မိညီမ ဆိုသည်မှာ ၅
ဆက်ဆွဲရအောင်ဗျာ
ကျနော့်မှာ သူငယ်တန်းကတည်းကပေါင်းလာတဲ့
ငယ်သူငယ်ချင်းမလေးရှိတယ်
သူလည်းအမေ့ကို မာမီလို့ပဲခေါ်တာ
သူက ကယားလူမျိုး ခရိယာန်ဘာသာဝင်
တချိန်က ကြံစီဖူးပေမယ့် အမေက တားခဲ့ဖူးတယ်
ကြားထဲမှာ မိညီမဂုန်းတိုက်တာတွေလည်းပါသေးသပေါ့
သူက အဲ့ကယားမလေးကိုအရမ်းမုန်းတာ
အာ့ကြောင့်ပေါ့ ကျနော် ကျန်ကိုယ်တော်လေးအမေကိုယူလိုက်တာ
ကျနော်ယူပြီကြားတော့ ကယားမလေးက ယူအက်စ့်မှာ အမေ့ဆီဖုန်းဆက်ပြီးငိုတယ်
မိညီမကတော့ အေးဆေးပဲ သူမုန်းသူနဲ့လွဲပီး သူ့သူငယ်ချင်းကို မသွားတာဆိုတော့ ကိုး
အဲ့သူငယ်ချင်းနဲ့ ဂျပန်ဆိုင်လှည့်ပတ်စားလေ့ရှိတာ ရွာထဲက မရို့စ့်တွေ့ဖူးတယ်
အဲ့ဒါဗျာ မိညီမပွဲတုန်းက ညပွဲမတက်ဖြစ်ဘူး
မနက်ပွဲမတိုင်ခင် နယ်မှာနေတဲ့ အဘွား
အဖေ့ရဲ့အမေ ဆုံးတဲ့သတင်းဝင်တယ်
သူ့ပွဲသွားတယ် နေ့လည်ကျ တာမွေလူမိုက်နဲ့ဂဲသားရင်းသွားတယ်
လမ်းမှာကားတိုက်ခံရတယ်
စိတ်ညစ်ညူးပီး အမူးသောက်တယ် သီချင်းတဝဆိုတယ်
ဘယ်လိုမှမခံစားနိုင်လို့ညပွဲမတက်ဘူး
သူဟားနီးမူးမသွားခင်ဖုန်းဆက်ပီး ညပွဲမလာတာဆောရီးပါဆိုပြီးတောင်းပန်တယ်
မိညီမ ဘာပြောတယ် အောက်မေ့တုန်း
ဟိုကယားမနဲ့ဝေးဝေးနေတဲ့
ကျော်ကလည်းကျော်ပဲ စိတ်ထဲခံစားရသမျှကို
အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကယားမလေးကိုဖုန်းဆက်ဆက်ပြီး ရင်ဖွင့်လေ့ရှိတယ်
တခါမှာတော့ ကံမကောင်းစွာနဲ့ မိညီမက နင်နဲ့ဝေးဝေးနေ လို့မှာတယ်ဆိုတာ ပြောချလိုက်မိတယ်
တကယ်တော့ အဲ့ကယားမလေးက အရမ်းယဉ်ကျေးသိမ်မွေ့သူပါ
တသက်လုံးလည်းအမြဲကောင်းပေးခဲ့တယ်
ဒီတခါတော့ ကျော့်ကို သောက်ရူးဆိုပြီးဆဲတယ် စိတ်ဆိုးပြီးဖုန်းချသွားတယ်ဗျာ
မိညီမ အဲဒါကိုသိတယ်
အမေလည်းသိတယ်
အဲ့ကယားမလေးက ဟိုကရင်မဇုတ်နဲ့ ဖုန်းထဲမှာအသံတူတူပဲလေ
နှစ်ယောက်လုံးအသံအေးအေးချိုချိုလေးတွေ
မာမီက သူနဲ့တုန်းက သဘောမတူခဲ့ ဘာသာတူ ကျန်ကိုယ်တော်အမေနဲ့ပဲယူခဲ့ပေမယ့် အဆင်မပြေခဲ့ ကွဲခဲ့တော့
ဘာသာနဲ့မဆိုင်ကောင်းတဲ့လူက ကောင်းတာပဲ ဆိုးတဲ့လူကဆိုးတာပဲ ဆိုပြီး
လက်ခံပေးခဲ့တယ်
မိညီမက သူနဲ့ရှိနေစဉ်လုံးဝစကားမပြောဘူး ကျော့်ကို
ကရင်မလေးနဲ့ သူငယ်ချင်းကယားမလေးက အသံချင်းသာမက ရုပ်ချင်းပါဆင်တာကိုး
ကျော့်ဖုန်းတွေကို ဘလော့လုပ်ထားလေ့ရှိရဲ့
နောက်ပိုင်းမှသာ ပြန်ခေါ်တာ
အချုပ်ပြောရရင် ကျော် ကံမကောင်းခဲ့ဘူးဗျာ
မိညီမ က ဘဝမှာတော်တော် အခရာကျခဲ့သူပါ
နောက်မှဆက်မယ်ဗျာ
14 comments
မြစပဲရိုး
February 7, 2015 at 6:06 pm
ရခိုင်မလေး တို့ ရှမ်းမလေးတို့ ဝ မလေး တို့ ချင်းမလေးတို့ လာဦးမယ်လား။ 😉
လူမျိုးပေါင်း ၁၀၁ ပါး နဲ့ မိညီမ ကို ရန်တိုက် ပေးနေတာ ကိုး ဟယ်။
အရီး ရှေ့နေ လိုက်ပေးထားတာ လေး များ တော့ သွားရှာပြီ ထင်ရဲ့။ lol:-)))
ဖားသက်ပြင်း
