လေထန်ကျောင်းက ကွမ်းဆရာ ( ၂ )

နေ ့လည်ကျောင်းဆင်းတော ့ နေ ့လည်စာကို ဘုန်းကျောင်းမှာပဲ ဘုန်းကျောင်းသားတွေနဲ ့အတူစား။
တောကျောင်းဆိုတော ့ ဟင်းဘာမှ ဖွယ်ဖွယ်ရာရာမရှိ။ တို ့စရာနဲ ့ ငပိဖျော်ရည်သာ အဓိက။ ကျောင်းသား
၆ယောက်နဲ ့ ဆရာ ၂ယောက် ရှိသမျှ မျှစားရတယ်။

မွန်းလွဲကျောင်းပြန်တက်တော ့မှပဲ ကျောင်းသားတွေ သင်ထားခဲ ့တဲ ့ သင်ခန်းစာတွေပြန်စစ်ပြီး သင်ကြားမှု
စတင်ပါတော ့တယ်။ တောတွင်းပျော် စာသင်ပုံက ဘာသာရပ်လိုက် အချိန်ခွဲမနေတော ့ပဲ လိုနေတဲ ့အပိုင်းကို
ဖိသင်တာပါ။ စာသင်ချိန်က တစ်လတည်းရှိတော ့တာမို ့။ စာသင်စမှာ ကိုယ်လုပ်နေကြအလုပ်မျိုးမဟုတ်တော ့
အိုးနင်းခွက်နင်းဖြစ်ခဲ ့ပေမယ် ့ နောက်တော ့လည်းအဆင်ပြေသွားတယ်။ အရင် ဆရာမ ဘယ်လိုသင်ခဲ ့သလဲ
လို ့ ကျောင်းသားတွေဆီက စနည်းနာရသေးတယ်။ တောတွင်းပျော်ရဲ ့ ကျောင်းဆရာဘဝဟာ ကျောင်းသားတွေကို စာသင်ပေးခဲ ့သလို ကျောင်းသားတွေဆီကလည်း အများကြီးသင်ယူခဲ ့ရတယ်။

ညနေကျောင်းဆင်းခါနီး မနက်က ပထမဆုံးအကြိမ် စာသင်ခန်း ဝင်ရမယ် ့အရေးကြောင် ့စိတ်လှုပ်ရှားပြီး မေ့နေတဲ ့ကိစ္စ တင်ဋ္ဌေးကိုမေးလိုက်တယ်။ ငါဘယ်မှာနေရမလဲလို ့။ ဆရာတင်ဋ္ဌေးက တော်ကြာ ကျောင်းသားတွေ အကို ့ကို တောကျောင်းရွာကို ခေါ်သွားလိမ် ့မယ်။
မင်းကော ဘယ်မှာနေတာလည်း မေးတော ့…
ကျနော် ဘုန်းကျောင်းမှာ..တဲ ့
သူက သီတာဘုန်းကျောင်းမှာ ကျောင်းသားတပည် ့တွေနဲ ့ အတူအိပ် အတူစား။ ကျောင်းမှာသာ ဆရာတပည် ့
ဖြစ်နေတာ.. အပြင်မှာတော ့ သူငယ်ချင်းတွေ။ ကျောင်းသားကြီးတွေနဲ ့ သူက အသက်သိပ်ကွာတာမှ မဟုတ်တာ။
ညနေကျောင်းဆင်းတော ့ စတုတ္ထတန်းကျောင်းသူ နော်ချဖေက ဆရာ ကျမနဲ ့လိုက်ခဲ ့ဆိုတော ့ သူနဲ ့ အတူ
တောကျောင်းရွာကို လိုက်သွားလိုက်တယ်။ ကျောင်းကအဆင်း ဘုန်းကျောင်းဝန်းထဲကိုဝင် ကျောင်းပေါ်တက် ဆရာတော်ကို ဝင်နှုတ်ဆက်ပြီး ကျောင်းတောင်ဖက် မနက်က ကျနော်တို ့ဝင်လာတဲ ့ တံခါးကထွက်ပြီး ဘေးဖက်ကို ချိုးထွက်လိုက်တာနဲ ့ တောကျောင်းရွာသွားတဲ ့ လမ်းပေါ်ရောက်သွားတယ်။ လမ်းမှာ သစ်လုံးတံတား ၂ခုကျော်ရသေးရဲ ့။ တံတား ၁ခုက အမြင် ့ ၁ဝပေလောက်ရှိမယ်ထင်တယ်။ ဒီလို တံတား
မျိုးက နေ ့တိုင်းဖြတ်ပြီး ကျောင်းတက်နေရတဲ ့ ကလေးတွေအတွက် စိုးရိမ်စိတ်ဖြစ်မိပေမယ် ့ သူတို ့တစ်တွေက သက်တောင် ့သက်သာ ကျော်ဖြတ်သွားကြတယ်။ ကျနော်ကသာ ဖိနပ်ချွတ်ပြီး ကတုန်ကယင်နဲ ့
ခက်ခက်ခဲခဲဖြတ်ရတာ။ ကျနော် တံတားပေါ်ကူးနေတုန်း ကျောင်းသားလေးတွေရဲ ့အကြည် ့ကစိုးရိမ်စိတ်
အပြည် ့နဲ ့။ ဒီသစ်လုံးတံတားနဲ ့ ပတ်သက်ပြီး ရွာလူကြီးတွေကို ကလေးတွေအတွက် အန ္တရာယ်များကြောင်း
ပြောပြတော ့ မကြာခင်မှာပဲ ဝါးလက်တန်းတစ်ခု ဆင်ပေးလိုက်ကြတယ်။ တကယ်တော ့ တောတွင်းပျော်ရဲ ့
အဆင်မပြေမှုပါ။
တောကျောင်းရွာထဲ ရောက်တော ့ နော်ချဖေက ကျနော ့ကို အိမ်ကြီးတစ်အိမ်ဆီကို လိုက်ပို ့ပေးတယ်။
ဒီမှာက အားလုံး ခြေတံမြင် ့ ခြေတံရှည်အိမ်တွေချည်းပဲ။ ဒီအိမ်ကတော ့ ကျနော် နေရမယ် ့ အိမ်ဖြစ်မယ်။
အိမ်ရှေ ့မှာဘယ်သူမှမရှိ။ ကိုယ်နဲ ့ မသိကျွမ်းသေးတဲ ့ အိမ်မှာနေဖို ့ လှေခါးပေါ်တက်ဖို ့ ခြေလှမ်းတွေက
မတက်ရဲ။ နော်ချဖေ အိမ်အတွင်းဖက်ကို အသံလှမ်းပြုလိုက်တော ့ ကျနော ့ထက် အသက် ၄၊၅ နှစ်လောက်
ပိုကြီးမယ်ထင်ရတဲ ့ အမကြီးတစ်ယောက်ထွက်လာတယ်။ သူ မီးဖိုချောင်မှာ အလုပ်ရှုပ်နေပုံပဲ။ သူတံခါးဝရောက်ရောက်ချင်း “ ဆရာလာ…အိမ်ပေါ်တက်”
ဒီတော ့မှ ကျနော် အိမ်ပေါ်ကို စတက်ဝံ့တော ့တယ်။ အိမ်ပေါ်ရောက်မှ
အမ.. ကျနော်ဒီမှာနေရမှာလား..လို ့
ဟုတ်တယ်ဆရာ။ ဆရာ ဗိုက်ဆာနေပြီလား.. ထမင်းစားတော ့မှာလား…တဲ ့
ကျနော် ရေအရင်ချိုးလိုက်အုံးမယ် အမ။

အမကြီး နာမည်က မိငယ်။ ကျောင်းကြီးမပိတ်ခင်အချိန်ထိ အမကြီးမိငယ်တို ့အိမ်မှာ ကျနော်နေခဲ ့ရတယ်။
ဒီအိမ်မှာက အမကြီးရဲ ့ မိဘနှစ်ပါးရယ်၊ အမ အကိုကြီးမိသားစု ၃ယောက်ရယ် တကယ် ့အေးအေးချမ်းချမ်း
မိသားစုအိမ်လေးပါ။ နေ ့ခင်းနေ ့လည်ဆို အိမ်မှာတစ်ယောက်မှ မရှိ။ အားလုံး ယာထဲ၊ခြံထဲမှာ။ တံခါးမရှိ၊ သော ့မခတ်။ သူခိုးလည်းမရှိ တကယ် ့အေးချမ်းတဲ ့ရွာလေးပါ။ အမကြီး မိငယ်က ကျနော ့ကို ဆရာ ဆရာ ခေါ်ပေမယ် ့ မောင်လေးအရင်းတစ်ယောက်လို ဆက်ဆံတယ်။ ကျနော်တစ်ခု သတိထားမိတာက အမကြီးမိငယ် သူ အိပ်ယာဝင်တော ့မယ်ဆိုရင် သူ ့မိဘ၂ပါးကိုဦးချလေ ့ရှိတာပဲ။

တောတွင်းပျော်ရဲ ့ စာသင်ရက်တွေ စလာပါပြီ။ ပထမဦးဆုံး ကျောင်းစဝင်တဲ ့နေ ့က လူစုံတက်စုံ ရှိသလောက်
နောက်ရက်တွေမှာ ကျောင်းတက်နာမည်ခေါ်တိုင်း ၁ ယောက်၊ ၂ ယောက်လောက် ပုံမှန်နီးပါး ပျက်ကွက်နေတတ်တယ်။ ခွင် ့တိုင်စာလည်းမလာ၊ အကျိုးအကြောင်းလာပြောပေးမယ် ့သူလည်းမရှိ။ ထအော်
မေးလိုက်မှ တစ်ယောက်ယောက်က သူနေကောင်းဖြစ်လို ့ ပြန်ဖြေ။ တခါတလေတော ့ စာသင်ရတာ စိတ်အနှောက်အယှက်ဖြစ်ရော။ စာမေးပွဲကြီးနီးလာလို ့ ပြန်လှန်သဘောနဲ ့ အရေးကြီးမယ်ထင်ရတဲ ့ သင်ခန်းစာတွေ သင်နေရတာလေ….
ဒီတော ့၊ သင်ပုန်းကြီးပေါ်မှာ အလွယ်ဆုံး၊ တိုနိုင်သမျှ အတိုဆုံးဖြစ်အောင် ခွင် ့တိုင်စာ ရေးနည်း ရေးပြလိုက်ပြီး
ကျောင်းသားတွေကို ကူးရေးခိုင်းလိုက်တယ်။
သို ့
အတန်းပိုင်ဆရာ
( )တန်းမှကျနော ့ သား၊သမီး ( ) နေမကောင်းဖြစ်နေလို ့ နေကောင်းသည်အထိ
ကျောင်းပျက်ကွက်ခွင် ့ပေးပါ။
ဒီလောက်ပါပဲ။ ဘာအဆာပလာမှ မပါ အရိုးရှင်းဆုံးပဲ။
ကျောင်းသားတွေ ကူးရြေး့ပီး ကျနော်ရှင်းပြလိုက်တယ်။ နင်တို ့နေမကောင်းဖြစ်လို ့ကျောင်းမတက်နိုင်ရင်
အတန်းနေရာမှာ ဘယ်နှစ်တန်း၊နာမယ်နေရာမှာ နေမကောင်းတဲ ့သူရဲ ့နာမည်ထည် ့ နင်တို ့အဖေအမေတွေကို ရေးခိုင်ပြီး ကျောင်းကိုလာပို ့၊ ဒီလိုမှ မရေးတတ်ရင်လည်း ကိုယ်တိုင်လာပြောကြ။ နင်တို ့နားလည်တယ်နော်၊
သဘောပေါက်တယ်နော်။
“သဘောပေါက်ပါတယ်ဆရာ
ကျနော်က ပိုပြီးသေချာရအောင်ထပ်မေးလိုက်သေးတယ်။ တကယ် သဘောပေါက်တယ်နော်….
တကယ်သဘောပေါက်ပါတယ်ဆရာ… သူတို ့ဖြေသံက တကယ် ့ ညီညီညာညာ။
သူတို ့တွေ တကယ်သဘောပေါက်တယ်ဆိုတာ အဲဒီနေ ့မွန်းလွဲပိုင်း ကျောင်းပြန်တက်တော ့ ကျနော် ချက်ချင်း
လက်ငင်းသိလိုက်ရပါတော ့တယ်။ မွန်းလွဲပိုင်းကျောင်းပြန်တက်တော ့ ကျနော ့စားပွဲရှေ ့တည် ့တည် ့မှာထိုင်
ကြတဲ ့ စတုတ္ထတန်းကျောင်းသူ တစ်အုပ်လုံးပျောက်နေတယ်။ အနောက်တန်းမှာထိုင်တဲ ့ ကျောင်းသားတွေကို
မေးကြည် ့တော ့ မနက်ဖြန် ဝဲသီလာရွာမှာ အလှူရှိလို ့ တောထဲဝင် ဟင်းသီးဟင်းရွက်၊ပန်း သွားရှာကြတာတဲ ့။
စားပွဲပေါ်မှာလည်း ခွင် ့တိုင်စာတစ်ထပ်။ သူတို ့တင်ထားတဲ ့ခွင် ့တိုင်စာကို ကျနော် ယူဖတ်လိုက်တော ့ မျက်လုးံတောင် ပြူးသွားတယ်။
ခွင် ့တိုင်စာတိုင်းမှာ မနက်က ကျနော်ရေးပေးထားတဲ ့ ခွင် ့တိုင်စာအတိုင်း အပြည့်ကူးရေးထားပြီး ကွက်လပ်
နေရာတွေမှာလည်း ဘာမှမဖြည် ့ထား။ အဲဒီ အောက်မှာမှ သူတို ့တစ်ဦးချင်းပြောချင်တာတွေ ထပ်ဖြည် ့ရေးထားတယ်။ တစ်ယောက်က ဆရာ၊ ကျမတို ့မအားလို ့နော်။ ခွင် ့လွှတ်ပါ။ နောက်တစ်ယောက်….
ဆရာ ့ကိုမုန်းလို ့မဟုတ်ဘူးနော်။ တကယ်မအားလို ့ပါ ဆရာတဲ ့။ နောက်တစ်စောင်က ဆရာ ကျမတို ့
မနက်ကျမှ ကျောင်းတက်မယ်…တဲ ့။
ခွင် ့တိုင်စာ ရေးနည်းရေးပေးလိုက်တာကိုက တောတွင်းပျော် ့အမှားဖြစ်သွားသလား။ ကျောင်းသူတွေဆီက
တသီကြီး ခွင် ့တိုင်စာတက်လာတယ်။ ခွင် ့တိုင်စာမရေးတတ်ဘူးလို ့ ထင်ခဲ ့တဲ ့သူတို ့တွေက ကျနော ့ထက်တောင် ခွင် ့တိုင်စာ အရေးကောင်းနေသေး။ ကျောင်းသားတစ်ဝက်လောက်လျော ့သွားလို ့ ဒီညနေတော ့
စာမသင်ဖြစ်တော ့။ စိတ်ပေါက်ပေါက်နဲ ့ကျောင်းသားတွေဖက်… မင်းတို ့ကော ခွင့်မတိုင်ကြဘူးလားမေးတော ့
ကျနော်တို ့က ညနေကျမှ ဘုန်းကျောင်းက အိုးခွက် ပန်းကန်တွေလိုက်ပို ့ရမှာတဲ ့။ စတုတ္ထတန်းကို အနားပေးလိုက်ပြီး တတိယတန်းနဲ ့ဒုတိယတန်းကိုပဲ အချိန်ပြည် ့လှည် ့ထားလိုက်တော ့တယ်။

ဒီဒေသမှာက အပျိုပေါက်၊လူပျိုပေါက် သွားနိုင် လာနိုင် လုပ်နိုင် ကိုင်နိုင်ဖြစ်တာနဲ ့ ရှမ်းပြည်(ထိုင်း)ဖက်ကို ထွက်ကုန်ကြတော ့တယ်။ တိုက်ပွဲငယ်တွေ မကြာမကြာဖြစ်တတ်တဲ ့ ဒီလိုဒေသမျိုးမှာ လူငယ်တွေရဲ ့ အနာဂတ်ဟာ ထိုင်းနိုင်ငံဖြစ်နေတယ်။ ရွာမှာနေလည်း ပေါ်တာကြောက်ရ၊ ကရင်တပ်သားအဖြစ် မဝင်လိုတာကလည်းတပိုင်း၊မိဘတွေကလည်း သားသမီးတွေကို မြို ့ကျောင်းမပို ့နိုင်၊ ရွာမှာနေလည်း လယ်လုပ်ချိန်ကလွဲရင် ကျန်အချိန် အလုပ်မယ်မယ်ရရမရှိတော ့ တခါတလေ ကျနော်တွေးမိတယ်။ သူတို ့တွေ
ထိုင်းနိုင်ငံဖက်ထွက်တာ ပိုကောင်းတယ်လို ့။ ဒါပေမယ် ့ ကျနော ့တပည် ့လေးတွေကိုတော ့ ဒီလို သံသရာထဲ
မပါစေချင်။ မပါစေချင်တောင်မှ ဒီနှစ် စာမေးပွဲရာသီပြီးရင် စာသင်ခန်း အပြင်ဖက်ကို လွင် ့စင်ထွက်ကျမယ် ့
ကျောင်းသားတွေသေချာပေါက်ရှိလာအုံးမယ်။

