အလင်းမဲ့ည မလင်းတက်တဲ့ငါ့ဘဝ
တမာစားလို့ ခါးနေရော့သလား

စိတ်အရောင် ခြယ်ကာသ လမင်းကင့်မဲ့
ထိုညလေးမှာ ညမွှေးပန်း အလည်မလာခဲ့ပါဘူးလေ

အတွေးစိတ်ကလေး ရူးနေဖူးတယ်
အထူးအထွေ မရှိတဲ့ ငါ့ဘဝက
မေတ္တာလည် ငတ်နေဖူးပြန်သေးတယ်

နေလောင်ပန်းဘဝမို့ ရေစဉ်ပတ်ဖြန်းပေရင်လေ
ငါလေ အငမ်းမရ ဖြစ်နေခဲ့ဖူးတယ်

ဘဝ ဘဝ ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့
အမှားမကင်းတဲ့လောက အလည်မှာ
ငါ့သောက ခြေရာ ထက်နေဦးမှာပေါ့လေ

ကာရံ ၁၇့ ၈့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF