အရောင်ရင့်မှတ်တမ်း – ဇန်နဝါရီ ၂၀၁၆

kaiJanuary 5, 20163min62355

Mizzima – News in Burmese

လိပ်ကျွန်း လူသတ်မှု မြန်မာတွေ မကျူးလွန်ဘူးလို့ We Are Anonymous လို့ အမည်ခံထားတဲ့ ဟက်ကာအဖွဲ့က ဇန်နဝါရီ ၃ ရက်က ကြေညာပါတယ်။
We Are Anonymous ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ၃ရ မိနစ်ကြာ ရုပ်သံဖိုင်ကို တင်ထားပြီး အမှုနဲ့ပတ်သက်တဲ့ သုံးသပ်မှုတွေကို မျက်နှာဖုံးစွပ်ထားသူက ဖတ်ကြားနေတာ တွေ့ရပါတယ်။ ဒီအမှုအတွက် အမှုမှန်ကို ဖေါ်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရာရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

လိပ်ကျွန်း လူသတ်မှု မြန်မာတွေ မကျူးလွန်ဘူးလို့ We Are Anonymous လို့ အမည်ခံထားတဲ့ ဟက်ကာအဖွဲ့က ဇန်နဝါရီ ၃ ရက်က ကြေညာပါတယ်။ We Are Anonymous ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ၃ရ မိနစ်ကြာ ရုပ်သံဖိုင်ကို တင်ထားပြီး အမှုနဲ့ပတ်သက်တဲ့ သုံးသပ်မှုတွေကို မျက်နှာဖုံးစွပ်ထားသူက ဖတ်ကြားနေတာ တွေ့ရပါတယ်။ ဒီအမှုအတွက် အမှုမှန်ကို ဖေါ်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရာရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Posted by Mizzima – News in Burmese on Monday, January 4, 2016

========

Kumudra

3 hrs ·

ထိုင်းရဲတပ်ဖွဲ့ဝက်ဘ်ဆိုက်များ အဟက်ခံရ
+++++++++++
တနင်္လာနေ့ညက ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက် ၄ခု ကို ဟက်ကာတက်ကြွလှုပ်ရှားသူတွေ ဝင်ရောက်နှောင့်ယှက်သိမ်းယူခဲ့ကြြပီး တရားမျှတမှု အလိုရှိကြောင်း တောင်းဆိုခဲ့ကြတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
အဟက်ခံခဲ့ရတဲ့ဝက်ဘ်ဆိုက်တွေမှာ မျက်စိကိုအုပ်ထားတဲ့ အဖြူရောင်မျက်နှာဖုံးပုံတစ်ခုကို အနက်ရောင်နောက်ခံနဲ့ မြင်တွေ့ရပြီး `Blink Hacker Group, Failed Law, We want Justice and Greetz Myanmar Black Hats´ ဆိုတဲ့စာသားပါရှိတယ်လို့ Polamuang tortan အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဆိုပါတယ်။
အဟက်ခံခဲ့ရတဲ့ ဝက်ဘ်ဆိုက်တွေကတော့ http://metro.police.go.th;
http://phichit.police.go.th;
http://www.pcscenter.sb.police.go.th;
http://ictgeneral.police.go.th/
တို့ဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံးနှစ်ခုကိုတော့ အင်္ဂါနေ့ မွန်းလွဲ ၁နာရီအထိ ပြန်မရသေးကြောင်းလည်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Ref: Bangkokpost

55 comments

  • အူးမြောက်မြောက် - ( Book.E)

    January 5, 2016 at 9:33 pm

    အားရတယ် ကျေနပ်တယ် ဝမ်းသာတယ်

    ဆိုတာထက်..

