(ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အကြောင်း)

Nyan Lin HtetNovember 2, 20141min1010

ဝိဘဇ္ဇဝါဒီတို့သို့ ဖြေရှင်းပြောကြားချက်
အပိုင်း(၁)
(ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အကြောင်း)

ဝိဘဇ္ဇဝါဒီတို့ရေ …

ခင်ဗျားတို့က ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာလို့ ဓမ္မဝိဟာရီ ဆရာတော်က အသိပေးထား
တာကို တကယ်မသိချင်ပါဘူး၊ ဒါကြောင့် သိအောင်ပြောပြလည်း ပြောတာပဲရှိမှာပါပဲ၊
ခင်ဗျားအနေနဲ့ ဘာမှသိနိုင်မှာမဟုတ်ဘူးဆိုတာ ကျနော် အတိအကျပြောရဲပါတယ်။
ခင်ဗျားက အွန်လိုင်းမှာ (မိုးပြာများ ဖတ်ရန်)လို့ ရေးတင်ထားလို့ အခြားသော
ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို သိချင်လို့ လေ့လာနေသူများလည်း သိရှိနိုင်ဖို့ ရည်ရွယ် ပြီး
ပစ္စုပ္ပန်ကမ္မဝါဒီတစ်ယောက်အနေနဲ့ ရှင်းပြလိုက်ပါတယ်။ ကျနော် ဘယ်လောက်ပဲ
ပြောပြော ခင်ဗျားကတော့ မျက်စိပိတ်၊ နားပိတ်ပြီး ဘယ်တုန်းမှ ဘယ်သူကမှ မိုးပြာလို့
မပြောဆိုခဲ့တာကို ဇွတ်အတင်း မဟားတရား မိုးပြာများလို့ ပြောဆိုနေလို့ပါပဲ၊
ခင်ဗျားတစ်ယောက်အနေနဲ့ဆို ဖြေပေးချင်စရာ တကယ်မကောင်းပါဘူးဗျာ။ ရှိပါစေတော့။

ခင်ဗျားဟာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို သိဖို့မပြောနဲ့ ထေရဝါဒဗုဒ္ဓဘာသာကိုလည်း
မသိဘူး၊ မဟာယာနဗုဒ္ဓဘာသာကိုလည်း တကယ်မသိဘူး၊ ထေရဝါဒဗုဒ္ဓဘာသာကို
ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် မိဘဘိုးဘွားအစဉ်အလာရ
ကိုးကွယ်ဆည်းကပ်လာသူပဲ၊ ကိုယ်သိလို့ ကိုးကွယ်ဆည်းကပ်သင့်တယ်ဆိုပြီး
ဆည်းကပ်လာသူ မဟုတ်ဘူးဆိုတာ ခင်ဗျားပြောတာကိုကြည့်ပြီး သိနိုင်ပါတယ်ဗျာ။
ထေရဝါဒနဲ့ မဟာယာနဗုဒ္ဓဘာသာဆိုတာ ဘယ်တုန်းကပေါ်လာတာလဲ၊ ပစ္စုပ္ပန်
ကမ္မဝါဒဗုဒ္ဓဘာသာဆိုတာကရော ဘယ်တုန်းက ဘာ့ကြောင့် ပေါ်လာတာလဲဆိုတာ
သိပ်သိဖို့လိုအပ်ပါတယ်၊ ဗုဒ္ဓသာသာနာရဲ့ယနေ့ကာလထိ ဆင်းသက်လာတာကို မျက်စိဖွင့်
နားစွင့်ပြီး လေ့လာပါဦးလို့ ကျနော်အကြံပေးချင်ပါတယ်ဗျာ၊ အခုတော့ ကျနော်လေ့လာပြီး
သိမြင်ထားတာလေးကို လမ်းစလေးအဖြစ်တင်ပြပေးလိုက်ပါတယ်ဗျာ။

ဗုဒ္ဓမြတ်စွာဘုရား လွန်တော်မူပြီးကနေ ယနေ့ထိ ဗုဒ္ဓသာသနာဟာ နှစ်ပေါင်း (၂၅၅၈)
နှစ်ရှိခဲ့ပါပြီ၊ ဗုဒ္ဓ္ဓမြတ်စွာဘုရား လွန်တော်မူပြီးနှစ်မှာပဲ ပထမသင်္ဂါယနာတင်ကြပါတယ်၊
အဲဒီတုန်းက ဘယ်သံဃာဂိုဏ်းမှ မကွဲကြသေးပါဘူး၊  (ဓမ္မနဲ့ ဝိနယ)ပဲ ရှိပါသေးတယ်ဗျာ။
(အဘိဓမ္မ)ဆိုတာ လားလားမှ မရှိသေးပါဘူး၊ နောက် .. ဗုဒ္ဓသာသနာ နှစ်တစ်ရာ(၁၀၀)မှာ
ဒုတိယအကြိမ် သင်္ဂါယနာတင်ကြပါတယ်၊ သင်္ဂါယနာတင်ကြတယ်ဆိုပေမယ့် ဗုဒ္ဓမြတ်စွာ
ဘုရားတပည့် သံဃာတွေအားလုံး တစ်စုတစ်စည်း၊ တစ်ညီတစ်ညွတ်တည်း  မရှိတော့ပါဘူး၊
စင်ပြိုင် သင်္ဂါယနာတင်ကြတာပါ၊ ဘာအကြောင်းပြုပြီး သံဃာကွဲကြတာလဲဆိုရင် (ဝိနယ)
ကို အကြောင်းပြုပြီး သံဃာကွဲကြတာပါ၊ (ဓမ္မ) ကတော့ လုံးဝ အကွဲအပြားမရှိသေးပါဘူး။

