ဒီတစ်ခါတော့ ကြက်သားကြော် နဲ့ ပုဇွန်ပွကြော် ကြော်မှာပါ….

ကြက်ကြော် အတွက် ကြက်ရင်ပုံတစ်ခြမ်း ကို အသားထွင် မထူမပါးလှီး ဆားနနွင်း အရသာမှုန့်နယ်ပြီးနှပ်ထားပါ…

ကြက်ဥတစ်လုံး ခလောက်ထားပါ…

အကြော်မှုန့်၊ ပေါင်မုန့်ခြောက်အမှုန့် တွေကိုတော့ အလွယ်တကူ ရယ်ဒီမိတ်အမှုန့်တွေဘဲ သုံးလိုက်ပါမယ်နော်…

IMG_6181

ကြက်ကြော်အတွက် လိုအပ်သည်များ…

မီးဖိုပေါ်မှာတော့ အကြော်အိုးကို ဆီများများထည့်လို့ ဆူအောင်တည်ထားပါနော်…

အဲ့ဒီနောက် နာရီဝက်လောက် နှပ်ထားတဲ့ ကြက်သားကို အကြော်မှုန့်နဲ့ နယ်လိုက်ပါမယ်…

 

IMG_6182

ဒီလိုပြင်ပါ..

ပြီးရင် တစ်ဖတ်ချင်းစီ ကြက်ဥခလောက်ရည်ထဲထည့်လိုက် ပေါင်မုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ

ဆီပူအိုးထဲထည့်ကြော်ပါ.

IMG_6184

ဆီများများနဲ့ ကြော်ပါ

ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ကြက်ကြော်ရပါပြီ…

IMG_6185

ကြက်ကြော် မွမွ

ပုဇွန်ပွကြော် အတွက် ပုဇွန်ကို အမြီးချန်ခွာပါ.. အကြောပြတ်စေရန် ပုဇွန်ဗိုက်ကို ကန့်လန့်ဖြတ် သုံးချက်လောက်မွှန်းလိုက်ပါ…

ဒါမှ ကြော်တဲ့အခါ ကွေးမသွားမှာ ဖြစ်ပါတယ်..ပြီးရင် ဆားနနွင်း အရသာမှုန့်နဲ့နယ်ပါ…

မုန့်နှစ်ရည် အတွက် အကြော်မှုန့်ကို ရေနဲနဲနဲ့ပြစ်ပြစ်ဖျော်ပါ…ကြက်ဥတစ်လုံးထည့်ခလောက်ပါ…

မုန့်နှစ်ရည်ထဲ ပုဇွန်နှစ်လိုက် ပေါင်မုန့်ခြောက်မှုန့်ပန်းကန်ထဲထည့် မှုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ ဆီပူအိုးထဲထည့်ကြော်ပါ..

ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ပုဇွန်ပွကြော်ရပါပြီ…

IMG_6194

ပုဇွန်ပွကြော်

စားသောက်ဆိုင်တွေမှာတော့ ကြာဇံကြွပ်ကြော်အောက်ခံထားပြီး အလှဆင်ရောင်းကြပါတယ်…ဆိုင်မှာ ပုဇွန် ဆယ်ကောင်လောက်တစ်ပွဲကို အနည်းဆုံး ခြောက်ထောင်လောက် ရောင်းကြပါတယ်.. တစ်ကယ်ကုန်ကျစရိတ်တွက်လိုက်ရင် နှစ်ထောင်လောက်ဘဲကျတာမို့ ဆိုင်မှာ စားရင် နှမြောတသ ဖြစ်ရပါတယ်… ဒီကြားထဲ commercial tax 5% ကို စားသုံးသူက ပေးရသေးတာ… ဒီတော့ နဲနဲပင်ပန်းပေမယ့် တန်ပါတယ်… ကိုယ်တိုင်များများကြော်စားတော့မယ်…

IMG_6187

အချဉ်ရယ်…မရိုးနိစ် ဆော့စ် ရယ်…

ပုဇွန်ပွကြော်ကို..ဆော့စ်လေးရယ်..မရိုးနိစ်ထဲ မုန်လာဥနီဖြူးထာတာလေးရယ်နဲ့ တို့စားပါနော်…တီအိ သမီးလေးကတော့ ပုဇွန်ပွကြော်ပိုကြိုက်ပါသတဲ့ သူ စားကောင်းတာမို့ ထပ်စားဖို့ ဆက်ပြီး ကြော်လိုက်ပါဦးမယ်…

ကြော်လိုက်ပါဦးမယ်…

About Ma Ei

Ma Ei has written 53 post in this Website..