    အမှန်တရားတွက် တရားမျှတစွာ ဖော်ထုတ်အပြစ်ပေးနိုင်ဖို့

    ငုဆီက အခြစ်တွေ မျှော်လင့်သလို မျှော်လင့်နေဆဲပါ အရပ်ဂဒို့ရယ်

    • ဇီဇီခင်ဇော်

      January 6, 2016 at 8:51 am

      ကျနော်တို့ ဘားမား သမဒ ဝန်ချီးတွေက စိတ်ခိုင်တယ် ဘဂျီးး
      မငိုတတ် မသနားတတ်ဘူးး

      အိုဘားမား စိတ်ပျော့ချက်။
      နာမည်မှာ ဘားမားပါနေတာကိုမှ အားမနာ။

      😥

  • alinsett

    January 6, 2016 at 9:44 am

    ဟက်ကာ ဆိုတာတွေကို လူဆိုးးတွေ/ဗီလိန်တွေအဖြစ်သာ ထင်မြင်ယူဆခဲ့ဖူးတာ…

    အခုလို…တရားမျှတမှုအရေး…လှုပ်ရှားဆောင်ရွက်ပေးတဲ့ ဟက်ကာတွေ ရှိနေတာ မြင်လိုက်ရတော့….
    ဒီလောကဟာ အမှန်တရားမျိုးစုံ လွှမ်းခြုံနေတယ်ဆိုတဲ့ ပိုစ့်မော်ဒန်သီဝရီတစ်ခုကို ပိုယုံကြည်သွားပါတော့တယ်။
    ပလို့ဂျိ ။

    :k:

  • kai

    January 7, 2016 at 8:45 am


    North Korea Likely Lying About Hydrogen Bomb Test, Experts Say
    by Robert Windrem
    It will take a couple of days for the U.S. to determine if North Korea’s claim it detonated a hydrogen bomb is a big lie or a big problem — but experts already think it’s more likely the event was just a blast from the past.

    While the hermit kingdom may have been trying out a “boosted” nuclear device — more powerful than what it’s detonated before but far less dangerous than an H-bomb — the evidence so far points to a repeat of previous tests.

    http://www.nbcnews.com/news/world/north-korea-likely-lying-about-hydrogen-bomb-test-experts-say-n491401

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 9, 2016 at 3:36 am

    ဖြစ်ရလေ မင်္ဂလာဈေးရာ
    ုမြင်ရကြားရတဲ့သတင်း ဆို့နင့်စရာပါပဲ 🙁

  • CharTooLan

    January 9, 2016 at 2:14 pm

    ဒီတခါရော ဘယ်သူ့စီမံမှုကြောင့်လောင်လဲ မသိ 🙁

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 9, 2016 at 6:41 pm

    ထုံးစံတိုင်း မိုက်ကာ်ဂျော်လကီအောင်လပု ပဲနေမပေါ့

  • ဦးကြောင်ကြီး

    January 10, 2016 at 2:35 am

    မာမူခိုင်သဂ ျီး
    လှ ျာကူပြိုင်တီး
    သာကူဆိုင်အနီး
    ရွာသူအပိုင်စီး..

  • kai

    January 12, 2016 at 4:51 pm

    ( မြန်မာသံတော်ဆင့် သတင်းစာ၊ ၁၈၇၄ ခု၊ ဇွန်လ၊ ၁၃ ရက်၊ စနေ)

    ” ကျွန်ုပ်တို့ သတင်းစာကို ကြည့်ရှုဆောင်ရွက်ကြသူတို့သည် လွန်ခဲ့သောစနေနေ့ကစ၍ ယခုနေ့တိုင် ဗျာဓိဒုက္ခသဘောကို မလွန်နိုင်ရာ မြတ်စွာဘုရားဟောတော်မူသော ဒေသနာတော်နှင့်အညီ ပထဝီ ဓာတုစတု သမုဌာ နိကရုပ်၊ တုန်လှုပ်ဖောက်ပြန်သဖြင့် သွေးသန်မညီ ဖျားနာသည်ဖြစ်ခဲ့၍ ယခုတပတ် ထုတ်ဝေသော သတင်းစာတွင် သတင်းများစွာမစုံ။ ထိုသို့မစုံသည်ကို ဥပေက္ခာပြု၍ ယခု ကျွန်ုပ်တို့ သတင်းစာကို ကြည့်ရှုသော မိတ်ဆွေအပေါင်းတို့သည် သဘောတော် ကောင်းကောင်းထား၍ တရားသဖြင့် သည်းခံတော်မူကြပါ ”

    ကိုးကား-
    ( ရှေးဦးမြန်မာ သတင်းစာများ၊ မောင်သစ်လွင်(လူထု) ပြုစုသည်)

