ငြင်းဖို့ အားယူနေတုန်း အကြောင်းတွေ ပွါးပွါးလာတာမို့ ဘယ်ကစ ရမလဲ အတော်စဉ်းစားနေရပါ့။ :wink:

ပထမဆုံး artificial intelligence လို့ ခေါ်တဲ့ အေအိုင် ကို ကွန်ပျုတာ ဂုရုကြီး ဘီလ်ဂိတ်စ် ကိုယ်တိုင် ဘာလို့ ကြောက်နေရတာ လဲ ဆိုတဲ့ ကိုယ်ပိုင် အမြင် လေး ကို မျှပါရစေ။

တကယ်ဆို အတု ဟာ အတုဘဲ အစစ် ကို ဘယ်လို မှီပါ့မလဲ နော။
ကြောက်စရာလား။

ပြောသာပြောရ။ နောင်အနာဂါတ် မှာ လူ တွေ ရဲ့ အလုပ်တော်တော်များများ ကို အသိဉာဏ် အတု နဲ့ စက်များ က ခြိမ်းခြောက် စပြုလာပြီ။
ကလေး ကို တောင် ပြောမိသေး။
တက္ကသိုလ်မှာ ဘာသာရပ် ရွေးရင် စက်ရုပ် တွေ ဝင်မလုပ်နိုင်တာ ရွေး လို့ ပြောပြီး အဲဒါ ဘာတွေ လဲ ဆိုတာ စဉ်းစား လိုက်ကြတာ။
စက်ရုပ် မလုပ်နိုင်မဲ့ အလုပ် အတော်ရှားနေတော့မှာ။
အဆုံးစွန် ဆရာဝန် အလုပ်တွေ မှာ ပရိုဂရမ် ကောင်းကောင်း လုပ်လာနိုင်တဲ့ တစ်နေ့ စက်ရုပ် နဲ့ ဆေးကု နိုင်တော့ မလားဘဲ။
အခုတောင် အွန်လိုင်း မှာ ဖြစ်နေတဲ့ အခြေအနေ တွေ ထည့်လိုက်ရင် ဘာ ဖြစ်နိုင်တယ် ဆိုတာ ပြောနိုင်တဲ့ ဆိုက် တွေ ရှိနေတာ။
ရမ်းကု သဘောတော့ ဖြစ်မှာပေါ့။
ဒါပေမဲ့ သေချာတာ က ဆရာဝန် တွေ စဉ်းစား သလို အတိုင်း စဉ်းစား တဲ့ ပရိုဂရမ် ကို လူ နဲ့ တူတဲ့ စက်ရုပ်ထဲ ထည့်ခိုင်းနိုင်တော့မယ် ထင်ရဲ့။
နောက် အလုပ် တစ်ခု က စာသင်တဲ့ ဆရာ အလုပ်။
လက်ရှိမှာ ကို အွန်လိုင်း နဲ့ ရှင်းပြ တဲ့ သင်ခန်းစာ တွေ၊လေ့ကျင့်ခန်း တွေ၊ အမှား အမှန် စစ်ပေးတာ တွေ အတော်လေး ခေတ်စားလာနေတော့ သိပ်မကြာတဲ့ ကာလ မှာ အခန်းထဲ မှာ ဆရာ က ဝင်သင် စရာ မလို ဘဲ ဗီဒီယိုကွန်ဖရန့် တွေ နဲ့ သင်တော့ မလားဘဲ။
ဒါမှဟုတ် အင်မတန်ကြည့်ကောင်းတဲ့ စက်ရုပ် ဆရာ/မ က ဝင်သင်မှာပေါ့။
စားဖိုမှူး တွေလဲ ချောင်မှာ မဟုတ်။
စစ်သား တွေလဲ နေရာပျောက် ဖို့ သိပ်မဝေးတော့။
အခုတောင် မောင်းသူ မလို တဲ့ တင့်ကား တွေ၊ တိုက်လေယာဉ် တွေ စသုံး နေပြီကော။
ဒါတွေ ကို ပရိုဂရမ် ရေး တဲ့ ပရိုဂရမ်မာ အလုပ်တောင် Coding ဘဲ လုပ်တတ်သူ ဆို ပရိုဂရမ် ရေး တော့ မဲ့ စက်ရုပ်ပရို ဂရမ် တွေ နဲ့ ပြိုင်ရတော့မှာ။
ဒီဇိုင်း စဉ်းစားနိုင်သူ ဆို နေရာမြဲနိုင်သေးတယ်။ ဒါတောင် တော်တော် မြင့်တဲ့ လယ်ဗယ် မှ စိတ်ချရ မလားဘဲ။
မင်းသား၊ မင်းသမီး တောင် လူနဲ့ ချွတ်စွပ်တူ တဲ့ ကွန်ပျုတာ ဂရပ်ဖစ်ဒီဇိုင်း တွေ ဖြစ်လာလို့ ကတော့ လူတွေ နဲ့ ရိုက်ပါတော့မလား။
ဂျပန်မှာ လူနဲ့ အင်မတန်တူ တဲ့ မိန်းမရုပ် တွေ စပေါ်နေပြီ ကြားတာဘဲ။
အသိဉာဏ် အတု ထည့်လိုက်နိုင်ရင် ဘယ်လို ဖြစ်ကုန်မယ် မသိ။
ရှေ့နေ တို့ ၊ တရားသူကြီး တို့၊ လွှတ်တော်ထဲ က အမတ်များတို့ ကတော့ စက် နဲ့ အစားထိုးနိုင်/မနိုင်။ မသိ။
ဆက်ပြောရင် ကုန်မယ် မထင်။
ကိုယ့်ဟာကိုယ်သာ ဆက်တွေးကြည့်ကြပါတော့။

