ဆောင်းအရိပ် ရနံ့ပန်း

တစ်ဖက်မှာ ကြွေနေတယ်
တစ်ဖက်မှာတော့ ဝေနေပြန်သေးတယ်
အခြေအနေတစ်ခဏမှာ ရနံ့လေးများ အပြိုင်ကြဲလို့ပေါ့

နွမ်းလို့ပဲ ကြွေတာလား
လွမ်းလို့ပဲ ဝေတာလား
မေတ္တာလှိုင်းကလေး အစုန်အဆန်မို့ အချစ်ကမ်းနံဘေးမှာ
အနမ်းလေးများ ပျံ့ကြဲလေရော့သလား

ဟော ဟိုမှာ မိုးသားကလေး အပြေးသွားနေကြပြီ
အမုန်းပြိုတော့မလိုနဲ့ ပုန်းကာငိုရော့လေတော့မယ်
ဆောင်းခိုငှက်ကလေးများဖြတ်အပြေးမှာ
ရနံ့လေးများလွင့်ပြယ်ပြီမို့ နှောင်းအတိတ်တစ်ဘက်ကမ်းက
ဆောင်းအရိပ်ရနံ့ပန်းကလေး နွမ်းလို့လည်းကြွေ
လွမ်းလို့လဲဝေခဲ့ပြီလေ

ကာရံ ၆့ ၁၂့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..