင်နာ တို့ ၊ ….ဗေဒင်ဆရာမ တောင်ပါလိုက်သေး…။နယ်ကလာသောလင်ရှိမယားလည်းပါသည်။ (ပြည့် တန်ဆာ ကိုချိုးနှိမ်တာတော့ မဟုတ်ပါ။ သူ့ အလုပ်သဘာဝ နဲ့ လိုက်ဖက်လို့ ပါ)။သူ့ ဇာတ်လိုက်က သူ့ ကိုယ်သူ လက်မခံဟု ကာကွယ်ထားသော်လည်း မထိရောက်ပါ။ တရားရုံးမှာရှင်းနေရတာလည်း ဒီလိုကိစ္စမျိုး၊ အပြင်မှာလည်း ဒါပဲစိတ်ဝင်စားနေပေရာ အိပ် စား ကာမ ဤသုံးဝမှာ လူနဲ့ နွားမခြားအတူ …ဟုသာဆိုချင်တော့ သည်။ နွားပဲ တိရစ္ဆာန်ပဲ ဟု သာ သတ်မှတ်သင့် သည်။
အောင်ရင်ငြိမ်း၏ ယခုဝတ္ထု သည် ကာမ ကိစ္စ လိုက်စားသောယောက်ျားတွေ ကလည်း လက်ခံမည် မဟုတ်၊ ကိုယ့် လိုအပ်ချက်ကိုယ်နည်းကိုယ့် ဟန်ဖြည့် ဆည်းနေသူယောက်ျားတွေကလည်း ကန့် ကွက်ပါလိမ့်  မည်။ မိန်းမ တွေ ကတော့ ဘယ်လိုမိန်းမမျိုးကမှ
ထိုစာအုပ်ကိုသဘောတူမည်မထင်ပါ။ ကျွန်မတို့ အားလုံးကိုစော်ကားလိုက်တာပဲ။
ဒီတော့ ဘယ်လို အပြစ်ပေးမလဲ….မိန်းမ တွေ သူ့ ကိုကြဉ်ဖို့ လိုပါသည်။ ယောက်ျားတွေကတော့  နားဝင်အောင်ဆုံးမသွန်သင်သင့် ပါသည်။ ဥပဒေအရတော့ ကျွန်မအကြံမပေးတတ်ပါ။တစ်စုံတစ်ခုတော့ အရေးယူမှုပြုသင့် ပါသည်။ သိပ်ပြင်းထန်တာမျိုးလည်းမဖြစ်စေချင်ပါ။ စာမရေးရတို့ ဘာတို့ ကလောင်ကိုပိတ်သိမ်းတာတို့ မဖြစ်စေချင်ပါ။ ဥပဒေနှင့် ငြိလျှင်တော့ ဥပဒေအရ ဖြစ်စေချင်ပါသည်။
ကျွန်မ ဂျင့် ဟူသောစာရေးဆရာ၏စာအုပ်တစ်အုပ်ဖတ်ဖူးသည်။ ကတ္တားဆိုလားကံဆိုလား… လိင်တူဆက်ဆံသူတွေ အကြောင်းတော်တော်နှိုက်နှိုက်ချွတ်ချွတ်ရေးထားတာ…။ တင်ပြပုံဆိုးဆိုရွားရွားမဟုတ်ပါ။ ဖတ်လို့ သင့် သည် ဆိုနှိုင်သည်။ ဒါပေမယ့် ကတ္တားတို့ ကံ တို့ ကို ဒီလိုနေရာမှာသုံးတာကျွန်မ မကြိုက်သဖြင့် ထိုစာအုပ်ကိုအညွှန်းမရေးခဲ့ ပါ။ မြန်မာသဒ္ဒါ ရဲ့  အလှအပ ကိုသူတို့ ကိစ္စတွေ ထဲ မှာသုံးရက်သည် လို့ ပဲ တွေးမိသည်။
ဖိုမ ကိစ္စ တိုင်းကိုညဏ်ညမ်းသည်ဟု မဆိုနှိုင်ပါ။ သဘောထားတတ်လျှင် လှပသောကိစ္စရပ်ပါပဲ။ အချို့ စာရေးဆရာတွေများဒီကိစ္စကိုရေးထားတာ တော်တော်အနူပညာမြောက်တာပဲ။ ဒါပေမယ့်  ရိုမန်းဘော့ထ် ကတော့ ကြမ်းတမ်းသည်။ မိန်းမဆိုတာ ဒါလုပ်စရာလို့ ပဲ မှတ်ယူသူဖြစ်နေသည်။ အပျိုစင်လေးဆိုရင် သူက မကြိုက်ဘူးဆိုပဲ။ အိမ်ထောင်ပျက်တို့ အတွေ့ အကြုံရှိပြီးသူတို့ ကိုမှကြိုက်သတဲ့ …။ စော်ကားလှချည့် ။ ၁၂ နှစ်သမီးလည်းပါသေး….။ ကဲ ဒီတော့ ၊ ကျန် စာရေးဆရာဆရာမတို့ မှာ
အလိုလိုတာဝန်ရှိလာတာက စာကောင်းများရေးဖို့ ပါပဲ။ စေတနာမှန်သောစာများပေါ့ ။ ….
Was this answer helpful?
LikeDislike