နေတစ်စင်း နှင့် ကောင်းကင်ပြာ…

နောင် ရိုးSeptember 12, 20141min661

မိန်း……

:

:

:

:

:

:

မ…ရှိ….တော့….ပါ….

 

******************************************************************

ပထမဆုံးကျနော် ပြောချင်တာက…ဒီစာကို ကျနော့်မျက်ရည်တွေနဲ့ ရေးခဲ့တယ်ဆိုတာနဲ့…..

နောက်ထပ် ထပ်ပြောချင်တာက…ဒီပိုစ့်ဟာ ကျနော့်ရဲ့ နောက်ဆုံးပိုစ့်တစ်ပုဒ် ဖြစ်တယ်ဆိုတာပါပဲ……….

ပြီးတော့…ခုစာမှာ…ကျနော်ရေးလိုက်တဲ့စာသားတွေကို လိုက်ခံစားတာထက်…..မိန်းနေရာကနေ….ငါ့ကိုသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ခံစားပေးဖို့ ကျနော် တောင်းဆိုချင်တယ်..….။

မိန်းများ… ဒီပိုစ့်ကို မြင်နေခဲ့မယ်ဆိုရင်…ကျနော့်ကို အပြစ်တင်မလား…၊ သူမပြောနေကျ နင်ကတော့လေ…ဆိုတဲ့ စကားကိုပဲ ပြောမလား..ကျနော် မသိပါ…။ တစ်ကယ်လို့ … မိန်းဆီက အခုချိန် အဲ့ဒီအရာတွေထက်မက အဆိုးဆုံးတစ်ခုခုကို ကျနော်ရမယ်ဆိုရင်တောင်မှ..အဲ့ဒါအဆိုးဆုံးအရာဟာ ဘာပဲဖြစ်ဖြစ် လိုချင်ပါသည်..။

ဒေါသသံ..မုန်းတီးသံ…အပြစ်တင်သံမပါအောင် ဒီပိုစ့်ကို ကျနော်…တစ်ညလုံး ထိုင်ရေး ထိုင်ဖျက်ခဲ့ရသည်…။ ပြောချင်သလောက် မပြောခဲ့တာ… မိန်းမျက်နှာကြောင့်သာ ဖြစ်သည်…။

******************************************************************

 

ကျနော် ဝန်ခံခဲ့ဖူးသည်….။ မိန်းချစ်သူ ဘယ်သူလဲ ကျနော်အလွန်အမင်းသိချင်သည်….။ ချော့တစ်ခါချောက်တစ်လှည့်မိန်းကို မေးပေမယ့် မိန်းပြောဖို့ အခါခါ ခေါင်းခါလေ…ကျနော့်သိချင်စိတ်တွေ ပိုပိုပြင်းပြလေ…။

ကျနော် မိကောင်းဖခင် သားတစ်ယောက်ဖြစ်ပါသည်…။ ဆိုးပေတေနေသူ၊ ကလေကချေတစ်ယောက်မဟုတ်ပါ….။ မိန်းချစ်လို့ မိန်းရွေးချယ်ထားသူဟာ ဘယ်သူပဲဖြစ်ဖြစ် ကျနော်…ရန်လုပ်မည်၊ ပြသနာရှာမည်မဟုတ်မှန်း…မိန်းသိသည်…။

ဒါဆို ဘာကြောင့်များ ကျနော့်ကို မပြောပြရတာလဲ…။

ဘာကြောင့် မပြောရတာလဲဆိုတဲ့မေးခွန်းရဲ့ အဖြေဟာ..ကျနော့်ခေါင်းထဲမှာ…ချာချာလည်သည်….။

ဘာကြောင့်လဲ…??????

မရလေ ပို..လိုချင်လေ…ကျနော့်စိတ်က ပုံမှန်လူထက် ပိုဆိုးခဲ့သည်…။ ဒါကြောင့်လဲ ကျနော် ဘယ်လိုနည်းနဲ့ သိနိုင်မလဲဆိုတာ အမြဲ ကြံစည်နေခဲ့ကြောင်း ခင်ဗျားတို့ကို ဝန်ခံပါသည်..။

လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်းလေ့လာဆိုသော ခေါင်းစဉ်အတွက် ရာထူးကြီးကြီး အဖေ့ငယ်သူငယ်ချင်းလဲ ရှိသော၊ မိန်းလဲရှိနေသော မိန်းတို့ကုမ္ပဏီကိုပဲ ကျနော် ရွေးချယ်ခဲ့သည်…။ မိန်းတို့ကုမ္ပဏီကလဲ ကုမ္ပဏီကြီးမို့…ကျနော်တို့အလုပ်ကလဲ Construction ပိုင်းမို့ အဖေကလဲ လိုလိုလားလားပဲ လက်ခံခဲ့ပါသည်..။

Estate Management, Home Owner Relationship, Customer Service, HR, Finance, Utility Operation, Marketing ခေါင်းစဉ်ပေါင်းမြောက်များစွာ သင်ယူချိန်မှာ…ကျနော် အပျော်ရွှင်ဆုံး ဘာသာရပ်က HR ဖြစ်သည်…။

ထိုခေါင်းစဉ်အောက်ဖြင့် မိန်းရုံးခန်းကိုရောက်တိုင်း ကျနော်ထိုင်ဖို့၊ ကျနော့်ကို သင်ပေးဖို့၊ (လူကြီးတွေမရှိချိန် ဂိမ်းဆော့ဖို့၊ ရွာလည်ဖု့ိ) ကျနော် ရွေးသောနေရာသည် မိန်းထိုင်သည့် နေရာ ဖြစ်သည်…။

ချစ်သူရှိပြီလို့ မိန်းကြေငြာပြီး နောက်ပိုင်းအချိန်တွေမှာတော့ မိန်းကလဲ ပါးနပ်စွာပဲ…ကျနော်လာမည်သတင်းကြားတိုင်း သူမ History တွေကို Delect ထားနှင့်ပြီး ဖြစ်နေတတ်သည်…။

တစ်ရက်တော့…အဖေခိုင်းသည့်ကိစ္စဖြင့် မိန်းတို့ဆီလာရင်း မိန်းရုံးခန်းကို ရောက်ဖြစ်သည်….။ အဲ့ဒီအချိန်…Training တစ်ခုရှိသောကြောင့် Computer ရှေ့မှာ မိန်းမရှိနေခဲ့ပါ…..။

Ethic ကို ကျနော်သိသည်….။ သို့သော်…Ethic က ကျနော့်သိချင်စိတ်ကို မကျော်လွှားနိုင်ခဲ့ပါ….။

Training ဘယ်အချိန်ပြီးမယ်မှန်း သိနေတဲ့ကျနော် မိန်းကွန်ပြူတာကို စိတ်ရှည်လက်ရှည်ပဲ မွှေခဲ့ပါသည်….။

ကျနော် ….. သိပ်မမွှေလိုက်ရပါ….

 

ဟုတ်သည်…။ ကျနော် အစောကြီးကတည်းက သိနေခဲ့ပါသည်…….။  မိန်းရဲ့ စိတ်ကို ဟိုးးးးး အောက်ခြေကအစ သိနေတဲ့ကျနော်…မိန်းချစ်သူရဲ့ Profile ကို မွှေလိုက်ချိန်မှာ..ကျနော်…မိန်းအတွက် အရမ်းကို စိုးရိမ်သွားခဲ့တာကတော့ မိန်းအတွက်ဖြစ်ပြီး ကျနော် မိန်းကိုလက်လွှတ်လိုက်ရတဲ့ ခံစားမှုထက်ကို ပိုဆိုးခဲ့ပါသည်.….။

မိန်း….ခံစားရတော့မှာလားးးးးးးး။ ကျနော် အဲ့ဒီအတွေးတွေနဲ့ ညဘက်တွေ အိပ်မပျော်နိုင်ခဲ့….။

ငါ ဘာလုပ်ပေးနိုင်မလဲလို့ အမြဲ တွေးခဲ့သည်….၊

(ဒါကြောင့်လဲ…ကျနော့်ရဲ့ ဟိုကလေးမတွေ…အခန်းဆက်ရှည်ခဲ့တာ ဖြစ်သည်….။ သို့သော်…ကျနော်..ဘယ်လိုပဲ ကြိုးစားခဲ့ပေမယ့်…အသုံးမဝင်ခဲ့ပါ…)

 

******************************************************************

သူ ဘယ်သူဆိုတာ သိသွားပြီးနောက်မှ..မသိစဉ်အချိန်တုန်းကထက်စာလျှင်…ကျနော် မြောက်များစွာ ပိုစိတ်ပင်ပန်းခဲ့ရသည်…။

ငါ မသိခဲ့ရကောင်းသားလို့…တွေးမိသည်အထိ….၊ တချို့ကိစ္စတွေမှာ မသိနေခြင်းသည်သာ ပိုကောင်းတယ်ဆိုတာကို လက်ခံလိုက်မိသည်အထိ….

“ငါတို့ အဆင်ပြေပါတယ်….၊ ငါ့အပေါ် အရမ်းကောင်းတယ်….”

ကျနော် စိတ်ပူမှာစိုးလို့…မိန်းပြောခဲ့တဲ့အဲ့ဒီစကားတွေကို ကျနော် ယုံချင်ယောင်ဆောင်ခဲ့ရသည်…။

မဂ္ဂဇင်းစာအုပ်ထဲက မော်ဒယ်ကောင်မလေးတစ်ယောက်ကို စေ့စေ့ကြည့်ရင်း… “ငါလဲ သူ့လို လှချင်လိုက်တာဟယ်….” လို့ ရီသလိုမောသလို မိန်းပြောခဲ့တုန်းက အဲ့ဒီ ရီမောခြင်း မျက်နှာဖုံးနောက်ကွယ်မှာ…ဘာရှိမှန်း သိသိချည်းနှင့်…ကျနော်…မသိဟန်ဆောင်ခဲ့ရဖူးသည်…။

ပိတ်ရက်တွေတိုင်းမှာလိုလို အိမ်မြဲခဲ့သည့် မိန်းကို ဘယ်မှ မသွားဘူးလားလို့ မေးခဲ့တုန်းက “သူနေမကောင်းဘူးဟ” လို့ မိန်းပြန်ဖြေခဲ့ဖူးသည်…။ တစ်လကျော်ကာလက ဒီလောက်တော့ သွေးမအေးသင့်ဘူးမဟုတ်လား….။

“နင့်ကို လိမ်တာလဲ ဖြစ်နေပါဦးမယ်” လို့…ကျနော် ချောက်တွန်း တွန်းတော့ သူမ ချက်ချင်းငြိမ်ကျသွားပြီး “ငါ့ကို ဘယ်တော့မှ သူမလိမ်ဘူး” လို့ ခပ်ပြတ်ပြတ် ပြန်ပြောခဲ့တာ…

ထုံးစံအတိုင်း သူမတော့ သူမလူကို ကာဗာလုပ်ပြီထင်ထားခဲ့ပေမယ့်…..အဲ့ဒီစကားကတော့ မိန်းအမှန်ပြောတာ ဖြစ်သည်….

“ကြောက်စရာ မလိုတဲ့သူကို လိမ်စရာလဲ မလိုဘူးမဟုတ်ပါလား…..?????”

ကျနော့်ကို ရှောင်နေတဲ့ မိန်းကို မနှောင့်ယှက်ချင်လို့..၊ သူမ အဆင်ပြေနေတယ်လို့ မှားယွင်းစွာ…ကျနော်ထင်နေခဲ့လို့၊ ကျနော် အဆက်အသွယ်လုပ်လိုက်ရင်များ သူတို့နှစ်ယောက် ကတောက်ကဆ ဖြစ်ကြလေမလား အတွေးတွေနဲ့ ကျနော်ရင်နာစွာ၊ ခံပြင်းစွာ..ရှောင်ပေးရင်း…ကျနော်နဲ့ မိန်း အဆက်အသွယ်ခဏ ပြတ်သွားခဲ့သည်…။

နောက်ပိုင်းမှ မိန်းရဲ့ညီမဆီက ပြန်ကြားခဲ့သော မိန်းအကြောင်းများက ကျနော့်ကို ရူးသွပ်သွားစေလောက်အောင်အထိ ပြင်းထန်သည်…။ မိန်းဒီလောက်ထိ အခြေအနေဆိုးနေခဲ့မယ်၊ ဆိုးသွားခဲ့မယ်လို့ ကျနော် မထင်ထားမိခဲ့…

အမြဲ…ခေါင်းမော့နေခဲ့သူ…၊ စိတ်မာသယောင် ဖုံးကွယ်ထားတတ်သူ၊ အမြဲ ဂရုစိုက်ခံချင်သူ…၊ အမြဲသူမကသာ ပြေးလွှားရှောင်ပုန်းနေခဲ့ချင်သူ…မိန်းတစ်ယောက် သူမရဲ့ ကျရှုံးမှုတွေအတွက်…အရှက်သည်းခဲ့သည်လား….၊ အားငယ်ခဲ့သည်လား….။

သူမ ဖြစ်သမျှ ရင်ဖွင့်ဖို့ လူတစ်ယောက်မဟုတ်ဘဲ စာအုပ်တစ်အုပ်သာ ရှိခဲ့သည်….။

ဒါကြောင့်လဲ…ကျနော်တို့အားလုံး နောက်ကျသွားခဲ့တာများလား မသိပါ…။ (မိန်း၏ ပထမမုန်တိုင်းကို ကျနော် သိပါသည်….။ အဲ့ဒီအချိန်…သူမပြိုလဲပျက်ယွင်းခဲ့သော်လဲ မတ်မတ် ပြန်ထူနိုင်ခဲ့ပေမယ့်…ယခုတကြိမ်မုန်တိုင်းတွင်တော့ မိန်းတစ်ယောက် ဟိုးးးးးးးးးးးး အဝေးဆုံးထိ လွင့်ထွက်သွားခဲ့ရပြီ….)

ကျနော် မရူးသွားရုံတမယ်ဖြင့်…မိန်းရဲ့ ဒိုင်ယာရီစာအုပ်ကို ဖတ်ခဲ့ရသည်….

မိန်းတစ်ယောက် ဘယ်လောက်တောင် နာကျင်ကြေကွဲခဲ့ပါသလဲ……..???? ကျနော် မမှန်းဆနိုင်ပါ…..

*********************************************************

ဘယ်လောက်နောက်ကျတဲ့အချိန်ပဲဖြစ်ဖြစ်…လမ်းမှောင်မှောင်ကို တစ်ယောက်ထဲပြန်ရဲတဲ့..၊ အကြောင်းကြောင်းကြောင့်… (ဘေးအိမ်က လူသေသွားတာ မကြာသေးချိန်…) မိန်းတို့ အိမ်ကျယ်ကြီးထဲမှာ…တစ်ယောက်ထဲ အိပ်ရဲတဲ့ မိန်းကို သူမအိမ်က သတိ္တရှိသလို ယူဆခဲ့ကြသည်…။

မိန်းညီမ အကြိမ်ကြိမ်ဖတ်သော်လဲ မရတဲ့ Law စာတွေကို မိန်းတစ်ယောက်… တစ်ခေါက်ဖတ်ရုံမျှဖြင့်…လိပ်ပတ်လည်အောင် အလွတ်ပြန်ရှင်းပြနိုင်တဲ့ မိန်းရဲ့ညာဏ်ရည်ကိုလဲ…မိန်းမိသားစုက အထင်ကြီးခဲ့ကြသည်..။

ကိုယ့်ဆုံးဖြတ်ချက်အတိုင်း နောက်မဆုတ်ဘဲ အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့မိန်းကို…ထက်မြက်သူလို့…မိန်းအိမ်က သတ်မှတ်ခဲ့ကြသည်…။

တချို့ကိစ္စတွေမှာ..မိန်းအတွက် အန္တရာယ်ရှိပြီး ပင်ပန်းခဲ့တာ ကျနော်သိလို့..တားခဲ့ပေမယ့်… မိန်းကတော့…သူမရဲ့ Challenge တိုင်းကို I can’t ကို ပြောဖို့…..အကြောက်ကြီး ကြောက်ခဲ့သည်…။

သူမ တောင်းဆိုမှ ရနိုင်မယ့် တစ်ဖက်က မကောင်းတတ်လို့ အားနာလိုက်လျောပေးရမှုတွေကို မိန်းအမြဲပဲ တောင်းဆိုလိုက်ဖို့ လျစ်လှူရှုတတ်ခဲ့သည်….။

နောက်ကွယ်မှာ ဘယ်လောက်ပဲ စိတ်ထိခိုက် ထိတ်လန့်နေပေမယ့် ရှေ့တင်တော့ ခပ်မာမာနေပြခဲ့တဲ့မိန်း၊ အမြဲ…ဖြစ်အောင်လုပ်မယ်ဆိုပြီး… သတိ္တကောင်းပြ ၊ ဟန်ဆောင်ကောင်းပြခဲ့သောမိန်း….

ဒါတွေကြောင့်လဲ…မိန်းအိမ်က မိန်းကို စိတ်ချလက်ချ ရှိခဲ့သည် ထင်ပါသည်…။

ဟုတ်ပါသည်…

မိန်း…သတိ္တရှိခဲ့ပါလိမ့်မည်..

မိန်း…ညာဏ်ကောင်းခဲ့ပါလိမ့်မည်..

မိန်း…ထက်မြက်ခဲ့ပါလိမ့်မည်..

သို့သော်

သူမ၏ ငယ်စဉ်ကတည်းက (ဘယ်သူမှ သတိမထားမိစွာ..ရခဲ့သည့် စိတ်ဒဏ်ရာတွေကြောင့်) ဂရုစိုက်ခံလိုမှု၊ ..အစွဲအလမ်းကြီးမှုတို့ကတော့ သူမ၏ အားနည်းချက်ဖြစ်နေခဲ့သည်ကို…မိန်းမိသားစု မရိပ်မိခဲ့….။

ကျနော် ပြောခဲ့ဖူးသလို….သူများထက် ၂ဆ ပိုလိုချင်တဲ့မိန်း၊ သူမအလိုချင်ဆုံးသူဆီက တခြားသူတွေနဲ့ တန်းတူတောင် မရခဲ့တဲ့ အရာတွေအတွက် သူများထက် ၂ဆ မက ပိုခံစားခဲ့ရသည်…။ သူမ ဘယ်လို မလိုချင်သောအရာတွေ သူမချစ်သူဆီက ကြုံခဲ့ပေမယ့်…၊ သူမ ဘယ်လောက်ပဲ စိတ်နာကျင်နေပေမယ့်….သူမ အပြုံးတောင် မပျက်ပြခဲ့…

သူမ ဟန်ဆောင်ကောင်းခဲ့ပါသည်……။

ပြီးတော့…

မိန်း….ထိုသူ့ကို …. အရမ်းးးးးးးးးးးးချစ်ပေးခဲ့သည်…။

ပထမတစ်ခါ ဆေးရုံတက်ရကတည်းက ဖုန်းကို ၅ပေအကွာမှာ ထားအိပ်ရမယ်…ဆိုတဲ့ ဆရာဝန်ရဲ့စကားကို မိန်းလျစ်လှူရှုခဲ့သည်…။

မိန်းညီမရဲ့စကားအရ…တချို့ညတွေ မိန်းဖုန်းပြောတတ်တာ ကျနော် သိသည်..။ တစ်ခါတစ်လေ အဲ့ဒီဖုန်းတွေဟာ…မနက် ၁နာရီ ၂နာရီအပြင်…တစ်ညထဲ ၃၊ ၄ကြိမ်လောက် ပြန်ပြန်လာတတ်တာမျိုးလဲ ရှိတတ်သည့်ညတွေ ကျနော်ပြန်ကြားပါသည်…။

ဘယ်လောက်ခေါင်းမူးနေပေမယ့်….ဖုန်းလာချိန်တိုင်း ပျော်နေတတ်ပြီး အိပ်ချင်တယ်လို့..…တစ်ခွန်းမှမပြောခဲ့ဘဲ….မနက်ရောက်မှ ရုံးချိန်အမှီ ဒယီးဒယိုင်ထခဲ့ရတဲ့…မိန်းရဲ့ မနက်တွေအတွက် ကျနော်..စိတ်မကောင်းပါ…။

သူငယ်ချင်းဆရာဝန်တစ်ယောက်နှင့် ကျနော် ဖုန်းပြောတော့…မိန်း ကျနော့်လက်က ဖုန်းကိုယူရင်းမေးခဲ့တာက..ကျနော် မျှော်လင့်ထားသလို… အာရုံကြောနှင့် ပတ်သတ်တာမဟုတ်ဘဲ….

ကျောက်ကပ်ရောဂါလက္ခဏာတွေနှင့်…ကုသရမယ့် နည်းလမ်းတွေသာ ဖြစ်သည်…..။

ကျနော်…စိတ်မကောင်းပါ….။

*****************************************************************

မိန်းချစ်ခဲ့သော ထိုသူအား…မိန်းရဲ့ ဒိုင်ယာရီစာအုပ်ကို ကျနော်ကိုင်ရင်း…မေးချင်တာတွေ ရှိသည်….။ ကျနော့် ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ မေးခွန်းတွေ၊ ပြောစရာစကားတွေ အများကြီးကို ရှိနေသည်….။

မိန်းရဲ့ စိတ်ထိခိုက်နာကျင်မှုကိုတွေ ခင်ဗျားသတိထားမိခဲ့ရဲ့လား…???

မိန်းမ တစ်ယောက်ရဲ့…အရှက်တရား၊ ဝမ်းနည်းမှု၊ စိတ်မကောင်းမှုတွေ ဖုံးကွယ်ထားတဲ့ မျက်လုံးတစ်စုံကို ခင်ဗျား မြင်အောင်ကြည့်ဖို့ ကြိုးစားဖူးခဲ့လား….???

မိန်းကို ခင်ဗျား လိုအပ်ပါတယ်ဆိုတဲ့ အမူအယာ၊ ဒါမှမဟုတ်…စကားမျိုး အပြုအမူမျိုး ခင်ဗျား ပြခဲ့ဖူးလား….???

သူမရဲ့ စိတ်ဖိစီးမှုရှိခဲ့တဲ့ရက်တွေမှာ…ချစ်သူတစ်ယောက်အနေနဲ့…ခင်ဗျား ဘာတွေများ မိန်းကို နှစ်သိမ့်ပေးခဲ့ဖူးလဲ…???

သူမ ခင်ဗျားကို အရမ်းးးလိုအပ်နေတဲ့အချိန်တွေမှာရော….ခင်ဗျား သူမအနား ရှိနေပေးခဲ့ဖူးလား..???

မိန်းလက်ကိုသာ ကိုင်ထားရရင်၊ မိန်းသာရှိနေမယ်ဆိုရင်…ဘယ်လို သတ်မှတ်ချက်တွေ၊ ဘယ်လိုကြုံလာသမျှတွေ၊ ဘယ်လိုလူတွေကြားထဲကို မဆိုသွားနိုင်တဲ့… ကြံကြံခံပစ်လိုက်မယ်ဆိုတဲ့သတ္တိရော ခင်ဗျားမှာ…ရှိခဲ့ရဲ့လား..???

ခင်ဗျားရဲ့ အဖြေဟာ….”No” တစ်လုံးသာ ဖြစ်မည်ဆိုသည်ကို ကျနော်…မိန်းအတွက် စိတ်မကောင်းစွာဖြင့် သိပါသည်….။

လှမ်းကိုင်လိုက်တဲ့ မိန်းလက်ကို လူတွေကြားထဲ ခင်ဗျား ပုတ်ချခဲ့တာ … ကျနော်သိသည်…။

ပြန်ဆက်မယ်စကားတစ်ခွန်းကြောင့်….မိန်းမအိပ်ဘဲ စောင့်ခဲ့သည့် ခင်ဗျားပြန်မဆက်ခဲ့သော ဖုန်းတွေကို ကျနော်…သိသည်…။

မိန်းမျှော်လင့်တကြီးထားပြီး…ပျက်စီးသွားသည့်..ခင်ဗျားတို့ရဲ့ ချိန်းဆိုမှုတွေကိုလဲ…ကျနော် သိသည်…။

ခင်ဗျား….မိန်းအပေါ် ဝတ္တရားကျေ ဆက်ဆံမှုတွေရှိခဲ့လား…..ကျနော်သိသည်….။

ခင်ဗျား ခေါ်သော..ဖုန်းထဲ..၊ ပြောခဲ့သောစကားများထဲမှာ…မိန်းကိုချစ်သော၊ ဂရုစိုက်သောစကားများ မပါခဲ့တာလဲ ကျနော် ရိပ်မိပါသည်….။

ခင်ဗျားရဲ့ Facebook ထဲမှာ၊ ပြောသမျှ Comment တွေထဲမှာ၊ ရေးသမျှစာတွေထဲမှာ တခြားသူတွေရဲ့ အကျွင်းအကျန်တွေသာ ရှိတတ်သော်လဲ မိန်းနဲ့ ပတ်သတ်သည့်သဲလွန်စ ဘာတစ်ခုမှ..မရှိခဲ့တာ..ကျနော်သိသည်…။ (မိန်းဟာ ထိုသူ့အတွက် တိတ်တိတ်ပုန်း ရည်းစားတစ်ယောက်အဆင့်လား…..)

မိန်းခံစားနေတဲ့အချိန်တွေမှာတောင်၊ မိန်းနေမကောင်းမှန်း ခင်ဗျားသိသိချည်းနဲ့တောင် …. ခင်ဗျားရဲ့…အရင်ရည်းစားဟောင်းပုံတွေနဲ့ Facebookပေါ် အလုပ်ရှုပ်နေခဲ့တာသိသည်….။ (မိန်းတော့မသိ….၊ မျက်နှာပြောင်တိုက်လွန်းတဲ့၊ ရက်စက်လွန်းတဲ့၊ မိန်းကိုမညှာတာလွန်းတဲ့ ခင်ဗျားကို ကျနော်တော့ အတော့်ကို စိတ်တို အံ့ဩပါသည်…။ )

မိန်း ခံစားနေရချိန်မှာ…မိန်းဘာများဖြစ်နေလဲ တွေးဖော်မရဘဲ…မော်ဒယ်ကောင်မလေးတစ်ယောက်နှင့် ခင်ဗျားအီစီကလီ ဇာတ်လမ်း စ,ရိုက်နေတာလဲ ကျနော်သိသည်…၊ တခြားမိန်းမတစ်ယောက်နှင့် ဇာတ်လမ်း အခုစ,နေပြီဆိုတာလဲ ကျနော်သိသည်…။ မိန်းလဲ သိခဲ့ပါသည်….။ ( ဒါတွေကြောင့်လဲ… ပိုဆိုးသွားခဲ့တာ ဖြစ်မည်….။ )

မိန်းအပေါ် အလေးအနက်မထားနိုင်ဘဲနဲ့များ၊ ခင်ဗျားစိတ်ထဲ မိန်းမရှိဘဲနဲ့များ၊ မိန်းကို ချစ်သူတစ်ယောက်လို ဂရုမစိုက်ပေးနိုင်ဘဲနဲ့များ…မိန်းကို တကယ်ချစ်တာ မဟုတ်ဘဲနဲ့များ…

ဒါနဲ့များ…မိန်းက မဖြစ်နိုင်ပါဘူး ငြင်းခဲ့တာတောင် ခင်ဗျား..ဘာလို့များ.. မိန်းကို ရွေးချယ်ခဲ့ပါသလဲ…???

ခင်ဗျားရဲ့ သူမကို မလိုအပ်မှုတွေ၊ ခင်ဗျားရဲ့ ရှုပ်ပွေလီမှုတွေ၊ ခင်ဗျားရဲ့…ဖွန်ကြောင်စရာ မိန်းမ မရှားမှုတွေ…..၊ ခင်ဗျားရဲ့ စိတ်သာယာမှု အပြောင်းအလဲ မြန်တာတွေ….

ဒါတွေကြောင့်လဲ….မိန်းတစ်ယောက် သိမ်ငယ်စိတ်နဲ့ ဘေးဖယ်နေလိုက်တော့ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်မည်…။

အခုအချိန်မှာ….မိန်းပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျနော် ခဏခဏသတိရနေတယ်…

“တချို့အလုပ်တွေမှာ…လူတစ်ယောက်ကို အလုပ်ထုတ်ချင်ရင်…၊ နင် ထွက်တော့လို့ မပြောချင်ရင်…၊ ၃ လစာထုတ်မပေးချင်ရင်….အဲ့ဒီလူ… မထွက်ထွက်ချင်အောင်….လုပ်တဲ့နည်းနဲ့ ထွက်အောင်လုပ်တတ်ကြတယ်…။ လိုချင်တာက “အလုပ်ထွက်ခြင်း” ပဲ….။ နင်…ထွက်တော့ဆိုတဲ့စကားက နာကျင်ကောင်းနာကျင်စရာပေမယ့်….တစ်ချက်ထဲနဲ့ သေအောင်သတ်တာ၊ ဒီလိုလုပ်တာကတော့… အချက်ပေါင်းများစွာ..ထိုးနှက်ပြီးမှ…လူရဲ့စိတ်ကို သေအောင်သတ်တာ…၊ တမြေ့မြေ့နာကျင်ပြီးမှ… မခံနိုင်တော့လို့…အရှုံးပေးလိုက်ရတာ…..”

ခင်ဗျားဟာ…ဘယ်လောက်ကြီးပဲ….လူတော်တစ်ယောက်ဖြစ်နေစေဦးတော့…၊ ခင်ဗျားကို…အထင်တကြီးကိုးကွယ်တဲ့သူတွေ ဘယ်လောက်ပဲ ရှိဦးတော့….၊ ခင်ဗျားကို…ဘယ်လောက်ပဲ ကာကွယ်ပြောဆိုသူတွေ…ရှိဦးတော့…ကျနော်…ေ+ာက် ဂရုမစိုက်ဘူး….။

တကယ့်အမှန်တရားတစ်ခု ကျနော် ပြောမယ်….

ခင်ဗျားဟာ….ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို..…လက်လွတ်စပယ်ပြောခဲ့ပြီးတော့….

လူသတ်ခဲ့ဖူးတယ်……..

မိန်းကို … သတ်တာ ခင်ဗျားပဲ…..။ ခင်ဗျားဟာ…လူမသိသူမသိ သတ်တဲ့၊ လူတစ်ယောက်ရဲ့ စိတ်ကို ထိခိုက်နာကျင်အောင် လုပ်တဲ့… ကိုယ်တာဝန်မယူနိုင်ဘဲနဲ့ ရည်းစားစကားကို လွယ်လွယ်ကူကူ အာချောင်တတ်တဲ့သူ…၊

ခင်ဗျား မိန်းကို သတ်တယ်….၊ တခြားသူတွေ မသိပေမယ့်…ကျနော် … သိတယ်…။ ခင်ဗျား…မိန်းကို …သတ်ခဲ့တယ်…။ မိန်းကို သတ်ခဲ့တာ ခင်ဗျားပဲ…။ ခင်ဗျားကြောင့်ပဲ မိန်းသေသွားခဲ့တာ…….။ ခင်ဗျားဟာ…တကယ့် လူသတ်သမား…။ ခင်ဗျားက မိန်းကို သေအောင်…သတ်ခဲ့တဲ့သူ…

ခင်ဗျားသာ…မိန်းဘဝမှာ…မရှိခဲ့ဘူးဆိုရင်….

