” ဝါသနာပါတော့လည်းနော်”

 

တကယ်ဆို
ပျော်တယ်မထင်ပါနဲ့
မော်ဒယ်လုပ်ရတာလဲ အဆင်တွေရှိပါရဲ့
ဓာတ်ပုံရိုက်ခေါင်းစောင်း
အမူအရာပြောင်းရင်
ပုံရယ်မလှမှာမြင်လို့
ဓာတ်ပုံဆရာက
မေးနဲ့ပါး ခဏခဏကိုင်
လမ်းလျှောက်တာကျင့်ပေးဖို့
နည်းပြဆရာက
ခါးကိုင်တာ အခါခါလို့
သမီးရုပ်ရည် အပြုံးနဲ့ဆို
ခေါင်းဆောင်မင်းသမီးတောင်
ဖြစ်နိုင်သလိုလို
ရွှင်းကာဆို အပြောတွေနဲ့
ပုခုံးလေးကိုင်ကာ အားပေးရှာပါတဲ့
အလည်ခဏ ရောက်လာတတ်ပ
ဒါရိုက်တာကတစ်မျိုး
အေဂျင်စီထောင်သူ ကိုတော်ချောရဲ့ညီ
အပျိုတော်ချောတွေ
မိတ်ကပ်လိမ်းကာချယ်သရင်ဖြင့်
စသလိုနောက်သလို ဟိုပုတ်ဒီကိုင်လုပ်ပါလို့
ဒါဒါဒီဒီ ဒါဒါ သီချင်းသံစဉ်ဖွင့်ရင်ပ
မီးဆလိုက်ရောင်ထဲ လျှောက်ကာပြလိုက်တော့
မော်ဒယ်တွေဘဝ ကြွကြွရွရွလေး
သဘောကျကာ လက်ခုတ်တီးသံကြားရင်
တွေ့ခဲ့သမျှမေ့လျှော့ကာ ပိတိလွှမ်းတယ်
ဝါသနာကို မတားနဲ့ကွယ်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..