” မြင်နေတယ် မျက်လုံးများ “

ခင္ခJuly 28, 20141min1226

” မြင်နေတယ် မျက်လုံးများ “

 

မိုးတွေက သဲသဲမဲမဲ ရွာနေစဲ

အဝေးပြေးလမ်းမကြီးတစ်ခုမှာ လမ်းမီးတိုင်ဆိုတာကလည်း ဘေးနှစ်ဖက်မှာမရှိဘူး

မိုးတိမ်တွေမဲပြီး မိုးကရွာနေတာမို့ သဘာဝလရောင်ဆိုတာကလည်း မပေါ်လေဘူး

အသွားအလာလည်း နည်းပြီးနဂိုကတည်းက အသွားအလာနည်းတဲ့ ထိုလမ်းမပေါ်မှာ

မောင်းနှင်လာတဲ့ ကားလေးတစ်စီးဟာ ရုတ်တရက် သွားနေရာက ထိုးရပ်သွားလေသည်။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတဲ့ ထိုကားပေါ်က လူတစ်စုဟာ ထိုးရပ်သွားတဲ့ကားနား

ရပ်ကာနေပြီး လမ်းပေါ်မှာ ကားတစ်စီးတစ်လေများ လာလေမလားလို့ အချိန်ပေါင်းများစွာ သဲသဲ

မဲမဲမိုးရွာကာ မှောင်မိုက်နေတဲ့ နေရာမှာ မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေကြရှာတယ်ပေါ့။

အဲဒီလိုအချိန်ပေါင်းများစွာစောင့်နေပြီးမှ ဟိုး အဝေးဆီက ကားအလင်းရောင်လေးပေါ်လာတော့

သူတို့တွေစိတ်ထဲပျော်သွားခဲ့ပြီး အဲဒီကားအလင်းရောင်လေး နီးလာလေလေ သူတို့စိတ်ထဲ ခုန

မျှော်လင့်ချက်မဲ့ အင်အားတွေ ပြန်နိုးထလာပြီး မျှော်လင့်ချက်အင်အားတွေ ဖြစ်တည်လာခဲ့တယ်။

များမကြာမှီတော့ ထိုကားအလင်းရောင်လေး သူတို့နားရောက်တဲ့အခါ သူတို့ကား ထိုးရပ်နေကြောင်း

ရှေ့ဆက်သွားဖို့ကလည်းရှိပေမယ့် ဘယ်လိုလုပ်ရမယ်မှန်းမသိလေ ရပ်နေတာဖြစ်ကြောင်းကို

ရှင်းပြလိုက်တော့ အလင်းရောင်ကားလေးကလည်း ကူညီကာ တွဲခေါ်ပြီး လိုရာခရီးကို မရောက်

ရောက်အောင် ဦးဆောင်ပို့ပေးမယ်ပေါ့ သူတို့ကလည်း သဘောတူလို့ အလင်းရောင်ကားလေးက

တွဲခေါ်ကာ ဦးဆောင်ဆွဲခေါ်သွားမယ်ဆိုပြီး သဘောတူကာဆွဲကြိုးချီပြင်နေတုန်း

ဗြုန်းဆို သူတို့သွားမယ့်ရှေ့ခရီးဘက်က ပြန်လှည့်လာဟန်တူတဲ့ မီးတန်းတစ်စု သူတို့ထံ

နီးသည်ထက်နီးကာလာနေတာ တွေ့လိုက်ရပြီး မကြာဘူး ထိုမီးတန်းတစ်စု သူတို့နားလည်းရောက်ရော

ဟေ့ လူတွေ ဘာလုပ်နေတာလဲ လမ်းမပေါ်မှာ ဆိုပြီး အသံထွက်လာတော့

အဲဒီမှာ ခုန ဦးဆောင်ခေါ်သွားမယ့်သူက သူတို့တွေ ရှေ့ခရီးဆက်ဖို့ ဘယ်လိုသွားရမလဲမသိ

ထိုးရပ်သွားလို့ ဒုက္ခရောက်နေလို့ ကူညီကာ တွဲခေါ်ဖို့ တွဲကြိုးချိတ်နေတာပါ နောင်ကြီးတို့လည်း

ဖြစ်နိုင်ရင် ကူညီပေးပါလား သူတို့တွေ မှောင်မိုက်ထဲ ဒုက္ခရောက်နေရှာလို့ပါဆိုတော့ ထို မီးတန်းတစ်စုက

မှောင်မိုက်ထဲ ဒုက္ခရောက်နေတာတွေ ရှေ့ဘယ်လိုခရီးဆက်သွားရမှန်းမသိဖြစ်နေတာတွေ အဲဒါကို

ဖြေရှင်းဖို့တာဝန်ယူ ဦးဆောင်ခေါ်သွားမှာတွေကို ကျုပ်တို့နားမလည်ဘူး အခုက ယာဉ်ကြောပိတ်ဆို့မှုနဲ့

ခင်ဗျားတို့ အားလုံးကိုဖမ်းတယ် ငါတို့နဲ့လိုက်ခဲ့။

အခြေအနေကိုပြန်ရှင်းပြလည်းမရ အထပ်ထပ်ညှိနှိုင်းပြောပြလည်းမရလေ

သူတို့ကတော့ အထက်ကအမိန့်အတိုင်း ဖမ်းမှာကဖမ်းမှာဘဲ ခင်ဗျားတို့လုပ်ရပ်ကို လက်မခံဘူးတဲ့။

…………………………………………………………………………………………………………………..