(ဝိနယ)ကို ပြင်ချင်တဲ့ သံဃာအုပ်စုက သိပ်များလွန်းတယ်၊ အဲဒီသံဃာတွေက
လောကလူသားတွေအတွက် သာသနာ(အဆုံးအမ)ကို သယ်ဆောင်လာတဲ့ လမ်းကြောင်း
(အကျင့်)က သိပ်ကျယ်ပြန့်လွန်းလို့ မဟာသံဃိကဂိုဏ်းလို့ နာမည်ယူပြီး နောက်မှာ
မဟာယာနလို့ဖြစ်လာပါတယ်၊(ဝိနယ)ကို မပြင်ချင်ကြတဲ့ မထေရ်ကြီးတွေအုပ်စုက
သိပ်နည်းလွန်းတယ်၊ အဲဒီ မထေရ်ကြီးတွေက လောကလူသားတွေအတွက် သာသနာ
(အဆုံးအမ)ကို သယ်ဆောင်လာတဲ့ လမ်းကြောင်း (အကျင့်)က သိပ်ပြီးအမြင်ကျဉ်း
လွန်းလို့ (ဟီနယာန)လို့ နာမည်တပ်တာခံရတယ်၊ ဒါပေမယ့် အဲဒီလို (ဟီနယာန)လို့
နာမည်တပ်တာကို မထေရ်ကြီးတွေက လက်မခံကြဘဲ မထေရ်ကြီးတွေက ဦးဆောင်
ကြတာမို့(ထေရဝါဒ)လို့ အမည်ယူကြပါတယ်ဗျာ။

မဟာယာန နာမည်ကို အဲဒီတုန်းက ယူလာကြတာပါ၊ ဟီနယာနခေါ်တဲ့
ထေရဝါဒက အဲဒီနာမည်ဟာတည်ငြိမ်စွာ မရရှိသေးပါဘူး၊ ဗုဒ္ဓသာသနာနှစ် (၂၃၅) ခုနှစ်မှာ
တတိယသင်္ဂါယနာ တင်ကြပါတယ်၊ အဲဒီမှာမှ (ဓမ္မနဲ့ဝိနယ) အပြင် နောက်ထပ် ဓမ္မတစ်မျိုး
ဗုဒ္ဓသာသနာထဲကို ဝင်လာပါတယ်၊ အဲဒါကို (ဓမ္မနဲ့ဝိနယ)မှ အပိုအလွန်တရားဖြစ်လို့
(အဘိဓမ္မ)လို့ ခေါ်ကြပါတယ်ဗျာ။
အဲဒီမှာ မထေရ်ကြီးတွေကလည်း ထေရဝါဒသာသာနတော်ကြီး တိုးတက်ပြန့်ပွား အောင်
ကြိုးစားအားထုတ်တော်မူကြပါတယ်၊ အာသောက ရှင်ဘုရင်ကြီးကလည်း အစွမ်းကုန်
ထောက်ပံ့ပေးပါတယ်၊ အဲလို ဆရာဒကာ ညီညွတ်သွားတာကြောင့်
ထေရဝါဒသာသနာတော်ကြီးဟာ တစ်ရှိန်ထိုး တိုးတက်ပြန့်ပွားသွားပါတယ်၊ ဒီသဘောတရားကို နိုင်ငံရေး စစ်ရေး အမြင်ရှိရင် ပိုပြီးနားလည်သဘောပေါက်နိုင်ပါတယ်ဗျာ။
မဟာယာနဝါဒရော ထေရဝါဒပါ ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ (ဓမ္မဝိနယပိဋက) ကိုပဲ
ကိုင်စွဲကြတာပါပဲ၊ ဘယ် (ဓမ္မဝိနယပိဋက)မှာမှ ထေရဝါဒတွေ မဟာယာနဝါဒတွေ လုံးဝ
(လုံးဝ) မဟောခဲ့ပါဘူး၊ ဗုဒ္ဓမြတ်စွာဘုရားဟောခဲ့တဲ့ နိကာယ်ငါးရပ် ပိဋကတွေကို

