“ HAPPY MYANMAR NEW YEAR DAY AT DOHA, QATAR “
မင်္ဂလာရှိသော နှစ်သစ် ရောက်ရှိလာပါပြီ။
ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေခင်ဗျာ။
ကာတာနိုင်ငံ ဒိုဟာမြို့ရောက် မြန်မာနိုင်ငံသားတွေရဲ့ အမိမြေအလွမ်းပြေ နှစ်သစ်ကူးပွဲ ဆင်နွှဲကြပုံလေးတွေ တင်ဆက်ပါရစေ။
ကာတာရောက်မြန်မာနိုင်ငံသားတွေ ဒီလိုပွဲလေးတွေ နွှဲလာခဲ့တာ နှစ် အတော် ရလာပါပြီ။
ဒီနှစ်ကတော့ နှစ်ဆန်း တစ်ရက်နေ့နဲ့ ဒီက ရုံးပိတ်ရက် သောကြာနေ့ ဆုံနေတာကြောင့် ပိုပြီး စည်ကားသလို ပို အဓိပါယ်ရှိလာသပေါ့။
ကျနော်တို့ အဆောင်တွေ ရှိရာ စက်မှုဇုန်ကနေ နှစ်စဉ် မုန့်ဟင်းငါး ဒါနပြုပါတယ်။
သူနဲနဲ ကိုယ် နဲနဲ စုစည်းပေါင်းဆုံ ဒါနပြုကြပုံပေါ့ခင်ဗျာ။
ကျနော့်ထုံးစံအတိုင်း Photo Essay လေးကို အားပေးလိုက်ကြရအောင်လား။
ကားမောင်းသွားနေရင်းနဲ့ကို ဖုန်း ၀င်လာပါတယ်။ မြန်မာစုမှာ မြန်မာ အယောက် တစ်ရာကျော် လောက် ရောက်နေပြီတယ့်ခင်ဗျ။ တွေ့လိုဇော မြင့် လာချိန်မှာမှ ကားလမ်းကလည်း ပိတ်နေခဲ့ ကျပ်နေခဲ့ပါသေးတယ်။ ထားတော့ ရောက်ပြီဘဲ။
၎-သိုက်သိုက် ၀န်းဝန်း စကားတွေ ဖေါင်နေကြတယ်လေ၊ မြန်မာလို တ၀ကြီး ပြော တ၀ကြီး နားထောင်ခွင့်ရခဲ့တဲ့ အချိန်ကလေးး။
၅-ဆိုင်ခင်းပါပြီဗျို့။ အားပေးကြမယ့် သူတွေ အသင့်  ပြင်—။
၆- မြန်မာနိုင်ငံကနေ တကူးတက သယ်လာခဲ့ရတယ့် သင်္ကြန် သင်္ကေတ ပိတောက်ပန်း။
အလွမ်းဆုံး အချိန် လို့ ပြောနိုင်မလားဘဲ။ ဓါတ်ပုံတွေ ၀ိုင်း ရိုက်ယူကြလေရဲ့။

၁၅- ရှားပါး လှတယ့် မြန်မာမလေးများ။ ခွင့်ပြုချက်ယူပြီးမှ တင်ပါတယ်။ မမြင်ရအောင်လည်း ရိုက်တတ်ပါသည်ခင်ဗျာ။

၁၈-သူကြီးဆီက ကျော်ညာခ တောင်းရမယ်။ ( ကျနော် မန္တလေးဂေဇက် ရွာ မိသားစု တွေ့ ဆုံပွဲလေးကို သတိရနေမိမယ်ဆိုတာတော့ မပြောတော့ပါဘူးနော် )။
အဝေးမြေရောက် မြန်မာ မိသားစု များ Over sea Workers များ ရွှင်လန်း ချမ်းမြေ့ ကျန်းမာကြပါစေ။
ဆက်ကြအုန်းစို့။
ဆုံကြအုန်းစို့။
ပျော်ကြအုန်းစို့။
With respect,
Swal Taw Ywet.
