လေထန်ကျောင်းက ကွမ်းဆရာ (၁)

အကို၊ အကို…
ခေါ်သံနဲ ့အတူ ခြေထောက်ကနေ လှ ုပ်နှိုးခံရလိုက်ရတာမို ့ စောင်ခြုံကွေးအိပ်ပျော်နေတဲ ့ကျနော် လန် ့နိုးထ
လာတယ်။ ချမ်းချမ်းစီးစီး ဆောင်းတွင်းမနက် အိပ်လို ့ကောင်း၊ ကွေးလို ့ကောင်းတုန်း!
ကျနော်မျက်လုံးဖွင် ့ကြည် ့လိုက်တော ့ ကျနော ့ခြေရင်းမှာ မောင်တင်ဋ္ဌေး…
ဟား တင်ဋ္ဌေး၊ စောစောစီးစီး ဘာကိစ္စရှိလို ့လဲဟ! ကျနော်မေးလိုက်တော ့
ဟား! အကိုကလည်း အကို ဒီနေ ့ကျောင်းတက်ရမှာလေ… ဟေ! ငါကဘယ်ကျောင်းတက်ရမှာလဲဟ?
အကိုတော ့လုပ်ပြီ၊ သီတာရွာကလူကြီးတွေပြောတော ့ အကိုဒီနေ ့ အလုပ်ဝင်ရမှာဆို……
ဟား! ပြန်သတိရပြီ… ဟုတ်သားပဲ။

ပြီးခဲ ့တဲ ့နှစ်ပတ်ကျော်လောက်က တောတွင်းပျော် ့အိမ်ကို လူကြီး ၃ယောက် ရောက်လာပြီး သူတို ့ရွာမှာ
ကျောင်းဆရာလုပ်ပေးဖို ့ လာပြောတာ။ အမှန်တကယ်က ကျနော်ကျောင်းဆရာ မလုပ်ချင်။ ဒီအချိန်မှာ တောတွင်းပျော်တစ်ယောက် ထိုင်းနယ်စပ်ဖက် နွားမောင်း ကျွဲမောင်းလိုက်နေတာ။ လဝက် တစ်ခေါက်လောက်
ရတဲ ့ခေါက်ကြေးက ကျောင်းဆရာတစ်လရတဲ ့ လစာထက် ၂ဆ ၃ဆပိုသာရတယ်။ ကျနော် ကျောင်းဆရာ
မလုပ်ချင်ကြောင်း ငြင်းလိုက်ပါသေးတယ်။
ဒီတော ့ လူကြီးတွေကပြောလာတယ်။ သူတို ့ရွာက အခုလက်ရှိ ဆရာမလေး ရှေ ့လ ဇန္နဝါရီမှာ ဝမ်းဆွဲတက်မှာ။ ကလေးတွေရဲ ့ စာမေးပွဲကြီးကလည်းနီး ကျောင်းပိတ်ချိန်ကလည်း မဝေးလှတော ့တာမို ့
ဆရာစားရှာရခက်နေတယ်။ လစာ အဓိကမထားပဲ ကူညီပါ တောင်းတောင်းပန်ပန်ဆိုလာတော ့ မမြင်ဖူးသေးတဲ ့ ကျောင်းသားလေးတွေရဲ ့မျက်နှာမြင်ယောင်လာပြီး နောက် မဝေးလှတော ့တဲ ့အတန်းတင်
စာမေးပွဲကြီးကိုလည်းမြင်ယောင်မိလာတယ်။ ကျနော်ကိုယ်တိုင် အဲဒီကျောင်းလေးတွေဖြစ်သွားသလား။
ဒီလိုအခြေအနေမျိုးမှာ ကျနော်ဆက်ငြင်းနေမယ်ဆိုရင် ကျနော်လူမိုက်ဖြစ်သွားလိမ် ့မယ်။ ဒီတသက်လည်း
လိပ်ပြာလုံနိုင်တော ့မှာမဟုတ်။ တွဲဖက်ကျောင်းလေးရဲ ့ဆရာမလေးကို ဒေါသထွက်မိပေမယ် ့ သူ လည်း
သူ ့ဘဝရှေ ့ရေးလမ်းကြောင်းမို ့အပြစ်မတင်ချင်။
ခေါင်းရင်းက MADE IN CHINA စားပွဲတင်နာရီကိုကြည် ့တော ့ ရ နာရီကျော်စပြုနေပြီ။ ကမန်းကတန်း
မျက်နှာသစ်၊ အမေက မနက်စာ စားသွားအုံး ဆိုတာတောင် မစားတော ့ဘဲ အိမ်ရှေ ့ကိုထွက်လာခဲ ့တယ်။
ဟိုရွာမှာတော ့ ကျောင်းဆရာအသစ်အတွက် ထမင်းပွဲတစ်ခုတော ့ ရှိနေမှာပါလေ။
“ အကို၊ ဘယ်လမ်းက သွားမလည်း” မောင်တင်ဋ္ဌေး ကျနော ့ကိုမေးလာတော ့ ကျနော စဉ်းစားလိုက်တယ်။
မြောက်ဖက်လမ်းက လမ်းကောင်းပေမယ် ့ ခရီးဝေးတယ်။ တောင်ဖက်လမ်းက ဖြတ်လမ်း၊ ဒီဖြတ်လမ်းကိုတောင် ခပ်ပြင်းပြင်းခြေလျင်သုတ်ရင်တောင်မှ စာသင်မယ် ့ရွာကို ၂နာရီလောက်ကြာမယ်။
တောင်ဖက်လမ်းကို ကျနော်ရွေးလိုက်တယ်။ နောက်တစ်ကြောင်းက တောင်ဖက်လမ်းကလိုက်ရင် မိုင်ဝက်လောက် အကွာမှာ ဆယ်အိမ်စုရွာကလေးရှိတယ်။ အဲဒီရွာမှာ……….
ရွာကနေ ခပ်သုတ်သုတ်ထွက်လာရင်း တင်ဋ္ဌေးကို ဟိုရွာကျောင်းရဲ ့အခြေအနေကိုမေးကြည် ့တယ်။
တင်ဋ္ဌေးက ၈တန်းအောင်ပြီး အဲဒီရွာမှာ ရွာခန် ့ကျောင်းဆရာလုပ်တာ ၂နှစ်ရှိနေပြီ။ စကားတပြောပြောနဲ ့
လာခဲ ့တာ ဆယ်အိမ်စုရွာကလေးထဲကို ဝင်လာပြီ။ ရွာထဲ ဖြတ်လျှောက်ရင်း အိမ်ကြီးတစ်အိမ်ရှေ ့အရောက်
ခြံဝင်းထဲကိုလှမ်းကြည် ့လိုက်တော ့….တွေ ့ပါပြီ။ ကျနော ့ရဲ ့သူကလေး…….
သူလည်းကျောင်းဆရာမပါပဲ။ ရေတွင်းဘေးမှာ ကျောပေးထိုင်ရင်း ထမိန်ရင်လျားနဲ ့ ပခုံးဝင်းဝင်းလေးကို
တွေ ့လိုက်ရတယ်။ သူကလေး ရေချိုးနေတာပဲ။ ဆောင်းတွင်းမနက် ချမ်းချမ်းစိမ် ့စိမ် ့မှာ သူမို ့လို ့ အားပါးတရ ရေချိုးနေတာ… အာ ့မလေးလေး! သူ ့အစား ကျနော ့မှာ ချမ်းလိုက်ရတာ… ဆက်မကြည် ့ရဲတော ့။
ဒိရွာလေးကထွက်တော ့ သစ်ပင်ချုံပုတ်တွေနဲ ့ တောလမ်းကျဉ်းထဲရောက်သွားတယ်။ မနက်ခင်း နှင်းရည်စွတ်နေတဲ ့လမ်း လျှောက်ရတော ့ စီးလာတဲ ့ မြင်းကြယ်ဖိနပ်က မကြာခဏချော်၊ သဲကြိုးပြုတ်လိုက်
ပြန်တပ်လိုက် လမ်းလျှောက်ရတာ အဆင်မပြေ။ နောက်တော ့ဖိနပ်ကိုချွတ် လက်နဲ ့ကိုင်၊ ပုဆိုးစလွယ်သိုင်း
လွတ်လွတ်လပ်လပ်လျှောက်လိုက်တယ်။ ငါဟာကျောင်းဆရာ။ တင်ဋ္ဌေးကိုလည်း ကြည် ့လိုက်တော ့ သူလည်း ကျနော ့လို ဖိနပ် လက်ကကိုင် ပုဆိုးကို လည်ပင်းချိတ်၊ အင်း… သူလည်းကျောင်းဆရာ။
ဒီလိုနဲ ့ခပ်သုတ်သုတ်လျှောက်လာရင်း ရိုးပြတ်လယ်ကွင်းပြင်တွေကို ဖြတ်လိုက်၊ တောအုပ်လေးတွေနဲ ့ တောင်ကုန်းတွေကို ကျော်ဖြတ်လိုက် နောက်ဆုံးတော ့ တဖက်တချက် သစ်ပင်ကြီးတွေ စီတန်းပေါက်နေတဲ ့ စမ်းချောင်းလေးတစ်ခုကို သစ်လုံးတံတားပေါ်ကနေဖြတ်ကူးလိုက်တာနဲ ့ လယ်ကွင်းပြင်ကြီးတစ်ခု ဘွားကနဲ ပေါ်လာတယ်။ လယ်ကွင်းပြင်ရဲ ့ဟိုဖက်တစ်ဆုံးမှာ.. ခန် ့ခန် ့ငြားငြားအိမ်ကြီးတစ်ခု။ ဒါ ကျနော်စာသင်ရမယ် ့ သီတာရွာက ဘုန်းကြီးကျောင်းပဲ။ ။