လူငယ်တွေ ထိုင်းဖက်ထွက်ကုန်တော ့ ရွာမှာ သက်ကြီးရွယ်အိုတွေနဲ ့ လူမမယ်ကျောင်းသားလေးတွေသာ
ကျန်ပါတော ့တယ်။ ရွာ့ဓလေ ့ အလှူအတန်းတွေရှိလာရင် လူပျို အပျို တာဝန်ယူရမယ် ့နေရာမှာ ကျနော ့အတန်းကြီးကျောင်းသားတွေက အလိုလိုရောက်လာတယ်။ တောသူတောင်သားများပေမို ့လား အရွယ်ငယ်
ကြသေးပေမယ် ့အားလုံးက လုပ်နိုင်ကိုင်နိုင်ကြတယ်။
ဒေသအခြေအနေ၊ ရွာဓလေ ့မို ့ ကျောင်းသူလေးတွေရဲ ့ ခွင် ့စာနဲ ့ပတ်သက်ပြီး တောတွင်းပျော် ဘာမှမပြောတော ့။

ဆောင်းအကုန် နွေအကူးမို ့လား၊ နေရောင်ကစူးရှရှ..
ပြူတင်းတံခါးက မြင်နေရတဲ ့မြင်ကွင်းကခြောက်သယောင်းယောင်း…
ဒီနေရောင်အောက်မှာ လဲလျောင်းနေတဲ ့ ရိုးပြတ်လယ်ကွင်းကြီးတွေက ငြီးတွားနေ သလိုလို….
ဟိုတဖက်တောအုပ်တွေဆီက ရံဖန်ရံခါကြားရတတ်တဲ ့ လေးတွဲ ့တွဲ ့ ဥဩသံက စာသင်နေတဲ ့စိတ်တွေကို
လွင် ့ပျံ ့စေပြန်တယ်။ မကြာခင် နွေ ပီပီပြင်ပြင်ရောက်လာတော ့မယ်။
မနက်ပိုင်းတွေမှာ အေးအေးဆေးဆေး စာသင်ပေးနိုင်သလောက် မွန်းလွဲကျောင်းပြန်တက်ပြီဆိုရင် စပြီ။
ဘာအသံမှ မကြားနိုင်လောက်အောင် လေရိုင်းတွေ တဝုန်းဝုန်းတိုက်ခတ်လာတာပါ။ အနောက်အရပ်က ခပ်ကြမ်းကြမ်းတိုက်တဲ ့လေကြောင် ့ အနောက်တောင်ကုန်းလျှှောလေးမှာ ဆောက်ထားတဲ ့ ကျနော ့စာသင်ကျောင်းလေးဟာ တသိမ် ့သိမ် ့တုန်နေအောင်ခံရပြီး ခေါင်ဖက်ရွက်တွေ အချပ်လိုက် အချပ်လိုက် လန်တက်ကုန်ပြီး ကျောင်းသားတွေထိုင်တဲ ့ အနောက်ဖက်နံရံက ဒေါက်ထောက်ဖွင် ့ထားတဲ ့ တံခါးကို
ပိတ်ထားလိုက်ရတယ်။ လေတိုးသံတွေကြားမှာ ဆရာတင်ဋ္ဌေးနဲ ့ ကျနော် သူအော် ကိုယ်အော် အော်နိုင်သမျှအော် သင်ပေမယ် ့ တခါတေလ ကိုယ် ့အော်သံတောင် ကိုယ်မကြားရလောက်ဖြစ်တော ့
မှ လက်လျော ့လိုက်ကြရတယ်။ သင်နေလို ့ကော ဘာထူးမှာလည်း။ ကိုယ်ပြောတာ ကျောင်းသားတွေက မကြား၊ ကျောင်းသားတွေ ပြောတာ ကိုယ်ကမကြား။

ဒီလိုကျောင်းကလေးတစ်ခုလုံး တုန်ခါနေလောက်အောင် တဝုန်းဝုန်းဆက်တိုက် တိုက်နေရာကနေ တိကနဲဆို
ရပ်ချင် ရပ်သွားပါရော။ နောက်မှ မြောက်ဖက်ကနေ ခပ်ပြေပြေလေးတိုက်ဆင်းလာပြန်တယ်။ ဒီလို ဆင်းရာကနေ ရုတ်တရက်ဆိုသလို ကွေ ့ဝိုက်ပြီး တောင်ဖက်ကနေ ပင့်တိုက်လာတတ်သေးတယ်။ တိုက်ချင်သလိုတိုက်နေတတ်တဲ ့ လေရူးတွေကြောင် ့ စာသင်နေတဲ ့ တောတွင်းပျော်ရဲ ့ စိတ်တွေကလည်း
ရူးချင်ချင်။ လေတိုက်ကြမ်းရင် စာသင်ရပ်လိုက်၊လေငြိမ်ပြန်ရင် စာပြန်သင်လိုက်နဲ ့ လေထန်ကျောင်းရဲ ့ ညနေပိုင်း စာသင်ရက်တွေ တရက်ပြီးတရက် ကျော်ဖြတ်လာခဲ ့ကြတယ်။

တစ်နေ ့…
နေ ့လည်စာစားပြီး ဗိုက်လေးလေးနဲ ့ ကျောင်းပေါ်တက်ပြီး ခဏမှိန်းမယ်ကြံတာ မအိပ်လိုက်ရ။ ကျောင်းထဲမှာ
ကျောင်းသူတစ်အုပ် တခွိခွိနဲ ့ရယ်နေကြတယ်။ နင်တို ့ဘာရယ်လည်း မေးကြည် ့တော ့ ကျောင်းသူတစ်ယောက်က ဆရာလေးတင်ဋ္ဌေးက နော်နှင်းနှင်းအေးကို ရည်းစားစာ ပေးလို ့တဲံ ့ ပြန်ဖြေတယ်။
ဟိုက်.. ကိုယ် ့ဆရာ၊ လက်သွက်လှချေလား….။ တစ်နှစ်တာသိမ်းထားတဲ ့ သူ ့ဝေဒနာလေးကို ကျောင်းကြီး
မပိတ်ခင် အချိန်မှီကြဲချလိုက်တယ်ထင် ့။ ကျနော်ကသာ ဆရာလေးတင်ဋ္ဌေးကို မင်း ဒါမလုပ်သင် ့တဲ ့ ကိစ္စပဲ
လို ့သွားပြောရင်တောင် ဟုတ်ကဲ ့ အကို ဆိုပြီးနားထောင်မယ် ့သူ။ ဒီကျောင်းကို ကျနော် သူ ့ထက်နောက်ကျ
မှရောက်တာတောင်မှ ကျနော ့ကို လေးလေးစားစား ဆက်ဆံတယ်။ ကျောင်းအုပ်ချုပ်မှု အားလုံးကိုလည်း
ကျနော ့အပေါ်လွှဲပေးထားတယ်။ ဒါပေမယ် ့ ဒီကိစ္စနဲ ့ပတ်သက်ပြီး သူ ့ကိုဘာမှမပြောခဲ ့ပါ။ လူပျိုပေါက်လေး
ဆရာတင်ဋ္ဌေး ဒီလိုနွေဦးမှာ စိတ်ရူးထတယ်လို ့ပဲ သဘောထားပေးလိုက်တယ်။ ကျနော ့ကိုယ်၌ကလည်း
လူငယ်လေးပဲဖြစ်သေးတော ့ ကိုယ်ချင်းစာပေးလိုက်ပါတယ်။
ဆရာလေးတင်ဋ္ဌေးအပေါ် လူငယ်တစ်ယောက်လို ခံစားနားလည်ပေးနိုင်ပေမယ် ကျောင်းသူလေးတွေအပေါ်
မှာတော ့ ဒီလို သဘောထားနားလည်ပေးလို ့မရ။ ကောင်းရာညွန်လတ်တဲ ့။ ဆရာတစ်ယောက်ရဲ ့ မေတ္တာ၊ စေတနာ နဲ ့ သူတို ့လေးတွေကို ကျနော် စကားပြောမှဖြစ်တော ့မယ်။
နော်နှင်းနှင်းအေးကိုကြည် ့ပြီး နင်ကော ဆရာတင်ဋ္ဌေးကိုကြိုသလားမေးတော ့ ပြန်မဖြေပဲ တခိခိသာ ရယ်နေတယ်။ သူ ကျနော ့ကို ရှက်ရွံ ့နေသလို၊ ဆူမှာကိုလည်းကြောက်နေပုံ။ နောက်ပြီး ရည်းစားစာ အပေးခံရလို ့ စိတ်လှုပ်ရှားမှုက သူ ့မျက်နှာမှာအထင်းသားပေါ်နေတယ်။ နော်နှင်းနှင်းအေးက ဝဲသီလာရွာ
ရွာသူကြီးရဲ ့သမီး။ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူ ပွင် ့ပွင် ့လင်းလင်းနဲ ့ အရယ်သန်တဲ ့ ကလေးမ။ ဒီကျောင်းမှာ
သူနဲ ့အတူ သူ ့ညီမ နော်လွီဇာ အတူလာတက်တာ။ နော်လွီဇာ သူ ့အမနဲ ့မတူ။ အသားဖြူသွယ်သွယ်နဲ ့
စကားနည်းပြီး တည်တည်လေး နေတတ်တယ်။ (နောက်ပိုင်း နော်လွီဇာ တစ်ယောက် ငယ်ငယ်ရွယ်နဲ ့ အိမ်ထောင်ကျပြီး မီးတွင်းမှာ မီးမဖွားနိုင်လို ့ ဆုံးသွားတယ်။ သူ ့အကြောင်းထည် ့ရေးမိတော ့ ဒီတပည် ့မလေး
ရဲ ့မျက်နှာမြင်ယောင်ပြီး စိတ်မကောင်းလိုက်တာ)

