ကျုပ် အခုအလုပ်ကထွက်တော့ မယ့်  ဘာလို့ လည်းဆိုတော့ ဒီထက်ခွင် ကောင်း တဲ့ အလုပ်လေး ရလို့ ။ အဲ့ဒါဘာအလုပ်လည်း ဆိုတော့

ဆင်ဖြူဖမ်းတဲ့ အလုပ်ပဲ။ အကယ်လို့ ဆင်ဖြူဆိုတဲ့ အကောင် အဲ့ ဖြူဖြူ ကောင် မတွေ့ရင်လည်း ပန်းရောင် ဖြစ်ဖြစ်။ ခရုသင်းကွက်ဖြစ်ဖြစ်ပေါ့ဗျာ။
နောက်ဆုံး အဲ့လိုကောင် မတွေ့ရင်လည်း အမည်းရောင် ကောင်တွေဖမ်းပြီး တရုတ်နည်းပညာ နဲ့ ဖြူအောင်လုပ်တဲ့ဆေး ကျူပ်မှာ ရှိတယ်။ ဒီလိုလူထက်နှိမ့် တဲ့ သတ္တဝါ ကို မှာ ယုံကြည် ကိုးကွယ်နေကြသူတွေ အတွက်ပေါ့ဗျာ။ ဥပမာ ကျူပ် တို့တိုင်းပြည်က အဘ တို့ ယိုဒယား က လူတွေ ပေါ့ဗျာ။ ထားပါတော့ဒါကလည်း အရင် အရင် မြန်မာမင်းတွေ နိုင်ငံရေးလှည့်ကွက်နဲ့ ကစားခဲ့တာမျိုး ပရောဟိတ် တွေပဲ ဟောခဲ့ သလိုမျိုး ဆင်ဖြူ များများပိုင်ရင်ပဲ။ တိုင်းပြည် ကြီးပွားတိုးတက် ဖွံ့ဖြိုး စည်ပင်သပေါ့ဗျာ။ အခုတော့ ငြိမ်းချမ်းရေးဆင်ပေါ့ဗျာ။

ဆင်ဖြူ ဆိုလို့ စင်ကာပူ ကိုလည်းတွေးမိတယ်။ ဒင်းတို့ မလည်း ဆင်ဖြူမပြောနဲ့ ဆင်မည်း တောင် မနည်းရှာလို့မှ မရှိတဲ့ နိုင်ငံ တိုးတက်ငြိမ်းချမ်းနေတာ အံ့သြ စရာ ဗျ။ တွေးစရာ က စင် နဲ့ ဆင် အသံထွက်ချင်း တူတူစ လို့ များလားပေါ့လေ။ ဆင်တွေပဲကာ ထား လို့ တိုင်းပြည်က ပူပူ ဖောင်းဖောင်းနဲ့ စီးပွား တွေပေါကြွယ်နေသလိုပေါ့။ တချို့ ကလည်း စင်္ကာပေါ လို့ ခေါ်တော့လေ။

ထားပါတော့ ပြောရင်းနဲ့ လိုရင်း မရောက်ဖြစ် နေတယ်။

ပြောချင်တာက အခု ကျူပ်တို့ တိုင်းပြည်မယ်။ ဆင်ဖြူ တစ်ကောင် ထပ်တွေ့ လို့ ငြိမ်းချမ်း ရေး ရ သဗျို့ လို့ ဦးရဲထွဋ် တို့ထုတ်တဲ့ သတင်းစာ မှာ ဖတ်လိုက် ရတော့ ကျူပ်ဖြင့် ဝမ်းသာမဆုံးပဲ။ အဲ့ ဆင်ဖြူမိဖို့ ကုန်ကျစားရိတ်ကလည်း မနည်းဘူးဆိုဘဲ။
ဒီတော့ အင်တာနတ်သတင်းတွေ ။ ပြည်ပမီဒီယာ တွေကလည်း အရမ်းစိတ်ဝင်စားပြီး ဖော်ပြကြတာပေါ့။ ဘာလည်း UN တို့ ဘာလုပ်နေလဲ။ တစ်ကန်ဘာလုံး ငြိမ်းချမ်းဖို့အရေး ပိုက်ဆံ တွေ အများကြီး သုံးနေလဲ။ စသဖြင့် ဝေဖန်သံ တွေ ထွက်လာ နိုင်တယ်လေ။ ဒီတော့ ဘန်ကီမွန်း တို့ လည်း အကျပ် ရိုက် နိုင်သပေါ့ဗျာ။ ဒါက ကကျနော့် အတွေးပါ။

မကြာခင်မှာလည်း ဒီလိုအသံ တွေ ထွက်လာ နိုင်တယ်လေ။ မြန်မာပြည်ကို ကြည့်ပါလား။ ဆင်ဖြူ တစ်ကောင်ရတာနဲ့ တိုင်းပြည် ငြိမ်းချမ်း သွားတယ်။ အကုန်အကျ။ အသေအပျောက်လည်းနဲ တယ်။ ဒီတော့ ကန်ဘာ ပေါ်က မငြိမ်သက် ။မအေးချမ်း တဲ့ တိုင်းပြည် တွေ ကို စစ်ရေး။ နိုင်ငံရေး တွေနဲ့ ရှင်း နေမယ့် အစားဆင် ဖြူ တွေရှာပို့ ကြပါလား။
စသဖြင့် ပြောလာကြတော့မှာသေချာသမို့။ အခုကတည်း က စွန့်ဦး စီးပွားရေးဆန်ဆန် နဲ့ ကျူပ် က စပြီးတော့ ဆင်ဖမ်းပါတော့မယ်။ ဆင်ဖြူတော် ရှာဖွေ ရေး ကုမ္မဏီ ပေါ့လေ။ တင်ပို့ မယ် နိုင်ငံ တွေကတော့ အရှေ့ အလယ်ပိုင်းက ဂါဇာကမ်မြောင် ဒေသ။ အစ္စရေး ။ ပါလက်စတိုင်း။ ဆီးရီးယား။ လစ်ဗျား။ ကွန်ဂို။ အီဂျစ်။ ရုရား။ယူကရိမ်း။ အီရတ်။ အာဖရိက ကမငြိမ်သက်သော နိုင်ငံ များး စသဖြင့် နိုင်ငံတကာ ဈေးကွက်ကိုထိုးဖောက်ဖို့ ရည်ရွယ်ထားပါတယ်။

သို့ပါသော်ကြောင့် အကျိုးတူ ပူးပေါင်းလိုသူများ ကျုပ်ထံ အမြန်ဆက်သွယ်ကြပါကုန်။ ၁၀၀ ရင်း လျင် ၁၀၀၀ မြတ်စေရ မည်ဟု အာမခံပါသည်။

ဆင်ဖြူ တော်ရှာဖွေရေး ကုမ္မဏီ
CEO
Mr. R.Gaု

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011