လမ်းစ (သို့) လမ်းဆုံး

အောင် မိုးသူNovember 14, 20141min1294

ရောက်နေတဲ့နေရာဟာ လမ်းဆုံးဆိုရင်

ကိုဟာ ချောကမ်းပါးတစ်ခုအစွန်းမှာ ရပ်မိနေသူတစ်ယောက်ပါ…..ချစ်တဲ့သူ။

 

တကယ်လို့ လမ်းစဆိုရင်

ကိုဟာ မျှော်လင့်တဲ့အနာဂတ်ကို ဖန်တီးချင်တာပါ….ချစ်တဲ့သူ။

 

တံတားမရှိဘူး အခြားမရှိဘူး

ကိုဟာ ဒီချောက်ကမ်းပါကနေ မင်းနဲ့အတူခုန်ချပစ်လိုက်မယ်။

(မိုက်ရူးရဲဆန်တယ် ပြောချင်ပြောပါစေ)

 

ရှိနေတာ လမ်းစဆိုရင်တော့

မင်းဟာ ကို့လက်ကိုတွဲ ကိုနဲ့အမြဲသာရှိပါစေ။

 

နက်နဲတဲ့ ကမ်းပါးတွေအောက်မှာ

ပျော်စရာလည်း တွေ့ချင်တွေ့မယ်

ငိုစရာလည်း တွေ့ချင်တွေ့မယ်

ကို့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပါ။

 

လမ်းစဟာ အမှောင်ဖုံးချင်ဖုံးမယ်

တိမ်ဖုံးချင်ဖုံးမယ်။

ကို့လက်ကိုဆွဲ အားတင်းထားလိုက်။

 

အမှန်ဆိုရင်လည်း တစ်သက်စာ တစ်ခါတည်းမှန်ချင်တယ်။

အမှားဆိုလည်း တစ်သက်စာ တစ်ခါတည်းမှားပစ်ချင်တယ်။

လာပါကွာ ကို့လက်ကို တင်းတင်းဆွဲ

တို့နှစ်ယောက် အတူရဲရင့်ကြမယ်။

 

လာပါကွာ ကို့ခါးကိုတင်းတင်းဖက်

တို့နှစ်ယောက် စွန့်စားကြမယ်။

 

လမ်စပဲဖြစ်ဖြစ်

လမ်းဆုံးပဲဖြစ်ဖြစ်

ချစ်ခြင်းဟာ ကိုတို့အတွက် အင်အားဖြစ်ပါစေ ချစ်တဲ့သူ။

 

…………….

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

နိုဝင်ဘာ ၁၄ရက် ၂၀၁၄ခုနှစ်

5:25pm

4 comments

  • အလင်းဆက်

    November 15, 2014 at 9:11 am

    အမှန်ဆိုရင်လည်း တစ်သက်စာ တစ်ခါတည်းမှန်ချင်တယ်။

    အမှားဆိုလည်း တစ်သက်စာ တစ်ခါတည်းမှားပစ်ချင်တယ်။

    လာပါကွာ ကို့လက်ကို တင်းတင်းဆွဲ

    တို့နှစ်ယောက် အတူရဲရင့်ကြမယ်။..တဲ့…

    စာသားလေးတွေ ရိုးရှင်းပြီး…ကောင်းလိုက်တာဗျာ..

    ဒါနဲ့…

    ရောက်နေတဲ့နေရာဟာ လမ်းဆုံးဆိုရင်

    ကိုဟာ ချောကမ်းပါးတစ်ခုအစွန်းမှာ ရပ်မိနေသူတစ်ယောက်ပါ…..ချစ်တဲ့သူ။ ဆိုတဲ့ စာပိုဒ်မှာ…

    ချောကမ်းပါးလို့ ရေးထားတာတွေ့တယ် ။

    တမင်လား…
    ချောက်ကမ်းပါး လို့ ရေးချင်တာလား ။

    ဒါပေမယ့်… ကဗျာမှာ.. သတ်ပုံတွေ သဒ္ဒါတွေက.. အဓိကမကျဘူးလို့ ကျနော် ယူဆတယ်။

    ဒါကြောင့်… ချချ…. (ချချ = ထပ် ရေးပါဦး)

    :k:

    ဒီကဗျာလေးကိုလည်း.. ကျနော် မကြာခင် ဖွင့်မယ့်
    ”စကားလုံးပြတိုက်”ထဲမှာ.. ထည့်သွင်းပြသခွင့်ပြုပါလို့..
    ခွင့်ပန်ရင်း…..

    သိမ်းထားလိုက်ပါတယ်။

    ခင်မင်စွာ…

  • manawphyulay

    November 15, 2014 at 10:11 am

    လမ်းစပဲဖြစ်ဖြစ် လမ်းဆုံးပဲဖြစ်ဖြစ်
    ကို့ရဲ့ ခံယူချက်ပေါ် မူတည်ပါတယ် ကိုရယ်….. :mrgreen:

Leave a Reply