အနှစ်ချုပ်လိုက်ရင် အရိယသစ္စာတရား လေးပါးပါပဲ၊ အဲဒီ
အရိယသစ္စာတရားလေးပါးကိုလည်း ဓမ္မပိဋကထဲမှာပဲ
အပြည့်အစုံ ဟောထားပါတယ်၊ ဝိနယပိဋကကတော့ ဓမ္မကို သယ်ဆောင်ကြမည့်
သံဃာအဖွဲ့အစည်းရဲ့ စည်းကမ်းဥပဒေကိုပဲ အပြည့်အစုံ ဟောထားပါတယ်ဗျာ။

ဓမ္မကို အဘိဓမ္မထဲမှာ အိပ်မက်ယောင်လို့တောင် သွားမရှာလိုက်ပါနဲ့၊ ဘာလို့လဲ
မေးရင် အဘိဓမ္မကို ဗုဒ္ဓမြတ်စွာဘုရား မဟောခဲ့လို့ပါပဲ၊ နောက်ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ
ဆိုတာ ဘယ်တုန်းက ဘာကြောင့် ပေါ်လာရတာလဲဆိုတာ သိဖို့ သိပ်လိုအပ်ပါတယ်၊
ပစ္စုပ္ပန်ကမ္မဝါဒကို ဓမ္မဝိဟာရီဆရာတော် ဦးဉာဏဟာ (၁၉၈၃)ခုနှစ် ဖေဖော်ဝါရီလ (၁၀)
ရက်နေ့မှာ ထေရဝါဒသာသနာက အပြီးပိုင် နှုတ်ထွက်ကာ နိုင်ငံတော် အစိုးရဌာနပေါင်းစုံ၊
သံဃာဂိုဏ်းပေါင်းစုံကို အတိအလင်းကြေညာပြီး စတင်တည်ထောင်ခဲ့တာပါပဲဗျာ၊
ဒါ့ကြောင့် ဒီနေရာကနေ ကျနော် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏနဲ့ မိတ်ဆက်ပေးပါမယ်။

ကျနော် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏနဲ့ ပရိသတ်ကို ရှေးဦးစွာမိတ်ဆက်
ပေးချင်ပါတယ်၊ပရိသတ်များအနေနဲ့ ဓမ္မဝိဟာရီ ဆရာတော်ဦးဉာဏနဲ့ ပတ်သက်ပြီး
မမှန်မကန် မက်ဆေ့ချ် (သတင်းပေးတာ)ရထားလို့ အမှန်အကန် သိချင်နေတာတွေ
သိစရာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်၊ ဒါ့ကြောင့်ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏနဲ့
ပရိသတ်ကို မိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်ဗျာ။

ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏနဲ့စပ်လို့သိချင်စရာတွေက (ဓမ္မဝိဟာရီ) ဆိုတာ
ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ဘယ်တုန်းက တရား သိမြင်တယ်လို့ ဝန်ခံပြောဆိုခဲ့တာလဲ၊
သူ့ဘဝတစ်လျှောက်လုံး ဘာတွေလုပ်လို့ ဘာတွေဖြစ်နေတာလဲဆိုတာတွေကို
မေးချင်မြန်းချင်သိချင်ကြပါလိမ့်မယ်၊ ဒါတွေကိုပဲ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်၊
(ဓမ္မဝိဟာရီ) ဆိုတာ အရိုးရှင်းဆုံးပြောရင် (တရားနဲ့ပဲ နေသူ) လို့ အဓိပ္ပာယ်ရှိပါတယ်။

(တရား) ဆိုတာတွေက မတရားတာ မမျှတတာတွေရဲ့ အပြန်ဆန့်ကျင်ဘက်တွေမှန်သမျှဟာ
တရားတာ မျှတတာတွေပါပဲ၊ အဲဒီ(တရား)ဆိုတာ ရှောင်ကြဉ်စရာတွေကို ရှောင်ကြဉ်ပြီး
ဆောင်စရာတွေကို ဆောင်နေတာပါပဲ၊ ရှောင်ကြဉ်စရာတွေဆိုတာက
ကံသင်္ခါရတရားတွေပဲ၊ ဆောင်စရာတွေဆိုတာက အဲဒီကံသင်္ခါရတရားတွေကို
ရှောင်ကြဉ်လို့ဖြစ်တဲ့ ဝိသင်္ခါရတရားတွေပဲ၊ ဒီတော့ ကံသင်္ခါရတရားတွေဟာ မတရားတာ
မမျှတတာတွေပဲ၊ မတရားတာ မမျှတတာတွေဖြစ်လို့အဲဒီ ကံသင်္ခါရတရားတွေကို
လူရှောင်ကြဉ်ရတာပဲ၊ လူရှောင်ကြဉ်ရမှာတွေကို မရှောင်ကြဉ်ရင် လူ့အသိုင်းအဝိုင်း
လူ့အဖွဲ့အစည်း လူသားလောကကြီးတစ်ခုလုံး ဘယ်တော့မှ ငြိမ်းချမ်းသာယာမဖြစ်ဘူး။ရှောင်ကြဉ်စရာတွေကို  ရှောင်ကြဉ်ရုံလေးမျှနဲ့ မပြီးသေးဘူး၊ လူဆောင်စရာဖြစ်တဲ့ ဝိသင်္ခါရတရားတွေကိုလည်း ဆောင်ပါမှ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်း
လူသားလောကကြီးဟာ ငြိမ်းချမ်းသာယာဖြစ်လိမ့်မယ်၊ အဲဒီလိုဖြစ်လာဖို့ ဆရာတော်က
ရှေ့သွားခေါင်းဆောင်စံပြပုဂ္ဂိုလ်အဖြစ်နဲ့ မတရားတာ မမျှတတာတွေကို ရှောင်ကြဉ်ပြီး
တရားတာ မျှတတာတွေကို ဆောင်ပြီးနေပြသူဖြစ်လို့(ဓမ္မဝိဟာရီ) လို့ခေါ်ပါတယ်။

