“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“ အမှတ်(၈)(ဖောင်ကြီး)
“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“
အမှတ်(၈)(ဖောင်ကြီး)
ဖောင်ကြီးသင်တန်းလို့ပြောလိုက်ရင်ပထမဆုံးသတိရ မိတာကတော့
ညနေခင်းလေးမှာ နေ့ စဉ်သွားခဲ့တဲ့ “ဘုရားလေးဈေး”ကမုန့်ဆို်င်တန်းလေးပါဘဲ။
သွားစရာဆို တာကလ ဲ ဒီတစ်နေရာဘဲရှိတာကိုး။
ညနေထမင်းစားပြီးချိန်နဲ့ ညစာကြည့်ခန်းမဝင်ခင်အချိန်လေးအတွင်းမှာ
ကိုယ့် နဲ စိတ်တူရာသင်တန်းသား တွေ စုပြီး ကိုယ် အတွဲ နဲ့ ကိုယ် ဘုရားလေးဈေးကိုအပြေးအလွှားသွားကြတာပေါ့။
အဲဒီမှာလက်ဖက်ရည်ရမယ် နွားနို့ရမယ် ငှက်ပျောထုပ်ရမယ်။
ကြည့်ချင်စရာ ကောင်မလေးတွေရှိမယ်။
ဟုတ်တာမဟုတ်တာ အပထား အပျင်းပြေ သွားစရာနေရာလေးတစ်ခုပါဘဲ။
ကျနော်တို့နေတဲ့အဆောင်နဲ့ဆိုရင် တစ်မိုင်ကျော်ကျော်လောက်တော့ဝေးမယ်ထင်ပါတယ်။
မြို့ မှာနေတုံးက ဒီလောက် ဝေး ရင် စီးစရာယာဉ် မရှိ ရင်မသွားချင်ခဲ့ တဲ့ သူတွေက
ဖောင်ကြီးအရောက်မှာတော့ ဒီလောက်လမ်းလျောက်ရတာလောက်တော့ အေးဆေးပါဘဲ။
အဲဒီက အပြန်မှာ မနက်အတွက်စားစရာငှက်ပျောထုပ်တို့ဘာတို့ဝယ်လာတတ်ကြပါတယ်။
နောက်ထပ်အပိုတာဝန် တစ်ခုကတော့ အပြင်မထွက်ရတဲ့ ကိုယ်နဲ့ ခင်မင်ခဲ့ တဲ့
သင်တန်းသူများကမှာလိုက်တဲ့ မုန့် တွေဝယ်လာမယ်။
ဖောင်ကြီးမှာသင်တန်းသူတွေကအပြင်မထွက်ရပါဘူး။
သင်တန်းချိန် ပြီးပြီ ဆို တာနဲ့ သံ ဆူးကြိုးခတ်ထားတဲ့ အဆောင်ထဲမှာဘဲနေကြရတာပါ။
အဲဒီတော့ သူတို့မှာလိုက်တဲ့ မုန့် ပဲသွားရည်စာတွေကို ကျနော် တို့ က ဝယ်လာ ခဲ့ ပါတယ်။
ဒါပေမယ့် သူတို့ အဆောင်နားကို ကျနော်တို့ကျောင်းသားတွေသွားခွင့်မရှိ။
သူတို့ အတွက် ဝယ်လာ တဲ့ မုန့် ထုပ်ကို လမ်းလျောက်ရင်းကနေ
သူတို့နေတဲ့ သံဆူးကြိုးအတွင်းကို ဝင်အောင်လှမ်းပစ်ပေးရပါတယ်။
သူတို့ ကနောက်မှ သွားကောက်ပေါ့။
ဒါကလဲ ခိုး လုပ်ရ တဲ့ အလုပ် တစ်ခုပါဘဲ။
သင်တန်းဆရာမတွေမြင်ရင်တော့ အဆူခံ ရပါတယ်။
အမှတ်ရစရာ အဖြစ်ကလေးတွေပါဘဲ။
***************************************************
ဖောင်ကြီးရောက်စမှာ ပ ထမ ဆုံး စကြုံရတဲ့အခက်အခဲကတော့
သုံးရေ ချုးိရေ မလုံလောက်တာပါဘဲ။
သင်တန်းသား တစ်ရာကျော် အတွက် ပေးထားတဲ့ရေကန်လေးနှစ်ကန်က
တကယ်တော့မလုံလောက်ပါဘူး။
မနက်မိုးလင်းရင် ရေချုးိ ရမှ လန်း တယ် ထင် တဲ့ ကျနော်
အတော်ဒုက္ခရောက်ခဲ့ပါတယ်။
ရေကလဲရှားတော့ အချိန်နဲ့ပေး တာကိုး။
နေ့ လည်မှာ ထည့် ပေးထားတဲ့ရေကန်က ညနေရေချုးိပြီးရင်ဖင်ကပ်လောက်ဘဲကျန်ပါတယ်။
