ငါနိုင်ပြီဟေ့လို့ ကြွေးကြော်
တကယ်တန်း မော်နိုင်ဖို့
အချိန်တွေ
အရင်းအနှီးတွေ ပေးဆပ်လို့
ရတာနဲ့ ပေးတာတွေ တန်ရဲ့လား၊
ရှုံးနိမ့်လို့ မကျေနပ်
အားနည်းချက်ရဲ့ကွက်လပ် မင်းသိရဲ့လား၊
သူလည်းမနိုင် ကိုယ်လည်းမရှုံး
တလောကလုံးမှာ သရေနဲ့ဘဲ
မင်းဘဝ ကျေနပ်နေမှာလား၊
အော် – လူဘဝမှာ
အနိုင်-အရှုံး-သရေတွေနဲ့ ကျင်လည်ရ
အမှတ်တရ တစ်ခုခုတော့ရစေချင်။

မင်းသုတ
14:30 P.M
23.3.2015

About zaw win

zaw win has written 78 post in this Website..