jew1ရန်ကုန်မြို့လယ် ၂၆လမ်း မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းထောင့် သိမ်းကြီးဈေးအနီးမှားရှိတဲ့ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်းကို ၁၈၅၄ခုနှစ်က မြန်မာပြည်က ဂျူးဘာသာဝင် လူတစ်စုကနေပြီး သစ်သားကျောင်းလေးကနေ စတင်တည်ဆောက်ခဲ့ပါတယ်။စတင်တည်ထောင်ခဲ့စဉ်ကတော့ တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခဲ့တာမဟုတ်ဘဲ။အစုအဖွဲ့နဲ့အားလုံးစုပေါင်းပြီးတော့ တည်ဆောက်ခဲ့တာပါ။အခုလက်ရှိအဆောက်ဦကတော့ ၁၈၉၃ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး ၁၈၉၆ ခုနှစ်မှာပြီးဆုံးသွားခဲ့ပါတယ်။အဆိုပါ Musmeah Yeshua Synagogue ဂျူးဘုရား ကျောင်းကို ရန်ကုန်မြို့ဒေသခံတွေတောင် ရှိမှန်းသိပ်မသိခဲ့ပေမယ့် အခုဆို နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်တွေကတော့ သိရှိပြီးဝင်ရောက်လေ့လာနေခဲ့ကြတာ အတော်လေးကြာခဲ့ပါပြီ။ဒီလို အထင်က ဘုရားကျောင်းကို အများပြည်သူတွေသိရှိအောင် ထိန်းသိမ်းပြုပြင်ခဲ့သူတွေကတော့ မစ္စတာ ဆမ်မီဆမ်မျူရယ်တို့ မိသားစုမျိုးဆက်တွေ ပါ။

အရှေတောင်အာရှက မြန်မာနိုင်ငံမှာ ဂျူးလူမျိုးတွေဟာ ၁၉ရာစုနှစ်ကတည်း ရောက်ရှိခဲ့တာပါ။ လူဦးရေနည်းပါးသော်လည်း သူတို့ရဲ့ စုစည်းမှု၊စည်းလုံးမှု အင်အား တွေကတော့လေးစားစရာပါ။ မြန်မာပြည်ကို ရောက်ရှိလာတဲ့ ဂျူးလူမျိုးတွေရဲ့စုစည်း တည်ထောင်ခဲ့မှုတွေနဲ့ နေရာဒေသပြောင်းရွေ့ခဲ့ရပုံကို Myanmar Shalom ခရီးသွား ၀င်ဆောင်မှုလုပ်ငန်ရဲ့ MD ဖြစ်တဲ့ မစ္စတာ ဆမ်မီ ဆမ်မျူယယ်က အခုလိုပြောပြခဲ့ပါတယ်။
“အရင်တုန်းကကတော့ မြန်မာပြည်မှာ ဂျူးလူမျိုး ၂၀၀၀ကျော်ရှိခဲ့တယ်။အများစုကတော့ အီရန်တို့၊အီရတ်ဘက်ကလာတဲ့လူတွေပါ။ တဖြည်းဖြည်းလူဦးရေများလာတော့ စုစည်းမှုအင်အားစည်းလုံးမှုတွေနဲ့ဂျူးသင်းချိုင်းတို့၊ဂျူးဘာသာစာသင်ကျောင်းတို့ကိုတည်ထောင်ဖြစ်ခဲ့ပါတယ်။အဲဒီလို နဲ့၁၉၁၀ခုနှစ်မှာ ရန်ကုန်မြို့ရဲ့ မြို့တော်ဝင်ကိုယ် တိုင် ဂျူးလူမျိုးဖြစ်ခဲ့တယ်။မဟာဗန္ဓူလလမ်းမှာဆို ဂျူးတွေပိုင်တဲ့ စားသောက်ဆိုင်တွေ၊ရှေ့နေရုံး စသဖြင့် များများလာခဲ့တယ်။ ဒါပေမဲ့ ၁၉၄၅ ခုနှစ် ဂျပန်တွေမြန်မာပြည်ဝင်ရောက်ခဲ့တဲ့ အချိန်မှာတော့ ဂျူးလူမျိုးတွေက ဗြိတိလျအစိုးရနဲ့ သင့်မြတ်တယ်၊တည့်တယ်ဆိုတာသိတော့ ဂျူဘုရားကျောင်းလည်း ပိတ်ခဲ့ရတယ်။အဲဒီမှာ ဂျူးလူမျိုးတွေက စိုးရိမ်စိတ်တွေရှိလာပြီး အိန္ဒိယကနေ တစ်ဆင့် အမေရိကားတို့၊သြစတေးလျတို့ ကိုပြောင်းရွေ့ခဲ့တယ်။”