နောက်ဆုံးလယ်ကွင်းကိုဖြတ်နေရင်း တင်ဋ္ဌေးကိုမေးလိုက်တယ်။ ငါတို ့ဘယ်မှာ ထမင်းစားမှာလဲလို ့။
ဗိုက်ကဆာစပြုနေပြီ။ တင်ဋ္ဌေးက ခပ်ပြုံးပြုံး ‘ ဘုန်းကျောင်းရှိတယ်’’။
“ ဘုန်းကျောင်း”!
တောတွင်းပျော်လည်း ဘုန်းကျောင်းထွက်ပေပဲ။ ပုစ ္ဆာတစ်ခု အဖြေအတွက် တင်ဋ္ဌေးကို ဆက်မေးလိုက်တယ်။
ဘုန်းကျောင်းသား ဘယ်နှစ်ယောက်လဲ? ။ “ ၆ ယောက်” တင်ဋ္ဌေးက ခပ်တိတိဖြေလိုက်တယ်။ ကျနော ့
စိတ်ထဲမယ်တော ့ သွားပါပြီကွာလို ့သာ……
ဘုန်းကျောင်းပေါ်တက်ပြီး ကျောင်းထိုင်ဆရာတော်ကို သွားနှုတ်ဆက် ဦးချလိုက်တယ်။ ဆရာတော်လို ့ ဆိုရပေမင် ့ သက်တော် ၃ဝ ကျော်လောက်သာရှိသေးတယ်။ မီးဖိုဖက်ဆင်းပြီး ထမင်းစားပွဲပေါ်က အုပ်ဆောင်း
ဖွင် ့ကြည် ့လိုက်တော ့ ထင်တဲ ့အတိုင်းပါပဲ။ ထမင်းဖြူနဲ ့ ငပိဖျော်ရည် တို ့စရာတစ်ချို ့။ တခြား ဘာဟင်းမှမကျန်။ကျောင်းဆရာအသစ်အတွက် ဘုန်းကျောင်းသားတွေ စပါယ်ရှယ် ချန်ထားခဲ ့ပုံပဲ။
မထူးပါဘူး။ ဆာဆာနဲ ့ ရှိတာလေးပဲ လွေးတော ့မယ်။ ထမင်းစားပြီးတာနဲ ့ ဘုန်းကျောင်းပေါ်ကဆင်း
ကျောင်းအနောက်ဖက် မလွယ်ပေါက်ကနေထွက်ပြီး နည်းနည်းလျှောက်လိုက်တာနဲ ့ တောင်စောင်းပြေပြေမှာ
ဆောက်ထားတဲ ့ အလျား ပေ ၆၀၊ အနံ ပေ ၃ဝ လောက်ရှိတဲ ့ ကျနော်စာသင်ရမယ် ့ကျောင်းကလေးကို
တွေ ့လိုက်ရတယ်။ ကျောင်းရဲ ့မြောက်ဖက် တောင်ကုန်းပေါ်မှာ ထုံးဖြူဖြူစေတီလေးတစ်ဆူနဲ ့ သိမ်တစ်ဆောင်၊ ကျောင်းရဲ ့ အောက်ဖက်ခြေရင်းမှာ အိမ်ခြေစု နည်းနည်း၊ ဒီအိမ်ခြေစုရဲ ့တဖက်မှာ စောစောက ကျနော်တို ့ နောက်ဆုံးဖြတ်လျှောက်လာခဲ ့တဲ ့ လယ်ကွင်းပြင်ဆီ ပြန်ရောက်တယ်။
ကျောင်းတံခါးဝကိုရောက်တာနဲ ့တပြိုင်နက် အထဲကဆူညံနေတဲ ့ ကျောင်းသူ၊ကျောင်းသားတွေရဲ ့အသံတွေ
တိတ်ကုန်တယ်။ ကျနော်လည်း ပထမဦးဆုံး ကျောင်းဆရာဘဝနဲ ့ စာသင်ခန်းဝင်ရမယ် ့ ခြေလှမ်းတွေက
တုန်ချင်သလိုလို။ ရင်ထဲမှာလည်း လှုပ်ရှားနေတယ်။ အခန်းထဲဝင်လိုက်တာနဲ ့ ကျောင်းသူ၊ကျောင်းသားလေးတွေ မတ်တပ်ရပ်ပြီး ညီညီညာညာနဲ ့ “ မင်္ဂလာပါဆရာ” လို ့ ဦးကြို
နှုတ်ဆက်ခံလိုက်ရတော ့ ပြုံးချင်ချင်ဖြစ်မိသေးတယ်။ ကိုယ် ့ကိုကိုယ် ဘယ်တုန်းကမှ ကျောင်းဆရာ
ဖြစ်လာလိမ် ့မယ်လို ့တွေးမထားခဲ ့မိလို ့ပဲ။ သူတို ့တွေက နှုတ်ဆက်ပြီး ဆက်ပြီးမတ်တပ်ရပ်နေကြလေရဲ ့။
ကျနော် ဘာပြောရမှန်းမသိအောင် စိတ်လှုပ်ရှားနေတုန်း။ နောက်မှ ဆရာလေးတင်ဋ္ဌေးက ကျောင်းသားလေးတွေကို ထိုင်ကြ၊ ထိုင်ကြ လို ့ပြောသံကြားမိမှ အော်.. တကယ်ဆို ဒီစကား ငါကပြောရ
မှာပါလားလို ့ သတိပြန်ဝင်လာတယ်။

