” သူမ “

ခင္ခAugust 13, 20141min1568

” သူမ “

 

သူမ အပြုံး

ဒို့ရင်ထဲစွဲတုန်း

သူမ စကား

ဒို့နှလုံးထိထား

သူမ ခြေလှမ်း

ဒို့အနာဂတ်မှန်း

သူမ အားမာန်

ဒို့လက်ရုံးတိုးဟန်

သူမ အတွေး

ဒို့ပြည်အရေး

သူမ ပေါ်လာ

မခံနိုင်ရှာ

ကလိန်စိငြမ်းစင်

ဉာဏ်ကြီးရှင်တို့

ဘာတွေထပ်ပြီး

ညစ်အုံးမလို့

သတိထားဖွယ်

ပြည်သူရယ်

အောင်ဆန်းသွေးလှ

ဦးဆောင် သူမ

နောက်လိုက်ကြ။

 

 

ခင်ခ။

8 comments

  • Kaung Kin Pyar

    August 13, 2014 at 2:04 pm

    အင်းးးးးးး

    သူမ ကျန်းမာပါစေ…

    • ခင် ခ

      August 13, 2014 at 2:36 pm

      ကောင်းကင်ပြာ တောင်းသောစုသည် သူမ အတွက် အရေးကြီးဆုံးဆုပါဘဲဗျာ။

  • ဇီဇီ ခင်ဇော်

    August 13, 2014 at 3:35 pm

    ကိုယ်တွေ အတွက် တစ်ကိုယ်ကောင်း ဆန်ဆန်တွေးနေလို့သာ
    သူမ ကို ရှိနေစေချင်တာ။
    အမှန်တော့ အရွယ်နဲ့ မလိုက် လုပ်နေရတာ သနားလို့ နားစေချင်ပြီ။

    😥

  • အလင်းဆက်

    August 13, 2014 at 4:14 pm

    သူမ တစ်ယောက်ထဲ….နဲ ့..မလောက်ဘူး.. ။
    သူမလိုလူတွေ… သူတွေ… အများကြီး ရှိနေဖို ့လိုသေးတယ်.. ။

    ခက်တာက…
    သူရဲကောင်းဆိုတာ..လိုသလောက်မရဘူး.. ။

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 4:28 pm

      စစ် ဗိုလ် တွေ ရမယ်….!!!
      ဦးအောင်ဆန်းလို မဟုတ်တဲ့ ဗိုလ်ချုပ် တွေ ရမယ်!!!!!
      လာနော်။ လာနော်။
      ကုန်သွားမှာ မပူနဲ့။
      လိုသလောက်ရမယ်။
      စက်နဲ့ လိမ့်ထုတ်သလိုကိုရမယ်။

      :mrgreen:

      • အလင်းဆက်

        August 13, 2014 at 4:32 pm

        ဆိုင်းဘုတ်ချိတ် သူရဲကောင်းတွေ… ရမယ်ပေါ့… ။
        အဟိ… ။
        လိုသလောက်ရတာတွေက… ရသလောက်…မလိုချင်တာတွေပါပဲ.. ။

        :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 14, 2014 at 4:08 am

    တကယ်တော့
    မဗေဒါ ဆိုတာ
    သူမ ပါပဲ …

  • Kaung Kin Pyar

    August 14, 2014 at 9:26 am

    ဒေါက်တာအေးကျော်ပြောဖူးတာလေး… သတိရသွားတယ်…
    ဆရာ သူမနဲ့ဆုံတုန်းက သူမကို ပြောခဲ့ဖူးတယ်တဲ့….။ ကိုယ်တိုင်တော်နေရင် လူတော်၊ ကိုယ့်လိုတော်တဲ့သူတွေကို မွေးထုတ်နိုင်ရင် ပညာရှင်ဆိုတာ..
    :
    :
    တော်ရုံလူမခံနိုင်လောက်တဲ့ အတိုက်အခိုက်တွေကြား ရအောင်မွေးမြူထားတဲ့ သူမစိတ်ဓာတ်တွေလဲ ကျန်းမာပါစေ…
    ဇရာနှောင်းပိုင်းရောက်နေတဲ့ သူမရဲ့ ခန္ဓာကိုယ်လဲ ကျန်းမာပါစေ…

Leave a Reply