ဘယ်နိုင်ငံမှာမဆို လူဦးရေ အင်အားနည်းတဲ့ ဘာသာဝင်တွေအတွက် သူတို့ယုံကြည်ရာဘာသာတရားကိုလုပ်ဆောင်ဖို့အတွက် က အခက်ခဲဖြစ်စေခဲ့မှာအမှန်ပါပဲ။အခုလက်ရှိအခြေအနေမှာ မြန်မာတစ်နိုင်ငံလုံးပေါင်းမှ ဆယ်ကဏာန်းသာသာရှိတဲ့ ဂျူးလူမျိုး ဘာသာဝင်တွေ အတွက်က တော့သူတို့ ယုံကြည်ရာကို လုပ်ဆောင်ဖို့အတွက် ပိုပြီးတော့ ခက်ခဲ့စေမှာအမှန်ပါ။သို့သော်လည်း တစ်ယောက်ပဲကျန်ကျန် ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် ဆောင်ရွက်ပေးနေသူ မစ္စတာ ဆမ်မီ ဆမ်မျူရယ်ကတော့ အခုလိုပြောပြခဲ့ပါတယ်။

“အခက်ခဲကတော့ ဘယ်ဘာသာ၊ဘယ်လူမျိုးမဆို လူဦးရေနည်းတဲ့အခါ မှာအခက်ခဲရှိတတ်ပါတယ်။ဘာသာရေးပွဲတော်တွေလုပ်တဲ့အခါမှာ လူဦးရေနည်းတော့တော်တော်လေး ကိုခက်ခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အခုဒီဘုရားကျောင်းကို စောင့်ရှောက်ဖို့အတွက်ကတော့ ကျွန်တော်တို့ မိသားစုကနေပြီးတော့ အကုန်စိုက်ထုတ်ပေးနေရတော့ အဲဒီဘက်အပိုင်းမှတော့ အခက်ခဲမရှိခဲ့ပါဘူး။”

ဂျပန်ခေတ် မှာ အခက်ခဲတွေရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်း မြန်မာအစိုးရတွေနဲ့ မြန်မာပြည်က ဂျူးလူမျိုးတွေအတွက် သိပ်အခက်ခဲမရှိခဲ့ပါဘူး။သို့သော် ဂျပန်ခေတ် စနစ်ကြောင့် ပြည်တွင်းက ဂျူးဘာသာဝင်တွေ တိုင်းတပါးကိုပြောင်းရွေ့ခဲ့ရတာကလွဲလို့ မြန်မာ ၊အစ္စရေး(ဂျူး)ဆက်ဆံရေးအကြောင်းကို လည်း မစ္စတာ ဆမ်မီက အခုလိုဆက်လက်ရှင်းပြခဲ့ပါတယ်။