  • Ma Ma

    January 12, 2016 at 5:32 pm

    ငါတို့သဂျီးလည်း ရွာထဲပစ်ထားပြီးမှ ရွာသူားတွေကို တောင်းပန်ဖို့ စကားရှာနေတာဖြစ်မယ်။ :a:

  • kai

    January 13, 2016 at 6:30 am

    ဧရာ သား ငဘ
    October 12, 2015 ·
    အင်တာနက်သုံးစွဲသူများအားလုံး သိထားရတော့မယ့် ဆယ်သွယ်ရေးဥပဒေပါပုဒ်မများ

    အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက
    ထောင်ဒဏ် သုံးနှစ်
    (သို့မဟုတ်)
    ငွေဒဏ်
    (သို့မဟုတ်)
    ဒဏ်နှစ်ရပ်လုံး

    ?
    ၆၆(ဂ)
    ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို
    ခိုးယူခြင်း၊
    လိမ်လည်ခြင်း၊
    အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်း။

    ?
    ၆၆(ဃ)
    ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂိ္ဂုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊
    မတရားတားဆီးကန့်ကွက်ခြင်း၊
    အသရေဖျက်ခြင်း၊
    နှောင့်ယှက်ခြင်း၊
    မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။

    ============================

    အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက
    ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

    ?
    ၆၈ (က)
    မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆယ်သွယ်ခြင်း၊
    ဖမ်းယူခြင်း၊
    ပို့လွှင့်ခြင်း၊
    ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

    ?
    ၆၈ (ခ)
    သတင်းအချက်အလက် ပို့လွှင့်ခြင်း၊
    ဖမ်းယူခြင်း၊
    ဆက်သွယ်ခြင်း၊
    ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊
    တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း

  • kai

    January 13, 2016 at 8:04 am

    Moe Hein with May Thu and 10 others.
    January 10 at 5:04am ·
    ဂျာမဏီ နိုင်ငံမှာ အစားအသောက်တွေမှာပြီး ကုန်အောင်မစားဘဲ ပစ်စလက်ခတ်
    ချန်သွားတဲ့ မြန်မာတွေကို (Social Security Guard) ရောက်ချလာပြီး
    ဒဏ်ငွေ 50 Mark ဆောင်ခိုင်းပြီး ပြောသွားတဲ့ စကား ….

    “ခင်ဗျားတို့စားနိုင်သလောက်အစားအသောက် ကြိုက်တာကို ကြိုက်သလောက်
    မှာစားလို့ရတယ်၊ ငွေကြေးဥစ္စာ ဆိုတာ ခင်ဗျားတို့ ပိုင်ဆိုင်တဲ့အရာတော့
    ဟုတ်တယ်။ ဒါပေမဲ့ သံယံဇာတ အရင်းအမြစ် ဆိုတာ အများပိုင်ဥစ္စာဖြစ်တယ်၊
    ဆာလောင်မွတ်သိပ်နေတဲ့သူတွေ အများကြီးပဲ ရှိနေကြတယ်၊
    ခင်ဗျားတို့ သံယံဇာတတွေကိုတော့ ပစ်စလက်ခတ်
    လုပ်စရာအကြောင်းမရှိဘူး ” …တဲ့။

    အော် … ဒါကြောင့်လဲ ဂျာမနီ ဥရောပမှာ အချမ်းသာဆုံး အတိုးတက်ဆုံးဖြစ်တဲ့အပြင်
    ဒေဝါလီခံကာနီး ဒုက္ခရောက်နေတဲ့ ဂရိလိုနိုင်ငံတွေ ကယ်တင်နိုင်ခဲ့တယ်…
    ဆီးရီးယား လစ်ဗျားက စစ်ပြေးဒုက္ခသည် တစ်သန်းလောက် လက်ခံပြီးကျွေးထားနိုင်တယ်…။

    မြန်မာတချို့ အစားအသောက် ကုန်အောင်စားရင် ခေတ်မမီဘူးထင်ကြတယ်။
    အမျိုးသမီးလေးတွေဆိုရင် ပိုဆိုး…
    မြန်မာတွေ ပြင်ကြရမယ့် အကျင့်တွေကတော့ အများကြီးပါ….။