ဆရာ ဖတ်မလာတဲ ့ တစ်ယောက်က တင်ဋ္ဌေးရဲ ့စာကို ကမ်းလာတော ့ ငါမဖတ်တော ့ပါဘူး ဆိုပြီး ပြန်ပေးလိုက်တယ်။ ဆရာလေးရဲ ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ကျနော်နဲ ့မဆိုင်။ ကျနော်နဲ ့ဆိုင်တာက ကျောင်းသူလေးတွေ။
ကျောင်းသူလေးတွေက ဆရာတင်ဋ္ဌေးစာနဲ ့ပတ်သက်ပြီး ရယ်စရာသက်သက် လုပ်နေကြတာ။ နောက်ပြီး
ကျနော ့ဆီ တိုင်တန်းတဲ ့သဘောမျိုးမဟုတ်ဘဲ ပွင် ့ပွင် ့လင်းလင်း အသိပေးတာ။ သူတို ့စိတ်ဓါတ်လေးတွေ
ကို ကျနော် သဘောကျသွားတယ်။ ဒီကျောင်းသူလေးတွေ လက်ချက်နဲ ့ ဆရာလေးတင်ဋ္ဌေးတစ်ယောက် ရှက်အိုးကွဲတော ့မှာပဲ။ ကျနော်လည်း ကျောင်းသူလေးတွေကို နင်တို ့ဒီကိစ္စ ဒီမှာရပ်ပြီး ဆရာလေးစာပေးတာ
ဘယ်သူမှမသိစေနဲ ့။ တော်ကြာသူရှက်သွားလိမ် ့မယ်။ ကျနော်လည်း ဒီနေ ့ဒီအချိန်ထိအောင် ကျောင်းသူလေးတွေဖော်ခဲ ့တဲ ့ သူ ့ရည်းစားစာအကြောင်း သူ ့ကို မပြောခဲ ့။

တကယ်တန်း သူတို ့ကို ဆရာတစ်ယောက်အနေနဲ ့ ဆုံးမစကားပြောမယ်ဆိုကြည် ့တော ့ ဘယ်ကဘယ်လို စရမှန်းမသိ။
ဒီမှာ၊ နင်တို ့သေချာ နားထောင်ကြ… ဆိုပြီး စကားက တိုးလို ့တန်းလန်း ရပ်သွားပြီး ဘာဆက်ပြောရမလဲ
စဉ်းစားကြည် ့တယ်။ သူတို ့တစ်တွေ ငြိမ်သက်နေလို ့။ ကျနော်ဆက်ပြောမယ် ့ စကားကို နားစွင် ့နေတယ်။
သမားရိုးကျ “ နင်တို ့တစ်တွေက ကျောင်းသားတွေ၊ ရည်းစား မထားရဘူး” ပြောလည်း ဟုတ်ကဲ ့သာဆိုပြီး
သူတိ ု ့ရဲ ့အတွင်းနားထဲရောက်မှာမဟုတ်။
ဒီလိုကွာ၊ နင်တို ့စဉ်စားကြစမ်း။ အခုချိန်ကစပြီး နောက်ထပ် ၁ဝနှစ်၊ ၁၅ နှစ် အချိန်ကျရင် နင်တို ့ ဒီအခန်းမှာ
စာသင်ခဲ ့တာ မှတ်မိနေကြအုံးမှာလား။ မှတ်မိနေသေးရင်တောင် ရေးတေးတေးပဲ ကျန်တော ့မှာ။ အဲဒီအချိန်ကျရင် အခုစာသင်ခန်းထဲက အဖြစ်အပျက်တွေက နင်တို ့ခေါင်းထဲမှာ အရေးကြီးကိစ္စ ဖြစ်တော ့မှာ
မဟုတ်ဘူး။ သူတို ့တွေကို ကြည် ့လိုက် စိတ်ဝင်တစား နားထောင်နေတာတွေ ့ရတော ့ ပြောရတာ အားရှိလာတယ်။
ဒီလိုပါပဲ။ နင်တို ့ ရည်းစားထားချင်တယ်၊ ထားတယ်လို ့ပဲ ဆိုပါစို ့။ ထားလိုက်ရင် ဘာဖြစ်သွားမှာလည်း..
အချိန်တိုင်း နင်တို ့ရဲ ့ချစ်သူ အကြောင်းပဲ တွေးနေချင်မယ်။ ကျောင်းစာလည်းကြည် ့ချင်စိတ် လျော ့သွားမယ်။
လျော ့သွားတော ့ စာညံ ့လာမယ်။ စာညံ ့တော ့ အတန်းကျ၊ နောက်တော ့ ကျောင်းတက်ချင်စိတ်တွေပျောက်လာပြီး ကျောင်းကထွက်။ နောက်ဆုံးတော ့ လယ်ထဲရောက်သွားမယ်။
နင်တို ့ ဒီလို ဖြစ်ချင်ကြသလား မေးလိုက်တော ့ …
အားလုံးက ဟင် ့…အင်း တဲ ့။
မဖြစ်ချင်ပါဘူးလို ့ စကားလုံးနဲ ့တောင် မဖြေကြ။
ဒီလိုဖြစ်ရတာ နင်တို ့ ရည်းစားထားလိုက်လို ့ နားလည်ကြသလား။
တစ်ယောက်မှ ပြန်မဖြေ။ အသေအချာ နားထောင်ရင်း တိတ်နေသည်။
နင်တို ့ကို အရင် ဆရာမလေးက စာကောင်းကောင်း သင်ပေးခဲ ့တာ။ နင်တို ့ထဲမှာ စာညံ ့တဲ ့သူ တစ်ယောက်
မှမရှိဘူး ။ နင်တို ့စာတော်တာ ငါကောင်းကောင်းသိတယ်။ ငါက မြို ့မှာနေလာခဲ ့တာ။ နင်တို ့က ဒီရွာလေးမှာ နေပေမယ် ့ နင်တို ့စာတော်တာ မြို ့ကကျောင်းသားတွေနဲ ့ ကောင်းကောင်းယှဉ်လို ့ရတယ်။ ငါအပိုတွေ ပြောနေတာ မဟုတ်ဘူး။ တစ်နေ ့ကျရင် နင်တို ့တစ်တွေ မြို ့တွေဆီသွား ကျောင်းတက်ပြီး ပညာတတ်တွေ
ဖြစ်လာအုံးမှာ။ ငါ ့ထက်တောင် နင်တို ့ပညာတွေ ပိုတတ်ကြအုံးမယ်။ အဲဒီအချိန်ကျရင် အခု ငါတို ့တစ်တွေ
ဒီစာသင်ခန်းထဲမှာ ထိုင်စကားပြောနေခဲ ့တာတွေပြန်စဉ်းစားကြည် ့။ နင်တို ့ ခေါင်းထဲမယ် မှိန်မှိန်လေးတောင် ကျန်နေအုံးမှာလား။ ဒီလိုပဲ ဒီအချိန်မှာ ရည်းစားထားချင်တဲ ့ စိတ်တွေဟာ အဲဒီအချိန်ကျရင် လုံးဝ အရေးမကြီးတဲ ့အရာတစ်ခုဖြစ်သွားမယ်။ ရည်းစားမထားမိခဲ ့တာကိုတောင်မှ နင်တို ့ ဝမ်းသာရလိမ် ့အုံးမယ်။
တောတွင်းပျော် ဒီ ့ထက်ပိုလည်း မပြောတတ်။ သူတို ့ကို ကြည် ့လိုက်တော ့ မျက်လုံးတွေက အရောင်တလက်လက် နဲ ့တောက်ပနေတာကို တွေ ့လိုက်ရတယ်။ ဒီလိုတောက်ပနေတဲ ့ မျက်လုံးတွေ အစဉ် တောက်ပနိုင်ပါစေလေ။