“မြန်မာအစိုးရလက်ထက်တစ်လျောက်တော့ ဂျူးဘုရားကျောင်းပိတ်ဖို့အတွက် ဖိအားပေးတာမျိုးအခက်ခဲ့မရှိခဲ့ပါ ဘူး။ မြန်မာအစိုးရနဲ့ ဂျူးလူမျိုးတွေလည်းသင့်မြတ်ခဲ့ပါတယ်။ သမိုင်းကြောင်းပြောရမယ်ဆိုရင်  အစ္စရေးနဲ့ မြန်မာနိုင်ငံက လွတ်လပ်ရေးကိုလပိုင်းပဲခြားပြီး ၊ တစ်နှစ်ထဲမှာအတူတူရရှိခဲ့တာပါ။ဗြိတိသျှအစိုးရလက်အောက် ကနေပေါ့။အစ္စရေးနိုင်ငံ ၀န်ကြီးချူပ်နဲ့ မြန်မာဝန်ကြီးချူပ် ဦးနုနဲ့ ပုဂ္ဂိုလ်ရေးအရလည်းအရမ်းကို ရင်းနှီးခဲ့တယ်။ အစ္စရေးနိုင်ငံ လွတ်လပ်ရေးရပြီးခါစ မှာ မြန်မာပြည်က ၀န်ကြီးချုပ်အနေနဲ့ ဦးနုက ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်သွားရောက်လည်ပတ်ခဲ့တာပါ။နောက် အစ္စရေးနိုင်ငံက ၀န်ကြီးချုပ်တွေလည်းမြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့ကြပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း ဆက်ဆံရေး ကကောင်းနေတဲ့အတွက် ကတစ်ကြောင်း ကျွန်တော်တို့ကလည်း မြန်မာပြည်မှာအရမ်းကို လူနည်းစု ဖြစ်နေတဲ့အတွက် မြန်မာအစိုးရအဆက်ဆက်နဲ့ ပြဿနာဖြစ်ခဲ့တာတို့ဘာတို့မရှိခဲ့ပါဘူး။ဘုရားကျောင်း ပိတ်ခဲ့ရတာတွေရှိလဲမရှိခဲ့ပါဘူး။”

1ရှေးဟောင်ဗိသုကာလက်ရာတွေ မပြောင်းလဲ၊မပျက်ဆီးပဲ အခုထိခန့်နားထည်ဝါစွာတည်ရှိနေတဲ့ ဂျူးဘုရားကျောင်း ကို ဆက်လက်တည်တံ့အောင်ထိန်းသိမ်းခဲ့သူ တွေကတော့ မစ္စတာဆမ်မီရဲ့ ဖခင် မစ္စတာမော့ဆက် အထိပါ။ယနေ့အထိ မစ္စတာမော့ဆက် ကဘုရားကျောင်း ကိစ္စတွေကို လုပ်ဆောင်နေတာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။အဘိုးမှအဖေ အခုသားအထိမျိုးရိုးစဉ်ဆက် ထိန်းသိမ်းခဲ့သူတွေလို့ ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ဘုရားကျောင်းအခုထိတည်တံနေပုံအကြောင်းကိုတော့…မစ္စတာ ဆမ်မီက အခုလို ရှင်းပြပေးခဲ့ပါတယ်။

“အဓိကဒီဘုရားကျောင်အခုချိန်အထိတည်တံနေတာကတော့ ကျွန်တော့်အဖေကြောင့်လို့ပဲပြောရမှာ။ ကျနော်ကတော့ အလုပ်ကိစ္စနဲ့ အမေရိကကို သွားလိုက်လာလိုက်နဲ့ဆိုတော့။အဖေပဲထိန်းသိမ်း ခဲ့ရတာပါ။သူထိန်းသိမ်းခဲ့ရတာတဲ့ သက်တမ်းက အခုဆိုရင် ၃၅နှစ်ကျော်နေပါပြီ။ အခုဘုရားကျောင်းရဲ့ သက်တမ်းကလည်း နှစ်၁၀၀ကျော်နေပြီ။အခြားနိုင်ငံတွေကဘုရားကျောင်းကို သွားကြည့်ရင် အံသြသွားလိမ့်မယ်။ ပျက်စီး ယိုယွင်းနေတာတွေကို တွေ့ရလိမ့်မယ်။ကျွန်တော်တို့ ဒီဘုရားကျောင်းကျတော့ နှစ်စဉ်နှစ်တိုင်း ပြုပြင်နေတော့ အသစ်အတိုင်းကို ဖြစ်နေတာ၊ ဘုရားကျောင်းထဲကို ရောက်လာတဲ့ ဧည်သည်တိုင်းက ချီးမွမ်းကြတယ်။ဒါကတော့ ကျွန်တော်တို့ရဲ့ ဇွဲနဲ့ ကြိုးစားမှုတွေကြောင့်ပါ။

 

