– ဦးစွာ ပထမတော့ အရီး နဲ့ ရွာသူား အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်…. အရမ်းလဲ ချစ်ရပါတယ်ဗျာ… :) :) :)

– စိတ်ညစ်နေတဲ့ အချိန် ကောင်းကင်ပြာရဲ့ ပို့စ်ကလဲ ချက်ကျ မတ်ကျမို့ ရီမိပါသေးတယ်.. ကျေးဇူးပါနော်… :) :) :)

– ရုံးပြောင်း နေရတာရော… အမေ့ဆေးဖိုးတိုးလာတာကြောင့်ရော… ရာထူးတိုးကို လှုပ်ရှားနေရတာကြောင့်ရော စိတ်ရှုပ်ပြီး ပို့စ်လဲ မတင်ဖြစ်ခဲ့ပါဘူး…

– တင်လဲ ခံစားရလွန်းလို့ ကော်ပီလေး လာတင်ဖြစ်ခဲ့ပါတယ်…

– ခုကတော့ ကျေးဇူးတင်စကား ပြောချင်တာရော… နှစ်ပတ်လည်နေ့ လျှောက်သွားရင်း ၀ယ်ဖြစ်ခဲ့တဲ့ စာအုပ်ထဲက မေးခွန်းလေးတွေ ငြင်းခုန် သတ်ပုတ်ရအောင် တင်လိုက်တာပါ…

– ကဲ… ကဲ… စလိုက်ကြရအောင်…

……………………………………………………………………………………………………………………………………………………………………………………………

– ၁  မြစ်ရေတက်ရင် တွင်းကြီးထဲ ရေကျ၊ မြစ်ရေကျရင် တွင်းကြီးထဲ ရေပြည့်တဲ့ တွင်းကြီး တတွင်းကို သိလား….

– ၂ ငေါင်း  သတ္တ၀ါ တကယ်ရှိလား…

– ၃ အင်္ဂလိပ်အမည် နဲ့ ပုဂံ ဘုရားတဆူကို သိသလား…

– ၄ ဆရာတော် ဦးကျည်ပွေ့ နှင့် သျှင်ဒိသာပါမောက် တပါးတည်းလား…

– ၅ လောကသာရပျို့ကို အမှန်တကယ် ဘယ်သူရေးခဲ့သလဲ…

– ၆ သိုးကလေ အစချီ လင်္ကာဟာ ပုဂံခေတ် လက်ရာ ဟုတ်ရဲ့လား…

– ၇ ရွှေတိဂုံရင်ပြင် ဗောဓိညောင်ပင်နေရ အုတ်တံတိုင်းပေါ်က တက်ကြည့်ရင် ပင်လယ်ကြီးကို မြင်ရသလား…

– ၈ နှစ်ဆန်း တရက်နေ့တိုင်း မဟာဝိဇယစေတီတော်အတွင်း ဆင်းတုတော်ကို နေမင်း ဘာကြောင့် ဦးခိုက်တာလဲ…

– ၉ ရန်ကုန်မြို့က ကျိုက်အသုတ်ဘုရား ဘယ်မှာရှိသလဲ…

– ၁၀ ထီ ဆိုတာ မြန်မာစကား ဟုတ်ရဲ့လား…

– ၁၁ မြွေကြီး နှစ်ကောင် ရုပ်တုကို ဘာကြောင့် ပြုလုပ်ထားတာလဲ…

– ၁၂ စံဖဲက နယ်ချဲ့ ဆန့်ကျင်ရေး တကယ့်သူရဲကောင်းကြီးလား…

– ၁၃ မင်းသား မင်းသမီး ပ၀ါတကမ်း အစဉ်အလာ ဘယ်သူ့ကြောင့် ပျက်သွားခဲ့ရသလဲ…

– ၁၄ ဓမ္မစေတီ ခေါင်းလောင်းကြီး ဘယ်လို အစပျောက်သွားသလဲ…

– ၁၅ သိပံ္ပမောင်ဝကို ဘယ်သူသတ်သလဲ…

– ၁၆ စလေ ဦးပုညရဲ့ ရုပ်ရည် ဘယ်လိုရှိသလဲ…

……………………………………………………………………………………………………………………………………………………………………………………………

– ၁၆ ခုလောက်ဆို တော်ပါပြီ… ဟီးးး… သိတဲ့သူတွေ ဖြေပေးကြပါနော်…. :)

– အပျင်းပြေမယ် ထင်ပါတယ်… :)

 

 

လေးစားစွာဖြင့်

ရေမြေ့သနင်း

 

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...