    “Money is yours but resources belong to the society”
    “ငွေကသင့်ငွေဖြစ်ပေမဲ့ သံယံဇာတ အရင်းအမြစ်က လူ့အဖွဲ့အစည်း ပိုင်ဖြစ်တယ် ”
    +++++++++++++++++++

    ကိုးကား … Mr.Man (သတင်းထူးသတင်းဦးပေ့ချ်)

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 13, 2016 at 11:31 am

      ဟတ်တပေါ့ ငတူရယ် လိုက်နာမှတ်သား ကျင့်သုံးပါ့မယ်

  • kai

    January 13, 2016 at 6:12 pm

    ကျုပ်ရဲ့.. မျိုးရိုးဗီဇသွားစစ်လိုက်တာ.. ထွက်လာတဲ့ ရလဒ်ဗျို့…။

    =
    ဒါကျ.. ဦးသန့်မြင့်ဦး မျိုးရီးဗီဇစစ်ချက်တဲ့..။

    =
    ဒါက . မျိုးရိုးဗီဇတွေရဲ့ကမဘာ့မြေပုံ…။

    • kai

      January 15, 2016 at 2:32 pm

      တိုင်းရင်းသားတွေ အကုန်.. မျိုးရိုးဗီဇသွားစစ်ပြီး.. မှတ်တမ်းတင်ဖို့ကောင်းတယ်…။
      လောလောဆယ်ရလဒ်အရတော့.. ကျုပ်ရော..၊ ဒေါက်တာသန့်မြင့်ဦးရော.. အရှေ့အာရှဗီဇက.. အများဆုံးပါတယ်.။ ကျုပ်က..
      Native American < 1% Asia East 79% Asia South 10% Asia Central 3% Polynesia 7% ဒေါက်တာသန့်မြင့်ဦးက... 84.7% East Asian 7.4% South Asian 0.1% European 7.9% Unassigned <0.1% Sub-Saharan African တဲ့...။ တကယ်တော့.. မြန်မာဆိုတာ.. လူဦးရေသန်းထောင်ချီရှိပြီး.. ယဉ်ကျေးမှု ၄၀၀ဝ အထက်ကိုယ်စီရှိတဲ့.. မြန်မာပြည်အရှေ့မြောက်ဖက်ခြမ်းကနေတဲ့သူတွေနဲ့.. အနောက်ဖက်ကနေတဲ့သူတွေကရောသမမွှေထားတာလို့.. တန်းပြောနိုင်မယ်သေချာသလောက်ပဲ..။ အဲဒါကြောင့် အမျိုးသားဝတ်စုံကလည်း.. တိုက်ပုံ(စိန့်ပြည်) နဲ့.. ပုဆိုး(အနိ္ဒယ) ကဖြစ်နေတာနေမှာ.. ကျုပ်ရဲ့ဗီဇ မြေပုံကြည့်ပါ့လား..။ အရှေ့နဲ့အနောက်မြေပုံဂွင်က.. မြန်မာပြည်မှာလာထပ်နေ..။ :k:

  • joe wynn

    January 13, 2016 at 9:09 pm

    သချီး ဂျာမနီကအစားအသောက်တွေက မြန်မာ့ပါစပ်နဲ့မကိုက်လို့ (သို့) အရသာမတွေ့လို့ မစားပဲထားခဲ့တာလည်း ဖြစ်နိုင်တာပဲ အစားအသောက်တွေကို
    အကုန်မစားပဲချန်ထားခဲ့တဲ့ အလေ့အထဟာ မြန်မာ့အလေ့အထမဟုတ် တရုတ်ပြည်က ဆိုင်တွေမှာဘယ်လိုစားသလည်းဆိုတာ သိချင်ရင်သွားကြည့်
    ဂျပန်တွေစားတဲ့ ပုံစံနဲ့ဆိုရင်တော့ တရုတ်နဲ့ဂျပန်က အရှေ့နဲ့အနောက်ပဲ
    ( ဆီးရီးယား လစ်ဗျားတစ်သန်းလောက် ကျွေးထားနိုင်တယ်)
    အခုဂျာမနီမှာ ဘာတွေဖြစ်နေလည်း ကံမကောင်းရင် ဒီအဖွားကြီး သမိုင်း
    တရားခံဖြစ်သွားနိုင်တယ်