February 7, 2015 at 7:32 pm
ဘိရုမာ မလေးတျောက်တော့ ပါသေးသဗျ
မြစပဲရိုး
February 7, 2015 at 11:53 pm
နိဟွန်းဂျင်း လေးရော lol:-))))
ဖားသက်ပြင်း
February 7, 2015 at 11:58 pm
ရှူးတိုးတိုး
ရှော့စိတယ်
black chaw
February 7, 2015 at 6:32 pm
မလှောင်ပြောင်ရက်တော့ပါဘူးကွယ်…။
ခိုင်ထူးက သူ့ သီချင်းတစ်ပုဒ်ထဲ ထည့်ဆိုသွားခဲ့ဖူးပါတယ်…။
ဆိုတော့…
အချစ်ကြောင့် ပျော်ရွှင်ကြည်နူး သာယာနာပျော်ဘွယ်ကောင်းတဲ့
အချိန်လေးတွေကို ဖြတ်သန်းနေတဲ့ အချိန်မှာ
မကြာခင် ပူဆွေးကြေကွဲမှုတွေလည်း လာတော့မယ် ဆိုတဲ့
သတိလေးနဲ့
ရဲရဲ ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်…။
မိန်းမတစ်ယောက်အတွက်နဲ့ အသဲကွဲတယ်ဆိုတာ
အရက်နာ ကျသလိုပါပဲ…။
အရက်နာကျ ရင် အရက်လေး မော့ ပေးရသတဲ့…။
မိန်းမတစ်ယောက်ကြောင့် အသဲကွဲပြီဆိုရင်လည်း
မိန်းမတစ်ယောက် အမြန်ဆုံးရှာပြီး တွဲသင့်ပါတယ်…။
အကောင်းဆုံး အကြံပေးချင်တာကတော့
ဒီရက်ပိုင်းအတွင်း ရည်းစားတစ်ယောက် အမြန်ဆုံးရှာပြီး
အသဲကွဲခြင်းကို ဖြေဖျောက်လိုက်ပါ…။
နောက်ဆုံး ထူးအယ်လင်းသီချင်းလေးနဲ့
ဒီကွန်းမန့်ကို အဆုံးသတ်ခွင့်ပြုပါကွယ်…။
ကိုယ်ပေးလိုက်တိုင်း…
ပေးတိုင်းပြန်မရတာ…
အချစ်လို့ခေါ်သလား…
တဲ့…။
ဟုတ်ပါတယ်…။
ကိုယ်ပေးလိုက်တိုင်း ပေးတိုင်းပြန်မရနိုင်တာ
အချစ်ပါပဲ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချောဇုတ်…။
မွသဲ ( 17082011 )
February 8, 2015 at 9:41 am
မိန်းမတယောက်အမြန်ဆုံးရှာတွဲရအောင် သူ့ပြန်ကြိုက်မဲ့လူကောရှိလို့လား အူးဘက်ရယ်
မွသဲ ( 17082011 )
February 7, 2015 at 8:55 pm
တိုင်းရင်းသားတွေမစုံသေးဘူးလားဟေ လာထား ၁၃ ကျပ်
အလင်းဆက်
February 8, 2015 at 11:04 am
ဘာများလဲလို့ (၅)
ဦးကျောက်ခဲ
February 8, 2015 at 11:54 am
အသီးကွဲတာ ချော်လဲလို့ ဒူးပြဲတာမဟုတ်တော့ ဆေးထည့်လို့လည်းမရ…
ဆင်ကော်နဲ့ကပ်ရအောင်ကလည်း ကိုင်လို့ရတဲ့ အသီးလည်းမဟုတ်…
ဆို့ဆို့နင့်နင့် … အတော်ခံစားရတယ်…
အကောင်းဆုံးဆေးမြီးတိုကတော့… ရည်းစားများများ တပြိုင်ထဲထား… ဟီ ဟိ
:k:
Mike
February 9, 2015 at 11:57 am
.ခုဆို ကယားမလေးကိုယူလို့ရပြီပဲ..ကယားရော..ကရင်ရော ဘာမှမရှောင်နဲ့
.ရတာယူပစ်ကွာ :k:
ခင်ဇော်
February 9, 2015 at 12:21 pm
ခက်တာက ဘာ မ က မှ ဒင်းကို အတည်မယူတာ အခက်သားကလားးး
:k:
Mike
February 9, 2015 at 2:22 pm
.ကိုယ့်မောင်ငေးကို ဂလိုပဲ ရက်ရက်စက်စက်ပြောရသလားကွယ်
.မတော် နှာခေါင်း သွေးသွန်တော်မူနေပါအုံးမယ် :k:
Wow
February 9, 2015 at 4:56 pm
နာ့မောင်ဂေးကို ပေါဂျနဲ့…
ခုမိန်းမမရလို့ ယောက်ကျားလှည့်ကြံနေဒယ်
Mr. MarGa
February 10, 2015 at 10:06 am
ကျွတ်… ကျွတ်… ကျွတ်…
လာထား ၁၃ကျပ်.