ရေ မချုးိရ ရင် မနေနို်င်တဲ့ ကျနော် ကမနက်အစောကြီးထပြီး ရေခိုးချိုးပါတယ်။
ကျနော်အဲလို ချိုးလိုက်တော့ မျက်နှာသစ်ဖို့ မလောက်ဘူးဖြစ်တော့တာပေါ့။
အဲတော့ ပူညံပူညံ နဲ့ အတိုင် ခံ ရ တော့ တာပေါ့။
နောက်ရက်မှာတော့ သင်တန်းမှူးက သတ်မှတ်ထားတဲ့အချိန်မှသာ
ရေချိုးဘို့ ညနေခင်းတန်း စီချိန်မှာ ပြောပါတယ်။
တကယ်လို့ စည်းကမ်းမလိုက်နာ ရင် ဒဏ်ပေးခံ ရမယ် ဆိုတော့
ကျနော်လဲ နောက်ပိုင်းမှာ ရေ ခိုးပြီးမချုးိရဲတော့ပါ။
အစ ပိုင်းမှာ သာ ရေ မချိုးရ ရင် နေမထိထို်င်မသာဖြစ်ခဲ့ပေမယ့်
ကျင့်သားရ သွားတဲ့အချိန်မှာတော့ ဘယ် လို မှ မနေတော့ ပါဘူး။
ကျနော်တို့သင်တန်းက မနက် ပိုင်းမှာ လက်ဖက်ရည်နဲ့မုန့်တစ်ခု ကျွေးပါတယ်။
လက်ဖက်ရည်ကတော့ အိုးကြီးနဲ့ဖျော်ထားပေးပါတယ်။
ကိုယ်ကြိုက်သလောက်ယူသောက်ပေါ့။
မုန့်ကတော့ တစ်ယောက်တစ်ခုနူန်းနဲ့ ဗန်းထဲမှာထည့်ထားပေးပါတယ်။
ငှက်ပျောထုပ် ဒါမှ မဟုတ် ဗန်းမုန့်သေးသေးလေးတစ်လုံး။
ကျနော်တို့ အဆောင်နားကိုဈေးသည်လဲလာမရောင်းရသလို
ဝယ်မစားရဘူးလို့လဲအမိန့်ထုတ်ထားပါတယ်။
ကိုယ်အတွက်ရတဲ့ခွဲတမ်းနဲ့နေနို်င်အောင်လေ့ကျင့်ပေးတယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်း သူတို့ ပေးတဲ့မုန့်သေးသေးလေးက နေ့လည်ထမင်းစားချိန်
အထိ တော့ မလုံလောက်တာအမှန်ပါဘဲ။
အစပိုင်းမှာတော့ မနက်မုန့်စားချိန်မှာ ပြဿ နာ တက်ပါတယ်။
မနက် PTပြေးပြီးချိန်မှာ ထမင်းစားခန်းမကို အရောက်
နောက်ကျ တဲ့သူတွေကမုန့် အမြဲတန်းငတ်ပါတယ်။
မုန့်က လူအရေအတွက်နဲ့အတိအကျထားတာပါ။
စောရောက်တဲ့လူတွေက တစ်ခုထက်ပိုယူသွားတော့
နောက်လူအတွက်မကျန်ဘူးပေါ့။
သင်တန်းသားဆိုတာကလဲ အသက်အရွယ်ပေါင်းစုံ
နယ်ပေါင်းစုံ ဌာနပေါင်းစုံက လူတွေလာကြတော့
စိတ်ဓါတ်တွေကလဲအမျိုးမျိုးပါဘဲ။
နေ့တိုင်းလိုလို အဲလို ဖြစ်တဲ့အခါ သင်တန်းမှူးကဘဲ မိန့်ခွန်းတွေချွေရပါတယ်။
ဝယ်စားလို့မရ တဲ့ နေရာမှာ တစ်ကိုယ်ကောင်းမဆန်ဘို့။
ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် သိက္ခာရှိစွာနေထိုင်ကျင့်ကြံကြဘို့။
အဲဒီနောက်ပိုင်းမှာတော့ အရင်လို မုန့်ခိုး မယူကြပေမယ့်
တစ်ခါတစ်ရံမှာတော့ မုန့်မလောက်တဲ့ပြဿနာကြုံရ တတ်ပါတယ်။
အဲဒီအခါမှာတော့စားဖိုဆောင်ကလူတွေပြဿနာ တက် ပါတော့တယ်။
********************************************************
သင်တန်းမှာ ကျနော်တို့ကို ကိုယ်ပိုင်နံပါတ်တွေပေးထားပါတယ်။
ထိုင်တော့လဲ ကိုယ်ထိုင်ချင်တဲ့နေရာမှာမထိုင်ရဘဲ ကိုယ်ပိုင်နံပါတ်အလိုက်
