ဒင်​းအ​ကြောင်​းက ​ပြောမကုန်​ပါဝူးဗျာ

ကျ​နော်​က ခီညားတို့သိတဲ့အတိုင်​း ဘယ်​သန်​

စိကလက်​​သောက်​ရင်​​တော့ ညာနဲ့​သောက်​တယ်​

အိမ်​ကကားက ညာ​မောင်​း​လေ ဒင်​းကိုတင်​ပြီး အပြင်​သွားတိုင်​း စိကလက်​ညာနဲ့​သောက်​ဖို့​လေ့ကျင်​့ထားရတာ​ပေါ့

မိညီမနဲ့စား​လေ့ရှိတာက​တော့ ​ကြေးအိုးပဲ

သူ့အကျင်​့က ဆီ​မွှေးထပ်​​တောင်​း​လေ့ရှိတာပဲ

အဲ့အကျင်​့ ကျ​နော်​့ဆီကူးဆက်​သွားတယ်​

​ကြေးအိုးဆိုင်​​ရောက်​တိုင်​း ဆီ​မွှေးထပ်​မှာမိရဲ့

ချစ်​ဖို့တကယ်​​ကောင်​းခဲ့ပါတယ်​ အမြဲတမ်​း အား​ပေး​လေ့ရှိတယ်​

နာမည်​ကြီးအသည်​းဆရာဝန်​တေ​ယောက်​ရြြဲ့ အစစ်​စတန်​့ လုပ်​တယ်​​လေ

အရက်​သမားကုတဲ့ဆရာဝန်​ဆိုပြီး​ခေါ်​တော့ ကျ​နော်​့ကို ဂျပန်​အထိဖုန်​းဆက်​ဆဲတယ်​

ကျုပ်​ကိုသာဆဲတာ ကျန်​ကိုယ်​​တော်​​လေးနဲ့ကျ အ​တော်​အဆင်​​ပြေသဗျ

မုန်​့ထွက်​စားရတာနဲ့ ကားပတ်​စီးရတာနဲ့ မသူ​တော်​အချင်​းချင်​းကြည်​ညိုဂျတယ်​

မာမီ့ကို စမတ်​ဖုန်​းနဲ့ ​အွန်​လိုင်​းသုံးတတ်​​အောင်​သင်​တာလည်​း ဒင်​းပဲ​လေ

မားသားဂျီးထိပ်​ဆုံးဖုန်​းနဲ့ရိုက်​ပို့တဲ့ပုံက ဒင်​းပုံ

ဂျူတီကုတ်​​လေးနဲ့​ချောင်​ထဲမှာ ငို​နေတာ

ကျန်​​ကျောင်​း အသည်​းကာကွယ်​​ဆေးသွားထိုးတဲ့​နေ့က​ပေါ့

သူမထိုးရက်​လို့ တခြားတ​ယောက်​ကိုထိုးခိုင်​းပြီး ​ချောင်​ထဲမျက်​ရည်​ကျ​နေတာ​လေ

အဲ့လိုကျ​တော့လည်​းချစ်​စရာ​ကောင်​းသား

တခါတခါ​တော့​ဖောက်​သဗျ

ကျုပ်​ငယ်​ငယ်​က စိတ်​ဆိုးတိုင်​းဒင်​းပုံ ကာရီကာချာဆွဲပီးဟားဖူးတယ်​

အဲ့လိုကျ​တော့လည်​းပြုံး​နေပြီးဘာမှမ​ပြောတတ်​ဘူး

ကျ​နော်​ အ​ရှေ့ကျွန်​းသွား​တော့ တနှစ်​စာအိမ်​သုံး​ဆေးအကုန်​ထည်​့​ပေးတယ်​​လေ

​ဆေးညွှန်​းနဲ့တကွ

အဲ့တာနှစ်​တိုင်​းပဲ

ကျ​နော်​ဓာတ်​မတဲ့တာလည်​းသူသိတယ်​

ခနခန သတ်​မယ်​ချိန်​း​ခြောက်​ဖူးတယ်​ စိတ်​ဆိုးတိုင်​း

တကယ်​​တော့ သူသတ်​ရင်​ကျ​နော်​​သေခဲ့တာ ကြာပါပြီ

တကယ်​ချစ်​ဖို့​ကောင်​းတဲ့ မိညီမပါ

​နောက်​မှဆက်​မယ်​ဗျာ

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011