    • kai

      January 14, 2016 at 7:04 am

      ယူအက်စ်ရောက်စိန့်တိုင်းသားနွယ်တွေကတော့.. ဆိုင်သွားစားလို့ကျန်ရင်အကုန် အိမ်ပြန်ထုပ်သွားတယ်..။
      မှန်ကန်တဲ့ နိုင်ငံကြီးသားစိတ်ဓာတ်ပါ..။
      အခုဂျာမဏီမှာ ဘာဖြစ်ဖြစ်… နောင် အနှစ် ၄-၅ဆယ်ကို လှမ်းမြင်ထားတဲ့ ဂျာမာန်တွေရဲ့ ဦးနှောက်ပြေးတာကို.. ကမ္ဘာကအတုခိုးကြလိမ့်မယ်..။
      ဂျပန်တွေလည်း အတုခိုးလိမ့်မယ်..။

      • လုံမလေးမွန်မွန်

        January 24, 2016 at 10:40 am

        တစ်ခါသား မုန့်စားကြတော့ သူငယ်ချင်းတစ်ယောက်က ကော်ဖီကို မကုန်ဘဲ ထားထားတယ် . . . ကိုယ်ကလည်း ဖြုန်းတီးတယ် ဘာညာ ပွားတာပေါ့ . . . NY မှာ နေခဲ့တဲ့ သူငယ်ချင်းက ဝင်ပြောတယ် . . . အမေရိကန်တွေလည်း ဖြုန်းတာပဲတဲ့ . . ဒါပေမယ့် သူတို့ကကျ တစ်မျိုး . . . သူ အချိန်ပိုင်းစားပွဲထိုးလုပ်တော့ မုန့်ကို ယူဖို့ လက်အိတ်စွပ် ညှပ်နဲ့ ကိုင်ရသတဲ့ . . .အဲဒါ လက်အိပ်မစွပ်ဘဲ ညှပ်နဲ့ပဲ ကိုင်လိုက်မိလို့ဆိုလား . . . ချက်ချင်းလွှင့်ပစ်ခိုင်းသတဲ့ . . .
        နောက် သူ့အသိ ညီမလေးကျောင်းတက်တဲ့ တက္ကသိုလ်မှာ အစားအသောက်ကျွေးတယ်တဲ့ . . . အတော်များများက ကျောင်းကကျွေးတာ မစားဘဲ ကိုယ့်ဘာသာ စားကြတယ် . . .ဒါပေမယ့် ကျောင်းကလည်း လုပ်ရမယ့်တာဝန်အတိုင်း မုန့်တွေလုပ်တယ်တဲ့ . . . ညနေဆို သွားလွှင့်ပစ်တာ လှည်းတစ်စီးအပြည့်တဲ့ . . .

        သူပြောပြတာပဲ . . . ဟုတ်သလား သဂျီး

        • kai

          January 24, 2016 at 11:26 am

          ဟုတ်ပါ့…။
          .. လက်အိပ်နဲ့မကိုင်ရင်.. စားသူကတခုခုဖြစ်တယ်ဆို.. လောစူး-တရားစွဲခံရမှာလေ…။
          အဲဒီတော့.. လွှင့်ပစ်တာက ..လျှော်ရမှာထက်စာရင် ပိုသက်သာ..။
          ဒီအတိုင်းပဲ… အကျန်သွားကွေးျလိုက်လို့.. စားတဲ့သူက.. အန်တယ်ဆိုပါတော့..။ ပြဿနာတက်ရင် လျှော်ရတာက ပိုမာျး..။
          ကျောင်းကကျွေးတာကတော့.. ကျောင်းသားအတွက်သုံးရမယ့်ပိုက်ပိုက်က.. ကျောင်းစာရင်းထဲအပြည့်ရောက်ပြီးသား..။ ကျောင်းသားမစားရင်.. ဘာမှဆက်လုပ်လို့မရ..။ ဘယ်သူမှသုံးခွင့်လည်းမရှိ..။
          Case by case, ပုဂ္ဂလိက တဦးစီနဲ့ အစိုးရနဲ့.. အဖွဲ့အစည်းနဲ့.. သုံးတာဖြုန်းတာ.. ခိုးတာဝှက်တာ.. ဥပဒေ/လုပ်ထုံး.. အရမတူ..။
          ဖြုန်းတယ်လို့တော့ ပြောရခက်..။