အဲဒီ တီထွင်မှု တွေ ကနေ ကောင်းကျိုးထက် လူတွေ ကို အန္တရာယ်ပြု မဲ့ ဆိုးကျိုး တွေ ဖြစ်လာမှာ ကို ဘီလ်ဂိတ်စ် က စပြီး စိုးရိမ်လာတာပါ။
အမှန်တော့ ကျွန်မ လို လူပြိန်း က တွေးရင်တော့ အေအိုင် ဆိုတာ လူတွေ က တွေးပြီး ရေးထား တဲ့ ညွန်ကြားချက် အစုအဝေး ပရိုဂရမ် တွေပါဘဲ။
လူတွေ ထက် ပိုပြီးမြန်အောင် လုပ်နိုင်တဲ့ အစွမ်း ရှိပါတယ်။
လူတွေ ထက်ပိုပြီး ဘယ်လောက်သာတယ် လို့တောင် နှိုင်းမရနိုင်တဲ့  အချက်အလက် တွေ ကို မြောက်များစွာ သိမ်းနိုင်တာ၊ အဲဒါတွေ ကို ဖြတ်ကနဲ ပြန်ထုတ်ပေးနိုင်တာ တွေဟာ တကဲ့ အံ့မခန်း ပါ။
ဒါပေမဲ့ လူတွေ ကို ကျော်ပြီး လူတွေ ထက် ပိုပြီး ကောင်းအောင် သူ့ဟာသူ ဆန်းသစ်တီထွင် လာမယ် ဆိုတာတော့ ကျွန်မ သက်တမ်း မှာ မဖြစ်လောက်နိုင်သေးတာ ပြောနိုင်ပါသေးတယ်။

ကြောက်ရတာက လူလူချင်း ဒုက္ခပေးမဲ့ ပရိုဂရမ် ကို ရေးမဲ့ တီထွင် မဲ့ လူ ကိုသာကြောက် နေရတာမို့ လူ ကို လူချင်း က သတိပေးနေတာ လို့ သာ မြင်တာပါဘဲ။

