မကျော်ကြားသေးလို့အလုပ်ပြုတ်သည် (၂)
Walt Disney
သင့်ရဲ့ မကြာသေးခင်ကမှ ကြုံထားရတဲ့ ကံအကြောင်းမလှမှုတွေနဲ့ ပတ်သတ်ပြီး ကို့ရဲ့ လုပ်နိုင်စွမ်းကို စစ်တမ်းကောက်ယူမှုမပြုခင် စိတ်ထဲမှာ အရင်စဥ်းစားထားရမှာက ငါဟာ Walt Disney လို လူမျိုးကို တီထွင်ဖန်တီးမှု အားနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ဖူးတဲ့ လောက ကြီးမှာ အသက်ရှင်နေတာပါလားလို့ စဉ်းစားရမှာပါ။
ဒါဟာအဖြစ်မှန်တစ်ခုပါ။ ကန်ဆပ်စီးတီးရဲ့ စတားတစ်ယောက်ဖြစ်တဲ့ Disney ဟာ အသက်၂ဝ ဝန်းကျင်မှာ အလုပ်ဖြုတ်ခံရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတစ်ခုကို ဆက်တိုက်ဆိုသလို ထူထောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ၁၉၂၃ မှာ ဒေဝါလီခံလိုက်ရတဲ့ Laugh-o-gram Studios ဖြစ်ပါတယ်။
Disney ဟာ Hollywood ကို သူ့အစ်ကို Roy နဲ့ အတူ ရွှေ့ပြောင်းခဲ့ပြီး The Disney Brothers Studios ကို တည်ထောင်ခဲ့ပါတယ်။ အောင်မြင်မှုရခဲ့တဲ့ ဇာတ်ရုပ်ကတော့ Mickey Mouse ပါ။
၁၉၂၉ မှာ Disney ဟာ သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ Silly Symphonies ကို တင်ဆက်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကတော့ Donald Duck , Minnie Mouse နဲ့ သူ့ရဲ့ အကျော်ကြားဆုံး လက်ရာတစ်ခုဖြစ်တဲ့ Mickey တို့ပါဘဲ။
ကာတွန်း စီးရီးစ်တွေထဲက တစ်ခုဖြစ်တဲ့ Flowers and Trees ကတော့ အော်စကာဆုရခဲ့ပါတယ်။
၁၉၃ရ မှာ Disney ဟာ တစ်ကားလုံးစာအပြည့် လှုပ်ရှားနေတဲ့ အရုပ်တွေနဲ့ Snow White and the Seven Dwarfs ကို ဖန်တီးခဲ့ပါတယ်။
၁၉၅ဝ ပြည့်နှစ်တွေမှာတော့ Disney ရဲ့ အင်ပါယာ ဟာ The Mickey Mouse Club လို ပုံစံမျိုးနဲ့ တီဗီ စီးရီးစ်တွေ အထိ ကျယ်ပြန့်လာခဲ့ပြီး Disney Land Park လိုမျိုး ကိုယ်ပိုင်သင်္ကေတနဲ့ ပန်းခြံကို တည်ထောင်ခြင်းဖြင့် ဦးဆောင်ရွက်လွှင့်သူဖြစ်လာပါတယ်။
ယနေ့ခေတ်မှာတော့ Walt Disney Company ဟာ ၄၈ ဘီလျံဒေါ်လာတန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေပြီး ဒီအထဲမှာ ပါဝင်တဲ့ လုပ်ငန်းတွေကတော့ ပုံနှိပ်လုပ်ငန်း ရုပ်ရှင်လုပ်ငန်း သင်္ကေတပန်းခြံ နဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေဘဲဖြစ်ပါတယ်။
Thomas Edison
သောမတ်စ် အက်ဒီဆင်ဟာ လျှပ်စစ်မီးသီး ကြေးနန်းစာပို့စနစ် နဲ့ ရုပ်ရှင်ကင်မရာ တို့ကို တီထွင်ဖန်တီးခဲ့သူဖြစ်ပါတယ်။ သီအိုရီတွေ ပြောရတာထက် လက်တွေ့လုပ်ရတာကို ပိုကြိုက်တဲ့ စီးပွားရေးသမား တဖြစ်လဲ တီထွင်သူ တစ်ယောက်အနေနဲ့ အက်ဒီဆင်ဟာ သူ့ဘဝ သက်တမ်းတစ်လျှောက်မှာ
မူပိုင်ခွင့်ပေါင်း တစ်ထောင်ကျော်ကိုင်ထားခဲ့တဲ့သူပါ။
“လေ့လာသင်ယူတဲ့ နေရာမှာ သိပ်ညံ့တဲ့ကောင်လေး” လို့ ငယ်ဘဝတုန်းက ဆရာတစ်ယောက် မှတ်ချက်ချတာခံရဖူးပေမဲ့ သူရထားတဲ့ အောင်မြင်မှုတွေနဲ့ နှိုင်းစာရင် မပြောပလောက်ပါဘူး။
အိမ်မှာဘဲစာသင်ရတဲ့နောက် အက်ဒီဆင်ရဲ့ အသက် ၁၂ နှစ် အရွယ် ပထမဦးဆုံးသော စွန့်ဦးတီထွင်မှုက Grand Trunk Railroad မှာ သတင်းစာရောင်းတာပါဘဲ။
နောက်ပိုင်းမှာတော့ သူကိုယ်တိုင် သတင်းစာထုတ်ပြီး ခရီးသွားပြည်သူတွေကိုရောင်းချတဲ့အထိ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အက်ဒီဆင်ရဲ့ ကားနောက်တွဲထဲမှာ ပရမ်းပတာ တည်ဆောက်ထားတဲ့ စမ်းသပ်ခန်းကနေ ကားမီးလောင်မှုဖြစ်ပြီးတဲ့နောက်မှာတော့ မီးရထားပေါ်မှာ သတင်းစာရောင်းချခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ဘူတာရုံမှာဘဲ သတင်းစာဆက်ရောင်းခဲ့ပါတယ်။
Western Unions မှာ အလုပ်သမားဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ တချိန်တည်းတပြိုင်တည်းမှာ အလုပ်မျိုးစုံ လုပ်ချင်တဲ့ ဝါသနာကြောင့် အလုပ်ပြုတ်ရပြန်ပါတယ်။ အဲဒါကတော့ ညဆိုင်းဆင်းရင်းနဲ့ လက်တွေ့စမ်းသပ်မှုတွေလုပ်ရာကနေ ဆာဖျူရစ် အက်ဆစ် ကြမ်းပေါ်မှောက်ကျရာကနေ စတာပါဘဲ။
အက်ဆစ်ဟာ ကြမ်းခင်းပြားတွေကနေ စိမ့်ထွက်ပြီး အောက်ထပ်မှာ ရှိတဲ့ သူဌေးရဲ့ စားပွဲပေါ်ထိ ကျသွားခဲ့ပါတယ်။
အက်ဒီဆင်ရဲ့ ကြီးမှားတဲ့ ဆုံးရှုံးမှုတွေတိုင်းဟာ အောင်မြင်မှုအတွက် မျိုးစေ့တွေဖြစ်ခဲ့ပါတယ်။
မူပိုင်ခွင့်ပေါင်းတစ်ထောင်ကျော်ကို ဆုံးရှုံးခဲ့ပြီးတဲ့နောက် လျှပ်စစ်မီးသီး တီထွင်မှု မစတင်ခင် မှာ သတင်းထောက် တစ်ယောက်က အက်ဒီဆင်ကို အခုလိုမေးမြန်းခဲ့ပါတယ်။
“အကြိမ်တစ်ထောင်ကျော်တဲ့ ကြိုးစားစမ်းသပ်မှုတွေ မအောင်မြင်ခဲ့တဲ့ အပေါ် ဘယ်လို ခံစားရပါသလဲခင်ဗျာ “
အက်ဒီဆင်က “ ကျုပ်မအောင်မြင်ခဲ့တာမဟုတ်ဖူး… လျှပ်စစ်မီးသီးကို တီထွင်ဖို့အတွက် လှေကားထစ်ပေါင်း တစ်ထောင်ကျော်တက်ခဲ့ရတာဗျ” လို့ ပြန်ပြောလိုက်ပါတယ်။
Shwe Ei
26th Nov 2015
တကယ်ကတော့.. အနောက်နိုင်ငံ(အထူးသဖြင့်အေးတဲ့နိုင်ငံ)တွေမယ်.. အလုပ်ပြုတ်လို့မဖြစိဖူးဗျ..
မြန်မာပြည်လို.. လယ်တောထဲသွား.. ဖားငါး.. ဟင်းရွက်ရှာစားလို့မရသလို… သစ်ပင်ရိပ်မှာ.. အပေါ်အကျီ င်္မရှိပဲ..” မြင်နိုင်ပါတယ်ဗျာ…ယက်တောင်လေးခတ်လို့” လဲလုပ်လို့မရ..
ယောက်ျားကျေခင်း.. မိန်းမခြေဆင်းလို့မရ..။
အေးလို့.. ဆန့်ပြီးသေမှာ..။
ဆိုတော့…
အလုပ်မရှိရင်..ဝင်ငွေမရှိရင်မဖြစ်သမို့.. ကြံဖန်လုပ်ပေတော့ပဲ..။
အဲဒီကနေတိုးတက်တယ်… ထင်…။
အပူအနွေးပိုင်းနိုင်ငံကလူတွေ.. အဲလိုစိတ်ထားနိုင်ရင်.. တိုးတက်အောင်မြင်မယ်..။

Was this answer helpful?
LikeDislike-အင်း … ရုံးက ဒတ်ချ် ဘိုးတော် အလုပ်ထွက်တုန်းက..ပြောသံကြားဖူးတယ်
-အမ်စတာဒမ် ကို မပြန်ချင်ဝူး..ရာသီဥတု အေးသလို….လူတွေရဲ့ ဆက်ဆံမှုကလဲ အေးတိအေးစက်နိုင်လို့ဆိုဘဲ
-တစ်နှစ်လောက်ကြာတော့ မိသားစုလိုက် မြန်မာပြည်ကို ပြန်ရောက်လာပါရောလား
Was this answer helpful?
LikeDislikeစဉ်းစားကြည့်တော့
ဒီဘက်ခေတ်မှာ
အသစ်အဆန်း စွန့်ဦးတီထွင်တွေကို ဦးစားပေးစောင့်ကြည့် ဖမ်းဆွဲထားရမယ်လို့ ပို Alert ဖြစ်လာကြသလားပဲ။
Was this answer helpful?
LikeDislike-မြန်မာပြည်အနေနဲ့ ဆိုရင်တော့ ဖောက်ထွက်တတ်တဲ့ လူမျိုးဆို အခုထိ သဘောမကျသေးဘူး (ကိုယ်တွေ့)
-နိုင်ငံခြားသားအမြင်မှာ အဆင်ပြေနေပေမဲ့…ကို့လူမျိုးအချင်းချင်းကြ စပါးမွှေးစူးသလို ဆက်ဆံခံရတာမျိုး
-ခန ခန ကြုံဖူးတယ် ..
Was this answer helpful?
LikeDislike.မြန်တ ျန့်မှာကစွန့်ဦးတီထွင်သူတွေကိုမမြှောက်စားတဲ့အပြင် ကန်ထုတ်ပစ်နေတာ
.နောက်တော့ကောင်းလာမယ်မှေ ျာ်လင့်နေတာပဲ
Was this answer helpful?
LikeDislike-မြန်တျန့်မှာ စီးပွားရေး သမားတွေက အရင်းရှင် ဆန်ဆန် အလုပ် လုပ်နေကြသေးတာကိုး
-SME တွေ နေရာရ လာရင်တော့ အသက်ရှုချောင်မလားမပြောတတ် ..
Was this answer helpful?
LikeDislikeစွန့်ဦးတီထွင်သူတွေကို လေးစားတယ်။
Was this answer helpful?
LikeDislikeMe too :-)
Was this answer helpful?
LikeDislikeအက်ဒီဆင်ရဲ့ တီထွင်မှူကြောင့် ဓာတ်လိုက်ပြီးသေတဲ့ နောက်ထပ်သေနည်းတိုး၏…
ပျော်စေပြက်စေ… အရဂါးပေါတာပါ… ဟီ ဟိ
ဆုံးရှုံးဖူးမှ အောင်မြင်မှူရဲ့ လမ်းစကို ရှာတွေ့မှာပါ…
လဲကျရင် ပြန်ထ… ထူပေးမည့်သူစောင့်နေရင် တိုးတက်မှာမဟုတ်…
Was this answer helpful?
LikeDislikeထူပေးမဲ့သူ စောင့်နေတတ်တာထက်
ဘာမှမလုပ်ခင် ခွင့်ပြုချက်အရင် တောင်းနေရတာ
ပိုဆိုးတာခည..
လဲကျလိုက်တာမှ သင်ခန်းစာရအုံးမယ်. .
သာမီးတော့ အိုက်လို တွေးလွန်းလို့ ပထမဦးဆုံး
အလုပ် ပြုတ်ခဲ့တာဘဲ
Was this answer helpful?
LikeDislike