ပျော်စရာသင်္ကြန်လေးပါ… အူးစွယ်တော် ကံကောင်းပါတယ်.. နိုင်ငံခြားမှာနေပြီး တူးပို့သံကြားရတာ… ရေစွတ်ရုံလောင်းပြီး ပျော်ရတာ..
ီဒီမျာကတော့ ဝေါထာဖာထီ.. ရေဖာထီဖြစ်နေလို့… အတော်လေး နားညည်းနေတယ်…
Was this answer helpful?
LikeDislike.အမတို့ကတော့ သင်္ကြန်ဆိုတာ ဘာမှန်းကို မသိတော့တာ ကြာပြီ။
Was this answer helpful?
LikeDislikeတကယ်ဗျ။
ယဉ်ယဉ်ကျေးကျေး သင်္ကြန် စစ်စစ်ကို တစ်ခြားနိုင်ငံတွေမှာပဲ တွေ့နိုင်တာ ဘာကြောင့်လဲမသိ။
အဟေးဟေးးးး
စလုံးမှာ သင်္ကြန် ပွဲ ကျင်းပခွင့်ပေးထားပါတယ်။
စလုံး ထုံးစံ CCTV ၆ လုံးလောက် ရှိတဲ့ နေရာမျိုးမှာ။
ပွဲ အတွင်း ဆူဆူပူပူ ဘာမှမရှိ။
မုန့်မျိုးစုံ ကျွေးတဲ့ အဖွဲ့စုံရှိတယ်။
ကောင်မလေးတွေ ဝတ်လာတာ မြန်မာ ဝမ်းဆက်လေးတွေဗျ။
ကောင်လေးတွေက ရေသန့်ဘူးလေးတွေထဲ ရေထည့်ပြီး ခွင့်တောင်းပြီး လောင်းတာ။
အရင်နှစ်တွေက အမှိုက် ပွတာ နည်းနည်း ကွန်ပလိမ်းလို့ ဒီနှစ် အမှိုက်ကောက်အဖွဲ့က သတ်သတ် ပွဲပြီး တဲ့ထိ နေပြီး ရှင်းပေးခဲ့တယ်။
ပြောရင် ယုံမှာ မဟုတ်။
Was this answer helpful?
LikeDislikeနေရာရယ်..။ နေ့ရယ်..။ အချိန်ရယ်..။ လူဘယ်လောက်လာသလဲရယ်..။ လောက်တော့ရေးပါဦးဆရာရေ့..။
ပုံနှိပ်သတင်းစာထဲအတင်းကိုထည့်ပေးလိုက်မလို့..။
==
ဆိုတော့… အယ်လ်အေမှာ ၁၉ရက်နေ့.. တဘက်ခါမှသင်္ကြန်ကျမယ်ဗျ..။
ရာသီဥတုက.. သိပ်တော့မပူသေး..။
မနှစ်ကသင်္ကြန်လေးအမှတ်တရ ပြန်တင်ပေးလိုက်ကြောင်း..။
Was this answer helpful?
LikeDislike.သင်္ကြန်ဆို စိတ်ကုန်လွန်းလို့ အိမ်တွင်းကပ်နေခဲ့တာ နှစ်ပေါင်းကြာပြီ..

.အခုတော့ သဘောပေါက်လာတယ်..
.မြန်မာသင်္ကြန်ကျချင်ရင် မြန်မာသင်္ကြန်ကို ခံစားချင်ရင် နိုင်ငံခြားသွားရမယ်…
…
Was this answer helpful?
LikeDislikeပျော်စရာကြီးနော်။
အဲဒီမှာ မုန့်ဟင်းခါးဖတ်ကို ဘယ်လိုရလဲ။
Was this answer helpful?
LikeDislikeမုန့်ဟင်းခါး က ကြည့်ရတာ စားချင်ဖွယ်ဘဲ စွယ်တော်ရွက် ရေ။
မုန့်ဖတ် က Rice Noddle ဆိုတာ ကို ပြုတ်ထားတာ ထင်ရဲ့ အစ်မဒုံ။
ကျွန်မ တို့ ဆီမှာ လဲ မနက်ဖြန် သင်္ကြန်ပွဲ ရှိတယ်။
ပျော်ပွဲ ရွှင်ပွဲ သက်သက် ရယ် တော့ မဟုတ်ပါဘူး။
ဘုန်းကြီးတွေ ကို ဆွမ်းကပ်ပြီး Blessing ယူ တဲ့ သဘောပါ။
လူတွေ ကလဲ ယူလာတဲ့ အစာ တွေ ကို ဘုံ ထည့်ပြီး ဝိုင်းစားကြတာပေါ့။
တစ်ချို့ က အစားအစာ တွေ ကို ပို လုပ်လာပြီး ဈေးရောင်းပွဲ လို လုပ် ပိုက်ဆံ တွေ ကို ချာရတီ တွေမှာ လှူ တယ်။
မြန်မာ တွေ တင်မဟုတ်၊ ထိုင်း၊ မွန်ဂို နဲ့ သိရိလကာင်္ တွေလဲ ပါကြတယ်။
အင်္ဂလိပ်တစ်ချို့ လဲ လာပြီး နွှဲပါတယ်။
Was this answer helpful?
LikeDislikeသူကြီးရေ။
အဲ သလို မြန်မာဂေဇက်သတင်းစာမှာ အသိအမှတ်ပြု မှတ်တမ်းလေး တင်ပေးမယ်ဆိုတော့ အတိုင်းထက် အလွန် ကျေးဇူးတင်မိပါတယ်ခင်ဗျာ။
တက်ရောက်သူဦးရေ ၁၃၀ ခန့်ရှိပါတယ်။
ကာတာစံတော်ချိန် မနက် ၈နာရီခွဲလောက်ကတည်းက စပြီးရောက်ကျတာမှာ ၉း ၁၅လောက်မှာ အကျွေးအမွေးအဖွဲ့တွေ စရောက်ပါတယ်။
ဒိုဟာစက်မှုဇုန် OTIS Elevator Company ၀န်ထမ်းများ မတည်တဲ့ မုန့်ဟင်းငါး။
Ramada Hotel ရောက်မြန်မာဝန်ထမ်းများရဲ့ ရွှေရင်အေး၊ India School ၀န်ထမ်း မခိုင်ရဲ့ အုန်းနို့ ကျောက်ကျောအပြင် တပိုင်တနိုင် အလှူရှင်များရဲ့စေတနာ အချိုရည် ဖျော်ရည်စုံေ၇သန့်ဗူးများ နဲ့ ကျွေးမွေးဧည့်ခံပါတယ်။
ဂီတာတီး စုပေါင်းသီချင်းဆို၊ မခိုင်က သင်္ကြန်အကနဲ့ ဖျော်ဖျေ၊ တဦးစီ မိတ်ဆက်။ ဓါတ်ပုံတွေ ရိုက် ဖုန်းနံပါတ်တွေ ဖလှယ်ကြ နဲ့ နေ့လည် ၁ နာရီလောက်မှ လူစုခွဲကြပါတယ်ခင်ဗျား။
နေရာက ကျနော် တို့ အခေါ် မြန်မာစုရပ်။ Small Park Near Al Ghanim Karwa Bus Station,
Banks Street, Doha, Qatar မှာပါခင်ဗျ။
သတင်းစာ စာမျက်နှာခွင့်ပြုသလောက် လိုအပ်သလို Edit လုပ်နိုင်ပါတယ်ခင်ဗျာ။
ဒိုဟာရောက် မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်ကြောင်းထပ်လောင်းပြောပါရစေ။
ရွှင်လန်းချမ်းမြေ့ ကျန်းမာပါစေခင်ဗျာ။
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeပို့စ်ထဲမှာပါပြီးသား။
သေချာအောင် ထပ်ဖြည့်ပေးလိုက်တယ်။ ( သ၈ျီး ပိုက်ဆံ မပေးရဘူးဟုတ်)
April 17, 2015, Friday. မြန်မာ နှစ်ဆန်း ၁ရက်နေ့။
မနက် ၈နာရီခွဲမှ နေ့လည် ၁ နာရီအထိ။
တက်ရောက် သူ ၁၃၀ ခန့်။
ဒိုဟာမြို့။ ဘဏ်လမ်း။ ဗဟို ဘတ်စ်ကားဂိတ်ကြီးအနီး ပန်းခြံငယ် မြန်မာစုရပ်။
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeဒီနှစ်သင်္ကြန် လိုင်းပေါ်မှာပဲ နေမိသွားတယ်ဗျ
သင်္ကြန်ဆိုရင်ကို ဘာလို့များ အရူးအမူး မြန်မာဆန်ချင်လွန်းနေလဲဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးနေမိတယ်
အပေါ်မှာ ပြောခဲ့ကြသလို
မြန်မာဆန်ဆန် မြန်မာသင်္ကြန်ကို မြန်မာနိုင်ငံပြင်ပမှာပဲ ရှာရမလို
Was this answer helpful?
LikeDislikeဒိုဟာမှာလည်း မြန်မာတွေ မနည်းဘူးပဲ။
ဓာတ်ပုံတွေကြည့်ရတာ ပျော်စရာကြီး။
ဒီကသင်္ကြန်ပုံတွေနဲ့တော့ ကွာပါ့။
ပိတောက်ပန်းနဲ့ တူးပို့ တူးပို့နဲ့ ရေလောင်းနေတာ ကြည့်ရတာ သင်္ကြန်အရသာအပြည့်ပဲ။
မုန့်ဟင်းခါးကလည်း မြန်မာပြည်အလွမ်းပြေပေါ့။
လူစုံတုန်း အချိန်ကိုက် ကိုယ့်ရွာကို ကြော်ငြာဝင်လိုက်တဲ့ စိတ်ကူးကလည်း ရှယ်ပဲ။
Was this answer helpful?
LikeDislike.သင်္ကြန်ဆို စိတ်ကုန်လွန်းလို့ အိမ်တွင်းကပ်နေခဲ့တာ နှစ်ပေါင်းကြာပြီ..
.အခုတော့ သဘောပေါက်လာတယ်..
.မြန်မာသင်္ကြန်ကျချင်ရင် မြန်မာသင်္ကြန်ကို ခံစားချင်ရင် နိုင်ငံခြားသွားရမယ်…
…
မနောက်ပါနဲ့ဦးဦးရယ်
သင်္ကြန်မလယ်ဖြစ်တာကြာပါပကော
Was this answer helpful?
LikeDislikeမုန့်ဟင်းခါး တွေ စားချင်စရာ ၀က်သား ဖတ် လေးတွေတောင် မြင်ရတယ် ..ပျော်စရာကြီးးးးး
Was this answer helpful?
LikeDislikeမုန့်ဟင်းခါးထဲမှာ ၀က်သား ဖတ်လေးတွေ မြင်ရတယ် ???????????
နောက်တာလား တညင်သား
Was this answer helpful?
LikeDislikeအေးးးအေးးးချမ်းးးးချမ်းးးနဲ့ ပျော်စရာလေးးးး နောက်နှစ် သင်္ကြန် ကာတာမှာပျော်ချင်လို့ အဲ့မှာ အလုပ်တစ်ခုလောက်ရှာပေးပါလား ဆြာရေ
Was this answer helpful?
LikeDislikeMyanmar Gazette အမှတ်တရ တီရှပ်နဲ့က
ဘယ်သူများလား ?
Was this answer helpful?
LikeDislike.Myanmar Gazette အမှတ်တရ တီရှပ် က ဒိုဟာကိုတောင် ရောက်သွားပလား..တယ်ဟုတ်ပါလား
.မြန်မာအတော်များသားနော်..ပျော်စရာကြီးပေါ့…ကိုစွယ်ပြောသလို ပိတ်ရက်မို့လူပိုစုံသွားတာပေါ့..
.၀မ်းသာပါ၏
.သတိရနေပါ၏ :))
Was this answer helpful?
LikeDislikeပျော်စယာဂျီးနော့..
Was this answer helpful?
LikeDislikeပျော်စရာကြီး
Was this answer helpful?
LikeDislike