မိန်း…..သူမရောက်တဲ့နေရာမှာ…Special One တစ်ယောက်ဖြစ်အောင်…ကြိုးစားနေလိမ့်မယ်…

မိန်း….ကျနော်နဲ့ပဲ ဖြစ်ဖြစ်….ရန်ဖြစ်အော်ဟစ်နေလိမ့်မယ်…

မိန်း….သူမချစ်တဲ့….(သူမရဲ့ ဒုတိယ အိမ်လို့ပြောတဲ့..) တွံတေးက မိဘမဲ့ကလေးတွေကျောင်းကို မကြာမကြာ ရောက်ကောင်းရောက်နေလိမ့်မယ်…

မိန်း…စာတွေ..ရေးနေလိမ့်ဦးမယ်…

မိန်း….တခြားသူတွေကို ကူညီဖို့ ကြိုးစားနေလိမ့်မယ်….

ဘယ်လိုပဲဖြစ်ဖြစ်….

မိန်း….ပျော်ရွှင်နေလိမ့်ဦးမယ်…

အခုတော့………..

***************************************************

ကျနော် အခုပြောပြခဲ့သော၊…ထိုလူ မဖြည့်ဆည်းပေးနိုင်ခဲ့သော…ထိုအရာတွေအတွက်…မိန်းတစ်ယောက် တော်တော်အထိနာပါသည်…..။ ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့အဆုံး မိန်းတစ်ယောက် ပြိုလဲခဲ့သည်…..

ရခဲ့သော အလုပ်သစ်ကိုမသွား၊ စိတ်နဲ့လူမကပ်၊ အစားမမှန်၊ ညဘက်မအိပ်ဘဲ အမြဲငိုနေတတ်တဲ့မိန်း နဂိုထဲက အနည်မကျသေးသည့် ကျန်းမာရေးမကောင်းပါ….။

မိန်းငိုတိုင်း ဘာကြောင့်လဲ ခဏခဏမေးတတ်သည့် သူမညီမကို ရင်မဆိုင်ချင်လို့ မိန်းအခန်းပြောင်း အိပ်ခဲ့ရသည်….

နောက်ပိုင်း အဲ့ဒီအခန်းထဲက မိန်း ထွက်မလာတော့…

မိန်းအမေ နယ်ကရောက်လာပြီး…အခန်းတံခါးကိုဖျက်ပြီး ဝင်ရချိန်မှာတော့…မြင်လိုက်ရတာက…

မိန်းတစ်ယောက်… ကြမ်းပြင်ပေါ်ခွေခွေလေး…သတိလစ်နေခဲ့တဲ့…အနေအထားတစ်ခုမှာ….။ မိန်း…သတိလစ်နေချိန်ဟာ…ဘယ်နှရက်လောက်တောင် ကြာပြီလဲ မသိနိုင်ခဲ့…….။

မိန်းရဲ့ညီမ လှမ်းပို့သော ဒီသတင်းဆိုးကြောင့် နေပြည်တော်ရောက်နေတဲ့ ကျနော်…ချိန်းထားသမျှ အလုပ်တွေ အကုန်ဖျက်ပြီး အမြန်ပြန်လာချိန်၊ မိန်းကိုမြင်ရချိန်မှာ..မိန်းဆေးရုံကုတင်ပေါ် ဆေးပိုက်အပ်တန်းလန်း၊ အပ်ပေါက်ရာတွေဗလပွနဲ့ ဖြစ်နေပြီ..

ဖြူဖျော့ပြီး ဝေဒနာခံစားနေသည့်မိန်း၊ သူမနာကျင်တာ ရုပ်ဒဏ်ရာတစ်ခုတည်းမဟုတ်မှန်း ကျနော် သိပါသည်…။

ခဏကလေး…(တကယ့်ကို ခဏကလေး) သတိရလာတဲ့ မိန်းမျက်လုံးတွေထဲကနေတဆင့် သူမရဲ့ ဒဏ်ရာတွေကို ကျနော် မြင်နေရသည်….

မိန်းကို မြင်ရတာ…ကျနော့်ရင်ကို သံချွန်ချွန်နဲ့ အထိုးခံရသလို နာကျင်လှသည်…..။ ကျနော့် ရင်တစ်ခုလုံး စုတ်ပြတ်ထွက်သွားသလို….၊ ကျနော့် အသဲနှလုံးတွေ ရင်ဘတ်ထဲက ခုန်ပေါက်ထွက်သွားသလိုကို…..

သူမ မရှိတော့ဘူးဆိုတာ ကျနော်…..ခုချိန်ထိ….လက်မခံနိုင်သေး….

မိန်းကိုသာ …. ပြန်ရနိ်ုင်မည်ဆိုရင်…ကျနော် ပိုင်ဆိုင်သမျှ….ဘယ်အရာကိုပဲဖြစ်ဖြစ် …. ပေးလိုက်ချင်သည်…..။

မိန်းကိုသာ…ကျနော့်ဆီ..ပြန်ပေးပါ…..။

သို့သော်……….

သို့သော်……….

သို့သော်……….

ကျနော် ချစ်သော…၊ သူတပါးကို ကူညီတတ်သော၊ ဆိုးနွဲ့ချင်သော၊ တစ်ခါတစ်ခါ ချောက်ချတတ်သော၊ သူမချစ်သူအပေါ် အရမ်းးးချစ်ခဲ့သော… မျက်နှာကြည်ကြည်နှင့် … စိတ်ကောင်းရှိသော ထိုကောင်မလေး…

ယခုတော့…

ထိုကောင်မလေး…

:

:

:

:

:

မ…ရှိ…တော့…ပါ…..။

မိန်း ပြောင်းအိပ်ခဲ့တဲ့ အခန်းထဲမှာ..မိန်းနောက်ဆုံးရေးခဲ့တဲ့ ကဗျာတစ်ပုဒ် ကျနော် ခင်ဗျားတို့ကို ပြမယ်..…။

ဘယ်လောက်ထိ ဆိုလိုကြောင်း ကျနော် မသိပါ….။ ကာယကံရှင် မိန်းသာ သိပါလိမ့်မည်…….။

 

“ မလိုချင်တာတွေ ရနေပေမယ့်

လိုချင်တဲ့အရာက…ပေါ်မလာဘူး…

မပေးချင်တာတွေ…ပေးနေရပေမယ့်…

ပေးချင်သူက မရှိခဲ့ဘူး….

လိုချင်တာနဲ့…ပေးချင်တာကြား….

လက်ခံယူသူ…….မှား..ခဲ့..တယ်….။ … ။”

 

********************************************************

 

မိန်းတစ်ယောက်…နောက်ဆုံးအချိန်ထိ…သူမချစ်ခဲ့သူအပေါ် စိတ်မကွက်ခဲ့၊ မေတ္တာမပျက်ခဲ့ပါ…..။

သို့သော်…မိန်း မေတ္တာမပျက်ပေမယ့်…..ကျနော်ကတော့ ထိုသူ့ကို ကျိန်စာတိုက်ချင်သည်….။

“အဲ့ဒီလူ အသက်ရှင်နေတဲ့ အချိန်တွေတိုင်း…..

ပျော်လိုက်မိတဲ့အချိန်တွေများ..….ရှိခဲ့ရင်တောင်…..

အဲ့ဒီလို…ပျော်လိုက်မိတဲ့အတွက်……

နောင်တ,ရပါစေ”

“မိန်းရဲ့….မေတ္တာစူးပါစေ….”

 

နောင်ရိုး

၁၂.၀၉.၂၀၁၄

 

 

 

 

72 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 12, 2014 at 9:55 am

    ဟမ်??

    ဘာ!!!
    နောင်ရိုး !!!!
    ရှင်းရှင်းပြောစမ်းပါ။
    ခု သူ ဘာဖြစ်သွားတာလဲ?

    ဘယ်မှာ မရှိတော့တာလဲ?
    စိတ်လေးလျှော့ပြီး ပြောပြစမ်းပါ။

  • နောင် ရိုး

    September 12, 2014 at 10:04 am

    Already Dead

    • ဇီဇီ ခင်ဇော် (15102012)

      September 12, 2014 at 10:06 am

      ဟာ!!

      :i:

  • ခင် ခ

    September 12, 2014 at 10:53 am

    သူ့ နောက် လိုက် သွား မ လို့ လား
    နောက်ဆုံးပိုစ့်ဆိုတော့ကာ…………..။

  • Wow

    September 12, 2014 at 11:46 am

    တကယ်ကြီးလားဟင်.. ခက်ထာပဲ 🙁

  • etone

    September 12, 2014 at 12:25 pm

    ချစ်တာရဲ့နောက်ဆက်တွဲ ဒုက္ခတွေကို သိတယ် … ။
    လျစ်လျူရှုခံရတဲ့ ခံစားချက်ကိုလည်း သိတယ် ။ တခြား တယောက်နဲ့ ရှုပ်ပြီး ဥပက္ခာပြုခံထားရတဲ့ စိတ်ကိုလည်း နားလည်တယ် … ။
    နားမလည်တာက သူမ ဘာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရသဒုံး(ကိုယ့်ကိုယ်ကို ညှင်းဆဲတာအဲ့လို လုပ်တာလို့ပဲမြင်တယ်) … ဒါကို မကျေနပ်ဘူး … ။ တခုခုလား တခုခုလားပေါ့ … ။
    အသက်ရှင်နေမှ လိုချင်တဲ့နေရာရဖို့ ကြိုးစားခွင့်ရှိမှာ မဟုတ်ဘူးလား ။ ဟူး … စိတ်မောမိပါအိ … ။

  • sorrow

    September 12, 2014 at 12:43 pm

    ..လဲကျတာအပြစ်မဟုတ်ပါဘူး …မျက်လုံးတွေဖွင့်မထားတာ အပြစ်ပါ ။ …အနည်းဆုံးတော့ ..ကိုယ့်ကို …အားပေးမယ့်လက်တွေ…ချစ်တဲ့သူတွေကို မြင်ခွင့်ရနိုင်သေးတယ်မလား …… “” မလိုချင်တာတွေ ..ရနေပေမယ့် လိုချင်တဲ့အရာက…ပေါ်မလာဘူး…”” ..သူ့ညီမ..နောင်ရိုးလေး…သူ့မိဘ..သူ့ကိုချစ်တဲ့လူတွေ ..အားပေးခဲ့..နှစ်သိမ့်ခဲ့တာတွေ ..အတွက်.. ..ငါတို့ဒါပဲပြန်ရခဲ့သလား ..နောင်ရိုးလေးရယ်….
    .. ဒီစာကိုဖတ်ရတာ ..ရင်ဆို့တယ်…

  • kyeemite

    September 12, 2014 at 1:52 pm

    .မိန်း…သတိ္တရှိခဲ့ပါလိမ့်မည်..
    .မိန်း…ညာဏ်ကောင်းခဲ့ပါလိမ့်မည်..
    .မိန်း…ထက်မြက်ခဲ့ပါလိမ့်မည်..
    .သို့သော်တကယ်တော့…………………….. :p:

  • Myo Thant

    September 12, 2014 at 2:01 pm

    ( မိန်း….သူမချစ်တဲ့….(သူမရဲ့ ဒုတိယ အိမ်လို့ပြောတဲ့..) တွံတေးက မိဘမဲ့ကလေးတွေကျောင်းကို မကြာမကြာ ရောက်ကောင်းရောက်နေလိမ့်မယ်… )

    ကျုပ် ဘာဆက်ပြောရမယ် မသိတော့ဘူး

  • Myo Thant

    September 12, 2014 at 2:11 pm

    အဲဒီ ( မိန်း ) ဆိုတာ ကျနော် ထင်တဲ့ သူ ပဲလား ?