ဆရာထိုင်စားပွဲမှာ ဝင်ထိုင်လိုက်ပြီး ဘယ်ကဘယ်လိုစလုပ်ရမှန်းမသိ။ ကျောင်းသူ၊ကျောင်းသား အားလုံးရဲ ့
စူးစမ်းတဲ ့အကြည် ့တွေကကျောင်းဆရာအသစ်ပေါ်မှာ။ ကျနော်သေချာပေါက်ထင်သည်။ သူတို ့လေးတွေရဲ ့
စိတ်ထဲမှာ ဒီဆရာအသစ်က အရိုက်ကြမ်းသလား၊ ကြင်နာတတ်သလား။ ကျနော်တို ့တွေ ကျောင်းသားဘဝ
တုန်းကလည်း ဆရာသစ်နဲ ့ကြုံတိုင်း ဒီလိုတွေးခဲ ့ကြတာပါပဲ။
ကျောင်းအခန်းတွင်း အခြေအနေကို လေ ့လာကြည် ့လိုက်တယ်။ ဝင်ပေါက် တံခါးပေါက်ကတစ်ခု၊ အဲဒီ တံခါးဝနားမှာက သူငယ်တန်း၊ အဲဒီကစပြီး အတန်းလိုက် ကျနော်ထိုင်တဲ ့ ဆရာထိုင်စားပွဲရှေ ့ စတုတ္ထတန်း
အထိ အစဉ်လိုက်။ ကျောင်းသားတွေရဲ ့နောက်မှာ ပြူတင်းပေါက် ၂ခု၊ အဲဒီပြူတင်းပေါက်ဘေးမှာက အပြင်ဖက် စင်ထုတ်ထားတဲ ့သောက်ရေအိုးစင်။ ကျနော်ထိုင်တဲ ့စားပွဲဘေးမှာက ပြူတင်းပေါက်တစ်ခု၊
စားပွဲပေါ်မှာက သောက်ရေအိုးတစ်လုံး နဲ ့ ဒီကျောင်းနဲ ့ပတ်သက်သမျှှ စာရွက်စာတမ်း မှတ်တမ်းတွေ။

