တူနိုင်တဲ့ မတူတဲ့အတွေး
အများနဲကမတူ တစ်ကောင်ထီးတည်း နားနေသည့် ဇင်ယော်ဌက်လေးတွေကိုကြည့်ပြီး အောက်ပါ အတွေးလေးများဖြစ်မိပါသည်….
– ရေပြင်ပေါ်တွင် ပေါလောပေါ်နေသည့် တူညီသောအရာဝတ္ထုတခုအပေါ်တွင် ဌက်လေးတွေ အတူတကွ နားခိုနေထိုင်နိုင်ကြသေးတာဘဲ…
တိရိစ္ဆာန်တွေထက်အသိတရား ရှိသည့် ကျွန်တော်တို့ လူးသားတွေဟာ တခုတည်းသော ဒီကမ္ဘာမြေပေါ်မှာ အတူတကွ မနေနိုင်ဘူးလား?….
– အများစုသောဌက်လေးတွေဟာ အနည်းစုတကောင်းတည်းသောဌက်ကလေးအပေါ်မှာ အနိုင်မကျင့်သလို တူညီသော အရာဝတ္တုတခုပေါ်ကနေ ငါတို့နဲ့ မတူ ငါ့ရန်သူဆိုပြီး ရန်မမူသလို တူညီသော အရာဝတ္တုပေါ် မတွန်းချပါဘူး….ကျွန်တော်တို့လူသားတွေလည်း ဒီမတူညီသောအမြင်တွေ အပေါ် အတူတကွမနေနိုင်ဘူးလား?…
– အများစုသောဌက်လေးတွေဟာ အနောက်ဘက်ကို ခေါင်းမူတော့ အနောက်ဘက်ကမြင်ကွင်း အလှကိုသူတို့တွေမြင်သလို တကောင်းတည်း မြောက်ဘက် ကိုလှည့်နေသည့် ဌက်လေးဟာလည်း မြောက်ဘက်က မြင်ကွင်းအလှကို သူမြင်မှာဘဲ မဟုတ်လား?
ကျွန်တော်တို့လူသားတွေလည်း အမြင်မတူသည့် အနည်းစုလူသားတွေအပေါ်ကို လက်တွဲခေါ်ပြီး အမြင်ဖလှယ်လိုက်ရင် မကောင်းဘူးလား?…
– ဌက်ကလေးတွေဟာ အမျှော်အကြောက်တရား ကင်းမဲ့စွာနဲ့ အပေါ်ကောင်းကင်းကိုလည်း မော်မကြည့် သလို အောက်ကိုလည်း မငုတ်ကြည့်ကြပါ
ကျွှန်တော်တို့ လူသားတွေလည်း လက်တွေ့ တကယ်မမြင်ရသည့် ကောင်းကင်နဲ့ မြေကြီးထဲက အရာတွေကို အမျှော်အကြောက်တရား စိတ္တဇတရား ကင်းမဲ့စွာနဲ့ ရှင်သန်လို့ မရနိုင်ဘူးလား?….
မှန် ပါတယ် ကိုအောက် ရေ။
ငါဘဲ အမှန် ဆိုတဲ့ အတွေး တွေ ကင်းသွားတဲ့ နေ့မှာ လောကကြီး က ပိုလို့ နေပျော်သွားမယ် ထင်ပါရဲ့။
Was this answer helpful?
LikeDislikeအမြင်တွေ ကို ညှိနှိုင်း ဆောင်ရွက်နိုင်ရင်…
မျှော်မှန်းချက်တွေ…တစ်စုတစ်ဝေးထဲ..စုစည်း အကောင်အထည်ဖော်နိုင်ရင်….
Was this answer helpful?
LikeDislike.ဒေါ်မြစပဲရိုး တင်ဖူးတဲ့ “Imagine” သီချင်းစာသားလေးတွေသတိပြန်ရသွားတယ်
.Imagine there’s no heaven
.It’s easy if you try
.No hell below us
.Above us only sky
.Imagine all the people
.Living for today……………
……………………………….
……………………………….
.“ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ” တကယ်မဖြစ်သေး၍….. :p:
Was this answer helpful?
LikeDislikeလူသားကို ထာဝရဘုရားသခင်က.. ဖန်တီးတယ်တဲ့..။
ကျုပ်လေ့လာမိသလောက်တော့.. လူသားက. ဘုရားသခင်ကိုဖန်ဆင်းထားတာပါ…။
လူသားက.. ငရဲလည်းဖန်ဆင်းတယ်..။ ဘုံကိုလည်းဖန်ဆင်းတယ်..။
Was this answer helpful?
LikeDislike