တောတွင်းပျော် ဒီကျောင်းမှာ စာသင်ပေးနေချိန်ထိ ဒီရွာကနေ အလယ်တန်းတက်ရောက်နိုင်သူ တစ်ယောက်မှ မရှိ။ မူလတန်းကုန်တာနဲ ့ လယ်ထဲယာထဲ ဆွဲချခံလိုက်ရတာချည်း။ မိဘတွေရဲ ့ လယ်ယာအလုပ်တွေ ကူလုပ်နိုင်မယ် လူငယ်လုပ်အားတွေ မရှိတော ့ သူတို ့တွေရဲ ့ အနာဂတ်တွေ စောစောစီးစီး အဖျက်ဆီးခံလိုက်ကြရတယ်။ နောက်အရွယ်နည်းနည်းရောက်တာနဲ ့ ထိုင်းဖက်ကို ထွက်ကြပြန်ရော။ ဟိုရောက်တော ့လည်း ငယ်ငယ်ရွယ်ရွယ်နဲ ့ အိမ်ထောင်တွေဘာတွေကျ။ ဒီလိုနဲ ့ပဲ သံသရာလည်နေခဲ ့ကြတယ်။ ဒီဟာကြီးကို တောတွင်းပျော်တစ်ယောက် ရပ်တန် ့ပစ်ချင်။ ဒါပေမယ် ့ တောတွင်းပျော်တစ်ယောက်
စိတ်မကောင်းစွာနဲ ့ပဲ ရပ်တန် ့စေနိုင်စွမ်းမရှိခဲ ့။တဝမ်းတခါးစာလောက်သာ ပင်ပင်ပန်းပန်းရှာစားနေရတဲ ့ခေတ် အခြေအနေကြီးမှာ ကိုယ် ့တပည် ့လေးတွေ စာသင်ကျောင်းခန်းကနေ အဝေးကို လွင် ့စင်ထွက်ကျကုန်တာ တောတွငိးပျော်တစ်ယောက် ရင်နာနာနဲ ့စောင် ့ကြည် ့မိဖူးတယ်လေ။

ကျနော်သိတယ်။ ကျနော်တပည် ့လေးတွေက ဉာဏ်ရည်သွက်တယ်။ သွေးနိုင်ရင် သွေးနိုင်သလောက် အရောင်တလက်လက်နဲ ့ ထက်မြမယ် ့ ဓါးရိုင်းလေးတွေ။ ကျနော ့တပည် ့လေးတွေထဲမှာ ထူးထူးခြားခြား
ကျောင်းသား ၂ ယောက်ကိုသတိထားမိတယ်။ ပထမတစ်ယောက်က စတုတ္ထတန်းကျောင်းသား အရပ်
ပုပု ဗိုက်ပူပူ အဝတ်နွမ်းနွမ်းကို သပ်သပ်ယပ်ယပ် ဝတ်တတ်တဲ ့ မောင်ထူးဟန်။ သူက သချင်္ာဘာသာရပ်မှာ
အတွက်အချက်ထိုင်းတယ်။ တခြားကျောင်းသားတွေ နောက်ထပ် ပုစ ္ဆာ ၃၊ ၄ ခုတွက်ပြီးချိန်တောင် သူက သူ ့ပုစ ္ဖာ ဟောင်းလေးကို အဖြေရှာတွက်နေတုန်း။ ဘယ်သူ ့ကိုမှလည်း အကူအညီမတောင်း။ ကူးလည်း မချ။
သေသေချာချာ ရှင်းပြလို ့ သူမျာူတွေနားလည်သဘောပေါက်ကုန်တာတောင် သူကချာချာလည်နေတုန်း။
တခါတခါ သူ ့ကိုစောင် ့ရတာကစိတ်မရှည်ချင်စရာ။ ပုစ ္ဆာအသစ်တက်ရင် သူ ့ပုစ ္ဆာဟောင်း ထားခဲ ့ပြီး
သူလည်းအသစ်လိုက်တက်တယ်။ သူ ့အဟောင်းလေးကို လုံးဝချန်ထားတာတော ့မဟုတ်။ ညနေကျောင်းဆင်း
ကျောင်းသားတွေ ပြန်ကုန်ပေမယ် ့ သူကတော ့ သူ ့နေရာလေးက မထဘဲ သူချန်ထားခဲ ့တဲ ့ သူ ့ပုစ ္ဆာလေးကို
မရမကပြန်တွက်တယ်။ သူ ့ဇွဲကတော ့ ဩချလောက်ရဲ ့။ ဒီလိုချိန်မျိုးဆို ကျနော်လည်း သူ ့ကို စိတ်ရှည်လက်ရှည် ထိုင်စောင် ့ပေးလိုက်တယ်။ တခါတလေ နေ ့လည် ကျောင်းဆင်းရင်တောင် သူကမဆင်းပဲ အစာငတ်ခံ တွက်တတ်တယ်။ သူ ၁ဝတန်း အထိ တက်နိုင်ခဲ ့ပြီး မအောင်ဘဲ ကျောင်းထွက်သွားတယ်။

23 comments

  • veryloveman

    February 20, 2015 at 3:32 pm

    မွန်မြတ်တဲ့အလုပ်ပါ ပညာတတ်မှ တိုင်းပြည်တိုးတက်မှာဆိုတော့ ဆရာတို့လိုဆရာတွေကို အများကြီးလေးစားပါတယ် နာမည်ကြီး ရဟန်းသံဃာ တော်တော်များများဟာ ကျေးလက်တောရွာကပဲ ထွက်ပေါ်လာတာဆိုတော့ ပညာတတ်ခလေးငယ်များလဲ ပေါ်ထွက်လာနိုင်ပါတယ် ကျွန်တော်တို့မြို့က ကလေးတွေကတော့ ……….။

    • တောတွင်းပျော်

      February 22, 2015 at 8:19 pm

      အခုလို ကော်မန် ့နဲ ့ဝင်ရောက် အားပေးသွားတာ ကျေးဇူးအထူးပါ ကို veryloveman

  • kai

    February 20, 2015 at 4:25 pm

    အရေးအဖွဲ့ကောင်းလို့.. ဖတ်ပြီးစိတ်တောင်မကောင်းဘူး..
    ဒီလို ပညာရေးနဲ့သံသရာက..ဒီလိုပဲ..ကျွံနေလည်နေမှာပဲလို့မြင်နေမိတယ်..။
    အဖြေကလည်းခက်ခက်..။
    အဲဒီအဖြေမထွက်တဲ့.. အဲဒီပုစ္စာတွက်နေတာ.. နောက်ကျမိုးချုပ်နောက်နေ့ကူူး.. နောက်နှစ်ကူး..နောက်၁ဝနှစ်လည်းကူးဦးမှာမို့.. စိတ်ရှည်လက်ရှေည်… စောင့်နိုင်ပါသလား.. ဆရာ..။ :i:

    • တောတွင်းပျော်

      February 22, 2015 at 8:27 pm

      ဒီလို ကျွံလည်နေတဲ ့ သံသရာကြီးကနေ တစ်ယောက်ရရ၊ နှစ်ယောက်ရရ
      ဖောက်ထွက်ပေးနိုင်ဖို ့ မောင်ထူးဟန်တစ်ယောက်လို ဇွဲနဘဲကြီးကြီးနဲ ့
      တတ်နိုင်ဆွဲထုတ် ပေးရမှာပဲ မဟုတ်လား သူကြီး။

  • အလင်းဆက်

    February 20, 2015 at 5:02 pm

    ရင် မောစရာတွေပါလား
    😥

    .နောက် ထပ် ပြောပြစရာတွေ ကျန် သေး တယ် ဟုတ် ?

  • Kaung Kin Pyar

    February 20, 2015 at 5:10 pm

    .ကိုယ်တိုင် ဆရာတစ်ယောက်နေရာက ဝင်ခံစားမိတယ်…..။ ကိုယ်ကတော့ သူတို့အနာဂတ်လေးတွေ တလက်လက်တောက်ဖို့…မျှော်လင့်ပြီး အားကြိုးမာန်တက်သင်ပေး….