လောလောဆယ် မြန်မာပြည် မှာတော့ ဘဏ်လို နေရာ တွေမှာတောင် လူ ကို အားပြုပြီး ဆားဗစ် ပေးနေတဲ့ နိုင်ငံ က သိပ်ကြောက်စရာ မလိုသေးဘူး။
ကွန်ပျုတာ စနစ် ကြီး သာ တစ်ခုခု ဖြစ် လုပ်ငန်း တွေ အားလုံး ကမောက်ကမ ဖြစ်သွားတော့မဲ့ တိုးတက်ပြီး နိုင်ငံတွေ မှာ အသေအချာ တွေး ရင် အတော်ကြောက်ဖို့ ကောင်းသား။
မနေ့က တောင် မျက်စိရှေ့မှာ အမှိုက်လာသိမ်းတဲ့ ကား မှာ အမှိုက်ပုံး ကို မြှောက်တင်တဲ့ ခလုပ် ပျက်နေလားမသိ။
ဆွဲယူမဲ့ လက်တံ ထွက်မလာဘဲ တစ် နေတာလားမသိ။ ၁၅မိနစ်လောက် အမျိုးမျိုး လုပ်နေတာ။ ကား ကို စက်ပိတ်လိုက် ပြန်နိုးလိုက် ရှေ့တိုးလိုက် ဘရိတ်စောင့်အုပ် လိုက်။
ဘယ်လိုမှ ထွက်မလာဘူး။
ကိုယ်လဲ ကြည့်မနေ နိုင်တာ နဲ့ နောက် ဘာဖြစ်သွားလဲ တော့မသိ။
မရတဲ့ အဆုံး နောက် ကားတစ်စီး နဲ့ လာသိမ်း ရမှာပေါ့။
ဟိုတစ်ပါတ်ကလဲ လေဆိပ်မှာ ကွန်ပျုတာ စနစ် တစ်ခု ပျက်သွားလို့ လေယာဉ် တွေ အတက်အဆင်း လုပ်မရဘဲ နေ့ဝက်လောက် ဒုက္ခရောက်သွားသတဲ့။

နည်းပညာ တိုးတက်တာ ကို အကောင်းမြင် ဘက် ကလဲ ကြည့်လို့ ရပါတယ်။
အဆိုးမြင် ဘက်က လဲ ကြည့် ပြီး အမျိုးမျိုး ဝေဖန်နိုင် ကြောက်နေနိုင်ပါတယ်။
လက်တွေ့ မှာလဲ ကောင်းတာ ဆိုးတာ တွေ ကို ရင်ဆိုင်နေရပါတယ်။
ဒီကြားထဲ အခွင့်အရေးသမား တွေ ရဲ့ အသုံးချ လက်နက် အဖြစ် အနိုင်ကျင့်တာ တွေ လဲ ခံရပါတယ်။

တကယ်တော့ I am not robot … I am not clone  ဆိုတဲ့ သီချင်းလေး ဆိုပြီး ဒီ တင် တစ်ခန်းရပ်ဖို့ ပါ။
သို့ပေသည့် မဟာသူကြီးမင်း ရဲ့ လိပ်ပြာ ဘက်ရောက်သွားပြီး အဲဒါကိုဘဲ ဗဟို ငြင်း (ဆွေးနွေး) ဖို့ အကြောင်း က အခုမှ စ တော့မှာပါ။
စိတ်ရှည်ရှည် နဲ့ အချိန်ပေး သည်းခံဖတ်ပေးကြသော ပိတ်သတ် ကြီး ကို ကြိုပြီး ကျေးဇူး တင်ပါတယ်။
ပြောမဲ့ အကြောင်း တွေ က ဆောင်းပါး တစ်ချို့ က နေ အခြေပြုပြီး ထင်ရာ နားလည် သလို ရေးထားတာ မို့ အမှန် တွေ လို့ အတိအကျမပြောနိုင် ကြောင်းလေးလဲ ပြောထားပါရစေ။
ကိုယ် ကျွမ်းဝင်မှု မရှိတဲ့ ပညာရပ်ပိုင်း တွေ မို့ တကဲ့ပညာရှင် တွေ ရဲ့ အသိ အမြင် နဲ့ ကွဲပြားနိုင်လို့ ပါ။
ဒါပေမဲ့ ရှုဒေါင့် တစ်ခု က နေ  မှားမှား မှန်မှန် အဖြေရှာစရာ မလိုဘဲ တော့ ကြည့် နိုင် သိနိုင်တာမို့ လူပြိန်းတွေး နဲ့ဒီ စာလေး ကို ရေးပါတယ်။
လွဲ နေတယ် ထင်လဲ ပြင်ပေးဖို့ကို ဖိတ်ခေါ်ပါရစေ။