၂၀၀၇ခုနှစ်လောက်မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အဖွဲစည်းတစ်ဖွဲ့ဖြစ်တဲ့ US -ASEAN  Business Council ဆိုတဲ့အဖွဲ့အစည်းကထောက်ပံမှုပေးခဲ့ပါတယ်။အဆိုပါအဖွဲ့အစည်းက ဂျူးအဖွဲ့စည်းလည်းမဟုတ်ပါဘူး။သူက အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးကို ထောက်ပံပေးနေတဲ့အဖွဲ့အစည်းပါ။အဆိုပါအဖွဲ့ လူကြီးတစ်ယောက် က ဘုရားကျောင်းကို ကြည့်ပြီးအရမ်းစိတ်ဝင်စားသွားမိပြီးနောက် ဘုရားကျောင်းက သမိုင်းဝင်ဖြစ်နေပြီဖြစ်တဲ့အတွက် ဒါကို ထိန်းသိမ်းစောင့်လျောက် ရမယ်ဆိုပြီးတော့ ၂၀၀၇ ကနေပြီး ၂၀၁၃ အထိထောက်ပံခဲ့တယ်။အဲဒီနောက်ပိုင်းမှာတာ့   မြန်မာ Shalom ဆက်လက်ထောက်ပံပေးခဲ့ပါတယ်။ လုပ်ဆောင်ပေး မှုတွေကိုက ကျောင်းရဲ့ လိုအပ်ချက်အကုန်ပါ။ ဥပမာ ဆေးသုတ်တာတို့ ၊အခြားပြုပြင်စရာရှိတာတွေ တစ်လတစ်ခါဖြစ်ဖြစ် ။တစ်နှစ်တခါဖြစ်ဖြစ်အမြဲတမ်း ပြုပြင်ထိန်းသိမ်းစောင့်လျောက်ပေးခဲ့တာဖြစ်ပါတယ်။

10602072_796057220425690_1609094202_oမြန်မာပြည်မှာ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားနေတဲ့နေရာအဆင့် ၅လောက်ရှိနေတဲ့နေရာ က  ဂျူးဘုရားကျောင်းဆိုရင်လူတိုင်း အံသြမိမှာအမှန်ပါ။ ဘာကြောင့် အခုထိ ကမ္ဘာလှည့် ခရီးသည်တွေ ဂျူးဘုရားကျောင်းကို စိတ်ဝင်တစားလာရောက်လေ့လာနေရသလဲဆိုတဲ့ လှို့ဝှက်ချက်ကို မစ္စတာ ဆမ်မီ ကသူရဲ့ အတွေ့ကြုံ့နဲ့အခုလို ရှင်းပြပေးခဲ့ပါသေးတယ်။

“အခု ဂျူးဘုရားကျောင်းက အရင် ဧည်သည် ၅ယောက်လောက်လာရင်ကိုပဲအရမ်းအလုပ်ရှုပ်နေပါတယ်။အခုနောက်ပိုင်းမှာဆိုရင် ဘုရားကျောင်း က  မြန်မာပြည်မှာ နိုင်ငံခြားသား ခရီးသွားဧည်သည်တွေ အများဆုံးလာတဲ့ နေရာတွေထဲမှာ ရွေတိဂုံဘုရားတို့။ထောက်ကြံစစ်သင်းချိုင်းတို့ ပြီးရင် နံပါတ် ၄နဲ့၅လောက်ရှိနေပါတယ်။အရမ်းလည်း အံသြဖို့ကောင်းပါတယ်။လူနည်းစုဖြစ်တဲ့ ဂျူးဘုရားကျောင်းအပေါ် စိတ်ဝင်စားတာကိုယ်ပေါ့.။