ဓမ္မဝိဟာရီဆရာတော် ဦးဉာဏဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ မေးတာအတွက်အဖြေက
ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏကို ကောဇာနှစ် (၁၃၀၀) ပြည့်နှစ်၊နယုန်လဆန်း (၃)
ရက်၊ခရစ်နှစ် (၁၉၃၈) ခုနှစ်၊ မေလ (၃၁) ရက်၊အင်္ဂါနေ့မှာအရှေ့တောင်အာရှ၊အာစီယံ
ဒေသတွင်းနိုင်ငံ၊ မြန်မာနိုင်ငံတော်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊
ခေါင်းကွဲကျေးရွာနေ အဖဦးမြဒင်+အမိဒေါ်လှဒွန်းတို့မှ မွေးဖွားခဲ့ပါတယ်။
(၁၉၄၃) ခုနှစ်မှ (၁၉၅၂) ခုနှစ်ထိ ဆရာတော် အသက်(၅)နှစ်သားအရွယ်မှ (၁၄)
နှစ်သားအရွယ်ထိ ကျောင်းသားဘဝဖြင့် နန္ဒာရာမရွာဦးကျောင်းဆရာတော် ဦးပညာ
ထံမှာဘုန်းတော်ကြီးသင်ပညာကိုသင်ကြားဆည်းပူးခဲ့ပါတယ်၊ ကောဇာနှစ် (၁၃၁၄)ခုနှစ်
နယုန်လကွယ်၊ ခရစ်နှစ်(၁၉၅၂)ခုနှစ် ဇွန်လ(၂၁)ရက် စနေနေ့မှာ နန္ဒာရာမရွာဦးကျောင်း
ဆရာတော်ဦးပညာကိုဥပဇ္ဈာယ်ပြုပြီး ရှင်သာမဏေဘဝအဖြစ်ရောက်ခဲ့ပါတယ်၊
အဲဒီနှစ်မှာပဲ မြန်မာနိုင်ငံတော်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊
မန္တလေးမြို့မစိုးရိမ်ကျောင်းတိုက်သို့ စာပေပရိယတ္တိသင်ကြားဆည်းပူးရန်
ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

ကောဇာနှစ် (၁၃၂၀) ခုနှစ်နယုန်လဆန်း (၃)ရက်၊ ခရစ်နှစ် (၁၉၅၈)ခုနှစ်မေလ (၂၀)
ရက်၊အင်္ဂါနေ့မှာ နန္ဒာရာမ ရွာဦးကျောင်း ဆရာတော် ဦးပညာကိုဥပဇ္ဈာယ်ပြု၍ရဟန်း
ဘဝအဖြစ် ရောက်ခဲ့ပါတယ်။ (၁၉၅၂)ခုနှစ်မှ (၁၉၆၂)ခုနှစ်ထိ မန္တလေးမြို့မစိုးရိမ်ကျောင်း
တိုက်၌ နေထိုင်သီတင်းသုံးကာ ဆရာတော် သက်တော်(၂၅)နှစ်ထိ မစိုးရိမ်ကျောင်းတိုက်
စာချနာယကဆရာတော်များ မိုးကောင်းကျောင်းတိုက်ဒေးဝန်းဆရာတော်
ဦးဇောတိကာဘိဝံသ၊ ဝေယံဘုံသာကျောင်းတိုက် ဆရာတော် ဦးကလျာဏာဘိဝံသ၊
တောင်သမန်ကျောင်းတိုက် ဆရာတော် ဦးကေသဝါဘိဝံသ တို့ထံငယ်၊လတ်၊ကြီး၊
စာချတန်းစာပေပရိယတ္တိများကို သင်ကြားဆည်းပူးခဲ့ပါတယ်။