သူကြီးမင်း က ပြောတယ်။
{
ကံ..ကံအကျိုး..အကြောင်းကို..
ကျုပ်ကတော့.. Butterfly Effect လိုမြင်သမို့…
အေအိုင်တွေ… သေသေချာချာဖမ်းဆုပ်ပြရင်း.. လူတွေကိုကျော်စားသွားမယ်… ထင်..။
}
{
ပုဂ္ဂလိကတဦးတယောက်ချင်းစီ၏ဘ၀ကိုတိုက်ရိုက်ပြောင်းသွားစေနိုင်သည်မက ပတ်ဝန်းကျင်ဆက်စပ်ကမ္ဘာကြီးတခုလုံး၏ အချိုးညီလည်ပါတ်နေမှုကိုပင် အဆင့်ဆင့်ပြောင်းသွားနိုင်သည်ဟုဆိုလိုပါသည်။
တခုနှင့်တခုတို့သည် ကြောင်းကျိုးဆက်စပ်မှုမရှိသလိုနှင့် ရှိနေကြသည်သာဖြစ်၏။
}
သူ ရဲ့ Quote ကို မှား တယ် ထင်လို့ ဆွေးနွေးပွဲ ကို စိမ်ခေါ်လိုက်တာမဟုတ်ပါဘူး။
တစ်ခုစီ မှန် နိုင် တဲ့ အချက် နှစ်ခု ကို သူ ဆက်ပေးလိုက်တာ လွဲ နေတယ် ထင်မိတာမို့
ဒီ အကြောင်း ဖြစ်သွားတာပါ။

အပေါ်မှာ ပြောခဲ့သလို ဒီနေ့ ခေတ် ရဲ့ ကွန်ပျူတာ အစွမ်း ကြီး လာတာ မို့ သိပ္ပံပညာရပ် တွေ ကို ပိုပြီး ကြီးကျယ်အောင် အထောက်အကူ ပြုနိုင်ခဲ့ပါတယ်။
တကယ်တော့ သိပ္ပံပညာ ရပ်ပေါ်ပြီး နှစ်ပေါင်းများစွာ ကြာမှ ကွန်ပျုတာ ဆိုတာ ပေါ်လာတာပါ။
အဲလိုပေါ်လာခြင်းဟာလဲ သိပ္ပံပညာ ရဲ့ လက်ချက်ပါဘဲ။
အဲဒီ ကြီးမြတ်လှတဲ့ စူပါဉာဏ်ကြီးရှင် သိပ္ပံပညာရှင် များ ဟာလဲ တစ်ယောက် နဲ့ တစ်ယောက် ဟာကွက်ရှာပြီး သူများဟာ အပြစ်ပြော ကိုယ့်အကြံသစ် ကို ထုတ်ပြ နဲ့ ဒီလို သီအိုရီ အသစ် တွေ ဆင့်ကဲ ဆင့်ကဲ  ဖြစ်နေတာ ပါ။

အိုင်းစတိုင်း က နယူတန် ရဲ့ ဟာကွက် တွေ ကို ထောက်ပြခဲ့ သတဲ့။
သူ့ရဲ့ relativity သီအိုရီ E = mc² ကတော့ QM ဆိုတဲ့ Quantum mechanics ပေါ်အလာမှာ သူ့ချည်း အမှန် ဆိုတာ မဖြစ်တော့ဘူး။
နောက်ပိုင်း  သူကြီးပြောတဲ့ Chaos Theory အရောက်မှာတော့ သဘာဝ တရားကြီး ထဲ မှာ ရှိနေတဲ့ အရာ အားလုံး ဟာ ဗရမ်းဗတာ ဖြစ်ချင်သလို ဖြစ်နေ တတ်တဲ့ သဘောကို တွေ့သွားကြတယ်။
Chaos Theory ကို Quantum mechanics ရဲ့ Revolution လို့လဲ ပြောကြတယ်။
သဘောကတော့ အိုင်းစတိုင်း ရဲ့ E = mc² ပုံသေနည်း က အသေ တွက်ချက်မှု ဖြစ်လို့ ပါတဲ့ ကိန်းဂဏန်း တွေဟာ တစ်ခု နဲ့ တစ်ခု ချိတ်ဆက်ပြီး ကြည့်နိုင်တယ်။
တစ်ခု အပေါ် တစ်ခု တည်မှီပြီး ပြောင်းကြတယ်။
အယ်လ်ဂျီဘရာ လို linear equation မို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။
ဖြစ်နိုင်ခြေ ကို ရှင်းရှင်းလင်းလင်း ကြိုမှန်းနိုင်တယ်။
Quantum mechanics ရဲ့ complex systems မှာတော့ အရာတွေဟာ သေချာတဲ့ ရှင်းပြချက် မရှိနိုင်ဘဲလဲ ပြောင်းလဲနိုင်ဖို့ ဖြစ်နိုင်စွမ်း ရှိတယ် ဆိုတဲ့ သဘောပါ။ ပညာရပ် က လူပြိန်းနားလည်သလို မို့ လွဲနိုင်တာလဲ ပြောပါရစေ။
QM  ကို တွေ့ရှိသူ ကတော့ Max Born လို့ ခေါ်ပြီး သူတို့ သီအိုရီ တွေဟာ ၁၉၂၀ ဝန်းကျင် မှာ ခေတ်ပြိုင်ရုံမက သူတို့ နှစ်ယောက်ဟာ တက္ကသိုလ်တစ်ခု ထဲ က ပါမောက္ခတွေ ဖြစ်ခဲ့တာ။

