– ရိုးရာBuddha အမည်ခံတွေဟာ သူတို့၏ စာပေကျမ်းကန်တွေကို မှန်တယ်ဆိုပြီး ဘယ်သူ့ကိုမှ

မူပိုင်မပေးဘူးဗျာ….

သူတို့ဘဲလုပ်ပိုင်ခွင့်ရှိတယ်…ဘာနဲ့တူလည်းဆိုတော…အာဏာရှင်တွေဟာ သူနဲ့ရင်းနှီးတဲ့ လူတွေကို

စီးပွားရေး လုပ်ပိုင်ခွင့်ပေးသလို နဲ့တူတယ်တယ်လို့ပြောရမလားဘဲ…အာဏာရှင်တွေဟာ စီးပွားရေးတင်

မဟုတ်ဘူး ဘာသာရေးမှာလည်း ရိုးရာBuddha တွေကို လုပ်ပိုင်ခွင့် မူပိုင် အပြည့်အဝပေးထားတယ်

ကြည့်လေ သူတို့နဲ့အမြင်မတူရင်ကိုဘဲ ရန်သူလိုသဘောထားပြီး နှိပ်ကွပ်တာ ဖိနှိပ်တာ စသည့်ဖြင့် အမျိုးမျိုး

လုပ်နေကြတယ်….

တကယ်တော့ Buhhha တရားမှာ လွတ်မြောက်ငြိမ်းချမ်းမှု လို့ဆိုတဲ့ ဝိမုတိ္တရသ အပြည့်ဝရှိတယ်ဆိုတာ

သူတို့မသိကြရှာဘူး…

တိမ်မြုပ်ပျောက်ကွယ် ငုပ်လျိူးနေသည့် Buddha၏ အရိယာသစ္စာတရား အစစ်အမှန်ကို အရကောက်အနက်မှန်

အဓိပါယ်မှန်မှန်နဲ့ ရိုးရိုးသားသား သူများမဖေါ်ထုတ်နိုင်တာကို ဓမ္မဝိဟာရီဆရာတော်ဟာ အရိယာသစ္စာ

မျက်လုံးနဲ့ဖေါ်ထုတ်ရှာဖွေနိုင်ခဲ့တယ်…

ဒါဟာ ” မသိသူကျော်သွား သိသူဖေါ်စားဘဲမဟုတ်လား?”…

ဒါကိုဆရာတော်က…မသိတဲ့လူတွေ ကျော်သွားတာကို သူတို့သိပါစေဆိုပြီး ဖေါ်ထုတ်ပေးခဲ့တာ…

ဒါကို မဖေါ်စားဘဲ ကျော်သွားနေကြဦးမယ်ဆိုရင် Buddha တရားဟာ ငြိမ်းချမ်းလွတ်မြောက်သည့်တရား

အကောင်းဆုံး ဘဝနေနည်းထိုင်နည်း (way of life) လို့ ဘယ်လိုပင်ပြောပြော အပြောနဲ့ လက်တွေ့

ထပ်တူမကျသရွှေ့ ကျည်ပွေ့နဲ့ ငရုပ်ဆုံကြား ပမာအလား လွင့်ပါးပျောက်ကွယ်သွားပါလိမ့်မယ်…

ယနေ့ချိန်ခါ နည်းပညာအရှိန်ဟာ တားမရစီးမရ နေညမဆိုင်း အရှိန်အဟုတ်ပြင်းပြင်း ချည်းနှင်း

ဝင်ရောက်လာနေပါပြီ…အနာဂတ်မျိုးဆက်သစ်လူငယ်တွေဘာလုပ်ကြမလဲ???….

About Ko out of...

Ko out of... has written 91 post in this Website..