မိုးကုတ်နဲ့ မုံရွာဘက် ခရီးထွက်ဖြစ်တဲ့အတွက် ဓါတ်ပုံတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ခရီးသွားပို့စ်ကို တစ်နေရာချင်းစီ တင်ဖို့အစီအစဉ်လဲရှိပါတယ်။
ပထမဆုံးပို့စ်ကို မျောက်ပုံတွေနဲ့ စလိုက်ချင်တယ်။ (ဆွေမျိုးတွေကို ဦးစားပေးတဲ့သဘောပေါ့ .. :) )

မုံရွာ ဖိုလ်ဝင်တောင်မှာ စိတ်ဝင်စားစရာ ရှေးဟောင်းစေတီပုထိုးလက်ရာများအပြင် သဘာဝအတိုင်း ပျော်ပါးနေထိုင်နေကြတဲ့ မျောက်တွေလဲရှိပါတယ်။ လူတွေနဲ့ ယဉ်ပါးနေတဲ့မျောက်တွေမို့လို့ အနီးကပ် ဓါတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။

တောင်ပေါ်မှာ မျောက်တွေက အုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ အုပ်စုကြီးတစ်စုမှာ မျောက်မများနဲ့ မျောက်ကလေးများအတူတူနေထိုင်ကြတယ်။ သူတို့နားမှာ မျောက်ထီးမတွေ့မိခဲ့လို့ မေးကြည့်တဲ့အခါမှာတော့ အထီးတွေက သင်းကွဲကောင်တွေဖြစ်ပြီး သီးသန့်နေကြရတယ်တဲ့။ မျောက်မတွေကိုတော့ အင်အားကြီးတဲ့ မျောက်ထီးကြီးတစ်ကောင်ကပဲ အပိုင်သိမ်းထားတာဆိုပဲ။ မျောက်မနားကပ်ချင်ရင် အဲဒီအကောင်ကြီးကို အနိုင်တိုက်ခိုက်ပြီး ဗိုလ်လုပ်နိုင်မှ ရမယ်တဲ့လေ။

ပုံ (၁) မျောက်မများနှင့် ကလေးများ

ပုံ (၁) မျောက်မများနှင့် ကလေးများ

ပုံ (၂) နို့တိုက်မိခင်

ပုံ (၂) နို့တိုက်မိခင်

ပုံ (၃) ကလေးထိန်းနေသော မိခင်

ပုံ (၃) ကလေးထိန်းနေသော မိခင်

ပုံ (၄) ကင်မရာနဲ့ချိန်လိုက်တာကို လန့်သွားလို့တဲ့ ..

ပုံ (၄) ကင်မရာနဲ့ချိန်လိုက်တာကို လန့်သွားလို့တဲ့ ..

ပုံ (၅) အစားပုတ်တဲ့ ကလေးအမေ

ပုံ (၅) အစားပုတ်တဲ့ ကလေးအမေ

ပုံ (၆) မျောက်ရှုံးတယ်ဆိုတာ ဒါမျိုးဖြစ်မယ် ..

ပုံ (၆) မျောက်ရှုံးတယ်ဆိုတာ ဒါမျိုးဖြစ်မယ် ..

ပုံ (၇) ကစားနေရရင်ပြီးရော ..

ပုံ (၇) ကစားနေရရင်ပြီးရော ..

ပုံ (၈) ချစ်စရာ့အရွယ်

ပုံ (၈) ချစ်စရာ့အရွယ်

ပုံ (၉) ဂရုတစိုက်

ပုံ (၉) ဂရုတစိုက်

ပုံ (၁၀) အထီးနှစ်ကောင် အတင်းပြောနေတာ

ပုံ (၁၀) အထီးနှစ်ကောင် အတင်းပြောနေတာ

ပုံ (၁၀) သစ်ပင်ပေါ်က မဆင်းဘူး နေပူလို့တဲ့

ပုံ (၁၀) သစ်ပင်ပေါ်က မဆင်းဘူး နေပူလို့တဲ့

ပုံ (၁၁) အနားယူနေတာ

ပုံ (၁၁) အနားယူနေတာ

ပုံ (၁၂) ဒီမှာလဲ တစ်ကောင် ဇိမ်ကျနေတယ်

ပုံ (၁၂) ဒီမှာလဲ တစ်ကောင် ဇိမ်ကျနေတယ်

ပုံ (၁၂) နားနားနေနေ

ပုံ (၁၂) နားနားနေနေ

ပုံ (၁၃) သန်းရှာဝါသနာပါသူ

ပုံ (၁၃) သန်းရှာဝါသနာပါသူ

ပုံ (၁၄) အပူအပင်ကင်းနဲ့ မျောက်တို့ဘဝ

ပုံ (၁၄) အပူအပင်ကင်းနဲ့ မျောက်တို့ဘဝ

မျောက်တွေမြင်တော့ ဘောင်းဘီဝတ်ပေးချင်စိတ်ပေါက်ခဲ့တယ်။

မျောက်ပုံတွေကြည့်ရင်း အပျင်းပြေနိုင်ပါစေ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....