  • alinsett

    January 14, 2016 at 12:24 pm

    မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု မြန်မာထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှု
    14 January 2016

    မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက အထူးစိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာဟာ အဲဒီ စမ်းသပ်ဖောက်ခွဲမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ ဝေဖန်မှုအပေါ် မြန်မာနိုင်ငံက ထောက်ခံကြောင်း ပြသလိုက်တာပဲ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

    မြန်မာကိုရီးယား နျူကလီးယားကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အခုလို ကြေညာချက် ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် မကြာခင် တက်လာတော့မယ့် အစိုးရသစ်အတွက် ပြဿနာ ပိုမို ရှုပ်ထွေးစေတဲ့ သဘော သက်ရောက်စေတယ်လို့လည်း သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အပျက်အစီး ကြီးမားနိုင်တဲ့ အလားအလာရှိတဲ့ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးတဲ့နောက် အဲဒီကိစ္စနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း မြန်မာအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

    မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် နိုင်ငံတကာ လက်နက်မပြန့်ပွားရေး သေဘာတူညီချက်ကို ထိခိုက်စေပြီး ဒေသတွင်း တင်းမာမှုကိုလည်း မြင့်တက်စေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အခုလို ကြေညာချက်မျိုး ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ထူးခြားမှုရှိပြီး မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြား ပတ်သက်မှု မရှိဘူးဆိုတာ ပြသလိုက်တာပဲ ဖြစ်တယ်လို့ မြန်မာ့အရေးနဲ့ မြောက်ကိုရီးယားအရေးတွေကို အထူးပြု လေ့လာနေတဲ့ ပါမောက္ခ David Steinberg က ပြောပါတယ်။

    “မြောက်ကိုရီးယားက လက်ရှိလုပ်ဆောင်နေတဲ့ ကိစ္စတွေကို မြန်မာအစိုးရအနေနဲ့ မလိုလားဘူးဆိုတာကို အနောက်အုပ်စု နိုင်ငံတွေ အပါအဝင်၊ ဂျပန်၊ တရုတ်တို့သိအောင် ပြသလိုက်တာလို့ ကျနော်ထင်ပါတယ်။ မြန်မာအစိုးရရဲ့ ကြေညာချက် နောက်ကွယ်မှာ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနိုင်ပေမဲ့ အဲဒီတခုထဲတော့ ဟုတ်မယ်လို့ ကျနော် မထင်ပါဘူး။ အရင် စစ်အစိုးရလက်ထက်တုန်းက ယူဆထားခဲ့တဲ့အချက်တွေ လွဲမှားနေတယ်ဆိုတာကို ဒီအစိုးရက သဘောပေါက်လာတာလဲ ဖြစ်နိုင်ပါတယ်။”

    အရင် စစ်အစိုးရ လက်ထက်တုန်းက ယူဆခဲ့တဲ့ အချက်ဆိုတာကတော့ – ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်တုန်းက အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဝင်ရောက် သိမ်းပိုက်လိမ့်မယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ပြီး အမေရိကန်ရဲ့ အဲဒီလို လုပ်ဆောင်မယ့်အန္တရာယ်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ဟန့်တားနိုင်တာကြောင့် မြောက်ကိုရီးယား နည်းတူ နျူကလီးယားလက်နက် တည်ဆောက်ဖို့ စတင် ခြေလှမ်း လှမ်းခဲ့တဲ့ကိစ္စကို ဆိုလိုတာဖြစ်တယ်လို့ ပါမောက္ခ Steinberg က ပြောပါတယ်။

    စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကတော့ မြန်မာအစိုးရက အခုလို ထူးထူးခြားခြား ကြေညာချက်ထုတ်ပြန်တာဟာ မရိုးသားဘူးလို့ ထင်မြင် ယူဆကြောင်း ပြောပါတယ်။