သတ်မှတ်ထားပေးတဲ့နေရာမှာသာ ထိုင်ရပါတယ်။
မနက်လက်ဖက်ရည်သောက်တဲ့အခါ ထမင်းစားတဲ့အခါ ညစာကြည့် တဲ့ အခါ
စာသင်ခန်းမမှာ သင်တန်း စတက်တဲ့ နေ့ ကနေ သင်တန်းဆင်းတဲ့အထိ
တစ်နေရာထဲမှာဘဲထိုင်ခဲ့ရတာပါ။
ကျနော်တို့ကို ဝတ်စုံအသစ်တစ်စုံနဲ့အဟောင်းနှစ်စုံပေးထားပါတယ်။
အဟောင်းကတော့ နေ့စဉ် ဝတ်ဘို့။
အသစ်ကတော့ အခမ်းအနားရှိတဲ့အခါ အပြင်ထွက်တဲ့အခါဝတ်ဘို့ပါ။
သင်တန်းချိန်မဟုတ်ဘဲအပြင်သွားမယ်ဆိုရင်တော့ တိုက်ပုံအင်္ကျ ီဝတ်ရပါတယ်။
ရင်ဘတ်မှာကိုယ်ပိုင်နံပါတ်ကိုမြင်သာအောင်ချိတ်ထားရပါတယ်။
(အခုအချိန်ကုမ္ပဏီဝန်ထမ်းလေးတွေက သူတို့အတွက်ပေးထားတဲ့
ဝန်ထမ်းကဒ်ပြားလေးတွေကိုလူမမြင်အောင် ဖုံးထားတာမြင်ရင် ရီချင်မိတာအမှန်ပါဘဲ)
သင်တန်းမဖွင့် ခင်မှာအရင်ဆုံးသင်ရတာကတော့ ယူနီဖောင်းကိုသေသပ်စွာဝတ်
တတ်အောင်သင်ရတာပါ။
အရင်က ဘွတ်ဖိနပ်စီးရင် ဖြစ်သလို စီးပေမယ့် ဒီသင်တန်းမှာတော့
ဆောင်ပုဒ်ကလေး ကို ရွတ်ပြီး စီးရပါတယ်။
“အ မ အောက် ၊အပေါက်ဘယ်” ပါတဲ့။
ခြေနင်းကြိုး ထိုး တဲ့ အခါ ခြေမဘက်ရှိတဲ့ ဘက်က ကြိုးကအမြဲတမ်းအောက်က ရှိနေရမှာဖြစ်ပြီး
ခါးပါတ် ပါတ်ရင်လဲ ခါးပါတ်ခေါင်းအပေါက်က ဘယ်ဘက်ကရှိနေရမယ်လို့ ဆိုလိုတာပါ။
ကျနော်တို့သင်တန်း စတက်ရတဲ့ နေ့ ကတော့ မတ်လ(၂၃)ရက်နေ့ဖြစ်ပါတယ်။
အဲဒီခေတ်က ထုံး စံ အတိုင်း ခန်းမကြီးမှာ အခမ်းအနားကျင်းပပြီး
ကျောင်းအုပ်ကြီးက အဖွင့်မိန့် ခွန်းပြောပါတယ်။
အားလုံးကဝတ်စုံအသစ်တွေနဲ့တက်တက်ကြွကြွပေါ့၊
မဆလခေတ်က ထုံးစံ အတိုင်း ကျောင်းအုပ်ကြီးပြောတာကို စာအုပ်ကလေးထဲမှာလိုက်မှတ်ပေါ့။
ကျနော်တို့ တက်ရတဲ့ ဗလအမှတ်စဉ် (၁၆)မှာသင်တန်းသူ သင်တန်းသား
စုစုပေါင်း ၂၀၃ယောက်ရှိပါတယ်။
စာသင်တာနဲ့ စစ်ရေးပညာ တွေ ကတော့ ရုံးချိန်အတိုင်းတက်ရတာပါ။
တနင်္လာကနေ သောကြာနေ့ထိက တစ်နေကုန်။
စနေ နေ့ ဝက်တက်ရ ပြီး တနင်္ဂနွေ နေ့ နဲ့ ဂဇက်ဝင်နေ့ တွေကတော့ ပိတ်ပါတယ်။
ကျောင်းပိတ်ပေမယ့် ကျနော်တို့ က ကျောင်းဝင်အပြင်ထွက်ခွင့်မရှိသလို့
ကန့်သတ်ထားတဲ့နယ်မြေတွေကိုလဲ မသွားရပါဘူး။
ဖောင်ကြီး မှာ စာ သင်ရ တာ မခက်ခဲပေမယ့် “စစ်ပညာ”သင်ရတာကတော့ ခက်ခဲလှပါတယ်။
ရုံးခန်းထဲမှာအခန့်သားအလုပ်လုပ်ခဲ့ရတဲ့ ကျနော်တို့ လို စာရေး ဝန်ထမ်း များအဖို့
မတ်လရဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ
တန်းစီ၊ညာ ညှိ၊အမှတ်စဉ်မှတ်၊
သက်သာ၊အေးစေ ၊နေမြဲ၊တန်းဖြုတ် စတာတွေမှာ
သိပ်အခက်အခဲမရှိပေမယ့်
ဘယ်လှည့်။ညာလှည့် ၊နောက်လှည့်၊ ချိန်မှတ၊် တန်းရပ် ဆိုတဲ့အချိန်ရောက်တော့
အားလုံး က ဝရုန်းသုန်းကား နဲ့ အူကြောင်ကြောင်တွေဖြစ်ရပါတယ်။
စစ်သားတွေလိုလမ်းလျှောက်ပြီ ဆို ကတည်းက
“ဘယ်….ညာ ၊ဘယ်ညာ.။ဘယ်..ညာ ဘယ်” လို့ဆရာအော်ပေးတဲ့ အတိုင်း
ဘယ်ခြေ ညာ လက် တစ်ပြိုင်ထည်း ထွက်ပြီး လမ်းလျှောက်နိုင်အောင်ကြုးိစားရပါတယ်။
နေက ပူ ပူ ၊ မဝတ်စဘူး ဝတ်ထားတဲ့ ဘွတ်ဖိနပ်က ခြေထောက်တွေပေါက်
ဘေးက ဆရာက တောက်လျောက်အော်
တလွဲလျောက်တဲ့ လူကလျောက်
ချွေးတွေက မျက်စေ ့ ထဲ ဝင်တော့ စပ်ပူစပ်လောင်ဖြစ်
အတော်ကို စိတ်ညစ်ခဲ့ရပေမယ့် ခဏအနားပေးချိန်မှာတော့
ဘယ်သူက ဘယ်လိုလျှောက်တာလို့ ပြန်ပြောရင်း ရီကြတော့ အမောပြေရပြန်ပါတယ်။
လူမမြင်ခင် အသံ မကြားခင် က တည်း က နာ မယ် ကြားဘူးရုံနဲ့ကြောက်ရတဲ့
ဆရာ အာဠာဝက ရဲ့ အရှိန်ကလဲ ကြီးလှပါတယ်။
ဟိန်းထွက်ပြီး အောင်မြင်လှ တဲ့ သူ့ ရဲ့ အမိန့်ပေးသံ ကြားရုံနဲ့
ရူးရူး တွေ ပါ ချ တဲ့ ထိအောင် အသံဩဇာ နဲ့ ပြည့် စုံ သူ အစွမ်းထက်သူ တစ်ဦးပါ။
သင်တန်းပေးရာမှာ လည်း တိကျ ပြတ်သားစွာ ပြောဆိုသင်ကြားပေးတတ်သူဖြစ်ပြီး
ဖောင်ကြီး ဆို တာ နဲ့ အာဠာဝက ဆို တာ အလို လို တွဲပါပြီးသားပါဘဲ။
ဘယ်အပါတ်စဉ်က ဘယ်လိုပေး ခဲ့ လို့ နာမယ်ရင်းဦးလှစိုးဆိုတာပျောက်ပြီး
အာဠာဝက ဆိုတဲ့နာမယ် တွင်တယ် မသိ ပါ ဘူး
မပြုံးမရယ် ခပ် တည်တ ည် မျက် နှာထား ၊နုတ်ခမ်းမွှေးကြီးကလဲ ခပ် ထယ်ထယ်
အသံကလဲ ခပ် ကျယ်ကျယ် ဆိုတော့ ဒီနာမယ်နဲ့လိုက်ဖက်လှပါတယ်။
စစ်သင်တန်းတက်ရ တဲ့အချိန်မှာတော့ ယောက်ျားရော မိန်းမပါ တန်း တူ သင်ရတာပါ။
နေပူထဲမှာ အကြာကြီးရပ်ရ တဲ့အတွက် မခံ နို်င်ဘဲ မူးလ ဲ သွားသူတွေလဲရှိပါတယ်။
ကျနော်တို့ သင်တန်းမှာ တော့ အားလုံးအကြောက်ဆုံး စကား လုံး ကတော့
RTU (return to unit )လို့ အတိုကောက်ခေါ်တဲ့ မိခင်ဌာန သို့ ပြန်ပို့ခြင်းပါဘဲ။
အဲလို့ RTU တာ ခံ ရရင် အဲဒီဝန်ထမ်းက ရာ ထူး တက်ဘို့ ခက်သွားပါတယ်။
အဲတော့ လဲ သင်တန်း မှာ ကြိုးစားပြီး လိုက်နာ သင် ကြားရပါတယ်။
************************************************************
ဒီဖောင်ကြီး သင်တန်းရောက်တယ် ဆို ကတည်းက ကျနော်တို့ အားလုံးက
ဘဝသစ်ကိုရောက်သွားသလိုပါဘဲ။
ကိုယ့်အိမ်မှာကိုယ်နေချင်သလို နေခဲ့သမျှ
ဗိုလ်ကျချင်တိုင်းကျ ခဲ့ သမျှ ဖောင်ကြီးကိုရောက်တဲ့အခါ ထားရာနေစေရာသွားဘဝကို
ရောက်သွားပါတယ်။
ပထမဦးဆုံးစပြီး အခက်အခဲတွေ့ တာကတော့ အစားအသောက်ကိစ္စပါဘဲ။
ကျနော်တို့ ထမင်းစားခန်းထဲမှာအရှည်လိုက်ကြီးခင်းထားတဲ့ခုံတန်းလျားကြီးပေါ်မှာ ကို်ယ့်ရဲ့ ကိုယ်ပိုင်နံပါတ်အတိုင်းထိုင်စားကြရတာပါ။
ထမင်းစားဆောင်ထဲမှာ ခုံတွေကို အရှေ့အနောက်တန်းလို့ ဘယ်ဘက် တစ်တန်း ညာဘက်တစ်တန်း ခင်းထားပါတယ်။
အနောက်ဘက်အစွန်ဆုံးမှာ ထမင်းတောင်းရယ် ပဲဟင်း ဒါန်အိုးရယ် ငပိသုတ်ဇလုံရယ်ရှိပါတယ်။
ကျနော်တို့နေ့စဉ် ထမင်းစားဘို့ အတွက် ထမင်းပြင်တာကို အဆောင်တစ်ခု
ကို တစ်ရက်တာဝန်ပေးထားပါတယ်။
ထမင်း၊ကုလားပဲဟင်းနဲ့ ငပိအစိမ်းသုတ်ကတော့ ကြိုက်သလောက်ယူလို့ရပါတယ်။
ဟင်းကတော့ ထပ်တောင်းလို့ မရပါဘူး။
ပုံစံခွက်ထဲမှာထည့်ပေးထားတာနဲ့လောက်အောင်စားပေါ့။
ထမင်းနဲ့ဟင်းထည့်ထားတဲပုံစံခွက်ကို တာဝန်ကျတဲ့အဖွဲ့က
ထမင်းစားပွဲတွေပေါ်လိုက်ချပေးရပါတယ်။
စားပြီးရင်တော့ ကိုယ့် စားထားတဲ့ပန်းကန်ကို စားဖိုဆောင်နားက
စားပွဲပေါ်ကို ကိုယ့်ဘာသာ ကိုယ် သွားထားပေါ့။
အဆောင်ထမင်းကတော့ တစ်ပါတ်ကို အသားဟင်းနှစ်ခါကျွေးပါတယ်။
ကိုယ်မစားတဲ့ အသား တွေ ငါးတွေရှိရင် စာရင်းကြိုပေးထားရပါတယ်။
ကျန်တဲ့ရက်ကတော့ အသီးအရွက်ဟင်းပါဘဲ။
အမြဲလိုလိုချက်တဲ့ ဟင်းကတော့
ပုစွန်ဆိတ်သေးသေးလေးကို ပဲပင်ပေါက်နဲ့ရောပြီးကြော်ထားတာရယ်
ရွှေဖရုံသီး ဟင်းရယ်ကတော့ ပင်တိုင်ဟင်းပါဘဲ။
အသားဟင်းချက်တဲ့နေ့ ကတော့ ဝက်သား ဆိုရင်ခပ်သေးသေး နှစ်တုံး၊
ကြက်သားဆိုရင်တော့ တစ်တုံးပါဘဲ။
လတစ်လရဲ့ နောက်ဆုံးကျတဲ့ တနင်္ဂနွေနေ့ညစာကတော့
စပါ်ယ်ရှယ်ဒင်နာဖြစ်ပြီး အသားဟင်းဖြစ်တဲ့အပြင်
ခါတိုင်းထက်ဟင်းလဲပိုများများ ထည့်ပေးပါတယ်။
ကျနော်တို့ အရမ်းမျှော်လင့်ကြတဲ့ ့နေ့တစ်နေ့ပေါ့။
အစားအသောက်နဲ့ပါတ်သက်ရင်ကျနော်က ကြေးများ ပါတယ်။
မချမ်းသာပေ မယ့် မနက်နဲ့ညကို ဟင်းမတူအောင်ချက်ပေးတတ်တဲ့
ကျနော့်အဖွားကြောင့်ပေါ့။
ဒီရောက် လာ ခါ စ ကတော့
အိမ်က ထည့် ပေးလိုက်တဲ့ ငါးခြောက်ကြော်၊ဝက်အူချောင်းကြော်
ငရုတ်သီးကြော် သရက်သီးဆီစိမ်တွေကြောင့် အဆင်ပြေနေပါသေးတယ်။
ဒါပေမယ့် ကျနော်က ဒီပုလင်းတွေကို ထမင်းစားခန်းထဲကိုယူလာတော့
အားလုံးက တစ်ယောက်တစ်ဇွန်း ဝို်င်းနိူက်ပြီး အားပေးကြတာပေါ့။
ဒီတော့ တစ်လ လောက်ခံ မယ့် ဟင်းတွေက ၁၅ရက်လောက်နဲ့ကုန်သွားပါတယ်။
အဲဒီ ဟင်းတွေလဲကုန်ရော ကျနော် လဲ ဒုက္ခစရောက်တော့တာပါဘဲ။
အဆောင်က ပေးတဲ့ ဟင်းနဲ့မစားနိုင်။
အဲတော့ ပဲဟင်းနဲ့ဘဲထမင်းဝင်အောင်စားရပြန်ပါတယ်။
တိုရ ခေါ်ပဲပင်ပေါက်မကြုိုက်။
ချိုအီသော ရွှေဖရုံသီးကိုမကြိုက်။
ဖော့တုံးကိုက်ရသလို အချိုဓါတ်မပါသောပင်လယ်ငါးကိုမကြိုက်။
ဝက်သားအဆီတုံးမကြိုက်။
ဆိုတဲ့မကြိုက်ပေါင်းများစွာ ရှိနေပေမယ့် ဘိုက်ဆာရင်စားစရာမရှိတော့
ထမင်းကို မဝင် ဝင်အောင်ကြုးိစားပြီးစားရပါတယ်။
ထမင်းအတူစားကြတဲ့ဘေးနားက အကို ကြီး တွေက ကျနော် မကြိုက်တဲ့ ဝက်သားအဆီတုံးတွေကို
သူုတို့က ယူ စားပြီး အသားတွေကိုတော့ ကျနော်ထဲ ထည့်ပေးတော့ အဆင်ပြေပါတယ်။
နောက်ပိုင်းရက်ကြာတဲ့အခါမှာသူများကို အားနာလာတော့ ချက်ကျွေးတဲ့ ဟင်းနဲ့ဘဲ
မဝင် ဝင်အောင် စားတဲ့ အကျင့် လုပ်တော့ ဘာနဲ့ဖြစ်ဖြစ်စားနိုင်သွားပါတယ်။
အဲတော့ဝက်သားအဆီတွေဘာတွေလဲစားတတ်သွားပါတယ်။
လူ ဆို တာ တကယ် ငတ် လာ ပြီ ဆိုရင် ကြိုက်တာ မကြိုက်တာ
ကောင်းတာမကောင်းတာ တကယ် မရွေး နိုင်တော့ တာ လက်တွေ့ ပါဘဲ။
အဲလိုထမင်းအတူစားနေရင်းကနေ ဖြစ်လာတဲ့အကြောင်းတရားလေးတစ်ခုကို
အခြေပြုပြီး တစ်သက်လုံးအတွက်မှတ်သားစရာ အသိတရား တစ်ခုကို
အကိုကြီး ကိုအောင်ဆယ်ကနေ ပေးသွားခဲ့ပါတယ်။
ကျနော်က အပျင်းထူတော့ ထမင်းကုန်တယ်ဆိုရင် ထ မယူ ဘဲ ထမင်းသွားထဲ့တဲ့လူကို လူကြုံမှာတတ်ပါတယ်။
အကိုကြီးတွေ က အလို လိုက်မှန်းသိတော့ မသိ မသာ ဗိုလ်ကျတာလဲ ပါ ပါ တယ်။
တစ်ရက် ထမင်းစားနေရင်း ကိုအောင်ဆယ်ထမင်းထ ယူတာမြင်တော့ ကျနော့် အတွက်လဲ ထမင်းယူခဲ့ဘို့မှာလိုက်ပါတယ်။
ဖြစ်ချင်တော့ ဘေးနားက သူ့အရင်ထမင်းသွားယူတဲ့ ကိုဆန်နီ ကလည်း ကျနော်အတွက်မမှာဘဲထည့်လာပါတယ်။
ကိုဆန်နီက ယူလာတဲ့ထမင်းကို ကျနော့်ပုဂံထဲ ထည့်ပေးနေတဲ့အချိန် ကိုအောင်ဆယ်ကလဲ ထမင်းတွေ ယူလာပါရော။
ကျနော့် ထဲမှာ ထမင်းတွေ များနေတာ တွေ့တော့ ကိုအောင်ဆယ် က ကျနော့်ကို” ဒီလောက်အများကြီးကုန်ပါ့မလား”
လို့မေးတော့ “မကုန်ရင်လဲ သွန်လိုက်တာပေါ့ ကိုကြီးအောင်ရာ “လို့အလွယ်ပြောလိုက်ပါတယ်။
အဲလိုပြောတော့ ကိုအောင်ဆယ် က မျက်နှာပျက်သွားပြီး
“ ငပေါက်ရာ မင်းက ထမင်း မငတ်ဘူးတော့ ထမင်းတစ်လုပ်တစ်ဆုပ်စားရဘို့ ခက်ခဲတာမင်းဘယ်သိမလဲ”လို့ပြောပြီး
သူယူလာတဲ့ ထမင်းတွေကို သူမကုန်ကုန်အောင်စားပါတော့တယ်။
ထမင်းစားပြီးလမ်းလျှောက်ထွက်တဲ့အချိန်မှာ ကိုအောင်ဆယ်က သူဘဝထဲက ထမင်းနဲ့ပါတ်သက်တဲ့ ဘဝတစ်ပိုင်းတစ်စကိုပြောပြပါတယ်။
သူတို့ အိမ်က လယ်ယာအလုပ်နဲ့အသက်မွေးတော့ ငယ်ကတည်းက အားတာနဲ့မိဘကူခဲ့ရပါသတဲ့။
မိဘခိုင်းလို့သာ လုပ်ရတယ် ဒီအလုပ်တွေကို သူအနေ့နဲ့မလုပ်ချင်ပါဘူးတဲ့။
ဒီလိုကိုယ်တိုင်လုပ်ကိုင်ခဲ့ရတော့ အတော်လေးကို ပင်ပင်ပန်းပန်းလုပ်မှ စပါးတစ်ဆုပ် ဆန်တစ်ထုပ်ရတယ်ဆိုတာကို သိနေပါတယ်။
ဒီတော့လဲ ထမင်းကို အလဟဿသွန်ပစ်ရင် အင်မတန်စိတ်တိုပါသတဲ့။
ငွေနဲ့လွယ်လွယ်ကူကူ ဝယ်လို့ရသူတွေက တန်ဖိုးမထားပေမယ့် ပင်ပင်ပန်းပန်းလုပ်မှ ထမင်းတစ်ဆုပ်ဖြစ်လာနိုင်တာကို သိနေတဲ့
သူ့အဖို့ တော့ လွှင့်မပစ်ရက်ပါဘူးတဲ့။
ဖြစ်ချင်တော့ သူကိုးတန်းအရောက် သူ့ရီးစားနဲ့ချိန်းအတွေ့ မှာ အပြန်မိုးချုပ်တော့ မပြန်ရဲဘူးပြောတာနဲ့ ခိုးပြေး၊
ငယ်ငယ်ရွယ်ရွယ် မရည်ရွယ်ဘဲ အိမ်ထောင်သည်ဖြစ်တဲ့အချိန် နှစ်ဖက်မိဘက မိုက်လုံးကြီးတဲ့ကောင်တွေဆိုပြီး
နောင်ကျဉ်အောင်ပစ်ထားကြပါသတဲ့။
အဲဒီအချိန် လင်မယားနှစ်ယောက် သင်အူအခစားနဲ့ခုတ်တာ တစ်ရက် သုံးကျပ်ဘဲရပါသတဲ့။
အဲတော့ မနက်မိုးလင်းရင် ညက ကျန်တဲ့ ထမင်းကြမ်းခဲကို ထညက်နဲ့စား၊
နေ့လည်စာကတော့ အလုပ်ရှင်က ချပေးတဲ့ရေနွေးကြမ်းနဲ့ မရွေး နှစ်ခု နဲ့မျှောချ ။
ညနေအလုပ်က ပြန်မှ ထမင်းချက်စား ဒါတောင်မနက်အတွက်ကျန်အောင်လို့ချန်စား ရပါသတဲ့။
သူ့မိန်းမလုပ်တဲ့သူ မျက်ရည်စို့တာမြင်ရင် သူမှာ အတော်ဝမ်းနည်းပါသတဲ့။
ဒါပေမယ့်လည်းကိုယ်မိုက်တာ ကိုယ်ခံရုံဘဲဆိုပြီး ကျိတ်မှိတ်လို့ ဘဝကိုရုန်းကန်ခဲ့ရပါသတဲ့။
အဲဒီအခါမှာ မှ မိဘလက်ထက်က တစ်နေ့ထမင်းသုံးနပ်စားခဲ့ရတာကို ပြန်လွမ်းမိပါသတဲ့။
နော က်လေးငါးလလောက်အကြာမှာ သူတို့လင်မယား ခြံသွားရှင်းပေးတဲ့ အိမ်ရှင်ဆရာမကြီးက ဂုံနီအိတ်လုပ်တဲ့စက်ရုံမှာ
လင်မယားနှစ်ယောက်လုံးကို အလုပ်သွင်းပေးခဲ့လို့ ထမင်းနပ်မှန်တဲ့ဘဝကိုပြန်ရပါသတဲ့။
အဲတော့ ထမင်းကို ကုန်လောက်ရုံမထည့်ဘဲသွန်ပစ်ရင် လက်သီးနဲ့ထထိုးချင်ပါသတဲ့။
ဒါကတော့ ကိုအောင်ဆယ်ပြောပြတဲ့ဘဝမှတ်တမ်းလေးပေါ့။
သူအဲလိုရှင်းပြ ပြီးချိန်က စပြီး ကျနော် ထမင်း ကို အလွယ် တကူ သွန်မပစ်ရဲတော့ပါဘူး။
အလှူတွေဘာတွေသွားကြလို့ ဘယ်သူ့ပန်းကန်ထဲမှာဖြစ်ဖြစ် ထမင်းတွေကျန်နေတာမြင်ရင်
အကိုကြီး ကိုအောင်ဆယ် မျက်နှာကိုပြေးမြင်မိတာအမှန်ပါဘဲ.။
ဒီ့အတွက်အခုအချိန်ထိ ကျနော်ကိုအောင်ဆယ်ကိုကျေးဇူးတင်နေပါတယ်။
(သင်တန်းပြီးကတည်းက ခုချိန်ထိ ပြန်မတွေ့ တော့
ဒီစာကိုရေးနေချိန်မှာအထူးဘဲသတိရ လှပါတယ်။)
ကျနော်တို့ သင်တန်း အစပိုင်းကာလမှာ ကြုံခဲ့ ရတဲ့ ရေ အခက်အခဲ
အစားအသောက်အခက်အခဲတွေက ကျနော်တို့ သင်တန်းတက်ပြီး နှစ်လ နီးပါးကြာချိန်
လောက်က စပြီး အားလုံးပေါများတဲ့ဘဝ ကို ရောက်သွားပါတယ်၊
ရေလဲလုံလုံလောက်လောက်ရ၊
အစားအသောက်လဲကောင်းလာ
အသားဟင်းကလဲ တစ်ပါတ်လေးရက်ကျွေး ဆိုတော့ အတော်လေးကို
အဆင်ပြေသွားပါတယ်။
ကျောင်းရဲ့မူဝါဒများပြောင်းသွားလား လို့ မေးကြည့် တဲ့အခါမှာ
အဖြစ်မှန်ကိုသိရပါတော့ တယ် ။
အဲ့ ဒါ ကတော့
……………………………………………..