ကျောင်းသားတွေရှေ ့က Blackboard သင်ပုန်းကြီးက ၄ ခု၊ ကျောင်းသားတွေရဲ ့ စားရေးခုံပုလေးတွေ ရေကြည် ့တော ့ အတန်း ၄တန်း၊ သူငယ်တန်းကစပြီး စတုတ္ထတန်းအထိ ရေကြည် ့ရင် အတန်း ၅တန်း ရှိနေရမှာ။ ခု ၁တန်းပျောက်နေတယ်။ တင်ဋ္ဌေးကိုမေးကြည် ့တော ့ ပထမတန်းနဲ ့ ဒုတိယတန်းက အရှေ ့ အနောက် ခွဲပြီး ရောထိုင်နေတာတဲ ့။ အခန်းအခြေအနေမရပေါ ့လေ။
စာသင်ကျောင်းက ဖက်မိုးဖက်ကာ အခင်းပျဉ်။ ကျောင်းသားတစ်အုပ်လုံးက တစ်ဆောင်တည်းမှာ။
စာသင်ခန်း အခြေအနေကိုလေ ့လာပြီး စာသင်ကြားရေး အတန်းလိုက်ခွဲဝေရေးအတွက် တင်ဋ္ဌေးနဲ ့ညှိမယ်
ခေါ်တော ့ တင်ဋ္ဌေးက ခဏ ကိုကြီးဆိုပြီး ကျောင်းသားတွေဖက်လှည် ့ အခုရောက်လာတဲ ့သူက ငါတို ့ ကျောင်းရဲ ့ဆရာအသစ် နင်တို ့သိကြသလားဆိုတော ့ ကျောင်းသားလေးတွေက ညီညီညာညာပါပဲ
“သိပါတယ် ဆရာ”
ဟင်! ဒါ ကျောင်းဆရာအသစ်ကို မိတ်ဆက်ပေးနေတာပါလား။ မိတ်ဆက်ပေးပုံကလည်း သိပါလား၊
သိပါတယ်။ ထားပါတော ့… တင်ဋ္ဌေးက အခုမှ လူပျိုပေါက်သာသာပဲ ရှိသေးတာ။ စကား ကြီးကြီးကျယ်ကျယ်
ဘယ်ပြောတတ်ပါ ့မလဲ။ အဓိကတော ့ သိဖို ့ပါပဲ။ တင်ဋ္ဌေးက အေး၊ နင်တို ့သိရင်ဆိုပြီး ကရင်လိုဆက်ပြောတယ်။ ကျနော်နားမလည်လိုက်။ ကျောင်းသူ ကျောင်းသားတွေ ရယ်ကျဲကျဲ ဖြစ်ကုန်တယ်။
ကျနော်တင်ဋ္ဌေးကိုကြည် ့တော ့ပြုံးဖြီးဖြီး၊ ဘာပြောလိုက်တာလည်း တင်ဋ္ဌေးဆိုတော ့ “ ဒီဆရာက ကွမ်းအရမ်းကြိုက်တယ်” တဲ ့။
စားပွဲပေါ်က ကျောင်းခေါ်ချိန်ဇယားဖွင် ့ပြီး နာမည်ခေါ်လိုက်တော ့ ပျက်ကွက်သူ တစ်ဦးတစ်ယောက်မှ မရှိ။
နာမည်ခေါ်ပြီးတာနဲ ့ တင်ဋ္ဌေး ကျနော ့ကိုပြောလာတယ်။ သူက သူငယ်တန်း၊ ပထမတန်းနဲ ့ ဒုတိယတန်းက
ဘာသာရပ်တစ်ချို ့သင်မယ်။ ကျနော်က ကျန်တဲ ့အတန်းတွေကိုတာဝန်ယူတဲ ့။ အရင်ဆရာမလေးတုန်းကလည်း ဒီလိုသင်ခဲ ့တာတဲ ့။ နောက်ပြီး ကျနော် သင်မယ် ့ ကျောင်းသားလေးတွေက
ဗမာလို ကောင်းကောင်းပြောတတ်ကြတယ်။ မြို ့နဲ ့အလှမ်းဝေး ဒီလိုတောခေါင်ခေါင် အရပ်က ကရင်လေးတွေ
ဗမာလိုကောင်းကောင်းပြောတတ်ကြတာ အံ့ဩစရာပဲ။ နေထက်လင်းတို ့၊ သီဟတင်စိုးတို ့ရဲ ့ ဗွီဒီယိုဇာတ်လမ်း
တွေရဲ ့ ကျေးဇူးလည်းပါမယ်ထင်ရဲ ့။