    ဇာတ်လမ်းအရ ကြားဘူးတာနဲ့ အတော်တူနေတယ် ၊

    လမကုန်ခင်ကတည်းက FB ကနေ ပျောက်သွားခဲ့တာ ၊

    တကယ် သူ ပဲဆိုရင်တော့ ဪ . . . . . . . . . .

  • sorrow

    September 12, 2014 at 2:48 pm

    ….အချစ်ဆိုတာ မီးလိုပါပဲ.. တချို့က နွေးထွေးဖို့ သုံးတယ် ။ တချို့က အလင်းအတွက်သုံးတယ် ။ တချို့က ….ကိုယ့်ကိုကိုယ်လောင်မြှိုက်ပစ်ဖို့သုံးတယ် ။
    …ကိုယ့်ကိုကိုယ်လောင်မြိုက်ပစ်ဖို့သုံးလိုက်တဲ့တချိန်ထဲမှာပဲ ..သူ့ကိုချစ်ခင်မြတ်နို်းတဲ့ …အားပေး နှစ်သိမ့်တဲ့လက်တွေ နှလုံးသားတွေကိုပါ လောင်ကျွမ်းစေတယ် ….။တကယ်သာဖြစ်ခဲ့ရင် … လေးစားရတဲ့ နောင်ရိုးလေးရေ…မင်းရဲ့လက်နဲ့အသဲနှလုံး မြန်မြန်အနာကျက်ပါစေပဲ ဆုတောင်းပါတယ် ….။ သို့သော် ..မျှော်လင့်ပါတယ် ။ ဒီပို့စ်က ရသကောင်းတဲ့ .ဖတ်မိတဲ့လူရဲ့.နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ ….တကယ်မဟုတ်တဲ့ဖြစ်ရပ် သက်သက်ပဲ ဖြစ်ပါစေလို့ ။

  • Yae Myae Tha Ninn

    September 12, 2014 at 3:12 pm

    စိတ်မကောင်းပါဘူး.. နောင်ရိုးရယ်.. ဒါပေမဲ့… ဂဇက်ကတော့ ထွက်မသွားဖို့ တောင်းဆိုပါတယ်.. 🙁

  • နောင် ရိုး

    September 12, 2014 at 3:15 pm

    You already knew that all my words are true.
    She wrote that she can tell openly to you…
    You…., only one..
    Sadly….,
    I don’t know she intended to do like this or unfortunately…
    But, she felt a lot….. a lot of….
    Don’t blame her…
    Have no one for her. Her parents, away from her, have no close friends. Me, didn’t contact to her (I explained about that).
    She passed away now.
    I’d like to kill someone.

    • sorrow

      September 12, 2014 at 5:30 pm

      မဟုတ်သေးဘူးရယ်… .. သူ့ဖုန်းကိုခေါ်တော့ သူ့အစ်မဖုန်းလာကိုင်တယ်…သူဆုံးသွားပြီ အဟိဟိ တဲ့ …
      နာရေးအိမ်က ရီပလိုင်းလုပ်တဲ့အသံက အဟိဟိ မလားဗျာ ….ကွယ်..ဆောရိုးနှယ့်…ဉာဏ်နည်းပုံများ …ဒါ့ကြောင့် GM ဖြစ်သလားမသိ….( အဲ့တာ အလွတ်ကြွားတာ ) …သောက်ကလေးလေး ..နောင်ရိုး…ကျန်းမာပါစေ..ချမ်းသာပါစေ ….

      • etone

        September 12, 2014 at 10:38 pm

        ဇာတ်လမ်းမှာ သနားစရာက နောင်ရိုးမဟုတ်ဘူး …. အလဟသ မေတ္တာပို့တဲ့ လူကလည်း ရှိသေး ….
        တကယ့် ဂေါက်သီးတွေပဲ

        • sorrow

          September 13, 2014 at 12:14 pm

          ကွယ်..တုန်ကလေးရယ်..ရွဲ့..ရွဲ့မှန်းမသိ…

  • kai

    September 12, 2014 at 3:28 pm

    ရင်ဘတ်တောင်.. ကျပ်ကျပ်လိုက်လာပြီး.. အောင့်သွားတယ်..။
    အင်း…
    တချို့အဖြစ်တွေဟာ.. စိတ်ကူးယဉ်ဝတ္ထုတွေထက်ဆန်းတယ်..။

    ဒါပေမယ့်ဒါတွေကလည်း.. သဘာဝလောကရဲ့.. ဝတ္ထုဇတ်လမ်းတွေပါပဲ..။
    ချစ်၊ရွှင်၊သနား၊တည်ကြား၊ကြမ်းကြုတ်၊ရက်စက်၊ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩ နောအရသာ ရသကိုးပါးထဲကပါပဲ..

    သွားနှင့်သူကြောင့်… ကျန်ရစ်သူတွေ ကြမ်းတမ်းတဲ့ရဿတွေမဖြစ်စေလို…။
    ကိုယ်လည်းတနေ့သွားနှင့်ရမှာလေ…။

    • kai

      September 12, 2014 at 11:36 pm

      အူကြောင်ကြောင်နဲ့.. အဲဒီနာမယ် ရှာလိုက်ရတာပဲ…အဖတ်တင်..
      ဆိုတော့…
      ပြန်လျှော်ပေးပေတော့…။ :i:

      ကောင်းကင်ပြာဆိုတဲ့နာမယ်နဲ့က.. မင်န်ဘာတကယ်ရှိနေတာမို့…
      ကာယကံရှင်ကိုယ်တိုင်ကကန့်ကွက်လာရင်တော့… အရေးယူရလိမ့်မယ်..။

      • ခင် ခ

        September 13, 2014 at 12:37 am

        ပိုစ့်စဖတ်မန့်တုန်းက စာတစ်ပုဒ်ဘဲဆိုပြီး ခံစားဖတ်သွားခဲ့တာ
        အခု တစ်ခေါက်ဝင်ဖတ်မှ မန့်တာတွေဖတ်ပြီးဇာတ်ရေလည် တော့တယ်လေ။
        သဂျီးကလည်း ကာယကံရှင်နဲ့ ပေါင်းကြံတာဆိုရင်ကော ဘယ့်နဲ့လုပ်မလဲ။

  • Myo Thant

    September 12, 2014 at 3:31 pm

    မင်းရဲ့ နာမည်မှာ ဆု ဆိုတာ ပါခဲ့ပေမယ့်

    မင်းနဲ့ ထိုက်တန်ခဲ့တာက ဒါပဲလားကွာ ၊

    So sad for that true story .

  • Crystalline

    September 12, 2014 at 4:01 pm

    မြင်​မြင်​ချင်​း ချစ်​မိတဲ့က​လေးမ​လေးများဖြစ်​​နေလား…တကယ်​ဆိုရင်​​တော့ ပါဆင်​နယ်​​တွေဆို​ပေမယ်​့
    ဒုတိယမိန်​း​တွေ ထပ်​မ​ကြွေဖို့ သူ​လေးကိုရင်​းရမှာပဲ.. ပြီးခဲ့တာ​တွေ ထားခဲ့ပါ​တော့..
    တစ်​​ယောက်​ရှုံးရတာနဲ့ကို မတန်​လွန်​းလို့ပါ
    :evill:

  • နွယ်ပင်

    September 12, 2014 at 4:16 pm

    တစ်ကယ်လား တစ်ကယ်ကြီးလား ယုံတောင်မယုံနိုင်ဖူး …

  • အာဂ

    September 12, 2014 at 4:42 pm

    ကျွန်တော်ထင်ခဲ့သူတစ်ယောက် မဟုတ်ပါစေနဲ့လို့ပဲဆုတောင်းပေးယုံမျှသာ…။ သူမ မျက်နှာလေးပြေး မြင် နေမိတယ်။ တကယ်လို့ ကျွန်တော်ထင်တဲ့ သူမ တစ်ယောက်။ ဒီရွာထဲကလူ တစ်ယောက်ဆိုလျင်တော့…နောက်ဆုံးခရီးကိုရွာသူား အားလုံးလိုက်ပို့ပေးချင်ပါတယ်။အချိန်နဲ့နေရာလေးဖြစ်နိုင်မယ်ဆိုရင်ပေါ့…။

    သူမဝိညာဉ်တွေ ကောင်းကင်ပေါ်သို့ခုန်တက်နိုင်ပါစေ။ကောင်းရာသုဂတိလားပါစေ။ထပ်တူထပ်မျှခံစားလျက်။

  • ဇီဇီ ခင်ဇော် (15102012)

    September 12, 2014 at 5:33 pm

    OMG..!
    Like we were fooled and were made fun of by these two.
    👿

  • Swal Taw Ywet

    September 12, 2014 at 5:34 pm

    တွံတေး ကျောင်း ကောင်းကင်ပြာ။ အလုပ်ထွက်လိုက်ပြီ။ စွယ်တော်ရွက်မှာ သင်တန်းလာတက်မလို့။ တဲ့။ ကျနော်အဝေးမှာ။သင်တန်းလေးပိတ်ထားရချိန်။ ဘေးနားမှာရင်ဖွင့်စရာ ရွာကြီးတရွာလုံးရှိနေသားနဲ့ ဗျာ။ With respect.
    Swal Taw Ywet.

  • ဇီဇီ ခင်ဇော် (15102012)

    September 12, 2014 at 5:49 pm

    တစ်ရွာလုံးးး ကို ချဉ်ဖတ် ထင်ပြီးး လှည့်စားးတာ ရပ်သင့်ပြီ။
    ဒါ တောင်းပန် တဲ့ စကားး အရင် ပြောတာပါ။
    အပျော် စ တာ ဆိုရင် လည်းးး အခု ရပ်သင့်ပြီ။

    • etone

      September 12, 2014 at 10:34 pm

      ဂရုစိုက်နေတာကိုးမမဆွိရဲ့ ပြောချင်တာ ပြောပါစေ လွှတ်ထားပေးလိုက်ပါလား
      လုပ်ကြံဇာတ်လမ်း ရပ်သွားလိမ်မယ် …
      အဲ့ညီမလေးနဲ့ အပြင်မှာဆုံဖူးတယ် ချစ်စရာကောင်းတယ် စကားပြောတာ ပွင့်လင်းတယ် ကြင်နာတတ်တယ် …
      ခင်မင်လို့ စိတ်ပူသွားကြတာကို အခွင့်ကောင်းယူပြီး နောက်ပြောင် ဟီလာထနေတယ် … အာရုံတွေနောက်ပါ့ 😡

    • နောင် ရိုး

      September 13, 2014 at 7:02 pm

      ချဉ်ဖတ်ထင်တာ မဟုတ်ဘူး ဒေါ်ဇီ…
      တကယ်ကို…အဲ့ဟာမလေးကို အသစ်ကနေ ပြန်စ စေချင်တာ…။
      ဒီနား တစ်ဝဲလည်နေတော့ ဒင်း မေ့နိုင်မှာလား…။
      သူလဲ မလာနဲ့၊ ဒီဘက်ကလဲ သေပြီထင်ပြီး အဆက်အသွယ်တွေ မလာနဲ့…
      အေးရော့
      တစ်ရွာလုံးကို ချဉ်ဖတ်လုပ်လို့…ကျုပ်လဲ အကျိုးမရှိဘူး။ ရောင်းလဲ ကောင်းမယ့်ချဉ်ဖတ်တွေ မဟုတ်ဖူး…
      အာ့ လာပြောတာ

  • surmi

    September 12, 2014 at 6:07 pm

    ဒါမျိုးက ဒီလိုနောက်ပြောင်အပ်တဲ့ကိစ္စတော့မဟုတ်ဘူး ။ကိုယ်လည်း လူငယ်ဘဝမှာဗရုတ်ကျဖူးပေမယ့်
    ဒီလိုလူအများကို ချဉ်ဖတ်လုပ်တဲ့အထိတော့ မလုပ်ခဲ့ဘူး ။

    ဒီရွာရဲ့သဘောက ……
    ရွာသူားဆိုရင် ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ တတ်နိုင်သလောက်ကူညီဖို့ဝန်မလေးကြဘူး ။
    သာဓက တွေအများကြီးရှိပါတယ် ။
    အခုလည်း ရွာလူကြီးတချို့က ရွာဂရုနဲ့ အခြားဆိုက်ရာဂရုတွေမှာ လိုအပ်တာဆောင်ရွက်ဖို့တိုင်ပင်ပြောဆိုနေကြပြီ ။
    ရွာသဂျီးကိုတောင် သတင်ပို့ထားပုံရတယ်
    အချင်းချင်းလည်း သောက်တလွဲတွေပြောမိမှာစိုးလို့ထိန်းပေးကြတယ် ။
    ဒါပေမယ့်

    ဒါဟာနောက်ပြောင်နေတာဆိုရင် အားလုံးရဲ့စေတနာ မေတ္တာ ဂရုနာတွေကို စော်ကားလှောင်ပြောင်ရာကျပါတယ် ။
    ဒီဖြစ်ရပ်ကြောင့်
    နောက်နောင် တစုံတယောက်တကယ်အကူအညီလိုရင် ယုံဖို့ခက်သွားလိမ့်မယ်
    စေတနာတွေ ကန်းသွားလိမ့်မယ်
    ဒီရွာထဲအပျော်အပျက်နေထိုင်တာရှိပေမယ့် အခုဆိုရင် သူ့အဖွဲ့နဲ့သူ
    ပြင်ပမှာ ကောင်းရာကောင်းကျိုးဆောင်ရွက်နေတာပါ ။
    ကာယက ရှင်များ အဖြစ်မှန်ကိုရှင်းပြစေချင်ပါတယ် ။
    အခုဖြစ်ရပ်ဟာ ရွာသူားတွေကို အရူးလုပ်ပြီးထိုင်ဟားခံနေရလို့ စော်ကားရာရောက်နေပါတယ်

  • Iris

    September 12, 2014 at 6:32 pm

    ဇာတ်​လမ်​း ထဲက​ကောင်​မ​လေးရဲ့စိတ်​ကိုနားလည်​သလို ​ကောင်​း​လေးခံစားရတာကိုလည်​းနားလည်​ပါတယ်​။ ကိုယ်​့ကိုယ်​ကို အလုပ်​ရှုပ်​​နေ​အောင်​ ပြသနာ​တွေများတဲ့အလုပ်​မျိုးကို အခုတစ်​​လော နနစ်​သက်​​နေတယ်​။ စိတ်​မ​ကောင်​း စရာ က ​ကောင်​မ​လေး အရမ်​းအထီးကျန်​သွားတယ်​ထင်​တယ်​။ ​​နောင်​ရိုး ကသူ့ စပြီးမ​ခေါ်လည်​း ​ခေါ်ရမှာကို။ အပြင်​​ခေါ်ထုတ်​. ​ပေါက်​ကရာ​တွေ​လျှောက်​​ပြော..သူမကို​ရယ်​​မော​ပျော်​ရွှင်​​​စေတဲ့ လူ​တွေရှိတယ်​ဆိုတာသိ​အောင်​ပြရမှာ။ ဘယ်​​လောက်​စိတ်​မာပါတယ်​​ပြော​ပြောတခဏ​လေးအတွင်​းမှာအမှားလုပ်​မိတတ်​ကြတယ်​။ အစ်​မဆိုတစ်​​ယောက်​တည်​းမ​နေမိ​အောင်​​နေတယ်​။ ကိုယ်​့ဘာကိုယ်​တစ်​​ယောက်​ထည်​းအခန်​းငှါး​နေဘူးတယ်​။ အလုပ်​ကပင်​ပန်​းတာရယ်​ တခြားအဆင်​မ​ပြေတာ​တွေရယ်​​ပေါင်​းပြီး တိုက်​​ပေါ်ကခုန်​ချဖို့​တောင်​​တွေးခဲ့ဘူးတယ်​။ ဘယ်​သူမှ ကိုယ်​့ကိုယ်​အဲ့လို​တွေးမယ်​ထင်​မှာမဟုတ်​ဘူး။

  • ကျောက်စိမ်း တိန်ညင်

    September 12, 2014 at 6:45 pm

    ဟာ သွားပီ
    ငါ့ လခွမ်း ဘာတွေတုန်းဟ ….
    အတည်လား????
    နောက်တာလား????

    အတည်ဆိုရင်တော့ ြပြဿနာမရှိ
    နောက်တာဆိုရင်တော့ ဂွပဲ
    အမှတ်တရဆိုပီး ေရေဝေးမှာ အခေါင်းတောင် မှာပီးနေပီ

  • ဦးကျောက်ခဲ

    September 12, 2014 at 7:26 pm

    ဇာတ်လမ်းလေးကတော့ ကောင်းပါတယ်ဗျာ…
    ကျောက်စ်လူပျိုပေါက်လောက်ကကြည့်ဖူးတဲ့ အမေရိကန်ဇာတ်လမ်းတစ်ခုနဲ့ ခပ်ဆင်ဆင်…
    အရေးအသားကတော့ ပြောဘွယ်မရှိ… ယုန်ထင်ကြောင်ထင်ဖြစ်အောင်ရေးသွားလို့…
    ဂွဇက်ထဲမှာ အခုပဲ ကူငွေစုရမလိုလို ၊ နောက်ဆုံးခရီးပဲလိုက်ပို့ရမလိုလို…
    မေးပါရစေဗျာ… အပျော်တစ်ခုအတွက် အခုလို တကယ်ဖြစ်လေဟန် ရေးသင့်မရေးသင့်ဆိုတာနဲ့…
    သက်ဆိုင်သူတွေ ဘယ်လိုအနေအထားကိုရောက်ကုန်တယ်ဆိုတာရော စဉ်းစားမိပါသလား…လို့
    🙁

    • နောင် ရိုး

      September 13, 2014 at 7:07 pm

      အပျော်တစ်ခုအတွက်ဆိုတဲ့စကားကတော့ စိတ်ထိခယှက်လှတယ်…ဦးကျောက်ခဲရယ်…
      လူငယ်စိတ်နဲ့..မစဉ်းစားဘဲ အလျင်လိုမိတာ ဝန်ခံပါရဲ့…
      တစ်ဘက်က ဒီတိုင်းငြိမ်နေရင်…နောက်ထပ် မိန်းတွေ များလာမှာစိုးလို့…ရွာ့လူကြီးများ..သတိထားမိအောင် မောင်းထုမိဘာတယ်…
      တောင်းပန်စာလေးဖတ်ပေးဘာ့အူး….
      မှားတာများရှိရင်လဲ…ထပ်တောင်းပန်ပါဦးမယ် ခင်ဗျာ…

  • မွသဲ ( 17082011 )

    September 12, 2014 at 8:04 pm

    မစားရတဲ့အမဲသဲနဲ့ပက်တာထင့်။ သတင်းကြားကတဲကတော့ သဲနဲ့ပက်တယ်တော့ထင်မိသား။ သူ့ဟာသူဘယ်သူ့ရွေးရွေးပေါ့။ ဒီလောက်ထိတော့မရေးသင့်ဘူးထင်တာပဲ။

    • နောင် ရိုး

      September 13, 2014 at 7:08 pm

      ဘယ်သူက အမဲ ဘယ်သူက သဲလဲ ဆိုတာ မွသဲ ကောင်းကောင်းမသိသေးဘာဘူး…

  • သုဘရာဇာ သံချောင်း

    September 12, 2014 at 8:22 pm

    အဟမ်းးးးး
    သံချောင်းရောက်ပါပြီခင်ဗျ
    ဘယ်လိုအခေါင်းနဲ့ ထည့်ချင်ပါသလဲ
    မြေမြှုတ်မှာလား
    မီးသင်းဂြိုမှာလား
    မိတ်ကပ်ကော လူးမှာလား
    ခဏနေရင် သံချောင်းမသာဝန်ဆောင်မှုလုပ်ငန်းက
    ဈေးနှုံးလေးတွေ တင်ပေးပါမယ်
    ရပ်နီးရပ်ဝေး မိတ်ဟောင်းမိတ်သစ်များကို ကြိုဆိုပါတယ်ခင်ဗျ :mrgreen:

    • နောင် ရိုး

      September 13, 2014 at 7:13 pm

      မနေနိုင်မထိုင်နိုင်…ဒီထဲ ကျုပ်အပြစ်လာပြောတဲ့..တကယ်မသာဖြစ်သင့်တဲ့ ဟိုဟာမလေး ပြောဖူးတာ ရှိတယ်ခင်ည..
      သူသေရင် လေထုညစ်ညမ်းမှာစိုးလို့…မီးသင်းဂြိုဟ်တာမလုပ်ဘူး။ ပိုးကောင်တွေ အစာဝ အောင် အခေါင်းတောင် မသွင်းဘဲ ဒီတိုင်း မြေချပြီး အပေါ်က ဂူလုပ်မယ်ဆိုတာ..
      ဒီတော့ တကယ်ဖြစ်ရင်တောင် ခင်ဗျား အခေါင်း မရောင်းရဘူးမှတ်ပါ…။
      ခင်ညားထမ်းလာတဲ့ အခေါင်းလဲ လေးနေပါ့မယ်…။ ခင်ညားပဲ ဝင်နေလိုက်ပါတော့လား…။
      ခင်ညာ့ တစ်ယောက်မရှိရင်ပဲ လူတွေ စိတ်ဒုက္ခရောက်ရ သက်သာတာပေ့ါ…
      အိုက်အခေါင်းဖိုး ၁ဝ ဆ ကျုပ်ပေးပါ့မယ်..

  • alinsett

    September 13, 2014 at 12:37 am

    ဘိုဂျီးဒုန်း..

    ခံစားတဲ့သူတွေက အပီခံစာေးနကြပြီးမှ…
    ကတောက်စ်

  • မြစာကလေး (23122011)

    September 13, 2014 at 5:22 am

    ကွကိုယ်မှန်ထဲကြည့်ပြီး လုပ်ကြံ ရင် ဘယ်နည်းက ကောင်းသလဲ ဆိုတာ အကြံယူမလား နောင်ရိုး။
    😉

    ဒီလောက် ညံ့တဲ့ ဇာတ်သိမ်း မျိုး နဲ့ အဆုံးသတ် ရလောက်အောင် တုံးရသလား ကွဲ့။
    တကယ်ဆို ဒါထက်ပိုပြီး ပိရိ တဲ့ နည်း သုံးသင့်တယ် ကလေးတို့။
    ဇာတ်လမ်း ထဲမှာ အသီးကွဲသမား လေသံ ပေါက်အောင် မရေးနိုင် ကထဲ က အင် ဇာတ်ကြီး မှန်း သိပြီးသား။

    စိတ်မရှိကြပါနဲ့ ရွာ့ပိတ်သတ်ကြီး များရယ်။
    ရွာထဲ တိတ်နေလို့ ဇာတ်လမ်းဆင်ပေးရတာ နေမှာပါ။
    .ခွေးလွှတ်လိုက်ကြပါ။
    တစ်ခါတစ်လေ မင်းသား ဆိုတာလဲ လူကြမ်းဖြစ်ချင်စိတ်ပေါက်တတ်ပါတယ်။
    ဒီတော့ ဝင်းဦး ရဲ့ ဆောင်းအိမ်မက် လိုမျိုး ပွါးလိုက်တော့ ဟန်ကိုကျလို့။

    ဟိ …. နာကွ … :-)) (စီဒီ – ကြောင်ကြောင်)
    ရမ်းတီး ကဝိ
    .မြစပဲရိုး

    • မွသဲ ( 17082011 )

      September 13, 2014 at 8:16 am

      သူကမင်းသားဖြစ်ချင်ပြီး တခြားတယောက်ကို ဗီလိမ်ဖြစ်စေချင်လို့ဆင်လိုက်တဲ့ဇာတ်မယ် သူကိုယ်တိုင်ပဲ လူဆိုးဖြစ်သွားရတာပေါ့ အရီးရယ်။ မြို့မတ္တာခံယူဖို့ဇမ်းတင်လိုက်တာမယ် အရှက်ဗျန်းဗျန်းကွဲဆိုတာမိုး

      • နောင် ရိုး

        September 13, 2014 at 7:16 pm

        ကိုယ့်လူကိုယ်လဲ အကြောင်းလေးများ မေးကြည့်မြန်းကြည့်ပြီးမှ ကြည့်ကာကြပါ အရပ်ကတို့…
        ရှေ့က ဖုံးသမျှ ကုန်းကာမှ ပေါ်နေမယ်…အဟက်

  • Crystalline

    September 13, 2014 at 6:37 am

    တောက်ခ်… ဒီလိုအဆင့်အတန်း အရည်ချင်းရှိဆိုသူတွေရဲ့ ငါးမူးကွက်နဲ့ လုပ်ကြံခံရတာ နာသကွာ :evill: နာ့မလည်း အခုတလော မတန်မရာ ကုန်ရတာ၂ခါရှိပြီ..

    • ဗုံဗုံ

      September 13, 2014 at 7:51 am

      စိတ်ပျက်ပါ့… ကိုယ်တွေအဟုတ်မှတ်လို့.. ဟိုမေးရ ဒီမေးရနဲ့…
      ဘာကို လိုချင်လို့ ဒီလိုလုပ်မှန်း.. နားကိုမလည်ဘူး…….

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 8:37 am

    ဗျာ !
    မသာပေါ်တာမဟုတ်တော့ဘူးပေါ့
    သွားပါပြီဗျာ ကျုပ်မှာဖြင့် အခေါင်းမှာစာတောင်ရေးပြီးပြီ 🙁

    မထူးပါဘူးဗျာ အားနာတတ်ရင် တကယ်သာသေလိုက်ပါတော့

    နောက်နောင် လိုအပ်ရင်ဆက်သွယ်နော် စပါယ်ရှယ် အသုဘဖြစ်စေရမယ်

    • နောင် ရိုး

      September 13, 2014 at 7:17 pm

      အေးဗျာ…တကယ်သေရင်ဖြင့် ခင်ဗျားပျော်မှာစိုးလို့ … မသေသေးဘူးဗျ..သိလား..
      အခေါင်းမှာစာ ရေးလဲ…နာမည်အရင်းသိတယ် မှတ်လား…၊ စာလုံးပေါင်းမမှားစေနဲ့နော်…
      အဟက်

  • Myo Thant

    September 13, 2014 at 8:59 am

    သက်ဆိုင်သူသို့

    ခပ်ရိုင်းရိုင်းမရေးချင်ဘူး ၊ ရွာထဲက ရင်းနှီးသူအချင်းချင်း

    မေးလ်ထဲကရော ချက်စ်ဘောက်ကပါ မေးရ မြန်းရ စုံစမ်းရ

    ကျုပ် ဓမ္မာရုံလမ်းထဲတောင်ရောက်တယ် ၊ အိမ်ကို သေချာ မသိလို့ ၊

    ဘာပဲဖြစ်ဖြစ် အဲသလို လုပ်လိုက်ရလို့ ကျေနပ်တယ်ဆိုရင်လည်း ရှိစေတော့ ၊

    စိတ်ပူပန်မှုက ဆင်ခြင်နိူင်စွမ်းကို လွှမ်းမိုးသွားခဲ့တာကိုး ၊

    ဒါပေမယ့် နောင်တစ်ချိန် ( ဥပမာ ကျုပ် သေတယ်ဆိုရင်တောင် ယုံကြပါတော့မလား )

    စေတနာ နဲ့ ခင်မင်မှုကို အစော်ကားခံရတယ်လို့ သတ်မှတ်ရင်း . . . . . . . .

  • sorrow

    September 13, 2014 at 12:37 pm

    ….ဆေးဝင်ထိုးတာတော့မဟုတ်ဘူးခင်ဗျ ..ကျော် စော်ကားခံခဲ့ရတဲ့အကြောင်းပြောပြချင်လို့ရယ် .. ….မနေ့ညက ကျော်ထပ်ဆက်ပါသေးတယ် ။ …သူ့ညီမဖုန်းလာကိုင်တယ်ခင်ဗျ ။.ဖုန်းခေါ်တုန်းက …ကြားခဲ့တဲ့ .အဟိဟိ ဆိုတာကိုလဲ ….ကွန်ဖမ်းရင်းနဲ့ ..ကျော် CEO ကြီးကို သတင်းပို့တဲ့လေသံနဲ့ …..နာရေးသေချာသလားမသေချာသလား မေးတာရယ်ပါ ။ အဲ့မှာ ကျော့်ကို သူတို ့ …တစုံတယောက်ကို …ပုဂ္ဂိုလ်ရေး မကျေမနပ်ချက်တွေကိုပဲ ကျော်ကပါ..တစ်ရွာလုံးကပါ.. အလိုတူအလိုပါဆိုပြီး …ကတ်ကတ်လန် ..သွားတယ်ခင်ဗျ ။…သတင်းကအမှန်ပါဆိုပြီး နောင်ရိုးပို့စ်ကိုပဲ reference …လုပ်တယ်ခင်ဗျ ။ …တကယ်သာဆိုရင် နာကျင်ကြေကွဲနေမယ်ဆိုတာနားလည်ပါတယ်ခင်ဗျ ..ကျော်တို့က …နာရေးဟုတ်မဟုတ် သတင်းမေးကြောင်း …ရန်လုပ်ခံရမယ် …မမျှော်လင့်ကြောင်း… ကျော်ကလဲ ..ကျော်တို့ရွာနဲ့ ..ပတ်သတ်တဲ့အကြောင်းလေးပြောရင်း ..ရွာလူကြီးတွေ …စိတ်ပူနေတဲ့အကြောင်းနဲ့ .ရွာကလူတွေက မောင်နှမလို …အမှန်အကန်သဘောထားကြောင်း…..တကယ်သာဆိုရင် …ကူညီဖို့ ပြင်ဆင်နေတဲ့အကြောင်းလေးပါပြောလိုက်တယ်ခင်ဗျ ။ အဲ့မှာ ပုဂ္ဂိုလ်ရေး …မကျေမနပ်ချက်တွေကိုပဲ …ထပ် ကတ်ကတ်လန် ပြီးသကာလ ဖုန်းကိ ုဂွပ်ကနဲချလို်က်တယ်ခင်ဗျ ။
    .. ကျော်အနေအထိုင်မတတ်ခဲ့ဘူးလို့ပဲသဘောထားပြီး .ကျော်ကတော့ ခွင့်လွှတ်ပါတယ် ။

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 12:54 pm

      ဒါဆို ဖုန်းနံပါတ်လေး မ,စ ပါဗျာ
      ကျနေည် အခေါင်းသွားရောင်းချင်လို့ပါ

      ဘယ့်နှယ်ဗျာ
      သမီးရီးစားဆိုတာ ကောင်မလေးက လက်ခံမှဖြစ်တာရယ်
      လူတွင်ပါလို့နွားကျားကိုက်တာ ရွာအပြစ်လားဗျာ

      ဒီကနေပြောလိုက်စမ်းပါမယ်
      ရွာကလူတွေကို ကက်ကက်လန်ချင်ရင် ရွာထဲလာလန်ပါ
      သံချောင်းတို့က အခေါင်းထမ်းပြးီစောင့်နေတယ် လို့

