ငါ့ကို ကြောက်လား
သဘောပေါက်ပါတယ်
ဟုတ်ကဲ့ ဟုတ်ကဲ့၊

ငါပြောတာ နားထောင်
မင်း နားမယောင်နဲ့
ဟုတ်ကဲ့ ဟုတ်ကဲ့၊

ငါဘာကောင်လဲ သိလား
နရင်း ချခံရမယ်
ဟုတ်ကဲ့ ဟုတ်ကဲ့

ငါ ဒါလုပ်ချင်တယ် ဒါဖြစ်ချင်တယ်
ဆရာမလုပ်နဲ့ မင်းထက် ပိုသိတယ်
မသေခင် အရိုးစွဲ
အသည်းထဲမှာ တွယ်တဲ့အမြစ်
ဆွဲ နုပ်ပစ်၊

လွတ်လပ် တွေးတော
အမှန်သဘော
အမြန်လုပ်သင့်ပြီ။

မင်းသုတ
18:45 P.M
16.2.2015

About zaw win

zaw win has written 78 post in this Website..