ဆရာတော် သက်တော်(၂၅)နှစ်ရဟန်း(၅)ဝါရ၊နိဿယည်းလွတ် ပြီးမှာ (၁၉၆၂) ခုနှစ်မှ
(၁၉၆၇) ခုနှစ်ထိ တောထွက်သွားကာ ပထမဦးဆုံး မြန်မာနိုင်ငံတော်၊
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်အရပ် တောရကျောင်းမှာ
သီတင်းသုံး နေထိုင်ခဲ့ပါတယ်၊ နောက်မကွေးတိုင်း ဒေသကြီး၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊
ခေါင်းကွဲကျေးရွာအနီး အရွက်မကြွေတောရကျောင်းသို့ ပြောင်းရွေ့သီတင်သုံးနေထိုင်ခဲ့ပြန်
ပါတယ်၊ နောက်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးစံတော် မူတောင်သို့ ပြောင်းရွေ့ကာ တောရကျောင်းမှာပဲ သီတင်းသုံးနေထိုင်ကာ ပဋိပတ္တိအလုပ်ကို အားထုတ်နေခဲ့ပါတယ်။

ဒီလိုနေရင်း တစ်နေ့မှာ ကိုယ့်မှာ ငြိမ်းချမ်းနေလို့ ကိုယ်ရထားတဲ့တရားကို
ကိုယ်တိုင်စစ်ဆေးကြည့်မိပြီး ကိုယ်ရတဲ့ ကိုယ်တွေ့တရားဟာ တကယ်တရား
ဟုတ်မဟုတ်၊ သူများတွေ တရားပြရိပ်သာကြီးငယ်တည်ထောင်ပြီး တရားပြနေကြသူတွေ
ရထားတဲ့တရားနှင့် တူမတူနှိုင်းယှဉ်ပြီး တိုက်စစ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာလို့
မြန်မာနိုင်ငံမှာတရားရတယ်လို့ထင်ရှားကျော်ကြားကြတဲ့ဆရာတော်တွေထံ
ချဉ်းကပ်ပြီးတရားတိုက်စစ်ဆေးကြည့်တာလည်းလုပ်ခဲ့တယ်။

အဲဒီလို တိုက်စစ်ဆေးကြည့်ရာမှာလည်း ရည်ရွယ်ချက်(၃)ချက်ထားပြီး
မေးမြန်းလျှောက်ထားခဲ့တယ်။
(၁)အချက်က- (တရားလုပ်ငန်းရဲ့ပန်းတိုင် ဘာဖြစ်တယ်) ဆိုတာသိရတဲ့အထိ ပေါ်ဖို့
မေးမြန်းစစ်ဆေးလျှောက်ထားမယ်။

(၂)အချက်က- (အဲဒီဆရာတော်တွေရဲ့ ဟောပြောချက်တွေဟာ ဗုဒ္ဓဟောပြောချက်
ဒေသနာစဉ်နဲ့ ကွာဟနေလျှင် ဘာ့ကြောင့်ကွာဟနေသလဲ)သိအော်မေးမြန်းစစ်ဆေး
လျှောက်ထားမယ်။

(၃)အချက်က- (ရလဒ်တွေဟာ လောကလူသား လူ့အဖွဲ့အစည်းအနေနဲ့ ဘယ်လို
အသုံးကျသလဲ) ဆိုတာသိအောင် မေးမြန်းစစ်ဆေး လျှောက်ထားမယ်လို့ ရည်ရွယ်ချက်
ထားပြီး တရားရနေကြတယ်လို့ထင်ရှားကျော်ကြားကြတဲ့ဆရာတော်တွေထံချဉ်းကပ်
မေးမြန်းခဲ့တယ်။

အဲဒီအချက် (၃)ချက်မှာ တစ်ချက်ဖြစ်စေ၊ နှစ်ချက်ဖြစ်စေ ချို့ယွင်းနေတာတွေ့
ရင်အဲဒီတရားကို ဆက်မလုပ်ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ တရားလုပ်ငန်းရဲ့ပန်းတိုင်
မဖော်နိုင်ရင်ဖြစ်ဖြစ်၊ အဲဒီပန်းတိုင်ဟာ ဗုဒ္ဓဟောပြောချက်ဒေသနာအစဉ်နဲ့ ဆန့်ကျင်နေရင်
ဖြစ်ဖြစ်၊ လက်တွေ့မျက်မှောက်ဘဝမှာ ဘာမှအသုံးချ မရဘူးဆိုရင်ဖြစ်ဖြစ် မလိုလားလို့
အဲဒီလိုဆုံးဖြတ်ရခြင်းဖြစ်တယ်။

