ချစ်ခရီးလမ်း ကြမ်းသတဲ့လား

လှည့်မကြည့်ပါနဲ့ အချစ်ငတ်နှလုံးသား
အပြုံးများကိုကြိုနေလို့ပါ
ဟိုးအဝေးမှာ လှိုင်းလေမြူးနေကြတယ်
တို့တစ်တွေတစ်ခဏတော့ ဝေးနေရဦးမယ်လေ

အတွေးကလေးချာချာလည်နေတယ် ရှင်လေးနံဘေးမှာ
ရပ်တည်ရင်းအားပေးစကားဆိုချင်သေးတယ်
မငိုလိုက်ပါနဲ့လား ကိုယ့်နှလုံးသားကပုလဲလေးတွေကို
ကြိုဆိုဖို့ အချိန်မတန်သေးလို့ပါ

သစ္စာတရားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
မေတ္တာခြေလှမ်းနဲ့ ဆူးခင်းလမ်းလေးဖြတ်ရအောင်နော်
ချစ်ပန်းတိုင်လေးမှာ သံယောဇဉ်ကြိုးလေးစီတန်းနေကြတယ်
ဒီခရီးဘယ်လောက်ကြမ်းကြမ်း ပေါ့

ကာရံ ၁၈့ ၁၁့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..