အခြားနိုင်ငံက ဂျူးဘုရားကျောင်းတွေနဲ့ မတူတဲ့နောက်ထပ်အချက်က  အခြားနိုင်ငံတွေက ဘုရားကျောင်းကို ၀င်မယ်ဆိုရင် အစစ်ဆေးမေးမြန်းတာတွေကို ခံရပါလိမ့်မယ်။ ဘာကိစ္စ၀င်ချင်တာလဲ၊ဂျူးလူမျိုးလား။ဘာဘာသာလည်း၊ ပတ်စ်ပို့တောင်းမယ်။စသဖြင့် တင်းကျပ်မှုလေးတွေရှိတယ်။ကျွန်တော့်အဖေကျတော့ အဲဒီလိုမျိုးတွေမလုပ်ချင်ဘူး။ဘယ်ဘာသာပဲဖြစ်ဖြစ်။ လေ့လာချင်ရင်သူကအမြဲတမ်း တံခါးဖွင့်ပေးထားတယ်။အဲဒီအတွက် တချို့ခရီးသွားတွေက တစ်ဆင့်ဆင့်ကြားပြီးတော့ လာကြတယ်။အချို့ ခရီးသွားတွေဖြစ်တဲ့ စင်္ကာပူတို့၊ဂျပန်၊ကိုရီးယားတို့ဆိုရင် သူတို့ပထမဆုံးအနေနဲ့ ဂျူးဘုရားကျောင်းကို ရောက်ဖူးတာတွေရှိတယ်။အခြားနိုင်ငံကဘယ်ဂျူး ဘုရားကျောင်းမှသူတို့ဝင်ခွင့်မရခဲ့ဘူး။ဘာဖြစ်လို့လည်းဆိုတော့ လုံခြုံရေးအရပေါ့။အကြမ်းဖက်မှုအန္တရာယ်တွေကြောင့်လည်းပါတာပေါ့လေ။သူ့ရဲ့ စည်းကမ်းတွေကြောင့်ပေါ့။ဒီမှာကျတော့ အဖေက အားလုံးကို တံခါးဖွင့်ပြတယ်။သိချင်တာလေးတွေရှိရင် ရှင်းပြပေးတယ်။”

မြန်မာပြည်မှာ ဂျူးလူမျိုးတွေ နည်းပါလာပေမဲ့ မစ္စတာဆမ်မီတို့ မိသားစုကတော့ သူတို့ရဲ့ ခံယူချက်အတိုင်း Musmeah Yeshua Synagogue ဂျူးဘုရားကျောင်းကြီးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားမယ်ဆိုတာကို အခုလိုပြောပြခဲ့ပါသေးတယ်။

“အခုမြန်မာနိုင်ငံမှာ စာရင်းအရဆိုလျင် ဂျူးလူမျိုးအရေတွက်အတော်နည်းပါးနေပါပြီ။ ၂၀ယောက်လောက်ပဲကျန်ပါတော့တယ်။တချို့ ဂျူးစပ်တဲ့လူတွေတော့ရှိတော့ရှိမှာပါ။ဘုရားကျောင်းတော့ မလာကြပါဘူး။တချို့လည်းတခြားဘာသာဝင်တွေဖြစ်ကုန်ကြတာလည်းရှိပါတယ်။

ကျွန်တော်တို့ ဒီမိသားစုရှိနေသ၍တော့ ဒီဘုရားကျောင်းကို ဆက်လက်ထိမ်းသိန်းနေမှာပါ။ ဒီဘုရားကျောင်းက အရင်တုန်းကတော့ ဂျူးလူမျိုးတွေအတွက် သီးသန့်ဘုရားကျောင်းဖြစ်ခဲ့ပေမဲ့။ အခုကျွန်တော်ယုံကြည်ချက်ကတော့ ဂျူးလူမျိုးအပြင် အခြားဘယ်ဘာသာဝင်မဆို လေ့လာချင်တဲ့လူတွေအတွက်လေ့လာနိုင်ဖို့ထိန်းသိမ်းပါတယ်။နောက်အခုဘုရားကျောင်းကလည်း  သမိုင်းဝင်အဆောက်အအုံဖြစ်ခဲ့ပြီဆိုတော့ အရင်ကထက်ပိုပြီးတော့ ပြုပြင်ထိန်းသိမ်းတာတွေလုပ်ရမယ်။ပိုပြီးတော့လည်း စောင့်ရှောက်ရမယ် ၊အခြားလူတွေလည်းပိုပြီးတော့ သိအောင်လုပ်ရမယ်လို့လည်းထင်မိပါတယ်။”

