ဆောင်းတစ်ည

မြူ နှင်းလဲဝေ ပန်းလည်းကြွေ
အလွမ်းပြေလမ်းတစ်လျှောက် အနမ်းခြွေရနံ့ပျောက်ရင်း
စမ်းရေးကမ်းနံဘေးမှာ တစ်ယောက်ထဲပါလေ

မျှော်ကာမှန်းတမ်းတလို့ မှန်းဆကာငေးမိတယ်
လွမ်းရတာဘဲ အဖက်တင်ကျန်ရင်း ရင်မှာလေ
ဆီးနှင်းများ တိုးဝှေ့နေသေးတယ်
ဒါကိုသူမသိပါဘူးလေ

ဆီးနှင်းလေလား မျက်ရည်လား
ခြေရာမဲ့ခိုနားရင်း အပြုံးလေးများ ပုန်းတော့မယ်
မမုန်းပါနဲ့ ချစ်သူရယ် အလွမ်းဆိုတာ ခါးသမို့
အနမ်းမခြွေတဲ့ ဆောင်းတစ်ညမှာ
မေ့မျက်နှာလေး မအေးမြလေရော့သလား

ကာရံ ၁၀့ ၁၂့ ၂၀၁၄
 

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..