      • sorrow

        September 13, 2014 at 1:28 pm

        ..အစ်ကိုရေ ..ကံကောင်းလို့ …မဟုတ်ရင် နောက်နည်းနည်းဆို .. ကျော် အစ်ကို့ဖောက်သည်ဖြစ်မှာ ..စော်ကားခံရလို့ …ရှက်တာနဲ့သေမှာပဲ…

        • သုဘရာဇာ သံချောင်း

          September 13, 2014 at 1:37 pm

          ရာဇဝင်ရှိဖူးတယ်ဗျ
          ဒီလိုအရူးကွက်တွေနဲ့ ပြားခြောက်ဆယ်လုပ်တာ
          ကျုပ်ပြန်လှန်ပြမယ် ခဏစောင့်ဗျာ

        • သုဘရာဇာ သံချောင်း

          September 13, 2014 at 2:19 pm

          http://myanmargazette.net/108109
          သွားဖတ်ကြည့်ဗျာ
          ရွာဝင်စ မှာက ဖွပြီး ဝင်လာတာ
          ကက်ကက်လန်တာဘာဆန်းလဲ

        • မြစာကလေး (23122011)

          September 13, 2014 at 2:54 pm

          အခုဟာက ကောင်းကင်ပြာ နဲ့ တိုက်ရိုက် ဆိုင်ဘူး ထင်တာဘဲ။
          သေတာ အမှန်မဟုတ်ရင် ဝမ်းသာရမှာမို့ ထားလိုက်ကြပါစို့။ :-))

        • နောင် ရိုး

          September 13, 2014 at 8:07 pm

          ဒါနဲ့…
          ရွာသားသစ်လေး..ဟိုသုဘရာဇာက
          တယ်အလှန် ကျွမ်းတာပဲကိုးးးးးးး

    • Myo Thant

      September 13, 2014 at 3:08 pm

      အဲဒီကလေးမနဲ့ စဆက်မိတာ ဒါဇင်ပလပ်စ်ကိစ္စနဲ့ ၊

      အဲဒီတုန်းက ကိုမတ်တို့နဲ့ပဲ အိုင်တီမှာ တွေ့လိုက်ရတယ် ၊ သူ မပါဘူး ၊

      နောက်တော့ အပြင်မှာ ( လှည်တန်း YKKO မှာ ) ၂ ခါဆုံဘူးတယ် ၊

      သူ့အလုပ်အကြောင်း အိမ်အကြောင်း ဒီလောက်ပါပဲ ၊

      ခုဟာက ကြားလူက ရေးသလိုဆိုတော့ ကိုယ်တွေပါ မျက်စိလည် ၊

      ကောမန့်တွေ မနည်းမနောတက်လာတာဟာ ရွာကလူတွေ

      ဘယ်သူဘာဖြစ်ဖြစ် စိတ်ဝင်တစား ပူပန်တွေးတောကြတာ အမြင်သာကြီးပါ ၊

      ဒါက ဟားစရာဆိုရင်တော့လည်း . . . . .

    • နောင် ရိုး

      September 13, 2014 at 8:05 pm

      အေးပါဗျ… အေးပါ..
      အိုက်ဒါ ကျော်တိုက်ထားတဲ့ မှိုင်းတွေပဲ…
      သိပ်တောင် မှိုင်းတိုက်စရာမလို…၊ ဟိုလူ့ဖဘလေး တစ်ချက်ဖွင့်ပြလိုက်ရုံနဲ့..အိုက်ဟာမလေး ဆွေ့ဆွေ့ခုန်ပါသဒဲ့…

  • ခပ်ရိုင်းရိုင်းတွေးကြည့် တော့ ဒီဇာတ်လမ်း မှာ လူအတော်မျာမျးားဖတ်ဖတ်မော သွားတယ်

    ဟိုစကားပုံနဲ့ ဘဲ နိူင်းလိုက်ချင်ပါတယ် ကောင်းတော့ ဘာ ညောင်း တော့ ဘာ ဆို လား ဘဲ

  • မွသဲ ( 17082011 )

    September 13, 2014 at 1:20 pm

    ပြောလ်ုက်ရမကောင်းရှိတော့မယ်။

  • မြစာကလေး (23122011)

    September 13, 2014 at 1:50 pm

    သများတော့ ဘာမှ ပြောချင်တော့ဝူး။
    ရီချင်နေတာဘဲ ပိတ်သတ်ကြီးရယ်။
    ဟို သူကြီးပြာ မိန့်ခဲ့ဘူး သလို
    virtual world ကြီး ကို အပြင် လောက နဲ့ သိပ်ပြီး serious ထားပြီး မဆက်ချင်ကြပါနဲ့။
    ခင်မင်တာလဲ ခင်မင်တာပေါ့။
    ဇာတ်လမ်းတိုင်း ကိုလဲ အမှန် ထင်ပြီး ဘာသာမပြန်ကြပါနဲ့ လို့ သများ ကဘဲ အဲဒီ ဂျိုထောင် မှင်စာ လေး ကိုယ်စား တောင်းပန်ပါတယ်။
    ဇာတ်ပို့ တွေ ကိုယ်စားလဲ တောင်းပန်ပါတယ်။
    virtual world ထဲ မယ် စိတ်ညစ်စရာတွေ ချန်ပြီး ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေကြရအောင်ပါ။
    :-)))

  • ဇီဇီ ခင်ဇော် (15102012)

    September 13, 2014 at 2:52 pm

    ဟို ကလေးးမ က မသိဘူးး ပြော လိုက် ရင်
    အမုန်းးး တွေ အကုန် နင် ပဲ ရ မှာ သောက်ကောင်ရဲ့
    အဆဲကို ခံချင်နေတာ။
    🙁

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 3:23 pm

      ငြင်းလို့ဘယ်ရမလဲဗျ
      ငြိမ်နေရင် သဘောတူလို့လေဗျာ
      အခုငြိမ်နေတယ်
      သဘောတူလို့ပေါ့

      တရားရုံးမှာမုဒိန်းမှုဖြစ်ရင် မေးတယ်
      မရုန်းဘူးလား မခုခံဘူးလား
      မအော်ဘူးလား လို့
      ဒီနေရာမှာရှက်လို့ဘဲဖြစ့်ဖစ်ငြိမ်နေရင်တော့ တဖက်ရှေ့နေက အကွက်ရပြီ
      ကောင်မလေးငြိမ်နေတယ် သဘောတူလို့ေ ဒါမိုးဒါမိုး

      • Kaung Kin Pyar

        September 13, 2014 at 4:08 pm

        ဘယ်အချိန်တုန်းကတည်းကများ….မကျေမနပ် ဖြစ်နေခဲ့တယ် မသိ….
        စိတ်ပိန်ပါ့…

        • သုဘရာဇာ သံချောင်း

          September 13, 2014 at 4:17 pm

          နေကောင်းအောင်နေပါ
          မကျေနပ်လို့မဟုတ်ဘူး
          ဖြစ်စဉ်သဘောကိုပြောတာ

    • sorrow

      September 13, 2014 at 3:26 pm

      တကယ်လဲ မသိပါဘူးတဲ့မမရယ်… သွားလေသူ ဖုန်းဆက်လာတယ် ။ အဟီးဟီး

      • Kaung Kin Pyar

        September 13, 2014 at 3:53 pm

        ဒီပိုစ့်တစ်ပုဒ်ဖတ်ပြီး အမောဆို့သွားတယ်….
        ရွာထဲ ပိုစ့်တင်ထားပါရဲ့
        အားပေးလိုက်ကြပါဦးကွယ်ရို့…………

      • နောင် ရိုး

        September 13, 2014 at 7:20 pm

        အေးဗျ…
        ကျုပ်ဇာတ်ကျုပ် နိုင်အောင် က မယ် ပြောခဲ့တာ..
        အိုက်ဒိဟာမလေးက မနေနိုင်မထိုင်နိုင် ဖုန်းသွားဆက်ရတယ်လို့…

  • ကျောက်စိမ်း တိန်ညင်

    September 13, 2014 at 3:39 pm

    ဇာတ်လမ်းချုပ်သော် …..

    မင်းသားလုပ်ချင်သူက ဗီလိန်ဖြစ်
    တကယ့် ဗီလိန်က ဒူးကလေးကို နံ့လို့ အေးချေးရယ်
    အဲ မင်းသမီးကတော့ …မျက်လုံးလေး ကလယ် ကလယ်ပေါ့ ….

    ဆိုတော့ကာ …
    ဗျူဟာမပိုင်တော့ စစ်မနိူင်တော့ဘူး ကွယ်ရို့

    • မြစာကလေး (23122011)

      September 13, 2014 at 3:46 pm

      ရွာထဲ တစ်ခုခုဆို ခေါင်းဝင်ဝင်ခံတတ် တဲ့ ရဲစည် ဘယ်ပျောက်နေတုန်း။
      ဒီမှာ လာပြီး နောင်ရိုး ဆိုတာ ကျော်ပါ။ပြောလေ။
      :-)))

      • သုဘရာဇာ သံချောင်း

        September 13, 2014 at 3:55 pm

        ဘယ်ပြောလို့ဖြစ်မလဲအန်တီစာကလေးရဲ့
        အင်းစိန်အုတ်စက်ရုံက အုတ်ခဲတွေစုသွားမှာပေါ့
        ကျုပ်ပခုံးပေါ်က အခေါင်းကြီးရန်ကလည်းရှိသေးတယ်လေ :mrgreen:

  • ကြယ် တာယာ

    September 13, 2014 at 4:28 pm

    တိုင်တစ်ချောင်းနဲ့တူတစ်ချောင်းလက်ဆောင်ပေးချင်သီ

  • Iris

    September 13, 2014 at 7:43 pm

    ​သေ​သေချာချာပြန်​ဖတ်​တယ်​။​နောင်​ရိုးမမှားပါဘူး။ ကိုယ်​တန်​ဖိုးထားတဲ့မိန်​းက​လေး​ကြေကွဲ​တော့​တော်​​တော်​ခံစားရတယ်​။ တတိယလူကိုနာမည်​လည်​းတပ်​မထားလို့ဘယ်​သူမှန်​းလည်​းမသိပါဘူး။ ​ရွာကိုလှည်​့စားတယ်​လို့မယူဆပါဘူး။ ကိုယ်​့ခံစားချက်​​တွေဒီလိုပဲရင်​ဖွင်​့​နေကြတာပဲ​လေ။ ဝိုင်​း​ဆွမ်​းကြီး​လောင်​းကြတာကြည်​့မ​ကောင်​းဘူး။

  • နောင် ရိုး

    September 13, 2014 at 7:48 pm

    ကျော် တောင်းပန်စာလဲ ရေးတင်ထားတယ်ခင်ဗျ….
    အားပေးသွားပါအူးးး

Comments are closed.