အဲဒီ ကနေ Quantum Cat ဆိုပြီးလဲ Experience တစ်ခု ပေါ်လာသေးတယ်။ အဲဒီ Experience က ကြောင်တစ်ကောင် ရယ်၊ အဆိပ် ဓာတ်ဗူး ရယ်၊ ရေဒီရိုအက်တစ်ဗ် ဒီတက်တာ ရယ် ကို ပုံး တစ်ပုံး ထဲ ထည့်ပိတ်ထားလိုက်တယ်။
၁၀ မိနစ် ကြာရင် ပုံးကို ဖွင့်ကြည့်ပေါ့။
အဲဒီအချိန်အတွင်းမှာ ဒီတက်တာ က ဓာတ်ဗူး ကို ပွင့်သွားစေနိုင်တယ်။ ဒါဆို ကြောင် အသေ တွေ့လိမ့်မယ်။ မဟုတ်ရင်တော့ ကြောင် အရှင် ကျန်မယ်ပေါ့။
ဒါပေမဲ့ ပြသနာ က ပုံး ကို ဖွင့်ချိန် မှာ အဲဒီ အက်ရှင်ကြောင့် လဲ ဒီတက်တာ က အလုပ်လုပ် သွားပြီး ကြောင် ကို သေစေမယ်။
မဟုတ်လဲ ကြောင် က အချိန်မှီ ခုန် ထွက်လာနိုင်မယ်။
ဒီတော့ ကြောင် သေခြင်း၊ ရှင်ခြင်း ဟာ ဘယ် အကြောင်း က ဖြစ်သွားစေတာလဲ အတိအကျ ပြောမရတော့ဘူး။
အဲဒါ ကို ဒီနေ့ထိ ဘယ်သူမှ အဖြေမဟုတ်နိုင်သေး လို့ လဲ နားလည်မိတယ်။
သဘောက အံဇာလှိမ့် သလို  ကျချင်ရာ ကျပြီး  ဖြစ်ချင်သလို ဖြစ်သွားမဲ့ အကြောင်းပေါ့။
ဒီ စမ်းသပ်ချက် က “အကြောင်း ကြောင့် အကျိုး ပေါ်” ဆိုတာ မှာ ဘာ အကြောင်း ကြောင့် ဒီ အကျိုး ဖြစ်ခဲ့တာလဲ ဆိုတာကို အတိအကျ မဖော်ထုတ်နိုင် တဲ့ သဘော လဲ ရှိတာ ကို ပြောတာ။
အဲဒီ နောက်မှာ အိုင်းစတိုင်း ရဲ့ စကား တစ်ခု ထွက်လာတယ်။
“God doesn’t play dice” တဲ့။

ဒီလို နဲ့ သူတို့အချိန် တွေ ကို ကျော်ခဲ့ပြီး ကွန်ပျုတာခေတ် ရောက်တော့ အဲဒီ  အတွက် ရှုပ်ထွေး တဲ့ တွက်ချက်မှု တွေ ကို အဖြေထုတ် စမ်းစစ်ဖို့ ကွန်ပျုတာ ဟာ မရှိ မဖြစ် တဲ့ လက်နက် တစ်ခု ဖြစ်လာပါတယ်။