    “ရိုးသားတဲ့အနေအထားတော့ မရှိဘူးခင်ဗျ။ ဒီဥစ္စာက ပထမဦးဆုံးအကြိမ် မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာမှာမြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့မှ ပထမဦးဆုံး ထုတ်ပြန်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျနော့် အမြင် ပြောရရင်ပေါ့လေ၊ မကြာခင် နိုင်ငံတော်ရဲ့တာဝန်ယူမယ့် အစိုးရအသစ်အတွက်ကို ပြဿနာတခု ထားခဲ့တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရတလျှောက်လုံးဗျာ၊ ဒီ ဦးသိန်းစိန်အစိုးရ လက်ထက်အထိပဲ ဆိုပါတော့၊ ဒီ မြောက်ကိုရီးယားနဲ့ လက်နက်ကိစ္စက တောက်လျှောက်လုပ်ခဲ့ပြီးတော့ ပတ်သက်ခဲ့တာ Data ရှိပါတယ်။ အခုအချိန်မှာလည်း အနဲအကျဉ်း အကြွင်းအကျန်တော့ ကျန်သေးတယ်ဗျ။ ဒါကိုလည်း အမေရိကန်က သိလို့ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ဘာတို့ကို Sanction ချတဲ့ အနေအထားမျိုးတွေ ရှိခဲ့တာ သိရမှာ ဖြစ်ပါတယ်။ အခုလဲ ပြီးပြတ်သွားသလားဆိုတော့ မပြီးပြတ်သေးပါဘူး။ ဘာဖြစ်လို့ မပြီးပြတ်သေးလဲဆိုတော့ ဒီ စစ်လက်နက် ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ယန္တရားတော်တော်များများဟာ အရင်တုန်းက ကျနော်တို့ ဂျာမနီနဲ့လုပ်တဲ့ဥစ္စာတွေ အားလုံးက မြောက်ကိုရီးယားနဲ့ ပေါင်းပြီး လုပ်ထားတဲ့အခါကျတော့ ဒါတွေကို ပြန်ပြီးတော့မှ ထုတ်ဖို့ဆိုတဲ့ဥစ္စာက တော်တော်လေးသူတို့ အချိန်ယူရတဲ့ အနေအထားမျိုး ရှိပါတယ်။ တနည်းအားဖြင့်ပြောရရင်ပေါ့ဗျာ၊ ဒီမပြတ်သေးတဲ့ကိစ္စတွေကို နောင်တက်လာမယ့်အစိုးရနဲ့ တပ်မတော်အပါအဝင်ပေါ့လေ၊ NLD နဲ့ တပ်မတော်နဲ့ နောက် ဒီ အမေရိကန်နဲ့ကို ပြဿနာဖြစ်အောင်ပေါ့လေ မီးစလေးတခု ထားခဲ့တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ”

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားနိုင်ငံကိုသွားပြီး နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တဲ့ သာဓက ရှိခဲ့ဘူးတာကိုလည်း ဦးအောင်လင်းထွဋ်က ထောက်ပြ ပြောဆိုပါတယ်။

    “ကျနော်တို့ ၂၀၀၈ ခုနှစ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားကို သွားခဲ့ပြီးတော့မှ စာချုပ်စာတမ်းတွေမှာ လက်မှတ်ထိုးခဲ့တာ အထင်အရှား တခုပါပဲ။ ကျနော်တို့ ရှိစဉ်ပေါ့လေ။ ၁၉၉၂၊ ၉၃ လောက်ကတည်းက မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံပေါ့လေ လက်နက်စက်ရုံတွေမှာ ပေါင်းပြီး လုပ်ဖို့ကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တည်းကပါ။ နောက်ပိုင်း ရှင်းရှင်းပြောရရင် နျူကလီးယားအထိကို အဲဒီအချိန်က ရည်ရွယ်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။”

    စစ်အစိုးရလက်ထက်အတွင်း နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ မြန်မာအစိုးရက မြောက်ကိုရီးယားထံက အကူအညီ ရယူနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမဲ့လည်း အဲဒီတွေသတင်းတွေကို ဘယ်သူကမှ လက်တွေ့ အတည် မပြုနိုင်ခဲ့ကြသလို၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ပြောဆိုမှုတွေ မမှန်ကန်ကြောင်း အလျဉ်းသင့်သလို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