ဒီတစ်မနက်တော ့ ကျနော် စာသင်မယ် ့ အစီအစဉ်မရှိ။ အခုမှ အသစ်စက်စက်ရောက်လာပြီး အခုချက်ချင်း
စာသင်ဆိုရင် စက်ရုပ်ဆန်နေလိမ် ့မယ်။ ကျောင်းသားတွေနဲ ့အရင် ရင်းနှီးမှုကိုလုပ်ရမယ်။ တော်ကြာ ဆရာအသစ်ကိုရှိန်ပြီး မပြောရဲမဆိုရဲ ဖြစ်မှာကိုလည်း မလိုလားဘူး။
ခုနက နာမည်စာရင်းခေါ်ပြီးပေးမယ် ့ ခု တစ်ယောက်ခြင်းစီ နာမည်ပြန်ခေါ်မေးတယ်။ စတုတ္ထတန်း အရှေ ့တန်းက ကျောင်းသူလေးတွေ… နော်မြင် ့မြင် ့ရီ၊ နော်ချဖေ၊ နော်ကလျာ၊ နော်နှင်းနှင်းအေး၊ နော်ပြုံးပြုံးအေး၊
နော်ခင်အေး။ နာမည်တွေမှာက အေး ဆိုတဲ ့ စကားလုံး ပါတာများတာကို သတိထားမိတယ်။ နောက် ထူးထူးဆန်းဆန်း နာမည် နော်စီမံကိန်း တဲ ့။ (သူလည်းနောက်တော ့ နော် မြင် ့မြင် ့အေး ဆိုပြီး ပြောင်းသွားတယ်)။ အနောက်တန်းက စောစံလှ (သူ ့ကိုနာမည်ပြောင် ကိုချစ်စရာလို ့ခေါ်ကြတယ်။
သူ ့ပုံစံက လူရွှင်တော် ကိုချစ်စရာနဲ ့ တူသလို ဟာသဉာဏ်ရွှင်သူလည်းဖြစ်တယ်)။
စောတာအဲ ့( ဗမာလိုပြန်တော ့ စောချစ်သူ၊ သူက ထူးထူးခြားခြား မိန်းကလေးတစ်ယောက်လိုချောပြီး
ခပ်တည်တည် နေတတ်သူ)၊ မောင်ထူးဟန်၊ အရပ်ခပ်ုပု ဗိုက်ပူပူနဲ ့ အဝတ်အစားကို သပ်သပ်ယပ်ယပ်
ဝတ်တတ်သူ။ နောက်တစ်ယောက်က စောအေးမင်း( စောအေးမင်းနဲ ့ နော်မြင် ့မြင် ့ရီက မောင်နှမ။
စတုတ္ထတန်းကျောင်းသားဆိုမင် ့ အပျိုပေါက်၊လူပျိုပေါက် ဖြစ်နေပြီ။ ဆရာတင်ဋ္ဌေးနဲ ့က အသက်
မတိမ်းမယိမ်း)။
(ကျောင်းသူ၊ကျောင်းသား နာမည်တွေက ကျနော်ဒီပိုစ်ရေးရင်းက မှတ်မိသရွေ ့ပါ။ တစ်ချို ့မမှတ်မိတော ့
တာတွေ ကျန်ခဲ ့ပါသေးတယ်)
စောအေးမင်းကလွဲပြီး ကျန်တဲ ့ ယောက်ျားလေးတွေက ဘုန်းကျောင်းသားတွေ……
နာမည်တွေမေး၊ရွာနာမည်တွေမေးပြီး ကိုယ် ့ကိုကိုယ် မိတ်ဆက်ပေးလိုက်တယ်။ ငါက အစချီပြီး….
ကိုယ် ့ကိုကိုယ် ဆရာလို ့သုံးနှုန်းရမှာ မဝံ့မရဲ၊ နောင်လည်း ဘယ်တော ့မှ မသုံးပါ။ ငါဆိုတဲ ့ နာမ်စားနဲ ့ စခန်းသွားနေခဲ ့တယ်။ ဒီလိုနဲ ့ ရင်းနှီးတစ်ချို ့ရှိလာပြီး သူတို ့ဖက်က ပြောရဲဆိုရဲ ရှိလာကြတယ်။
တကယ်တန်းတော ့ သူတို ့က ကျနော်ထင်ထားတာထက်တောင် ပိုပြီး ပွင် ့ပွင် ့လင်းလင်း ပြောရဲဆိုရဲ
ကြတယ်။ ကျောင်းသူလေးတွေက ယောက်ျားလေးတွေထက် ပိုပြောရဲကြတယ်။ ယောက်ျားလေးတွေက ခပ်တည်တည်လေး။ စောစံလှ တစ်ယောက်သာ စကားများများပြောပြီး ပြောင်စပ်စပ်။ စာမေး၊စာဖြေတာတောင်
ပြောင်စပ်စပ်ချင်။ ကျနော်ကတော ့စိတ်မဆိုးတဲ ့အပြင် ပိုတောင် သဘောကျသေး။ ကျနော်က အခု တပည် ့
တွေရဲ ့ဆရာဖြစ်နေလို ့ ခပ်တည်တည်နေရပေမယ် ့ အပြင်မှာတော ့ စောစံလှလို။
သူတို ့တွေ အဝေးကတွေ ့ရင်တောင် ဝေး…ဆရာ အော်ပြီးနှုတ်ဆက်တတ်ကြတာ။ ကျနော်တို ့ငယ်ငယ်ကဆို
အပြင်မှာ ဆရာနဲ ့မျက်နှာချင်း မဆိုင်ရဲ။ ဝေးဝေးက ရှောင်နိုင်သရွေ ့ရှောင်ခဲ ့ကြတာ။
သူတို ့တွေနဲ ့ ပြောရင်းဆိုရင်း စားပွဲပေါ်က ကျောင်းမှတ်တမ်းတွေ လျှောက်လှန်ကြည် ့တော ့ ဝဲသီလာ၊ သီတာ၊
တောကျောင်း ဆိုတဲ ့ကဗျာဆန်ဆန် ရွာနာမည် ၃ခုတွေ ့ရတယ်။ တကယ်တော ့ ကျနော် စာသင်နေတဲ ့ ကျောင်းက အိမ်ခြေစုစု နည်းနည်းသာရှိတဲ ့ ရွာ ၃ရွာ ပေါင်းပြီး တွဲဖက်မူလတန်းကျောင်းလေး ဖွင် ့ထားတာ။ မူရင်း ကရင်လိုခေါ်တဲ ့ရွာ နာမည်တွေကို ကျနော ့အရင်ပြောင်းသွားတဲ ့ ဆရာမလေးက ဗမာလိုခေါ်လို ့ အဆင်ပြေအောင် ကျောင်းမှတ်တမ်းထဲပြောင်းထည် ့ထားခဲ ့တာ။ ဝဲသီလာရွာ၊ သီတာရွာ နဲ ့ တောကျောင်းရွာ
အနေအထားက ဒေါင် ့ကျယ်တြိဂံလိုမျိုး၊ ဖိုခနောက်ဆိုင်ကျတယ်။ အခုကျောင်းရှိတဲ ့ သီတာရွာက အလယ်ဗဟိုလိုနေရာမျိုးမှာ။ ဒီရွာကနေ တောကျောင်းရွာက အရှေ ့တောင်ဖက် တစ်မိုင်နီးပါးလောက်မှာ။
ဝဲသီလာရွာက အရှေ ့မြောက် ၃မိုင်လောက်အဝေးမှာ။ သီတာရွာနဲ ့တောကျောင်း ၂ရွာပေါင်းပြီး သီတာရွာ
ဘုန်းကျောင်းတစ်ခု၊ ဝဲသီလာက သူ ့ကျောင်းနဲ ့သူ။

ကျောင်းသူကျောင်းသားတွေရဲ ့အနေအထားကို လေ ့လာကြည် ့တော ့ စည်းရှိကမ်းရှိနေတတ်ကြတာတွေ ့ရတယ်။ အရင် ဆရာမလေးက စေတနာပါပါ စေ ့စေ ့စပ်စပ် သင်ကြား အုပ်ချုပ်ခဲ ့ပုံပဲ။ အဲဒီဆရာမလေးက ဒီကျောင်းစဖွင် ့ကတည်းက ကိုင်ခဲ ့တာ။ ကရင်ဆရာမဆိုပေမယ် ့ ကျောင်းသားတွေကို ဗမာစကားနဲ ့ ရင်းနှီး
နေအောင်လုပ်ပေးထားခဲ ့တယ်။ ကျောင်းသားတွေကိုမေးကြည် ့တော ့ ဆရာမက ကျောင်းမှာ ဗမာလိုပြောပြီး
အပြင်မှာ ကရင်လို ပြောတာတဲ ့။ ဒီဆရာမလေး ကျေးဇူးကြောင် ့ ကရင်စကားမတတ်တဲ ့ တောတွင်းပျော်
တစ်ယောက် စာသင်ကြားရေးအဆင်ပြေနေတာ။
ကျောင်းမှာ အသင်း ၄သင်းခွဲထားပေမယ် ့ သန် ့ရှင်းရေးကို အတန်းကြီးကျောင်းသူတွေကလုပ်၊ သောက်ရေအိုး
ဖြည် ့တာကိုတော ့ အတန်းကြီးကျောင်းသားတွေက အသင်းမခွဲဘဲ အားလုံးက သူတို ့ဘာသာ အသိစိတ်နဲ ့
တာဝန်ယူလုပ်ကြတယ်။ သူတို ့ကသာ အသင်းမခွဲပေမယ် ့ တောတွင်းပျော်က ပြန်ပြီး အသင်းပြန်ခွဲလိုက်တယ်။
“ ဟေ ့!ဒီအပတ် ဘယ်အသင်းတာဝန်လဲ?” မေးလိုက်တော ့
ချက်ချင်းပဲ စောစံလှတစ်ယောက် ညာဖက်လက်မြောက်မတ်တပ်ရပ်ပြီး ကျနော်တို ့အသင်းပါ ဆရာတဲ ့။
“ဟ.. မင်းတို ့အသင်းလား ဆရာကြီးစံလှ၊ ဝမ်းသာတယ်ကွာ” ပြောလိုက်တော ့ ကျောင်းသားတွေရယ်ကြတယ်။ စောစံလှကတော ့ ကျနော်ဘာဆက်ပြောမလဲဆိုပြီး စောင် ့နေတယ်။
စောစံလှ မင်းတို ့အသင်းကို တာဝန်တစ်ခုပေးချင်လို ့ လုပ်ပေးနိုင်မလား မေးတော ့ စောစံလှက ကျနော ့ကို
ဆလံပေးတဲ ့ ပုံစံလုပ်ပြပြီး “ Yes! Sir” လို ့ပြန်ဖြေတော ့ ကျောင်းသားတွေ ရယ်ကြတယ်။
တကယ်တန်း တာဝန်ပေးမယ်ကျတော ့ ပေးသင် ့သလား တွေဝေမိတယ်။ ဒါပေမယ် ့ ခံတွင်းကချဉ်နေပြီး။
စံလှ၊ ငါကွမ်းစားချင်တယ်။ ရွာထဲသွားပြီး ကွမ်းသီး၊ကွမ်းရွက်၊ထုံး၊ဆေး ရှာပေးနိုင်မလား။
“ဟုတ်ကဲ ့.. ဆရာ ရွာထဲမှာရှိပါတယ်” ဒီတစ်ခါတော ့ စောစံလှ တည်တည်လေးပြန်ဖြေတယ်။ သူ ့ကို တာဝန်ကြီးကြီးပေးခံရမယ်ထင်ထားသလား မသိ။ ကွမ်းရှာတာဝန်ဆိုတော ့ ကြောင်တောင်တောင် ဖြစ်ချင်ပုံ။
ကျောင်းသားတွေကလည်း ဆရာအသစ်ကို အထူးအဆန်းတစ်ယောက်လို ကြည် ့နေကြတယ်။
စောစံလှ ရွာထဲဆင်းမယ်အထွက် ဆရာတင်ဋ္ဌေးက (ကသိပါလာ) ဆေးရွက်ကြီးများများယူလာခဲ ့ဖို ့ ထပ်မှာလိုက်တော ့ ကျောင်းသားတွေ မျက်လုံးပြူးကုန်တယ်။ လတ်စတတ်တော ့ ကိုယ် ့ဆရာကလည်း
ကွမ်းဆရာကိုး။
ဒီလိုနဲ ့ ကျနော ့စားပွဲပေါ်မှာ စာသင်နေ ့တိုင်း တာဝန်ကျ အသင်းကျောင်းသားတွေရဲ ့ကောင်းမှုကြောင် ့
ကွမ်းပန်းကန်လေး နေ ့တိုင်းတွေ ့လာရတယ်။ ဆရာတင်ဋ္ဌေး ကွမ်းစားပုံက ကျနော်နဲ ့မတူ။ သူက ဆေးရွက်
ကြီးများများနဲ ့ယာ၊ ပါးစပ်ထဲငုံထားတာ။ တစ်နေ ့မှာမှ ၄ ယာ၊ ၅ ယာ လောက်။ ကျနော်က သူ ့လိုမဟုတ်
တလုတ်ပြီး တလုတ် အဆက်မပြတ်၊ ဝါးလိုက် ထွေးလိုက် ရေသောက်လိုက် စာသင်လိုက်။

ရာသီက ဆောင်းအကုန် နွေ အဦး
နေပူကျဲကျဲတောက်၊ မြေပူပူမှာ အပင်လေးတွေက နွမ်းခြောက်ခြောက်ဖြစ်နေပြီ။ ချောင်းရေ၊ မြောင်းရေတွေလည်း ခန်းခြောက်ချင်နေပြီ။ တို ့အတူ တာဝန်ကျအသင်း ကျောင်းသားတွေလည်း တဖြည်းဖြည်း
ကွမ်းရွက်ရှာရခက်လာပြီ။ သူတို ့တစ်တွေ သူတို ့ဆရာအတွက် ကြိုးစားရှာကြပေမယ် ့ အရင်လိုများများ
စားစား မရနိုင်တော ့။ နောက်ဆုံးတော ့ ဆရာထိုင် ပြူတင်းက လှမ်းမြင်နေရတဲ ့ ဘုန်းကျောင်း အနောက်မလွယ်တံခါးပေါက်နားက သစ်ပင်ကြီးတစ်ပင်ပေါ် မျက်စိရောက်သွားတယ်။ ဒီအပင်ပေါ်မှာ ကွမ်းရွက်ပင် နွယ်တက်နေတယ်။ ကွမ်းရွက်တွေက သိပ်များများစားစားမရှိလှ။ ဆရာတော်လေး စိုက်ထားတဲ ့အပင်။ ဘုန်းကျောင်းသားတွေ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဂရုတစိုက် ရေလောင်းပေးရတဲ ့အပင်။
ကျောင်းသားတစ်ယောက်ကိုခေါ်ပြီး လက်ညှိုးထိုးပြတော ့ ဘုန်းကျောင်းသားတွေ မျက်လုံးပြူးကုန်တယ်။
ဒါ ဆရာတော်ရဲ ့အပင်တဲ ့။ သူတို ့ကြောက်နေကြပြီ။ ကြောက်မယ်ဆိုလည်း ကြောက်လောက်ရဲ ့။ ဆရာတော်လေးက သက်တော်ငယ်သေးပေမယ် ့ ခပ်ထက်ထက်။ မြို ့မှာ စာသင်တိုက်တွေတက်ပြီး သူ ့ရွာလေးမှာ ကျောင်းပြန်လာထိုင်တာ။ စာအရမ်းဖတ်ပြီး နိုင်ငံရေး အကြောင်းများပြောရင် သူ ့မျက်လုံးတွေက အရောင်တလက်လက်။ နောက်ပြီး ဒီနယ်မြေက KNU တပ်တွေကလည်း တော်တော်လေး လေးစားကြည်ညိုကြတယ်။
ကျနော် အဲဒီကျောင်းသားကိုပြောလိုက်တယ်။ ဆရာတော်ဆီမှာလျှောက် ကျောင်းဆရာလေးစားချင်လို ့ တစ်ရွက် နှစ်ရွက်လောက်စွန် ့ပါလို ့။ တကယ်တော ့ ဒီဆရာတော်လေးနဲ ့ ကျနော် ဝမ်းကွဲတော်စပ်တာရယ်၊
နောက်ပြီး တနယ်လုံးက ဒီကျောင်းဆရာလေးပေါ် အလေးထားတာရယ်ကြောင် ့ ကျနော်တောင်းရင် သေချာပေါက် ရမယ်ဆိုတာသိတယ်။ ရလည်းရပါတယ်။ တစ်နေ ့ တစ်ရွက်နှစ်ရွက်၊ တစ်နေ ့ တစ်ရွက်နှစ်ရွက်
နဲ ့ ဒီလိုနဲ ့ ကျောင်းကြီးမပိတ်ခင် ဆရာတော်လေးစိုက်ခဲ ့ ကွမ်းပင်ဟာ တောတွင်းပျော်ပါးစပ်ကြောင် ့ အရွက်တွေပြောင်ပြီး အပင်ဟာသေသွားခဲ ့တယ်။ နောက်ပိုင်း ရွာသူရွာသားတွေနဲ ့ ရင်းနှီးလာတဲ ့အခါကြတော ့ သူ တို ့တွေက ကျနော် ့ကို ကျောင်းဆရာလို ့ မခေါ်ကြတော ့ဘဲ ကွမ်းဆရာလို ့ ခေါ်လာကြတယ်။ သူတို ့တွေ ပစ္စည်းပစ္စယဝယ် မြို ့ပေါ်တက်ဈေးဝယ်တဲ ့အခါ ကျနော်တို ့ ကျောင်းဆရာ ၂ယောက်အတွက် သတိတရ ကွမ်းရွက်တွေဝယ်လာပေးတတ်ကြတယ်။

21 comments

  • အလင်းဆက်

    February 20, 2015 at 11:26 am

    ရွာသူ တစ်ယောက် ရေတွင်းဘေး ရေချိုးတဲ့အခန်းကို
    ဒီ့ထက် ရင်သိမ့်တုန်အောင် ရေးစေ့ချင်တယ်

    ဟီဟိ

    :k:

    ဖတ်ပြီး မျောသွားးး မောသွားပါတယ်လို့
    အဲ့ဒါ လာပြောတာ. . .

    :kwi:

    • တောတွင်းပျော်

      February 20, 2015 at 1:33 pm

      အဲဒီ ့ အခန်းက ကျနော ့အတွက် သီးသန် ့လေ။ ဒီမှာတော ့ အနံ ့လေးလောက်လာပေးတာ။

  • Mike

    February 20, 2015 at 11:52 am

    .အတွေ့အကြုံ လေးကိုအသေးစိတ်ပုံဖေါ်ပြတော့ မျက်စေ့ထဲ ရုပ်လုံးပါပေါ်လာတယ်ဗျ…
    .အားပေးသွားတယ် ကွမ်းဆရာရေ့ :k:

    • တောတွင်းပျော်

      February 20, 2015 at 1:36 pm

      ကျေးဇူးပါဗျို ့…. ko Mike

  • Shwe Ei

    February 20, 2015 at 12:20 pm

    -ပို့စ်က ဆက်ရေးမှာမို့ ဖြတ်လိုက်တာလား….မပြီးသေးဘဲ တက်လာတာလားငင်..
    -ဖတ်နေရင်း ရုတ်တရက် ရပ်သွားလို့ ဆန့်တငံ့ငံ့ဖြစ်ကျန်ခဲ့တယ်..
    -စာသင်တဲ့အကြောင်းလဲမပါသေးဝူး
    -တပည့်တွေနဲ့ရွာအကြောင်းလဲ မစုံသေးဝူး
    -စိတ်ဝင်စားစွာနဲ့စောင့်မျော်အားပေးနေပါတယ်ဗျာ..

    • တောတွင်းပျော်

      February 20, 2015 at 1:41 pm

      ဆက်ပါအုံးမယ် အမ။

  • pooch

    February 20, 2015 at 12:22 pm

    ကလေးတွေ ကြိုးစားချင်စိတ်ရှိကြတယ်ပြောရမှာပေါ့
    ဒီလိုအရပ်မှာတော့ ပညာသင်ချင်စိတ်အပြည့်နဲ့ပဲ
    စာမေးပွဲတွေ အောင်သွားတယ်မလား
    ကျောင်းတွေ ပြီးကုန်ပလား

    ကွမ်းကို ဘယ်လိုကြောင့်နှစ်သက်ကြတယ် မသိဘူး
    ကိုယ်တိုင်တော့ တခါတခါ ထွေးချခံရတဲ့ အချိန် အလွန်အော်ဂလီဆန်ပြီး ရွံ့တယ် မန်းလေးက လိုင်းကားမောင်းသမားတွေ စည်းကမ်းမရှိဘူး ပြတင်းပေါက်ကနေ ထွေးချင်သလိုထွေးချတာ 🙁

    • တောတွင်းပျော်

      February 20, 2015 at 1:47 pm

      လူငယ်ဘဝမှာ တစ်ခုမဟုတ် တစ်ခုတော ့တွယ်တာပါပဲ။
      ဒီလိုပါပဲ ကျနော် ကွမ်းကြိုက်တာက။
      ကလေးတွေ အကြောင်း ကျနော်ဆက်ရေးနေတုန်းပါ အမ pooch.