၁၉၆၀ လောက်မှာ Edward Lorenz ဆိုတဲ့ ပညာရှင် က မိုးလေဝသ ခန့်မှန်းဖို့ Weather Model ပုံစံငယ် ကို ကွန်ပျူတာ ပရိုဂရမ် ရေးပြီး ဆောက်ခဲ့တယ်။
အချက်အလက် တွေ ထည့်လိုက်ရင် ကွန်ပျူတာ ကနေ အနာဂါတ် မှာ ဖြစ်နိုင်မဲ့ မိုးလေဝသ အခြေအနေ ကို ထုတ်ပေးတယ်။
သူ့ လုပ်ဖော်ကိုင်ဖက် တွေ ကျောင်းသား တွေ အားလုံး ကွန်ပျူတာ က နေ မြင်နေရတဲ့ တိမ်တွေ ပြောင်းသွားတာ၊ လေ တိုက်တာ၊ အပူ အအေး လှိုင်း တွေ ရွှေ့ တာ တွေ ကို ရင်သပ်ရှူမောပြီး ကြည့်ခဲ့ကြတယ်။
အတိအကျ parameter တွေ ထည့်ရင် ထွက်လာတဲ့ ရလာဒ် ဟာလဲ မှန် နေတာ တွေ့ရတယ်။
တစ်နေ့မှာတော့ သူက ကွန်ပျုတာထဲ ထွက်လာတဲ့ ပုံ ကိုပိုကြည့်ကောင်း အောင်ပြင်ခဲ့ တယ်။
ဒါပေမဲ့ ဒေတာ တွေ ကို ပရိုဂရမ် ကို အစ ကနေ မစ ဘဲ အချိန် သက်သာ အောင် တစ်ဝက် က ဖြတ် ထည့်ခဲ့ တယ်။ အဲဒီ တစ်ဝက် က ဖြတ်ထည့်တာလဲ အရင် အတိုင်း ရတဲ့ အချက် ကိုဘဲ ထဲ့ခဲ့တာ။
အဲဒီ အချိန်တုန်း က ကွန်ပျူတာ ပေါ်က data ကို အပြင်မှာ printer ထုတ် ရင် အတိအကျ ထုတ်မပေးနိုင်သေးဘူး။ ဒသမ ၃ လုံးထိဘဲ စာရွက်ပေါ်မှာ ထုတ်ပြနိုင်ခဲ့တယ်။
ဒါနဲ့ သူက တကယ် ထည့်ရမှာက 5.123456 ကို ပါမှာ ရတဲ့ 5.123 နဲ့ ထည့်လိုက် တယ်။
ကွာခြားချက် က 0.000456 လေးမို့ သိပ်မကွာဘူး လို့ သူ ယူ ဆခဲ့ ပေမဲ့ တကယ် အဖြေမှန် က နေပူ ရမှာ ကို မိုးရွာ တဲ့ အခြေအနေ ပြောင်း သွား တော့တာ။

ဒီမှာတင် သူ သတိပြုမိသွားတာ က သဘာဝ တရားကြီး ဟာ ပုံသေဘာကိုမှ မှန်းထားလို့ မရဘဲ အကြောင်း သေးသေးလေး  ပြောင်းတာကလဲ (လိပ်ပြာ တောင်ပံ ပါးပါးလေး ခတ်တာတောင်မှ) ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်နိုင်တာ ကိုပါ။
အဲဒီကနေ Chaos Theory ပေါ်လာပါတယ် လို့ ဆိုတာပါဘဲ။
Chaos: When the present determines the future, but the approximate present does not approximately determine the future.
(ဘာသာပြန် ရန် မောင်ဘလှိုင် အတွက် ချန်ထားပါတယ်၊ ပို လှတဲ့ စကားစု လေးရဖို့ ကူ ပါဦး) :))

Chaos Theory ကဘဲ ပြောထားသေးတာက
သဘာဝ တရား လောကကြီး ထဲ မှာ အဖြစ်အပျက် တွေ ဟာ နာရီချိန်သီး လို တစ်ချောင်း ထဲ ကဘဲ လှုပ်ရမ်းပြီး ပုံကားချပ် ကို ချယ် နေတာ မဟုတ်ဘူး တဲ့။
အဲဒီ လှုပ်နေတဲ့ ချိန်သီး ရဲ့ အောက်မှာ နောက်ထပ် ချိန်သီး တစ်ခု က အဆစ် လို ချိုး ပြီး ရမ်းနေသလို ပုံ ကားချပ် ကို ချယ်နေတာ မို့ တသမတ် ထဲ ဘာကိုမှ ခန့်မှန်း လို့ မရဘဲ သူ့ဟာသူ ရောက်ချင်တဲ့ နေရာရောက် ဆွဲချင်သလို ဆွဲ နေတာတဲ့။
(ပုံ ကို ကြည့်ပါ)