10596105_796055820425830_1295724450_nလွန်ခဲ့သောနှစ်ပေါင်းများစွာက မြန်မာပြည်မှအခြေချနေထိုင်ခဲ့ပြီး အကြောင်းကြောင့် မြန်မာပြည်က ထွက်ခွာသွားခဲ့ရတဲ့ ဂျူးလူမျိုးအချို့ကလည်း မြန်မာပြည်ကို ပြန်လည်ပြီး အလယ်အပတ်အနေနဲ့ ၀င်ရောက်ခဲ့ရမှာသူတို့နေထိုင်ခဲ့တဲ့နေရာများနဲ့ ဂျူးဘုရားကျောင်းကို ရောက်ရှိပြီး  စိတ်လှုပ်ရှားခံစားမှုအချို့ရှိခဲ့တယ်လို့လည်း မစ္စတာ ဆမ်မီက ဆက်လက်ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ Myanmar Shalom ခရီးသွားလုပ်ငန်း နဲ့ အတူ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ခရီးသွားအဖွဲ့တစ်ဖွဲ့လာရောက်ခဲ့ပါတယ်။ သူတို့အဖွဲ့ တော်တော်ထူးခြားပါတယ်။သူတို့ မြန်မာပြန်မှမွေးဖွားခဲ့ပြီး အကြောင်းကြောင်းကြောင့် မြန်မာပြည်ကနေထွက်ခွာသွားခဲ့တာ နှစ်၆၀လောက်ရှိနေတဲ့ အဖွဲ့ပါ။ အရင်ကပြန်လာချင်ပေမဲ့ အဆင်မပြေခဲ့လို့ အခုနိုင်ငံကလည်း ပွင့်လင်းလာတော့ သူတို့ပြန်လာခဲ့တာပါ။သူတို့စိတ်ခံစားမှုကလည်း  နှစ်ပေါင်းများစွာခွဲခွာခဲ့တဲ့နေရပ်ကိုပြန်လာရတော့ အရမ်းကို ပြင်းထန်ခဲ့ပါတယ်။သူတို့တွေနေထိုင်ခဲ့တဲ့ ယောက်လမ်းက အိမ်တွေကိုသွားကြည့်တယ်။တချို့အိမ်တွေဆိုရင် မပြောင်းလဲဘူးဒီတိုင်းပဲရှိနေသေးတယ်။ အဲဒါတွေကြည့်ပြီး သူတို့အတိတ်ကို သတိရပြီးတော့ငိုကြတယ်။နောက်ဘုရားကျောင်းရောက်တော့လည်း သူတို့ အဖေထိုင်ခဲ့တဲ့နေရာ၊အဘိုးတွေထိုင်ခဲ့တဲ့နေရာ မှတ်မိနေတယ်။အဲဒါလေးကတော့အမှတ်တရပါပဲ။”

ဂျူးလူမျိုးတွေဆိုတာဘယ်နေရာရောက်ရောက် အထီးမကျန်ဘူးဆိုတဲ့ ဆိုရိုးစကားတိုင်းပါပဲ ။ လူနည်းစုဖြစ်တဲ့ ဂျူးဘာသာဝင်တွေဟာ မြန်မာနိုင်ငံမှာ သူတို့တက်နိုင်တဲ့ ဘက်ကနေပြီး ၂၀၁၁ခုနှစ်ကနေစပြီး Myanmar Shalom ကနေဦးစီးပြီးတော့ ဂျူးဘာသာရေးပွဲလေးတွေပြုလုပ်ခဲ့ပါတယ်။ပြုလုပ်တဲ့ ပွဲလေးကတော့ ဖုယောင်းတိုင်မီးထွန်းပွဲပဲဖြစ်ပါတယ်။ဒီပွဲလေးကိုတော့ ရန်ကုန်မြို့ Park Royal Hotel မှာ တစ်နှစ်တစ်ခါကျင်းပလေ့ရှိပါတယ်။ကျင်းပတဲ့ အခါမှာလည်း ဂျူးလူမျိုးဘာသာဝင်တွေက အယောက် ၂၀လောက်သာရှိတဲ့အတွက် အခြားမြန်မာပြည်က ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင် တွေကို ဖိတ်ကြားပြီး နှစ်တိုင်း ကျင်းပပြုလုပ်နေခဲ့ပါတယ်။

မြန်မာပြည်က လူနည်းစု ဂျူးဘာသာဝင်တွေ ရဲ့ သမိုင်းဝင်အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ကြီး တည်တံ့ခိုင်မြဲနေအောင် လို့ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းခဲ့လာခဲ့ရသူမစ္စတာ ဆမ်မီရဲ့ စကားလေးက