  • Ma Ma

    February 20, 2015 at 3:18 pm

    ကိုယ်တိုင်လည်း ငယ်ငယ်က တောကျောင်းကလေးမှာ စာသင်လာရတော့ တောတွင်းပျော်ရေးတဲ့ ဇာတ်ထဲ စီးမျောသွားတယ်။

    စာသင်ပေးရတာကို ဝါသနာပါလို့ ငယ်ငယ်ကတည်းက ဆရာမလုပ်ချင်တာ။
    ဆရာမတောင် ကလေးတွေကို သင်ရတဲ့ မူလတန်းပြဆရာမ ဖြစ်ချင်တာ။
    ဖြစ်မလာတာပဲ ရှိတယ်။

    ဇာတ်လမ်းကောင်းလေးထဲ စီးမျောလာတာမို့ ဆတ်တငံငံ ဖြစ်သွားတယ်။
    နောက်ထပ်လည်း ဆက်ဖတ်ချင်ပါသေးတယ်။ 🙂

  • Mr. MarGa

    February 20, 2015 at 4:31 pm

    ဗျို့ ကွမ်းဆရာ
    မြို့ပေါ်ပြန်ရောက်လာပြီလား
    ဒီဇာတ်လေးပြီးမှ တောထဲပြန်ဝင်ပါနော်
    🙂

    • တောတွင်းပျော်

      February 22, 2015 at 8:04 pm

      ဗျို ့………….
      မစ္စတာ မာဂ
      လေထန်ကျောင်းကို ဇာတ်သိမ်းလိုက်ပြီး တာဝန်ကျေပါပြီနော်….
      ကျနော်လည်း ကားသံ၊လူသံ ဆူညံနေတဲ ့ မြို ့ဘုံမှာ မပျော်တော ့တာမို ့
      ဆိတ်ငြိမ်ရာ အရပ် တောထွက်ပြီး ပိုက်ဆံရကြောင်း တရား
      သွားကျင် ့တော ့မယ် ့ အကြောင်း

      • Mr. MarGa

        February 23, 2015 at 12:42 pm

        သာတောင့်သာယာ ရှိပါစေ… 🙂

  • padonmar

    February 21, 2015 at 12:33 am

    .နယ်စပ်မှာ နွားခိုးဂိုဏ်းနဲ့ တွေ့ရာက ကျောင်းဆရာဖြစ်သွားတာ
    .ထိဆို တော်တော်ကြာပြီ။အဲလောက် အကြာကြီးပစ်မထားနဲ့နော်။ဖတ်လို့ကောင်းတယ်။

    • တောတွင်းပျော်

      February 22, 2015 at 8:10 pm

      နွား မှောင်ခို ဂိုဏ်းကြီးကို မှတ်မိနေတုန်းပါလား…
      ကျနော်လည်း တစ်နှစ်မှာမှ ဒီအချိန်လောက်ပဲ တောထဲကထွက်နိုင်တာ။
      တခါတလေတော ့ အဝေးကနေ ရွာထဲကို လှမ်းလှမ်း မျှော်ကြည် ့မိပါရဲ ့။

  • အခုခေတ်တောကျောင်းတွေကတော့ အရင်ကလောက်ပျေူာ်စရာကောင်းတော့ပုံမရဘူး။
    အားပေးသွားပါတယ်

    • တောတွင်းပျော်

      February 22, 2015 at 8:13 pm

      အမ နန်းတော်ရာသူ….
      အားပေးသွားတာ ကျေးဇူးတင်ပါတယ်နော်။
      ကျနော်လည်း တောကျောင်းလေးတွေနဲ ့ဝေးခဲ ့တာ တော်တော်ကြာသွားခဲ ့ပါပြီ။

  • ခင်ဇော်

    February 21, 2015 at 12:47 pm

    အရေးအသားရော
    အစချီတာရော ပြောစရာ မရှိတာမို့ ကွမ်းဆရာနောက် လိုက်လာပြီ ဖြစ်၏။
    ကွမ်းသွေးထွေးချခြင်း သည်းခံပါ။

    :mrgreen:

    • တောတွင်းပျော်

      February 22, 2015 at 8:15 pm

      ကွမ်းဆရာနောက်လိုက်တော ့ ကွမ်းတော ့ ဝါးရလိမ် ့ မနော ့။

  • naywoon ni

    February 23, 2015 at 11:41 pm

    ​တော်​​သေးတာ​ပေါ့ဗျာ ​ကျော်​့ အူး​လေ း ဆရာ​ကျောင်​း တုန်​းက က​လေး​တွေ စာ​မေးပွဲ ​ဖြေတာ စာပွဲ ​ပေါ် ချက်​အရက်​ တစ်​လုံးစီ တင်​​ပေးကြသတဲ့ ။ ဆြာက အရက်​ကြိုက်​​တော့ စာ​မေးပွဲ​အောင်​ချင်​လို့ အရက်​ လက်​​ဆောင်​​ပေးကြသတဲ့ ။ ကြာပါပြီ ၁၉၈ဝ ​လောက်​ က 🙂

  • kotun winlatt

    July 15, 2016 at 10:34 pm

    ဆရာ ဆရာ ကွမ်းကြိုက်သတဲ့ဗျာ
    တကယ်ဆို အမှန်က အရည်မရ အဖတ်မရ
    ဝါးထွေးခေါ်သဗျ . . .

    • တောတွင်းပျော်

      July 16, 2016 at 1:12 pm

      ရွာထဲ မတွေ ့ရတာကြာပြီနော် ဆရာထွန်း။
      ကျနော် ကွမ်းမဝါးတာကြာလှပါပြီ။

Leave a Reply