တိုက်​ပွဲ

အနိုင်​နွှဲ​နေကြတယ်​ ယိုင်​လဲ​နေတဲ့စိတ်
လောကတိုက်​ပွဲကြားမှာ ​မောဟ​တွေ
တိုက်​စစ်​နဲ့ ငါလိုက်​ပစ်​ခဲ့တာ { အနိုင်​ရမိရဲ့လား}

ကျရှုံး​နေတဲ့စိတ်​ဓာတ်​ကို အရှိန်​မြှင့်​ဖို့
တိုက်​စစ်​ကိုဖွင့်​ကစားခဲ့တယ်
ငါမမြင်​လိုက်​ဘူး မာယာ​တွေမြုပ်​ထားတဲ့
ကစားကွက်​က အသာရလိုက်​ပြန်​တယ်​ { ငါအရှုံး​ပေးလိုက်​ပြီလား}

တရား​သော​လောကကြီးမှာ
ဒေါသ ​မောဟ မာန်​မာနတို့ အလံထူ​နေကြတယ်
ငါ့​မေတ္တာကိုအားကိုးလို့ ​နောက်​ဆုံးတိုက်​ပွဲ
ခံစစ်​နဲ့ကာကွယ်​မိတယ်​ ​ဟော ဟိုတစ်​ဘက်​မှာ
မိုး​လေးသည်းလာပြီ အကျည်းတန်​တဲ့တိုက်​ပွဲ
ယိုင်​လုလုနဲ့မို့ အတ္တ​တွေ​ပေကျံလို့​နေပြီ​ပေါ့

ကာရံ ၁၁့ ၁၁့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..