” ငါ့ဘ၀ မနက်ခင်း “

 

မနက်မိုးလင်း

ကျေးဌက်တို့မြူး သံစုံကျူး

ပဲပြုတ်သယ်က အော်သံစူး

ဗိုက်ဆာကလေး ငိုသံထူး

ကျောင်းသွားမည့်သူ ထကာမြူး

ရုံးဝန်ထမ်းက ရုံးအိတ်ပြင်

အိမ်ရှင်မခဗျာ မီးဖိုချောင်ဝင်

မိုးလင်းတာနဲ့ စက်ရုပ်လိုပင်

နေ့တဓူဝ ပြုကြအမြဲပင်

ရှောင်လွဲမရ ငါ့ဘ၀ မနက်အစဉ်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF