မိုးရယ်ရပ်တန့်ပေးပါ
မိုးရယ် ရပ်တန့်ပေးပါ
အလွမ်းဆွေ ရွာတဲ့မိုးကြောင့်
စမ်းရေမငြိမ်သက်ပေဘူး
စခန်းတွေ လေထန်လေရော့သလားလေ
တို့ဘဝတွေ ပန်းခရေလို မြေမှာကျဲပြန်ပေါ့
မသနားစိမ်းကားကာ ရွာတဲ့မိုးကြောင့်
စားစရာအသာထား ပြေးရှာကာရှောင်ပုန်းမယ်
မိုးရယ် ခဏလေးတော့ ရပ်ပေးပါလားကွယ်
ဥတုရာသီတောကိုမှီတဲ့ ပြောဖူးတဲ့ရှေးစကား
တောတောင်ရယ်ပျောက်လေပြီပေါ့
ခုအခြေအနေမလှပေဘူး ဘဝတွေ ခါးခဲ့ပါပြီ
ကြမ္မာရယ် ဆန်းကြယ်ပြီမို့ အတိတ်ကံအခြေပြောင်းအောင်
တို့တစ်တွေဆုတောင်းလိုက်ပါတယ်
မိုးရယ် ရပ်တန့်ပါစေသား
ကာရံ ၇့ ၈့ ၂၀၁၅
မိုးရယ် ရပ်တန့်ပါစေသား……..
Was this answer helpful?
LikeDislike.အချိန်အခါနဲ့အင်မတန်လျှော်ညိတဲ့ကဗျာကောင်းလေးပါ…
.မိုးတစ်ပါတ်လောက်ပြတ်ရင်တောင်ရပြီ…
.♫♪♫မိုးရွာတာရပ်လိုက်ပေးပါ…….
Was this answer helpful?
LikeDislikeဟုတ်ပ အစ်ကိုက
Was this answer helpful?
LikeDislikeရေကြီးရေလျှံလို့ နေကြရတဲ့အချိန်မှာ မိုးရိပ်မြင်တာနဲ့တင် စိတ်ဆင်းရဲတယ်။
Was this answer helpful?
LikeDislikeမိုးရယ်.. ရွာပေးပါ..။
နောက်တာမဟုတ်..
တကယ်ကို.. ခြောက်သွေ့နေတာ..။ တောမီးတွေလောင်နေတာ…။
ရေတွေပြတ်နေတာ…။
အခြေအနေမကောင်း..။
တပါတ်လောက်တောက်လျှောက်.. သဲကြီးမဲကြီးရွာပေးပါ..။
( မိုးနတ်မင်းဆိုတဲ့အကောင်သာရှိရင်.. ရွာလည်နေပြီ။ ဟိုကတမျိုး.. ဒီကတမျိုး.. )
Was this answer helpful?
LikeDislikeCalifornia Drought – State of California
ca.gov/drought/
California
With California facing one of the most severe droughts on record, Governor Brown declared a drought State of Emergency in January and directed state officials …
Read More – Summary of Water … – Drought Information –
Was this answer helpful?
LikeDislikeဒီနားတင်ရပ်……အခုရပ်……
Was this answer helpful?
LikeDislike