” ၀ဋ်လည်တယ်လို့ ဆိုချင်ဆို “

 

အညာထန်းပေါ ထန်းတောထဲဝယ်

ကြီးပြင်းလာခဲ့ ကလေးငယ်

ညနေဆို သောက်သူအုံလို့

လက်မလည်အောင်ရောင်းရရှာတော့

သူတို့ခဗျာ ပျော်ကြတာပေါ့

တစ်နေ့သောအခါ ထမ်းအိုးတစ်ခုမှ

ကျန်သည့်ထန်းရေ သောက်မိလေရော

အဖေဖြစ်သူ စိတ်တွေဆိုးလို့

ထိုးလိုက်တဲ့လက်သီး ဖင်ထိုင်ကာလဲပြီး

ချာလည်ကာ အမူးတွေပျောက်

ထွက်လာခဲ့ ဒီထန်းတောညို

ကြာခဲ့ပ ထိုချိန်ရယ်

မီးမှိန်မှိန် ဒေါင့်ကျစားပွဲ

ကဇော်ရေ သောက်ကာလဲ

အဖေသိရင် သတ်မလားဘဲ။

 

ခင်ခ။

 

 

စာကြွင်းးးးးးးးးးးးးးးး

ငယ်ငယ်ကဆိုခဲ့ဘူးတဲ့ ဒီကဗျာလေးကို သတိပြီးရွတ်မိတဲ့ ခဏခံစားကြည့်တာလေ။

“နွေဦးကာလ မြူထသောခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ထန်းပွင့်ထန်းခိုင်ရွှန်းရွှန်းမြိုင် ကလိုင်သာလွယ်၍ တက်သည်နှင့်လေး”

 

this

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF