” မျှတစွာဘဲ စားကြပါ “

 

ထန်းညက် နဲ့ သကြား

ချိုသည် ထားလို့

ဆား နဲ့ ငပိရေ

အငံ တွေနော့

သံပရာ ရှာလကာ

အချဉ် ဓာတ်ပါ

ကြက်ဟင်းခါးသီး

အခါး ပါသမို့

ငရုတ်သီးတောင့်စိမ်း

အစပ် ကိန်းကာ

ချို ချဉ် ငံ ခါး

အစပ်များနဲ့

သဘာတရား

ဖန်တီးထားလို့

အမျိုးရသာ စုံလှသည်၊

 

လွန်ကဲစားမိ

မကောင်းသည်ရှိ

ဥပမာပေး

ရေးပြအုံးမည်

အချိုများစွာ

စားသည့်သူမှာ

ဆီချိုရန်ဘေး

တွေ့နိုင်သေးသလို

အငံကဲပို

စားမည်ထိုထို

သွေးတိုးဖြစ်ရန်

ရာနှုန်းများပြန်

ထိုကြောင့်အစား

သင့်လျှော်ထားလို့

စုံကာ ရသာ စားကြပါဗျာ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..