Mandalay Gazette သို့ပေးစာ

=====================

ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ရေကန်အသင့် ကြာအသင့်၊ ခူးခပ်ပြီးသား အသင့်စားနိုင်မဲ့ ဘုန်းကြီးပွဲတစ်ပွဲလို့ ထင်မြင်မိပါတယ်

ဝါသနာကိုအရင်းတည်လို့ တတ်သလောက်မှတ်သလောက် ပညာလေးနဲ့ ရေးထား မှတ်ထားတဲ့ စာ၊ ကဗျာလေးတွေကို Note Pad နဲ့သာ ဖြေသိမ့်ခဲ့ရတဲ့ ညတွေလဲ များလှပေါ့။ ရောင်းစားဖို့လဲ မရောင်းချင်၊ (ဘယ်သူမှလဲ ဝယ်မယ်မထင်) အလကား ပေးပစ်ဖို့ကလဲနှမြော၊ သိမ်းထားပြန်တော့လဲ အကျိုးမရှိ၊ ဖော်ပြဖို့အတွက် နေရာရှာကြည့်တော့……၊

မထင်မှတ်ပဲ သူနဲ့ဆုံခဲ့တယ် ထူးခြားတဲ့ အကြံဉာဏ်ကောင်းတွေနဲ့အတူ ဖန်တီးထားပြီး အတိုင်းတာတစ်ခုထိ ပြည့်စုံစွာ တည်ဆောက်ထားတဲ့ ရွာကလေးတစ်ရွာကို အလည်ရောက်ခဲ့တဲ့ တစ်ပတ်ဆိုသော ကာလအတွင်းမှာတော့……၊

တစ်ရက်မှာ အနည်းဆုံး နှစ်ကြိမ်တော့ မကြည့်ရ မနေနိုင်အောင် ဆွဲဆောင်မှူတွေ ရှိနေခဲ့တယ်လေ ဘာကြောင့်လဲဆိုတဲ့ အရင်းခံကတော့ ဝါသနာတူတွေ စုစည်းထားတဲ့ စာပေ၊ ကဗျာ ဒီရွာကလေးဟာ ရင်ဖွင့်စရာ၊ ဖော်ကြူးစရာ၊ အကြံပြုစရာ၊ တင်ပြစရာတွေ စတဲ့ ကဏ္ဍပေါင်းစုံ ရောပြွန်းလို့နေတော့ ကျေနပ်စရာအတိပေါ့ 

အခုဆိုရင် Note pad ထဲက စာပိုဒ်အတိုအထွာလေးတွေလဲ အသက်ဝင်လာသလို မတောက်တစ်ခေါက် ကဗျာလေးတွေလဲ ရှင်သန်ခွင့်ရခဲ့ပြီပေါ့ ရှိသမျှ ဦးနှောက်ထဲက အရည်အချင်းတွေ ဖျစ်ညှစ်လို့ မတောက်တခေါက် စာကဗျာလေးတွေ အများအပြား 

ထပ်မံဖြစ်ပေါ်လာစေဖို့နဲ့ အများရဲ့အမြင်အမျိုးမျိုးမှာ ဖော်ကြူးထားတဲ့ စာကဗျာလေးတွေကိုလဲ လေ့လာခွင့်ရရင်း ကိုယ်ပိုင်အတွေးအခေါ်တွေ ရင့်ကျက်၊ အရည်အသွေးတွေ တိုးတက်ခဲ့ပါပြီ

အနယ်နယ်အရပ်ရပ်မှ ဝါသနာတူ မိတ်ဆွေအပေါင်းသင်းများနဲ့ အချိန်ကာလ အတိုင်းတာတစ်ခုအတွင်းမှာ လေလှိုင်းပေါ်ကနေ ခင်မင်ခွင့်ရတဲ့အတွက်လဲ ဘဝတစ်ခုမှာ များစွာအကျိုးရှိစေတယ်လေ

လက်ရှိမှာ Top (10) စာရင်းဝင် မောင်နှမများ ဖြစ်ကြသော……..

(1)Anzartone

(2)MaMa

(3)naywoonni

(4)kopauk mandalay

(5)weiwei

(6)kyeemite

(7)SP

(8)Khin Latt

(9)padonmar

(10)blackchaw တို့ အတွက်လဲ ဂုဏ်ယူပါတယ်

အခမဲ့ရခဲ့တဲ့ အကောင့်ကို တန်ဖိုးထားလို့ လွယ်ကူစွာ ရရှိခဲ့ပေမဲ့ အကျိုးရှိရှိ အသုံးချရင်း ရွာသူရွာသားတွေ စုစုစည်းစည်းနဲ့ မိမိတို့ ဝါသနာတွေကို ထုတ်ဖော်ခွင့်ပေးခဲ့တဲ့အတွက် admin ဆိုသော ပုဂ္ဂိုလ်များကိုလဲ ကျေးဇူးတင်ပါတယ်

Point ကိုဒုတိယနေရာမှာထားလို့ ဝါသနာကို ဦးစားပေး ဖော်ပြခွင့်ရတဲ့ ဒီရွာကလေးမှာ (၇) ရက်မက၊(၇)နှစ်မကလို့ နှစ်ပေါင်းများစွာတိုင် ရေးသားရင်း အသင်းသားတစ်ယောက်အဖြစ် ဆက်လက်ပါဝင်နေပါဦးမည်ဟု ကတိပေးရင်း……. 

M.G သူကြီးမင်းများအားလုံး ကျန်းမာချမ်းသာပြီး ဘဝဆက်တိုင်း ဉာဏ်ပညာများ ကြီးမြတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

VLMan

About veryloveman

Thura Naing Win has written 5 post in this Website..