Double-compound-pendulum
သိပ္ပံပညာ ဆိုတာ လဲ ဒီလို မသေချာတဲ့ အကြောင်းတွေ ကြားကဘဲ သေချာသလောက် ကို ကြိုးစား နေကြတာပါလေ။
Chaos Theory နောက်ပိုင်း အခုချိန် အထိတော့ အဲဒါဟာ မှား တယ် လို့ ပြောပြီး သက်သေပြနိုင်တဲ့ သီအိုရီ မထွက်လာသေးဘူး။

ဒီတော့ အဲဒီ ဖြစ်ချင်သလို ဖြစ်တာ ဟာ random လို့ခေါ်နိုင်သလား။
ကြိုပြီး ရေးထားပြီး လား ဘယ်သူ မှ မပြောနိုင်သေးပါဘူး။
တစ်နေ့တော့ ပြောနိုင်ချင် ပြောနိုင်လာမယ်။

အခု မှာတော့ မနက်ဖြန် မပြော နဲ့ နောက် စက္ကန့်ပိုင်း လေး အတွင်း တောင် အကြီးအကျယ် ပြောင်းသွားနိုင် တဲ့ သဘာဝ တရားကြီး ထဲ
အတိအကျ မသိနိုင်၊ မခန့်မှန်းနိုင်တဲ့ အနာဂါတ် ဘဝ ထဲ
ဗုဒ္ဓ ဟောကြားခဲ့ တဲ့ ဘာအရာမှ မမြဲဘူး ဆိုတာ လက်ကိုင်ထားရင်း
လိုသလို မဖြစ်ခဲ့ရင် အတိတ်ကံ  ကို သာ ပုံ ရင်း
အသက်ရှု နေရခိုက်လေး ဘာဘဲ ဖြစ်ဖြစ် ဖြစ်ချင်တာသာ ဖြစ် (Whatever will be will be) ဆိုတဲ့ စိတ်နဲ့ ကိုယ့်တာ ကိုယ်လုံ အောင် တတ်နိုင်သမျှ ဝီရိယ ထုတ်ရင်း
မကောင်းမှု နဲ နိုင်သမျှ နဲ မဲ့ ၊ သူတစ်ပါး ကို မထိခိုက် မဲ့ ဘဝ နေနည်း အတွက် သာ ကြိုးစားနေပါတယ် ပြောရင်း နိချုန်းဂုတ် လိုက်ပါတယ်။

မှီငြမ်း ::::
http://en.wikipedia.org/wiki/Chaos_theory
http://en.wikipedia.org/wiki/Butterfly_effect
http://en.wikipedia.org/wiki/Schr%C3%B6dinger%27s_cat
https://www.religiousforums.com/threads/artificial-intelligence-and-the-soul-or-karma.169738/
http://www.preposterousuniverse.com/eternitytohere/quantum/
http://www.abarim-publications.com/ChaosTheoryIntroduction.html#.VNXNpi7eJr9

“Que Sera, Sera (Whatever Will Be, Will Be)”
(originally by Doris Day)
When I was just a little girl
I asked my mother, what will I be
Will I be pretty, will I be rich
Here’s what she said to me.

Que Sera, Sera,
Whatever will be, will be
The future’s not ours, to see
Que Sera, Sera
What will be, will be.

When I was young, I fell in love
I asked my sweetheart what lies ahead
Will we have rainbows, day after day
Here’s what my sweetheart said.

Que Sera, Sera,
Whatever will be, will be
The future’s not ours, to see
Que Sera, Sera
What will be, will be.

Now I have children of my own
They ask their mother, what will I be
Will I be handsome, will I be rich
I tell them tenderly.

Que Sera, Sera,
Whatever will be, will be
The future’s not ours, to see
Que Sera, Sera
What will be, will be.

About မြစပဲရိုး

Khin Latt has written 240 post in this Website..