ဓမ္မဝိဟာရီဆရာတော် ဦးဉာဏ ချဉ်းကပ်ပြီး မေးမြန်းခံရတဲ့ဆရာတော်တွေကတော့
စစ်ကိုင်းပရက္ကမဆရာတော်၊ ဉာဏစာဂီဆရာတော်၊ မိုးကုတ်ဆရာတော်၊ ကျောက်သင်္ဘော
ဆရာတော်၊ ဝေဘူဆရာတော်၊ သဲအင်းဂူဆရာတော်၊ သန်လျင်တောရဆရာတော်၊
တောင်တွင်းကြီးဆရာတော်ရှင်ဥက္ကဋ္ဌ၊ ကြောင်ပန်းတောရဆရာတော်တွေနဲ့သူတို့တွေ ရထားလို့ ဟောပြောတဲ့တရားတွေကို တိုက်စစ်ဆေးကြည့်ခဲ့တယ်။ အဲဒီလို  တိုက်စစ်ဆေးကြည့်တာလုပ်တော့ (သူတို့တွေ ရနေကြတာဟာလည်း တရားမဟုတ်သလိုကိုယ်ရနေတာဟာလည်း တရားမဟုတ်ဘူး)ဆိုတာ သိခွင့်ရခဲ့တယ်၊ ဆရာတော်ဟာ အဲဒီလိုသိခွင့်ရသွားတော့ (တရားဆိုတာဘာလဲ) သိဖို့ သံဃာတော်တွေချဉ်းကပ် မေးမြန်းခဲ့ပြီးပြီ၊ နောက်ဆုံးမေးစရာ တစ်ခုပဲ    ကျန်တော့တယ်၊အဲဒါကတော့ ဗုဒ္ဓရဲ့ ဟောပြောချက်တွေဆီ ပြန်ချဉ်းကပ်ပြီး ဗုဒ္ဓဟောပြောချက်တွေကိုဆက်စပ်ကြည့်ဖို့ပဲလို့ စိတ်ကူးရခဲ့တယ်။

အဲဒီလို စိတ်ကူးရခဲ့တာ အတိုင်းစံတော်မူတောင်မှာ ဗုဒ္ဓဟောပြောချက် (ဗျာကတဌာန
အဗျာကတဌာန) ပါဠိတော်တွေကို ဆက်ဆက်စပ်စပ် သေသေချာချာ
ဖတ်မှတ်ကာ  ဗုဒ္ဓဟောပြောချက်ကို  ကြားရတဲ့အထိ  စဉ်းစားဆင်ခြင် နှလုံးသွင်းတာ
(ယောနိသောမနသိကာရ)လုပ်လို့ ပေါ်လာတဲ့တရားဓမ္မပုံစံနဲ့ အလျော်ကျင့်ပွားတာ
(ဓမ္မာနုဓမ္မပဋိပတ္တိ) လုပ်ခဲ့ပါတယ်၊ ဒီလောက်ဆိုရင် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ
ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ မေးတာအတွက်အဖြေသိနိုင်လောက်ပြီထင်ပါတယ်။
(၁၉၆၇)ခုနှစ် မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင် ၊မြိုင်မြို့နယ် ခေါင်းကွဲကျေးရွာအနီး
အရွက်မကြွေတောကျောင်းမှာ အရိယသစ္စာတရားကို ဖော်ထုတ်သိမြင်နိုင်ခဲ့ပါတယ်လို့

ဝန်ခံပြောဆိုခဲ့တာကြောင့် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ ဘယ်တုန်းကတရား
သိမြင်ခဲ့ပါတယ်လို့ဝန်ခံပြောဆိုခဲ့တာလဲမေးတာအတွက်လည်းအဖြေသိနိုင်လောက်ပါပြီ။
(၁၉၅၈)ခုနှစ် မေလ (၂၀)ရက်မှ (၁၉၈၃) ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့ထိ
ဓမ္မဝိဟာရီဆရာတော်ဦးဉာဏဟာ အဝါရောင်ဝတ် ထေရဝါဒထဲမှာရဟန်းဝါ(၂၅)ဝါထိ
နေထိုင်ခဲ့ပြီး၊ မိုးပြာရောင်ဝတ်ကာ ဓမ္မဝိဟာရီ (ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ) အဖြစ်ဖြင့်

ယနေ့အချိန်အထိ ဗုဒ္ဓဟောပြောချက် အရိယသစ္စာတရားတွေနဲ့စပ်တဲ့အကြောင်းအရာတွေ
ကိုပဲ ဟောပြောရေးသားတဲ့ အလုပ်တွေကိုသာ သူ့ဘဝတစ်လျှောက်လုံး တစိုက်မတ်မတ်
မလျှော့သောဇွဲနဲ့ အားထုတ်နေခဲ့ပါတယ်၊ ဒါကြောင့် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏရဲ့
ဟောပြောချက်အသံဖိုင် တရားပွဲပေါင်း (၁၀၀၀)ကျော်ထိရှိပါတယ်၊ ရေးသားပြီး
စာအုပ်ပေါင်း(၆၀)ကျော် စာမျက်နှာပေါင်း (၁၁၅၀၀)ကျော်ထိရှိနေပါပြီ။