…………………………………………………………………………………………………

ကဲ စာဖတ်ပရိတ်သပ်ကြီး အဲဒါဘဲကြည့်တော့ဗျာ ကျုပ်ဖြင့်ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ဒီမြင်ကွင်းကို။

ဪ ဘာအကြောင်းလဲဆိုတာမေ့နေလို့ ဒီနေ့ကြည်မိတဲ့ မြင်တွေ့သံကြားဇာတ်လမ်းအကြောင်း ပြန်ပြောတာ

ဇာတ်လမ်းအမည်က ” မြင်နေတယ် မျက်လုံးများ “…………..တဲ့။

 

6 comments

  • ခင်ဇော်

    July 28, 2014 at 5:16 pm

    ငင်?
    ရုပ်ရှင်လားး
    ပေါ်လစီ ဇာတ်လမ်းလားး

    🙄

    အထက်အမိန့်က ဘာတဲ့တုံးမသိ။ 🙄
    ဒီ တစ်လ ဘယ်နှစ်မှု ရအောင်ရှာပေး ဆိုတာမျိုးနေမှာ။

    😥

  • lu lu

    July 28, 2014 at 10:13 pm

    ဖြစ်ရမယ် .. .
    ဒီအတိုင်းသာဆိုရင်တော့ မတော်တဆလမ်းပေါ်
    မှာ သေခါနီးလူဆိုရင်လည်း အထက်အမိန် ့ကိုအရင် လိုက်နာပြီး
    မှသေရမလိုဖြစ်နေပြီ
    ဪ မြင်နေတယ် မက်လုံးများ အဲ မျက်လုံးများ
    :mrgreen:

    • ခင် ခ

      July 29, 2014 at 10:47 am

      လက်ရှိဖြစ်နေမှုကို သရော်စာအဖြစ်ရေးကြည့်တာပါ Lu Lu ရေ။
      လူထုခေါင်းဆောင်နောက် လူထုက သဘောတူလို့ လိုက်ပါ့မယ်ဆိုပေမယ့် ဖြစ်သင့်မဖြစ်သင့် မစဉ်စားဘူး အထက်အမိန့်အရဘဲ လုပ်ကြတဲ့သဘောပါ။

  • manawphyulay

    July 29, 2014 at 8:52 am

    ယာဉ်ကြောပိတ်ဆို့မှုနဲ့ ခင်ဗျားတို့ အားလုံးကိုဖမ်းတယ် ငါတို့နဲ့လိုက်ခဲ့။

    လို့သာ ယာဉ်ကြောပိတ်တိုင်းသာ ဖမ်းရရင်လည်း ကားတွေပါ သိမ်းမှ အဖမ်းခံမယ်သာ ပြောလိုက်တော့။ ဂယ်ပဲ ဘုရင့်နောင်ဘက်မှာသာ လာသာဖမ်း အမှုတွေ အမြဲရှိတယ်ပြောရမလိုဖြစ်နေပြီ။ လမ်းတွေလည်း ဆင်းလျှောက်ရလို့ မော်ဒန်ထက်တောင် အရိုးပေါ် အရေတင်ပြီး စိတ်ဂျီး အားဂျီး ဂယ်ညစ်တယ်။

  • alinsett (gazette)

    July 29, 2014 at 3:18 pm

    အထက်က အမိန့်ဆိုရင်..ဘာဖြစ်ဖြစ်..လိုက်သွားရတာပဲ..
    အဟိ

  • kai

    July 30, 2014 at 5:45 am

    လူထုက.. ဒီထက်အများကြီးခက်ခဲ.. ကြောက်စရာကောင်းတဲ့..အခြေအနေတွေကို.. အဆင့်ဆင့် ဖြတ်ခဲ့ဖူးပြီ..
    ဒီတောင်က.. သိပ်ကြီးတယ်လို့… တယ်…မ…ထင်..။

    ဆိုတော့…
    အားလုံးစုစုစည်းစည်း.. ပျော်ပျော်ပါးပါး.. လိုက်သွားလိုက်ပေါ့ကွယ်..
    ဘာပဲဖြစ်ဖြစ်.. ရှေ့ရောက်ဖို့.. အဓိကမဟုတ်လား…။ :k:

Leave a Reply