    .မိဘတွေရဲ ့ လယ်ယာအလုပ်တွေ ကူလုပ်နိုင်မယ် လူငယ်လုပ်အားတွေ မရှိတော ့ သူတို ့တွေရဲ ့ အနာဂတ်တွေ စောစောစီးစီး အဖျက်ဆီးခံလိုက်ကြရတယ်။

    .သူတို့အနာဂတ်မှာ…ပညာတတ်ဖြစ်ဖို့ ကိုယ်မျှော်လင့်ရတာ ထိတ်ရတဲ့ အနေအထားပဲ…။ ခိုင်းကောင်းတဲ့အရွယ်ရောက်ရင် လာပြန်ခေါ်သွားခံရတဲ့ တွံတေးက ကလေးတွေကို သွားမြင်ပါရဲ့……။ ဆက်ပါဦး…။ စောင့်နေပါတယ်…။

    • တောတွင်းပျော်

      February 22, 2015 at 8:32 pm

      ဟုတ်ပါတယ် ကောင်းကင်ပြာ….
      ကိုယ်တွေက ဘယ်လောက်ကြိုးစားကြိုးစား၊ သူတွေက ဘယ်လောက်ပဲ ကြိုးစားကြိုးစား
      အဆုံးသတ်မှာတော ့ စနစ်အောက်မှာ ပြားပြား ဝပ် လည်စင်း ခံလိုက်ရတာပါ။

  • padonmar

    February 21, 2015 at 1:21 am

    .ကျေးလက်ကဆရာသူငယ်ချင်းရယ်
    .စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းတယ်။
    .မင်းတို့တွက် ဂုဏ်ယူလိုက်ပါတယ်။

  • မြစပဲရိုး

    February 21, 2015 at 3:22 am

    ဆရာလေး ရယ်
    ရီသူမှာ မျက်ရည်ဝေ အောင် ရေးနိုင်ပါတယ်။
    ဘယ်တော့မှ မပျောက်တော့မဲ့ သေရာပါ ရင်ထဲက အနာ ကို တဲ့တဲ့ ထိမိပြန်ပြီ။
    အရီး လဲ တစ်ခါက လုပ်အားပေးဆရာမ လုပ်ဖူးပါတယ်။
    ဆယ်တန်းအောင်ပြီး စ အချိန်ကပေါ့။
    အဲဒီ တုန်းက အဖွားမြို့လေးက ဒီလောက် ဆင်းရဲတွင်း မနက်သေးဘူး။
    ကျောင်းနောက်ကျပြီး ရောက်လာတာ ဘာကြောင့်လဲ ဆိုရင် ဝက်မွေး နေတာ ထိုင်ကြည့်နေလို့တဲ့။ ဒီ ဂျီးထူထူ ကလေးလေး တွေကို သူတို့ မိဘ တွေ ကျောင်းပို့ နိုင်သေးတယ်။
    သိပ်မကြာတဲ့ နှစ်မှာဘဲ ကလေးတွေ ကို ကျောင်းမထားနိုင်တော့လို့ ကျောင်းနှုတ်နှုတ်သွားတဲ့ အကြောင်းတွေ
    အဲဒီထဲ က တစ်ချို့ ကလေး တွေ က စာသင်ချင်လွန်းလို့ အမေ ရှာခိုင်းလိုက်တဲ့ ထင်းစည်း ကြီး ကို ခေါင်းပေါ်ရွက်ပြီး စာသင်ခန်း အပြင်ကနေ လာလာပြီး စာခိုးရွတ်နေတဲ့ အကြောင်းတွေ
    ဒီကလေး တွေ အတွက် ညကျောင်းဖွင့်ပေးတာတောင် ဒီလို လူမှုရေး အလုပ်တွေ ကို “ကတော်” တွေ ကမှ လုပ်ခွင့် ရှိတယ် ဆိုပြီး သူတို့ လဲ လှည့်ကြည့်တာမဟုတ်တဲ့ ပိတ်လိုက်ရတဲ့ ညကျောင်းလေး။
    ဒီလို နဲ့ စာမသင်ရတဲ့ မျိုးဆက် တွေ က ဆက်လာတဲ့ ကလေး တွေ စာဆက်မသင်တော့ တာအဆန်းမဟုတ်တော့ဘူး။
    ဒါနဲ့ ဘဲ တိုင်းပြည် မှာ လူပေါင်းများစွာ မှာ စာတွေ၊ ဗဟုသုတ တွေ နဲ့ ဝေးပြီးရင်း ဝေး နေတော့တာ။
    တကယ်တော့ ကလေးတိုင်း ကို အတိုင်းအတာ တစ်ခု ထိ ကြည့်ရှုစောင့်ရှောက်ရမဲ့ တာဝန် အစိုးရတိုင်း မှာ ရှိပါတယ်။
    ကလေး ဆိုတာ နိုင်ငံရဲ့အနာဂါတ် မဟုတ်လား။

    ပြောရင်တော့ ပြီးမယ်မဟုတ်။

    ဒီလို နယ်ခေါင်ခေါင် ထဲ သွားပြီး စေတနာ ဆရာ လုပ်ပေးနိုင်တာ သာဓုလဲ ခေါ်ပါတယ်။ ဂုဏ်လဲယူပါတယ်။
    ကိုယ်လုပ်ချင်တာ ကို မလုပ်နိုင်ခဲ့တာမို့ ဒီလို လုပ်ပေးနေနိုင်သူ ကို အားလဲကျပါတယ်။

    စာထဲ မှာပါတဲ့
    {ကျနော်သိတယ်။ ကျနော်တပည် ့လေးတွေက ဉာဏ်ရည်သွက်တယ်။ သွေးနိုင်ရင် သွေးနိုင်သလောက် အရောင်တလက်လက်နဲ ့ ထက်မြမယ် ့ ဓါးရိုင်းလေးတွေ။}
    အဲဒါအမှန်ပါ။
    ကလေးတိုင်း ဟာ သူ့နည်းနဲ့ သူ တော်တာ တွေ ရှိတယ်။
    တစ်ယောက်နဲ့တစ်ယောက် တော့ မတူဘူးပေါ့။
    အဲဒါကို ဖော်ထုတ်ပြီး သူတို့ အရည်အသွေး ကို မြှင့်ပေးဖို့ က ဆရာ တွေ ရဲ့ တာဝန်ပေါ့။
    ကလေး တွေ ကိုယ်စား ကျေးဇူးပါ။

    ဒါထက် – တကယ်တော့ လေ ဘာသာစကား တွေ ဆိုတာ များများပြောနိုင်လေ ကောင်းလေပါ။
    တကယ်တော့ မြန်မာလို သင်လိုက်ခြင်း က တိုင်းရင်သားကလေး တွေ အတွက် အနည်းဆုံး ဘာသာစကား နှစ်မျိုး ကျွမ်းကျင်တော့မဲ့ သဘောဘဲ။
    ဒါကို အခုပညာရေး ဥပဒေမှာ ပြင်ဖို့လုပ်နေတာ အင်္ဂလိပ်လို သင်မှာ မကြိုက်တာ။
    ကောင်းမကောင်း မသိတော့။

    ဆက်ပါဦး ဆရာလေး။
    ကျွန်မလဲ ဆက်ချင်ပါသေးတယ်။ :))