    မြန်မာအစိုးရအနေနဲ့ နျူကလီးယားတည်ဆောက်ရေး စီမံကိန်းတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာကို ချပြခဲ့ဖူးတဲ့ မြန်မာ့တပ်မတော် အရာရှိဟောင်း စိုင်းသိန်းဝင်းကလည်း မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ သူ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေစဉ် ကာလတုန်းက မကြားသိခဲ့ရဘူးလို့ ပြောပါတယ်။

    “တလောက ၂၀၀ဝ ခုနှစ်ကနေ ၂၀၁ဝ ခုနှစ်အထိ နျူကလီးယားနဲ့ ပတ်သက်ပြီးတော့ မြောက်ကိုရီးယားတွေကို သုံးတာ မတွေ့ဘူးဗျ။ သူတို့ဆီက အကြံဉာဏ်ယူတာရော၊ နည်းပညာယူတာကို ကျနော် တွေ့ခဲ့မြင်ခဲ့တာ မရှိဘူးခင်ဗျ။ တခြား သမရိုးကျ လက်နက်ထုတ်လုပ်တဲ့နေရာမှာတော့ မြောက်ကိုရီးယားတွေရဲ့ အကူအညီကို အများကြီး ယူပါတယ်။ ထဲထဲဝင်ဝင် ကက စက်ရုံတွေထဲမှာကို မြောက်ကိုရီးယားအရာရှိတွေ လာအလုပ်လုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ နျူကလီးယားနဲ့ ပတ်သက်လို့ကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်တာမျိုး မတွေ့မိဘူးဗျ။”

    အခုလို မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်အပေါ် မြန်မာအစိုးရက စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ အချိန်ထိ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးတွေ ပုံမှန်ရှိနေသလို၊ အဆင့်မြင့် အရာရှိတွေ အပြန်အလှန် သွားရောက် လည်ပတ်တာ၊ နှစ်နိုင်ငံ အကြားက သတင်းမီဒီယာတွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ အစီအစဉ်တွေ ချမှတ်တာတွေ ရှိနေခဲ့ပါတယ်။

    ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com

  • kai

    January 14, 2016 at 3:03 pm

    နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ယဉ်ယဉ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

    သဘောမတူတာတွေလည်း ရှိမယ် ထင်တယ်။ ပြောပြပါဦးခင်ဗျာ။

    သဘောမတူတာ ဘာမှနိုင်ငံ ရေးနဲ့မဆိုင်ဘူး။ သဘောမတူတာ တွေက တခြားနိုင်ငံတွေမှာလည်း လုပ်ကိုင်လို့မရတဲ့ အချက်တွေမို့လို့ သဘောမတူတာ။ နောက်တက်လာတဲ့အစိုးရလည်း သူတို့တောင်းဆိုထားတဲ့ အချက်တချို့ကို သွားပြီး လက်ခံလိုက်ရင် အမှားကြီးမှားလိမ့်မယ်လို့ ဆရာမပြောရဲတယ်။ ကျောင်းသားတွေ တောင်းဆိုတာကို ဆရာမအနေနဲ့ ပထမဆုံးသဘောမတူတာက ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အခြေခံပညာ၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ ဖယ်ပြီး ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂတွေအုပ်ချုပ်မယ်ဆိုတဲ့ အချက် ပဲ။ အခြေခံပညာ ကျောင်းများသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည်ဆိုတဲ့အချက် ကိုသူတို့ဖြုတ်ထားတာ။ ဒါက ဘယ် ဖြစ်နိုင်မလဲ။ မိဘတွေအနေနဲ့ စဉ်းစားကြည့်၊ ကျောင်းကိုပို့တာ ကိုယ့်သားသမီးစာသင်ဖို့လား။ ကျောင်းသား သမဂ္ဂလုပ်ဖို့လား။ ဒီငယ်ငယ်လေးတွေ အခြေခံမူလတန်း၊ အ လယ်တန်း၊ အထက်တန်း ကျောင်း တွေကိုကျောင်းသားသမဂ္ဂနဲ့ အုပ်ချုပ်မယ်ဆိုတာကတော့ ကျွန်မဘယ်လိုမှလက်မခံနိုင်ဘူး။ ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂတွေ အုပ်ချုပ်တာကို နိုင်ငံခြားမှာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားနဲ့