ကျနော်ကတော့ လူတွေမှာ ရွေးချယ်စရာမရှိတဲ့ဘွဆိုတာကို လက်မခံဘူးဗျ…

အနည်းနဲ့ အများသာရှိမယ်..

လူတိုင်းကိုယ့်လမ်းကြောင်းကိုယ်ရွေး ကိုယ်ရွေးချယ်တဲ့ဘွရဲ့ ကောင်းမွေ ဆိုးမွေကို ကွကိုယ်ခံ..

ပြောချင်တာက အခု လောက်ကိုင်မှာ တပ်ရင်းလုံးပြုတ် သေကြ၊ ဒဏ်ရာရကြတဲ့ စစ်သားလေးတွေ..

မသနားဘူးလား .. ကျနော်လဲ လူပဲ.. သနားတာပေါ့.. ၀မ်းသာအားရ သေပြီဆိုပြီး တင်တဲ့သူတွေအကုန် ကျနော် fb မှာ ဘလော့ပစ်တယ်… မခံစားနိုင်လို့..

အစိုးရမကောင်း၊ စားဝတ်နေရေးကြပ်တည်း၊ ပညာရေးစနစ်မကောင်း… ဒါတွေဘယ်လိုပြောပြော စစ်သားဆိုတဲ့ ဘွက သူတို့ရွေးချယ်မှုလေ.. စစ်သားမလုပ်ပဲ ဆိုက်ကားနင်းစား၊ ရေထမ်းစား အခြားလုပ်စရာတွေ အောလဗုံ…

စစ်သားဖြစ်ပြီဆိုထဲက ပြည်သူအများစုမုန်းတာခံရမယ်၊ ပြည်သူ/ကျောင်းသား/ဘုန်းကြီး ကို သတ်ရင်သတ်၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပြီး နိုင်မယ်၊ ရှုံးမယ်၊ ဒဏ်ရာရမယ်၊ သေမယ်… ဒါတွေက ကြိုတွက် ထားရမှာတွေလေ…

ဒီကြားထဲ စစ်လော်ဘီတွေရဲ့ ကိုယ်ကျိုးတာ ကန်းတာ သေတာ အကြောင်းပြပြီး မျက်ရည်ချူ၊ မဲချူတာတွေ မျောက်ပြ ဆန်တောင်းခံရဦးမှာ…

ဆိုတော့ technically yes… သနားတယ် ဟုတ်တယ်.. ဒါပေသိ လူဆိုတာ ကိုယ့်ရွေးချယ်မှုရဲ့ ကောင်းမွေ ဆိုးမွေကိုခံစားရမှာပဲဗျ….

လူတိုင်းမှာ Options ရှိပါတယ်ဗျာ…

တော်ပြီဗျာ.. သူများသေတာကိုသတင်းလုပ်ပြောရတာ သိပ်တော့မကောင်းဘူး.. :( :buu:

ဒါလေးက fb က မ လာတာ…

Ko Ko Lwin

ဝ ကတော့ ဗြောင်ပဲဗျ ။ ပြည်နယ်တောင်းတယ် ၊ စစ်တပ်က မဖိတ်နဲ့လို့ပြောတဲ့အဖွဲ့တွေကို ပေါ်တင်ဖိတ်တယ် ။

ဗိုလ်ချုပ်တွေဆို တအီအီနဲ့နှာနုဖြတ်ရိုက်ခံလိုက်ရတာ…

လော်ဘီတွေဆို နားရွက်မခတ် အမြီးမလှုပ်ရဲရှာဘူး….

မြန်မာစစ်တပ်ဆိုတာ လက်နက်မပါတဲ့သူလောက်ပဲ သေနတ်ခါးကြားထိုးပြီးနှိပ်စက်ရဲတဲ့အဆင့်ဆိုပဲလေ…

About Wow

has written 59 post in this Website..