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
16-8-2014
6 comments
Mr. MarGa
August 18, 2014 at 9:07 am
အမ်….
သိချင်မှ ရပ်ထားလိုက်ပြန်ပြီ
အင်း… ကြည့်ရတာ လူကြီးလာစစ်မှာမို့များ အကျွေးအမွေးပုံစံ ပြောင်းသွားတာများလား
surmi
August 18, 2014 at 9:15 am
အင်းးး
ကျနော့် အဖေပြောဖူးတာလေး သတိရမိပါရဲ့
ထမင်းတစ်စေ့ ချွေးတစ်စက် တဲ့ ။
ပထမဆုံး သဘောပေါက်လက်ခံလိုက်ရတာတော့ 8 တန်းနှစ်မှာ ပါတီယူနစ်ရဲ့ စီမံချက်နဲ့ လယ်ကွင်းထဲကောက်စိုက်ဆင်းရတာပဲ ။
(10) ရက်လောက် လယ်ကွင်းထဲ စပါးလိုက်စိုက်ပေးခဲ့ရတော့မှ ………
အိုဘယ့် လယ်သမားးး ဆိုပြီး သဘောပေါက်တယ်ဗျို့
(မ ဆ လ ခေတ်က ပင်ထောင်အချိန်မမှီတဲ့လယ်တွေကို ကျောင်းသူားတွေလုပ်အားပေးခေါ်ပြီး တစ်ချို့ဒေသတွေမှာ စိုက်ခိုင်းဖူးပါတယ် ) .
kyeemite
August 18, 2014 at 9:23 am
အင်း..ကိုပေါက်ကအတော်မှတ်မိသေးတာပဲ…ကျုပ်ဆိုဝါးတားတားဖြစ်နေပြီ…
ကျုပ်လည်းပထမသာ ဒုက္ခတွေ့တာ…နောက်တော့လည်းနေတတ်ပြီး ပျော်တောင်နေသေးဗျာ
ပိတ်ရက်တွေ ဘုရားလေးဈေးမှာတောကောင်သားတစ်မျိုးမျိုး မှာချက်ခိုင်းပြီးစားခဲ့တာတော့သတိရသေးရဲ့
ညည ဂျူတီစောင့်ရင်း သရက်သီးခိုးခူးရတာလည်းပျော်စရာ… :))
kyeemite
August 18, 2014 at 10:01 am
ကျုပ်တက်တော့ မိုးတွင်းဖက်ဆိုတော့ ဖေါင်ကြီးမှာ မှတ်မှတ်ရရ လယ်ကွက်မှာကောက်စိုက်ခဲ့ရသေးသဗျ..
မျှော့တွေတွယ်လို့ အော်ကြဟစ်ကြနဲ့ပေါ့ :))
ကိုဆာမိပြောသလိုပါပဲ ..လယ်စိုက်ရတာမချောင်ဘူးဗျ
-“ကျောပူမှဝမ်းအေး”ဆိုတာကိုလက်တွေ့သိခဲ့ရတယ်
weiwei
August 18, 2014 at 1:49 pm
အစားအသောက် ကောင်းလာပြီး ရေအလုံအလောက်ရလာတာ ဘာကြောင့်ဆိုတာ သိနေတယ် …
အဲဒါကြောင့်လဲ …
အခုထိလဲ အဲဒီတုန်းကလိုပဲ .. ဘာမှ မပြောင်းလဲသေးဘူး ..
ကိုပေါက်(မန္တလေး)
August 18, 2014 at 11:05 pm
ဃဃ ရေ နောက် တစ်ပါတ်ဆို သိလာမှာပါ
ကိုဆာမိရေ ဒီအကြောင်းလေးက တစ်စေ့တစ်မူတ်မှာရေးဘူးပါတယ်။
ကိုမိုက်ကျုပ်တို့ လဲကောက်စိုက်ရတယ်။
ဖောင်ကြီး က ရေးရင်း သုံးပိုင်းဖြစ်သွားတယ်
ကိုမို်က်ပြောတဲ့ ဓါတ်ပုံပါမယ်
မဝေ ရေ ကျနော်တို့ကတော့ ကံ ကောင်းသွားလို့ ပါ