အခုလို မိုးရာသီလေးမှာဆို.. ပုဇွန်တို့.. ကဏန်းတို့က… ပေါမှပေါရယ်…

ချက်ရလွယ် စားလို့ကောင်း… ဈေးလည်းနည်းပါတယ်… နည်းနည်းဆိုပေမဲ့.. ထမင်းလေးနဲ့ မြုပ်စားတာလေ…

မိန်းမလဲ ကြိုက်တယ်.. ကျွန်တော်လဲ ကြိုက်တယ် ပုဇွန်ဆီဟင်း… ဆိမ့်တယ်ဗျ… နောက်များမှ မြိတ်ကော်ပြန့်လုပ်စားရင် ပုဇွန်ဆီသုံးနည်း ထပ်ပြပေးမယ်…

ဒီအစီအစဉ်လေးက ဘယ်လို ရှိမယ်တော့ မသိတော့ဘူး.. ဇီဇီတို့နဲ့ ထမင်းဆိုင်ဖွင့်ဖို့ ပြောထားတော့… အဲအတွက် လုံးပန်းရဦးမယ်… ဟဲ.. ကြားဖြတ်အနေနဲ့တော့ လာချင်လာဦးမှာပါ…

ဒါလေးက စကားချီးပေါ့…

စချက်မယ် ဆိုတော့ လိုတာလေးတွေ ပြောရမယ်…

ပုဇွန်ဆီက     ၂၀ သားလောက်ဆို ရပြီ… ၁၅၀၀ လောက်ပဲ ကျတယ်…

ကြက်သွန်ဖြူက     အမွှာကြီး ၃ မွှာလောက်….

ကြက်သွန်နီ         အလုံးကြီး ၃ လုံး… အောက်က ပုံမှာ ပြထားသလိုလေး အကွင်းလိုက်လေး လှီး…

ဆီ                   တော်ရုံသင့်ရုံ.. တအားမများလဲ ရတယ်… ပုဇွန်ဆီက ဆီပြန်ထွက်တယ်လေ…

အရောင်တင်မှုန့်    သင့်ရုံပဲ နည်းနည်းပေါ့… အရောင်လှရုံလေး…

အချိုမှုန့်                 နည်းနည်းပဲ ထည့်ပါ… ဆားတောင် နည်းနည်းလောက်ပဲ ထည့်  သူ့ဘာသာ အရသာရှိပြီးသားကိုး…

 

ချက်ပြီဆိုတော့…

ဆီထည့်ပါမယ်… ပြောထားသလိုလေး… အိုးလေးမှာ စွတ်ရုံလေး.. မကပ်အောင်… ထည့်ပါမယ်….

P1270825

ပုံမှာ မြင်တဲ့အတိုင်းလေး ဆီပါးပါးလေးထည့်… ဆီကျက်ပြီဆို ကြက်သွန်ဖြူ  မညက်တညက် ထောင်းချင်ထောင်း .. ဓားပြားပဲ ရိုက်ချင်ရိုက်ထားတာ ထည့်ပါ….

P1270826

ပြီးရင် အရောင်တင်မှုန့်နည်းနည်းထည့်…

P1270824

ကြက်သွန်နီကိုလဲ အခုလို အကွင်းလိုက်လေးတွေ လှီးထားပါ…

P1270827

အရောင်တင်မှုန့်လေး ထည့်မွှေ… နှံ့ပြီဆိုရင်.. ကြက်သွန်နီလေးတွေထည့်ပါ… အချိုမှုန့်ကိုလဲ တော်ရုံ.. နည်းနည်းပေါ့.. ထည့်ပါ…

P1270823

ပြီးရင် ကျန်သွားတယ်.. ဆနွင်းလေးနဲ့ လုံးထားတဲ့ ပုဇွန်ဆီလေးကို ထည့်ပါ… ဆနွင်းကလဲ ကျန်းမာရေးအရပါပဲ…

P1270828

ပြီးရင် ရေလေးနည်းနည်းလေးထည့်ပြီး.. ကြက်သွန်နီနွမ်းအောင်စောင့်ပါ… မမွှေဖို့တော့ သတိထားပါ.. မဟုတ်ရင် ကြေပြီး မလှတော့ပါဘူး..

ဒါဆို ဘယ်လိုလုပ်မလဲ မေးရင် ကျွန်တော့်လို လက်ကိုင်နဲ့ အိုးဆိုရင်.. ဖြည်းဖြည်း လက်ကိုင်ကနေ လှုပ်ပေးပါ.. အိုးမကပ်အောင်ပေါ့…

နောက်ဆုံး ကြက်သွန်နွမ်း… ရေလေးလဲ ခမ်းပြီး.. အရသာလေးအိုကေ…  အောက်ကပုံလေးအတိုင်းဆိုရင်… ချလိုက်တော့…

P1270831

ဒါလေးက Finishing အလှပုံလေးပါ..

P1270836

စားချင်စဖွယ်ပုံလေးနော်… ဟီး….

ဒီတပတ်တော့ ဒီလောက်နဲ့ ကျေနပ်ကြလိမ့်မယ်… ထင်ပါတယ်….

အားပေးမှုကို ကျေးဇူးတင်ပါတယ်… :)

 

 

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...