ဒီကျောင်းကြီးက ကျွန်တော့် အဘိုးလက်ထက်ကနေပြီး စခဲ့တဲ့အတွက် သံယောဇဉ်လည်းရှိခဲ့တယ်။ကျွန်တော်ဖေရော ၊ကျွန်တော်တို့ရောပါ ဒီကျောင်းကြီးမှာထဲဆော့ကစားရင်း ကြီးပျင်းခဲ့တယ်။အသက်ရွယ်ရလာတော့ ဒီဘုရာကျောင်းကြီးရဲ့ တန်ဖိုးကိုသိမြင်လာပြီးထိန်းသိမ်းစောင့်လျောက် ရမယ့်ဆိုတဲ့အတွေးလည်းရခဲ့တယ်။ဒီအတွက်လည်း ကျွန်တော်တို့ မိသားစုက သံယောဇဉ်ရော ဆက်လက်ထိန်းသိမ်းဖို့အတွက်လိုအပ်တဲ့အတွက် ကျွန်တော့်တို့မိသားစုမှ ဆက်လက်မထိမ်းသိန်းရင် ကွယ်ပျောက်သွားမှာကြောက်မိတဲ့အတွက် အခုချိန်ထိဆက်လက်ထိန်းသိမ်းခဲ့တာပါ။နောက်တစ်ခုက နိုင်ငံခြားသားတွေ ဘုရားကျောင်းကို လာကြည်ပြီး အံသြ၀မ်းသာဖြစ်ရတဲ့ အခါမှာ အဖေရော ကျွန်တော်ပါ ၀မ်းသာပီတိဖြစ်မိပြီး ပျော်ရွင်ရတာကလည်း တစ်ခုပေါ့။အခြားနိုင်ငံတွေမှာလည်း ဂျူးဘုရားကျောင်းတွေရှိပါတယ်။ ဥပမာ ယိုးဒယား ဆိုလည်းရှိတယ်။ ဒါပေမဲ့ ဘုရားကျောင်းက သေးသေးလေး တိုက်လိုလို အိမ်လိုလို ပုံစံလေးပါ။အချို့ နိုင်ငံခြားသားတွေကလည်းမြန်မာ ပြည်မှာဂျူးဘုရားကျောင်းရှိတယ်ဆိုတာသိပေမဲ့ သူတို့ စိတ်ထဲမှာ ဒီကျောင်းက တော့ အခြားတိုင်းပြည်လို အိမ်သေးသေးလေးထဲကဘုရားကျောင်းလိုပဲမှတ်နေကျတာများတယ်။ ဒါပေမဲ့ တကယ်တန်း လာကြည့်တဲ့ အခါ ကျတော့ သူတို့ အရမ်းအံသြကြတယ်။ ဒီလောက် ခန်းနားမယ်လည်းမထင်ဘူးလေ။ဝင်ကြည့်ပြီးအရမ်းလည်း ၀မ်းသာသွားကြတယ်။

10580587_796057223759023_103703567_oအခုမြန်မာပြည်က အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း နဲ့ပတ်သက်ပြီးတော့ အမေရိကအပါအ၀င် ။နိုင်ငံရပ်ခြားက လာရောက်လည်ပတ်မယ့်သူတွေအတွက် မစ္စတာဆမ်မီရဲ့ စကားကလေးကတော့ ။

အမေရိကားကပဲဖြစ်ဖြစ် ၊ဘယ်ဘာသာ ၊ဘယ်လူမျိုးဖြစ်ဖြစ် ဒီ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ကိုလေ့လာချင်တယ်ဆိုရင် ကျွန်တော်တို့ကအမြဲတမ်း ကြိုဆိုပါတယ်။ တံခါးလည်း အမြဲတမ်းဖွင့်ထားပါတယ်။လေ့လာပြီးတော့လည်း မိမိတို့ရဲ့အမြင်လေးတွေကိုအခြားလူတွေကို ပြန်ပြီး ပြောပြကြဖို့လည်း တောင်းဆိုပါတယ်။ နောက် ဒီဂျူးဘုရားကျောင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်မှာ ဆက်လက်ပြီး ထိန်းသိမ်းတည်ရှိနေတာကို ဘယ်ဘာသာမဆို အားလုံး လာရောက်လေ့လာကြည်ဖို့ဖိတ်ခေါ်ပါတယ်။

 မှတ်ချက်။  ။ ၂၀၁၄ စက်တင်ဘာထုတ် မြန်မာ့ဂဇက်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

http://issuu.com/myanmargazette

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011