နောက် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ (လူမှုအသိုင်းအဝိုင်း လူ့အဖွဲ့အစည်း
လူသားလောကကြီး အကျိုးစီးပွားဖြစ်ကာ ငြိမ်းချမ်းသာယာဖြစ်ဖို့ ဗုဒ္ဓဟော
ပြောချက် အရိယသစ္စာတရားတွေနဲ့ စပ်တဲ့အကြောင်းအရာတွေကိုပဲ ဟောပြောရေး
သားမှုကြောင့်) ယခင်စစ်အစိုးရလက်ထက်က ပုဒ်မတွေအမျိုးမျိုးတပ်ပြီး (၁၉၈၃)ခုနှစ်မှာ
ထောင်ဒဏ်(၃)နှစ်၊ (၁၉၉၁) ခုနှစ်မှာ ထောင်ဒဏ် (၁၀)နှစ်၊ (၂၀၁၀) ခုနှစ်မှာ ထောင်ဒဏ်

(၂၀)နှစ်ချခံရတာအပြင်ဆရာတော်ရဲ့ဒကာဒကာမ ဂေါပကတွေထံမှ အလှူငွေသိန်း
(၂၀၀)ကျော်၊ ရန်ကုန် မြောက်ဥက္ကလာပ မိုးပြာခြံ၊ ပဲခူး(၁၀)မိုင်ကုန်း အရိယဥယျာဉ်ခြံ၊
မန္တလေးရန်ကင်းတောင်ခြေမိုးပြာခြံတို့ကိုပါ သိမ်းဆည်းချိတ်ပိတ်ထားတာခံနေရပါတယ်။
ဒါတွေကတော့ ဓမ္မဝိဟာရီ ဆရာတော်ဦးဉာဏဟာ သူ့ဘဝတစ်လျှောက်လုံး
ဘာတွေလုပ်လို့ ဘာတွေဖြစ်နေတာလဲ မေးတာအတွက် အဖြေကိုအကျဉ်းချုပ်ပြီး ပြောပြ
လိုက်ပါတယ်၊ အကျယ်သိလိုပါက ဓမ္မဝိဟာရီဆရာတော်ရဲ့ဟောပြောရေးသားချက်
တွေကို www.ariythitsa.org နဲ့ www.ariyathitsa.eu.pn မှာလေ့လာဆည်းပူး
မှတ်သားနိုင်ကြစေရန် ပရိသတ်ကို မိတ်ဆက်ပေးတဲ့အနေနဲ့ အသိပေးလိုက်ပါတယ်။

ဒါကြောင့် ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ ရဟန်းဝါ (၂၅)ဝါထိ ထေရဝါဒ
သာသနာထဲမှာပဲ ရှိပါတယ်၊ ထေရဝါဒသံဃာတွေက အရိယသစ္စာဓမ္မကို မသိနားမလည်
နိုင်ကြတာကြောင့် အရိယသစ္စာဓမ္မကို ဖော်ထုတ်သိမြင်ပြီးဟောပြောတဲ့ ဆရာတော်

ဦးဉာဏကို ဈာန်မဂ်ဖိုလ်လောကုတ္တရာတရားထူးကို လိမ်ညာဝါကြွားတယ်ဆိုပြီး
စတုတ္ထပါရာဇိကနဲ့ ဖျက်ဆီးပစ်ကြလို့ ထေရဝါဒထဲက အပြီးအပိုင်နှုတ်ထွက်ခဲ့ပြီး
ဗုဒ္ဓရဲ့အရိယသစ္စာဓမ္မကို         ဆွဲကိုင်ကာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်
ရပ်တည် နေတာပါဗျာ။ ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ ဈာန်မဂ်ဖိုလ် လောကုတ္တရာ
တရားထူးကိုတကယ် ရရှိထားသူဖြစ်လို့ စတုတ္ထပါရာဇိကအပြစ်သင့်စရာ အကြောင်းလုံးဝ
မရှိဘူး၊မြန်မာနိုင်ငံသာသနာသမိုင်းမှာ တော်တော်အကျည်းတန်အရုပ်ဆိုးတဲ့ ဖြစ်ရပ်တွေပဲ၊
ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏ တင်ပြတဲ့ (ကမ္မဝါဒဒဿန)ကို ဖျက်ဆီးမရလို့ လူကို
ဖျက်ဆီးပစ် ကြတာကြောင့် ထေရဝါဒသံဃအဖွဲ့အစည်းမှာ ဘယ်လိုမှ
အဖတ်ဆယ်မရအောင် မှားခဲ့ကြတာပဲ၊ ဒါတွေ အားလုံး သမိုင်းမှတ်တမ်းတွေရှိပါတယ်။

ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ ဈာန်မဂ်ဖိုလ် လောကုတ္တရာ တရားထူးကို
တကယ်ရရှိထားသူ မဟုတ်ဘဲ လိမ်ညာသူဖြစ်ခဲ့ရင် ဖျက်ဆီးတာခံရချိန်ကနေ ယနေ့ထိ
လူနဲ့အတူ ကမ္မဝါဒဒဿနဟာ လောကထဲမှာ ဘယ်လိုမှ မရှင်သန် မရပ်တည်နိုင်ပါဘူး၊
အသေအချာပဲ ပျောက်ပျက်သွားရမှာပဲ၊ အခုတော့ တကယ်ရရှိထားတာ မှန်လို့
ပတ္တမြားမှန်ရင် နွံမနစ်ဖူးဆိုတဲ့ စကားပုံလို့ပဲ၊ ဒီ(ကမ္မဝါဒဒဿန)ကို ဖော်ထုတ်သိမြင်တဲ့
ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏကို ပထမအကြိမ်ထောင်(၃)နှစ်၊  ဒုတိယအကြိမ်ထောင်
(၁၀)နှစ်၊ တတိယအကြိမ် ထောင်နှစ် (၂၀) ဖိနှိပ်ခံနေရတဲ့ကြားထဲက ဓမ္မဝိဟာရီ
ဆရာတော် ဦးဉာဏ တစ်ပါးတည်းဒီ(ကမ္မဝါဒဒဿန)အသိအမြင်ရရှိထားရာကနေ
လူပေါင်း (၁၀၀၀၀) တစ်သောင်းကျော် အသိအမြင်ရရှိတဲ့အထိ၊
တစ်မြို့တစ်ရွာတည်းကနေ ရွာ၊မြို့၊နိုင်ငံတွေ  အနှံ့အပြားရောက်ရှိ
သွားတာဟာ ဈာန်မဂ်ဖိုလ်လောကုတ္တရာတရားထူးကို ရရှိပြီး (ကမ္မဝါဒဒဿန) ကို
ဖော်ထုတ်သိမြင်တဲ့ ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏအတွက် အမှန်ကန်ဆုံး အခိုင်အမာ
သက်သေပဲ၊ ဒီထက်ခိုင်မာတဲ့ သက်သေမရှိဘူး၊ ဓမ္မဝိဟာရီ ဆရာတော် ဦးဉာဏဟာ
ထေရဝါဒသံဃအဖွဲ့အစည်းက အာဏာပိုင်နဲ့ပေါင်းပြီး ဖျက်ဆီးတာခံရပေမယ့်  ဘယ်လို
အကြပ်အတည်းကြုံကြုံ ရဟန်းသိက္ခာကို ယောင်လို့တောင်မှ မစွန့်ခဲ့တဲ့
သာသနာ့အာဇာနည် အရိယာသူတော်ကောင်း ရဟန်းတော်ပါ၊ ဗုဒ္ဓမြတ်စွာဘုရား

လွန်တော်မူပြီး နှစ်ပေါင်း(၂၅၁၂)နှစ် ကြာမှ (ကမ္မဝါဒဒဿန)ကို ရှားရှားပါးပါး
ဖော်ထုတ်သိမြင်ပြီး လမ်းညွန်ပြပေးနိုင်တဲ့ ဗုဒ္ဓသာဝက ရဟန်းတော်ပါဗျာ။
ဒီလောက်ဆိုရင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာဆိုတာ ထေရဝါဒကနေ ကွဲလာတဲ့
ဂိုဏ်းကွဲမဟုတ်ပါဘူး၊ ထေရဝါဒနဲ့ လုံးဝ အသွင်လည်း မတူဘူး၊ အသိအမြင်ဝိဇ္ဇာလည်း
မတူဘူး၊ အကျင့်စရဏလည်း မတူဘူး၊  အဲဒါကို  (ငါနဲ့ မတူ ငါ့ရန်သူ) လုပ်ကြတာဟာ
အလွန်မတော်တဲ့ ဖြစ်ရပ်ပါဗျာ၊ ဒီစာရေးနေတဲ့အချိန်ကနေ နောက်ပြန်ရေတွက်ရင်
လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်လောက်ထိ ထေရဝါဒသံဃအဖွဲ့အစည်းက
အာဏာပိုင်တွေနဲ့ပေါင်းပြီး သတင်းအမှောင်ချထားလို့ ရပေမယ့် ယနေ့ခေတ်မှာတော့
ဘယ်လိုမှ တားဆီးပိတ်ပင် သတင်းအမှောင်ချထားလို့ မရတော့ဘူး၊ မမှန်ကန်တဲ့
အတွေးအမြင်အကျင့်ပျက်တွေဟာလောကလူသားများရဲ့ စွန့်ပစ်ကျောခိုင်းတာ
မလွဲမသွေခံကြရမှာပဲ။

(www.facebook.com/nyanlinhtet.pp တွင် တင်ထားသော ပိုစ့်အား
ဂဇက်တွင် ဆွေးနွေးနိုင်ရန် တင်လိုက်ပါသည်။)

…အပိုင်း(၂)မျှော်…