Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမိုင်းဝင်တဲ့ ကော့ဂွန်းဂူ

weiweiMarch 24, 20154min88219

ဘားအံခရီးစဉ်ထဲမှာ ကော့ဂွန်းဂူကလဲ စိတ်ဝင်စားစရာတစ်မျိုးကောင်းပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့ ခမ်းနားထည်ဝါမှုတစ်မျိုးကို ခံစားရပါတယ်။ သထုံကနသွားရင် ဘားအံမြို့ထဲမဝင်ခင်မှာ တည်ရှိပါတယ်။ လမ်းညာဘက်အခြမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်ခပ်သေးသေးနဲ့ လမ်းသွယ်လေးအတိုင်းဆက်သွားရပါမယ်။ ဆဒ္ဒန်ဂူလောက် လမ်းမဆိုးပါဘူး။ လမ်းလဲမရှည်ဘူး။ ရသေ့ပျံဂူနဲ့ တစ်လမ်းထဲဖြစ်ပေမယ့် ကျွန်မတို့ကတော့ အချိန်မရတော့လို့ ရသေ့ပျံဂူဆီမဝင်ဖြစ်ခဲ့ပါဘူး။ မျောက်တွေရှိတယ်လို့ သိရပါတယ်။

ဂူတစ်ခုပေမယ့် လှိုဏ်ဂူကြီးလိုမဟုတ်ပါဘူး။ အတွင်းထဲကို ဝင်လို့မရဘူး။ အပေါက်ဝလောက်နားတင်ပဲ ဂူလို့ဆိုနိုင်ရုံလောက်ပါပဲ။ ဒါပေမယ့် တောင်နံရံတွေမှာတွေ့ရတဲ့ ဘုရားဆင်းတုတော်လက်ရာများနဲ့ တောင်အနေအထားက ထူးခြားပါတယ်။ ရာသီဥတုပူနေပေမယ့် အေးချမ်းမှုကို ခံစားရတဲ့ နေရာတစ်ခုဖြစ်လို့ သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ဂွန်းကျေးရွာအတွင်းမှာတည်ရှိပြီး သဘာဝထုံးကျောက်လှိုဏ်ဂူအမျိုးအစားဖြစ်ပါတယ်။ တောင်နံရံများမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများမှာ မြေမီးဖုတ် အုတ်ခွက် ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်ကို ထွင်းထုထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ်ရုပ်ထုများ၊ ဆေးရေးစာ၊ မင်စာ၊ ကျောက်စာနှင့် ရှေးမွန်အရေးအသားတို့ကို တွေ့နိုင်ပါတယ်။

 

ပုဂံခေတ်နှောင်းကာလ (အေဒီ ၁၃ရာစု) မှစ၍ လေ့လာတွေ့ရှိနိုင်ပါတယ်။ ခရီးသွားမှတ်တမ်း အထောက်အထားများကိုတော့ ခရစ်နှစ် ၁၉ ရာစု အစောပိုင်းကာလတွင် တွေ့ရှိရပါသည်။ ၁၉၅ရ ခုနှစ်မှစ၍  ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

 

ဓါတ်ပုံတွေကတဆင့် ကြည့်လိုက်ကြရအောင် ….

 

1
1

 

2
2

 

3
3

 

4
4

 

5
5

 

6
6

 

7
7

 

8
8

 

9
9

 

10
10

 

11
11

 

12
12

 

13
13

 

14
14

 

15
15

 

16
16

 

17
17

 

18
18

 

19
19

 

20
20

 

21
21

 

22
22

 

 

19 comments

  • ခင်ဇော်

    March 24, 2015 at 2:52 pm

    တော်တော်လှတာပဲ။
    ဒီမှာ သဘာဝမဟုတ်တဲ့ လူလုပ်ထားမှန်း သိသာတဲ့ ဟပါ ဗီလာ လို နေရာမျိုးတောင် ဓာတ်ပုံသွားရိုက်နေရတာ။
    :a:
    အဲလို နေရာမျိုးဆို လူအများကြီးမရောက်လောက်သေးပဲ အလှမပျက်၊ သဘာဝ ကျနေသေးတယ်။
    သွားချင်တာ။

    • weiwei

      March 24, 2015 at 7:28 pm

      နိုင်​ငံခြားသား​တွေ လာကြတာ ​တွေ့ခဲ့ရတယ်​။ ဘားအံရှုခင်​း​တွေက အရမ်​လှတယ်​။ သဘာဝဆန်​တယ်​။ ​နောက်​တစ်​​ခေါက်​ ရန်​ကုန်​လာရင်​ အတူတူသွားလည်​ကြရ​အောင်​။ တစ်​ရက်​အချိန်​​ပေးရင်​ရပြီ။

  • တောင်ပေါ်သား

    March 24, 2015 at 2:55 pm

    မရောက်ဘူးလို့ ကျေးဇူးဗျ

  • Shwe Ei

    March 24, 2015 at 3:39 pm

    -သများတော့ ဒါ့ပုံတွေ ကော်ပီ ယူထားလိုက်ဘီ..
    -ဒါ့ပုံကြည့်ပီး ခရီးသွားရတာလဲ .. ကုသိုလ်တမျိုးဘဲ…သာဓုပါ မဝေ 🙂

  • ဦးကျောက်ခဲ

    March 24, 2015 at 3:52 pm

    အဟိ … မြန်တျန့်မှာတော့ တောင်ထိပ်မှန်ရင်စေတီတည်…
    လှိုဏ်ဂူတွေ့ရင် ဆင်းတုထည့်လိုက်တာပဲ … သာဓု သာဓု သာဓု…
    :k:

  • Alinsett@Maung Thura

    March 24, 2015 at 4:12 pm

    သွားချင်တယ်ဗျာ… ။ ဒီသင်္ကြန်တွင်းတော့ … ဂူတစ်ဂူဂူ ရဲ့ အေးမြတဲ့ သဘာဝအရသာကို ခံစားရလိမ့်မယ် မျှော်မှန်းရဲ့

    😆

    • Wow

      March 24, 2015 at 4:49 pm

      အုတ်ဂူထဲ မဝင်ချင်ဝူးလား :mrgreen:

      • Alinsett@Maung Thura

        March 24, 2015 at 5:44 pm

        .ဖွေးဖွေးနဲ့ဆို ဝင်မယ်…
        အုတ်ဂူဖြစ်ဖြစ် ပြုတ်တူဖြစ်ဖြစ်…

        :k:

  • naywoon ni

    March 24, 2015 at 5:07 pm

    ​ဒေါ်​ဝေ ခရီးသွား​နေသည်​ ​ပေါ့ ​တွေ့ကြုံ​လေး​တွေပြန်​မျှ​ဝေ​ပေးတာ​တော့​ကျေးဇူးပါပဲ

  • Mike

    March 25, 2015 at 8:56 am

    .လှိုင်ဂူဆိုတာထက် ကျောက်ကမ်းပါးယံသာသာပါပဲနော
    .ရှေ့ကအုတ်နံရံလုပ်ပြီး သံပန်းတံခါးပိတ်ရအောင်လုပ်ထားတာတွေ့တယ်…
    .ကျေးဇူးပါမဝေရေ

  • Ma Ma

    March 25, 2015 at 10:13 am

    လူအရောက်အပေါက်များတဲ့ပုံပဲ။
    ဆင်းတုတော်တွေ ကြည့်ရတာလည်း ပြုပြုပြင်ပြင် ရှိပုံပဲ။
    တစ်ရက်အချိန်ပေးရင်ရပြီဆိုတော့ အရင်တခါပြောတဲ့ နေ့ချင်းပြန်ဘားအံခရီးစဉ်ထဲက ထင်တယ်။ 🙂

  • Mr. MarGa

    March 26, 2015 at 9:16 am

    ဒါကျတော့
    လူလုပ်တာဖြစ်သွားပြီ
    ဒါပေမယ့်
    လက်ရာလည်းမြောက်
    နှစ်ကာလလည်း ကြာနေတာမို့
    သွားချင်တယ် 😥

  • Ma Ei

    March 26, 2015 at 3:26 pm

    ကော့ဂွန်းဂူ အရောက်မှာ စိတ်ထဲ ထူးထူးခြားခြား တစ်မျိုး ခံစားရတယ်…
    ဝမ်းနည်းတာလို နှမြောသလို ပြောတတ်ဘူး…
    အတော်လှတဲ့ နေရာလေးပါ…
    ထပ်သွားချင်သေးတယ်…

  • padonmar

    March 26, 2015 at 10:38 pm

    ပုံလေးတွေ လှလိုက်တာ။
    ကင်မလာကောင်းတာရော၊ဝေ့လက်တက်လာတာရော သိသာတယ်။

  • uncle gyi

    March 28, 2015 at 10:56 pm

    ရှေးဟောင်းကထိမ်းသိမ်းရုံပြုပြင်ရုံဆိုတော်သေး
    နောက်မှထပ်အသစ်လုပ်ထားတာတွေဆိုမူရင်းလက်ရာတွေပျက်ကုန်မှာစိုးရတယ်
    အခုကအဲလိုလုပ်ကြတာများလို့လေ
    မဝေမြင်ခဲ့တာတွေကောရှေးဟောင်းအစစ်တွေအသစ်တွေမပါဖူးလို့ခံစားမိရဲ့လား

  • Courage

    March 29, 2015 at 9:36 am

    ယဉ်ကျေးမှုအမွေးအနှစ်တွေကို ဖေါ်ထုတ်ပေးတဲ့အတွက် ကျေးဇူးပါ

  • အောင် မိုးသူ

    March 31, 2015 at 3:34 pm

    မရောက်ဖူးသေးဘူး။ သွားချင်မိတယ်။ ခရီးသွားတာကတော့ ဝါသနာတစ်ခုလိုပါပဲ။

  • Myat Pearl Phyu

    January 14, 2016 at 4:05 pm

    ဟွာလေ…ဒါ့ပုံဒွေ ဘာရို ့ကြည့်ရို့ မရတော့တာလဲ…
    မသိဘူး..သမီးဘက်ကပဲ ဖြစ်နေတာလား.
    သူများတွေမြင်ရလား ပြောကြည့်ကြည့်…

  • uncle gyi

    January 14, 2016 at 4:21 pm

    ရှေးဟောင်းတွေနဲ့အသစ်လုပ်တာတွေရောပြီးစည်ကားအောင်လုပ်နေကြပါ
    ဘာပြောပြောခရီးထွက်ဖြစ်တော့စိတ်ကြည်တာပေါ့လေ

Leave a Reply