ဘဝခရီးသယ်

ကံတရားဆိုတာ ချိုသလား ခါးသလား
ဘဝရထားဥသြသံတစ်ချို့ နံဘေးအနား ခုတ်မောင်းစဲ
အဝေးတစ်နေရာဆုံမယ့် လမ်းဟောင်းလေးလဲ
တစ်ရွှေ့ရွှေ့ပေါ့

ခရီးစဉ်တစ်ကွေ့မှာ သူနဲ့ဆုံဖူးခဲ့တယ်
ပုဝါကလေးဖြန့်ကျဲရင်း ရနံ့သင်းသင်းလေးပါ
တစ်သက်စာမေ့မရပေမယ့် ဘဝရထားကတော့
ခွဲခွာခဲ့တယ်မေ

ခွင့်ကြုံရင်ဆုံချင်ပါသေးတယ် ဒုက္ခပင်လယ်ထဲမှာတော့
စုန်တစ်ခါ ဆန်တစ်လှည့်မို့မေရယ်
ချစ်တက်အောင် သင်ပေးခဲ့တယ်နော်

တစ်ဖက်ကမ်းအဝေးမှာ ရှိနိုးနိုးနဲ့
မာနကိုရွက်လွှင့်စဲပါ ဖူးစာမကြုံလေတော့လဲ
အမုန်းပင်လယ်ကို ဖြတ်ကျော်ကာစီးမျောတုန်းမို့
မေရယ် ဆုံဆည်းခွင့်လေ ခဏလေးဖြစ်ဖြစ်တော့
ဘဝရထားပေါ်မှာ မျှော်လင့်ရင်း

ကာရံ{15.3.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..