    • တောတွင်းပျော်

      February 22, 2015 at 9:29 pm

      အရီး
      ကျနော် ဒီပိုစ်ကို စရေးတော ့ ပေါ ့ပေါ ့ပါးပါးလေးနဲ ့ ဖတ်ရသူ ဖတ်လိုက်တာနဲ ့
      ရွှင်ပြုံးစေမယ် ့ ပုံစံလေးနဲ ့ စခဲ ့တာ။ နောက်ပိုင်းရေးရင်း ရေးရင်းနဲ ့ ခံစားချက်တွေ
      ဝင်လာပြီး ပိုစ်က လေးလာတယ်။ ကျောင်းသူ၊ ကျောင်းသားတွေရဲ ့နာမည်တွေကို အမှန်အတိုင်း
      ထည် ့ရေးထားပြီး အဖြစ်အပျက်တွေက အမှန်မို ့ လူကြီးတွေရဲ ့အမည်တွေကို တတ်နိုင်သလောက်
      မပါအောင် ရေးထားခဲ ့တယ်။ ပါလာတဲ ့ နာမည်တွေကလည်း နာမည်လွှဲတွေနဲ ့ပါ။ နောက်ပြီး ဒီပိုစ် ရေးလိုက်တာ တာဝန်ယူရမှာလည်းကြိီးတယ် တွေးမိပါ။
      အမှန်အတိုင်း ဝန်ခံရရင် ကျနော် ဘယ်တုန်းကမှ ကျောင်းဆရာလုပ်ဖို ့ စိတ်မကူးခဲ ့။ ဝါသနာလည်းမပါ။
      မတော်တဆ ကျောင်းဆရာဖြစ်လာတော ့မှ ကျောင်းသားတပည် ့လေးတွေနဲ ့ ထိတွေမိ ့တော ့မှ
      သူတို ့လေးတွေကို ဖြစ်ထွန်းစေချင်စိတ်၊ ပေါက်ရောက်အောင်မြင်စေချင်စိတ်ဆိုတဲ ့ စေတနာတွေဝင်လာ
      ပြီး သံယောဇဉ်ဖြစ်လာတယ်။ တပည် ့လေးတွေအတွက် ရှေ ့တန်းနေပြီး ထိုးဖောက် ကာကွယ်ပေမယ် ဆိုတဲ ့ ဆရာစိတ်တွေဖြစ်လာတယ်။ ဒါတောင် ကျနော် ့ကျောင်းဆရာ ဘဝက တစ်လသာလောက်ပဲ။
      နှစ်ချီလုပ်လာတဲ ့ ဆရာ၊ဆရာမတွေဆို ဘယ်လောက်တောင်ပိုမလဲ။ ဆရာမကြီးတွေ အပျိုကြီး အဖြစ်များကြတာလည်း တပည် ့ သံယောဇဉ်တွေကြောင် ့ ပိုသဘောပေါက်လာတယ်။ ကျနော် ကျောင်းဆရာ ဘဝရောက်ဖူးတော ့မှ ဆရာ၊ ဆရာမတွေကို ပိုလေးစားတတ်လာတယ်။ ဒီစိတ်တွေကြောင် ့ အခုမှကျောင်းဆရာစဖြစ်တဲ ့ လူပျို၊ အပျိုပေါက်စ ဆရာ၊ဆရာမလေးတွေကိုတောင်
      လေးလေးစားစားဆက်ဆံမိတယ်။
      အင်ဒိုနီးရှာ သမ္မတဟောင်းတစ်ဦး ပြောသွားတဲ ့ စကားတစ်ခွန်းကို သတိရမိတယ်။
      တိုင်းပြည်အတွက် ရှေ ့တန်းကနေ ရွပ်ရွပ်ချွန်ချွန် အသက်အသေခံတိုက်နေတဲ ့ စစ်သားတွေမှ သူရဲကောင်းမဟုတ်ပါဘူးတဲ ့။ ဝေးလံခေါင်ပါးတဲ ့အရပ်တွေမှာ ပြည်သူတွေကို ပညာအလင်းပေး သင်ကြားပေးနေဲ ့ ဆရာ၊ဆရာမတွေဟာလည်း တိုင်းပြည်ရဲ ့ လူမသိသူမသိ သူရဲကောင်း အဖြစ် သူ အသိအမှတ်ပြုပါတယ်တဲ ့။

  • မြို့အမည်ခံ တောကျောင်းတစ်ကျောင်းနားမှာ နေခဲ့ဖူးတယ်။ကလေးကိုလည်း တစ်နှစ်ကျောင်းထားခဲ့တယ်။အခမဲ့ကျူရှုင်းပြခဲ့ဖူးတယ်။

    ကလေးတွေအများစုရဲ့ စာရိတ္တတော်တော်ဆိုးပါတယ်။သမီးကိုထည့်ပေးလိုက်တဲ့ မုန့် ပိုက်ဆံ နဲ့တခြားအဖိုးမတန်တာလေးတွေ စာသွားပြရင် နောက်က ယူထားကြလေ့ရှိတယ်။နေ့တိုင်းနီးပါး။ဆရာ ဆရာမတွေက အမျိုးစုံ ခြိမ်းခြောက်ထားရလေ့ရှိတယ်။မရဘူး။

    ပညာရေး ၄တန်းကလေးတောင် စာလုံးသေသေချာချာမပေါင်းတတ်ပါ။အကုန်ရေးတတ်တယ် ဆရာမရေးပြသမျှ အကုန်လိုက်ကူးတယ်။မိဘတွေက ကလေးတွေကို အလုပ်ခိုင်းရင်း အားမှကျောင်းပို့သလိုဖြစ်နေတယ်။မုန့်ဖိုးမပေးနိုင်တဲ့အခါ ခိုးစားကြတယ်။

    ကျောင်းကစုပေါင်းလုပ်တဲ့ပွဲတွေ ဘာတွေမှာ အလှူငွေကောက်ရင် ၅ဝကစထည့်လို့ရတယ်။မထည့်ပဲနေလို့လဲရတယ် ဆိုပြီး ဆရာမတွေကမှာရတယ်။ဒီလိုမှ မဟုတ်ရင် တိုင်တယ် တောတယ်။ကျောင်းအုပ်တွေ ခနခန ပြောင်းပြေးကြတယ်။ရွာခံမဟုတ်ရင် အဝေးကဆရာမတွေမနေချင်ကြဘူး။

    အရင်ကတော့ ပညာရေးစနစ်မကောင်းလို့ဆိုပြီးတစ်ခုပဲတွေးလို့ရတယ်။
    အခုကျတော့ တောကျောင်းတွေမှာ ဆရာ ဆရာမတွေ မနေချင်ရခြင်း စေတနာမထားနိုင်ရခြင်းတွေကို တစေ့တစောင်းမြင်လာရတာက အင်တာနက်အသုံးပြုနိုင်တဲ့ဖုန်းတွေ ဆက်သွယ်ရေးစနစ်တွေပေါ်လာတည်းက ကျောင်းသားကိုဆရာက ဆုံးမတာကအစ တိုင်ကြတောကြတဲ့ ဟိုမရောက် ဒီမရောက် အတွေးအခေါ်အဆင်ခြင်တွေကြောင့်ဆိုတာပါ မြင်လာခဲ့တယ်။

    (ကြုံခဲ့ ဆုံခဲ့ရတာလေးတွေပါ)

    • တောတွင်းပျော်

      February 22, 2015 at 10:00 pm

      အမ နန်းတော်ရာသူ
      ကျနော် စာသင်ခဲ ့တဲ ့ ကာလက အဲဒီ ဒေသတွေမှာ ၁ ပတ် ၁ကြိမ်၊ ၂ ပတ် ၁ ကြိမ် လောက် တိုက်ပွဲငယ်တွေ တချိန်းချိန်း ဖြစ်နေတဲ ့ကာလဆီကပေါ ့။ လွတ်လွတ်လပ်လပ် စိတ်ပျော်ရွှင်မှု ဆိုတာ
      ကလေးတွေအတွက်လည်းရှားပါတယ်။ သူတို ့ရဲ ့ပျော်ရွှင်ရတဲ ့ အချိန်ဟာ အပေါင်းအဖော်စုံညီတဲ ့ စာသင်ချိန်လေးမှာပါ။ ကျောင်းဆင်းလို ့အိမ် ပြန်ရောက်ရင် မိဘတွေကို ကူညီနိုင်သလောက်ကူလုပ်။
      ကျောင်းပိတ်ချိန်ဆို လယ်ထဲ၊ ခြံထဲလိုက်ဆင်း။ လူငယ်တွေကမှ မရှိကြတာကိုး။ ကစားချိန်ဆိုတာမရှိ။
      ၄တန်းကျောင်းသား အရွယ်မှာ လူကြီးအုပ်တွေလုပ်နေကြရပြီ။ ဒီလို ပင်ပန်းကြမ်းတမ်းတဲ ့ ဘဝတွေမှာ
      သူတို ့ရဲ ့ စရိတ္တက ရာနှုန်းပြည် ့ရိုးသားဖြူစင်ကြပါတယ်။

  • ခင်ဇော်

    February 21, 2015 at 12:53 pm

    ရယ်ချင်တာ တစ်ဝက်
    သနားတာတစ်ဝက်
    ရင်မောတာ တစ်ချက်။

    စာကို ဆက်တိုက်ရေးစေချင်ပါတယ် ကိုတောတွင်းပျော်။
    ပြန်တောခိုမယ်ဆိုရင် စာပါ အကြောင်းအရာ အတိုင်း ခွင့်တိုင်စေချင်ပါတယ်။
    ခိခိ
    :k:

