” ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့ “

 

တစ်ညလုံး သဲလိုက်တဲ့မိုး

ခုထိတိုင်လည်း မတိတ်သေးဘဲ

စောစီးစွာ ခရီးထွက်ရမှာမို့

ညအမှောင်သန်း လရောက်မလွမ်း

မှိတ်တုတ်မျှ မလာတဲ့မီး

ဝိုးတ၀ါးပင် မမြင်ရလေတော့

မှန်းကာသာ ခြေကြွရပါသတဲ့

အောက်ဆင်းခဲ့ လှေကားထစ်ဝယ်

အေးကနဲအထိ ခြေဖ၀ါးဆီသို့

လန့်ကာသာ အော်မည်သံနဲ့အတူ

အမြန်သာဆင်းလိုက်လေတော့

ပလုံ ဗွမ်း လို့သာ မြည်သံဟီးကာ

ကိုယ်တစ်ခြမ်းက ရေမျိုခံရပေါ့

သြော် ဒါလားဟဲ့ ရန်ကုန်မြို့ကိုမှ

စင်္ကာပူလိုဖြစ်အောင်လုပ်မယ်လို့

ကြွေးကြော်ကာခွန်းခြွေသူရေ

အခုနေတိုးတက်လှပုံကို

လမ်းကြုံရင်ဝင်လာကြည့်ပါလို့

ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..