ဘတပြန် ကျားတပြန်
ဇွဲစိတ်ကသန်
မင်းလည်းလူ ငါလည်းလူပေမို့
ဘာမထီ မြန်မာပြည်သားဟေ့
စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်၊
မင်းဟာ အရာရာမှာ ငါ့ထက်သာပေမဲ့
စိတ်ဓာတ်ချင်းယှဉ် သေရင်သေပလေ့စေ
အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ဝံ့တယ်၊
အောင်မြင်မှုမှာ
သာယာ မာန်တက်လို့
အခြေမတင့်တဲ့ဘ၀မှာ
ငါမနေလို
ပြိုင်ပွဲတိုင်းမှာ
ရှုံးရှုံးနိုင်နိုင်
ယှဉ်ပြိုင်ရမှာ ငါ့တာဝန်ပါ။

မင်းသုတ
08:25 AM
21.10.2014

About zaw win

zaw win has written 78 post in this Website..