    ကြားဖူးတဲ့ ဟာသ အတိုလေး ရှိသေးတယ်။
    ၅ တန်း မှာ ရည်းစားစာမိလို့ ဆရာမက ခေါ်ဆူတာ။
    နင်တို့ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလုပ်စားကြမှာလည်း ဆူတော့
    ကလေးမက ကောင်လေးကို တံတောင်နဲ့ တွက်ပြီး “မောင် ပြောလိုက်လေ” ဆိုတဲ့ ဟာသ သွားသတိရတယ်။
    ဟီးဟီးဟီး

    :mrgreen:

    • တောတွင်းပျော်

      February 22, 2015 at 10:02 pm

      အဲ ့ ကလေးမ အမ ကိုယ်တိုင်ပဲ မဟုတ်ရား…

    • တောတွင်းပျော်

      February 22, 2015 at 10:37 pm

      ၂၃၊ ၂၊ ၂၀၁၅ နေ ့ကစပြီး နှစ်ကုန်လောက်ချိန်ထိ ရက်အကန် ့အသတ်မရှိ တောခို
      ခွင် ့ပေးပါရန် တောင်းဆိုသွားပါတယ် ခင်ဗျ။ ။

  • pooch

    February 21, 2015 at 4:56 pm

    တကယ်တော့ ဇီယာဒမ်းရွာ ပူတာအိုကတော ကျောင်းလေးမှာ စခန်း ချဖြစ်တော့ ဆရာက နင်တို့တွေ စာသင်ပေးဖို့ နေခဲ့ပါ့လား မိုးလင်းတာနဲ့ မျက်နှာသစ်ရေတောင် ခပ်ပြီးသားဖြစ်နေမှာလို့ ပြောတော့
    ပြန်မဖြေနိုင်ဖူး

    အဲ့ဖီလင်လေ ကိုယ့်ဆီကို အိမ်မက်တခု ထပ်မွေးပေးလိုက်သေးတယ်
    ကလေးတွေ နိုင်ငံအညွှန့်အဖူးလေးတွေ နှမြောတယ်ဗျာ

  • Ma Ma

    February 21, 2015 at 5:09 pm

    သချင်္ာထိုင်းပေမယ့် ကြိုးစားမှုရှိတဲ့ကလေးမို့ သူအားသန်တဲ့ဘက်ကို ဇောင်းပေးလိုက်ရင် ထူးချွန်ထက်မြက်လာမှာ အမှန်ပဲ။
    ဒါပေမယ့် ခေါက်ရိုးကျိုးနေတဲ့ လမ်းကြောင်းကြီးအတိုင်းသွားရင်း ဘယ်လိုများဖြစ်သွားလဲလို့ သိချင်မိတယ်။

    တက္ကသိုလ်စတက်တော့ ဖရက်ရှာဝဲလ်ကမ်းမှာ ဌာနမှုးပြောသွားတဲ့စကားကို အရမ်းသဘောကျလို့ တသက်လုံးမှတ်မိနေတာလေးရှိတယ်။

    ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်တိုင်းမှာ မထူးချွန်နိုင်တောင် သူအားသန်တဲ့ဘာသာရှိတယ်။
    လောကကြီးမှာ ပညာအားလုံးတတ်ဖို့မလိုဘူး။
    ဒါပေမယ့် ပညာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ဖို့တော့လိုတယ်တဲ့။ 🙂

    • တောတွင်းပျော်

      February 22, 2015 at 10:21 pm

      မောင်ထူးဟန်က မြို ့ကျောင်းတက်တော ့ မော်လမြိုင်မြို ့က ဘုန်းကျောင်းမှာနေတယ်။ ဆယ်တန်းနှစ်အထိ။
      ရိုးရိုးအေးအေးနဲ ့ရိုရိုကျိုးကျိုးနေတတ်တော ့ ကျောင်းထိုင်ဆရာတော်ရဲ ့ အနီးကပ် ကပ္ပိယ ကျောင်းသားဖြစ်
      သွားတယ်။ ဘုန်းကျောင်းဆိုတာကလူအများ။။ တစ်ဥိီးချင်းစောင် ့ရှောက်ဖို ့ဆိုတာကမလွယ်။ သူဘယ်လောက်ပဲ ဇွဲကောင်းကောင်းနဲ ့ကြိုးစားလည်း မောင်ထူးဟန်လို လူမျိုးအတွက်ကတော ့ အနီးကပ်
      လမ်းညွန်ပြသပေးနိုင်မယ် ့သူလိုတယ်။ သူ ့အနေနဲ ့ဒီ အခွင် ့အရေးမရခဲ ့ရှာလေတော ့ ၁ဝတန်းကို မကျော်နိုင်ခဲ ့ဘူး။

  • Shwe Ei

    February 22, 2015 at 7:53 pm

    -‘ဒီတပတ်မှ ဆရာသိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး ကိုအေးအေးလူလူ ဖတ်နိုင်တယ်။
    -ဓမ္မကထိက ကိုယ်တော်ကို..အင်္ဂလိပ်စာသင်ဖို့ တစ်လတစ်ရာ ထောက်ပံ့နိုင်တဲ့ ဂျီးဒေါ် -အပျိုဂျီးက…ကိုယ့်တူအရင်း ဆယ်တန်းကို ဂုဏ်ထူး ၃ခုနဲ့အောင်ပြီး -တက္ကသိုလ်ဆက်မတက်နိုင်အောင်မွဲတာ သိသိနဲ့ -လျစ်လျူရှူထားတာကို ရေးပြတာမြင်တော့..” ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ” ဆိုတဲ့ -ဆရာဇော်ဂျီရဲ့ ကဗျာဘဲ ပြေးမြင်မိတယ်။
    -ဆရာအောင်သင်း..စာအုပ်ထဲကလို လူငယ်တွေကို ရွှေမချဘဲ စစ်စေးသုတ်နေတဲ့လူတွေ -ခပ်များများကြားမှာ…တောကျောင်းဆရာ လုပ်နိုင်သူတွေကို ရွှေချထားလိုက်ချင်ပါတယ်။
    -အဖေ့ညီမ အဒေါ် အပျိုကြီး တောကျောင်းဆရာမ လုပ်နေတာ..နှစ်ပေါင်းနှစ်ဆယ်မကတော့ဘူး..တခါမှ -မြို့ကျောင်းပြောင်းချင်တယ်ပြောသံ မကြားရဘူး..သူ့တပည့်တွေကိုလဲ -သံယောဇဉ်ရှိလိုက်တာအလွန်ဘဲ..
    -ရွာကျောင်းက တပည့်တွေကလဲ ဆယ်တန်းအောင် ဘွဲ့ရကြတဲ့အထိ..ရွာကိုရောက်တိုင်း ဆရာမ..ဆိုပီး -တရိုတသေ ဝင်နှုတ်ဆက်ကျတာ မျက်မြင်မို့..သိတတ်လာလေ လေးစားလေဘဲ 🙂

    • တောတွင်းပျော်

      February 22, 2015 at 10:28 pm

      အမ Shwe Ei ရဲ ့ အဒေါ်အပျိုကြီးကတော ့ တကယ် ့ ပီတိ စားသူအစစ်ပါ။ ဂုဏ်ယူလေးစားပါတယ် အမ။

  • Mr. MarGa

    February 23, 2015 at 10:31 am

    အစက ပေါ့ပေါ့ပါးပါး
    ဖတ်ရင်းနဲ့ ရင်မောလာတယ်
    ဒီကလေးတွေ
    ဒီလိုကလေးတွေ
    နည်းမှာမဟုတ်ဘူးရယ်..

  • Mike

    February 23, 2015 at 11:32 am

    .ဗရာဗိုပါကျောင်းဆရာရေ
    .ဒီလိုပညာရေးကမောက်ကမဖြစ်နေရတဲ့ ကလေးတွေ မြန်မာပြည်မှာဘယ်လောက်များလိုက်လေမလဲနော်
    .ရင်မောစရာပေမဲ့..ကိုယ်လည်းဘာတတ်နိုင်မှာတုန်း
    .“မတော်တဆ ကျောင်းဆရာဖြစ်လာတော ့မှ ကျောင်းသားတပည် ့လေးတွေနဲ ့ ထိတွေမိ ့တော ့မှ
    သူတို ့လေးတွေကို ဖြစ်ထွန်းစေချင်စိတ်၊ ပေါက်ရောက်အောင်မြင်စေချင်စိတ်ဆိုတဲ ့ စေတနာတွေဝင်လာ
    ပြီး သံယောဇဉ်ဖြစ်လာတယ်။ ”
    .အမှန်ပဲဆရာရေ…လူ့သဘာဝပါပဲ

  • kotun winlatt

    July 15, 2016 at 10:45 pm

    ဆရာလေးရဲ့စေတနာတွေ လေးစားပါတယ် ခင်ဗျာ

Leave a Reply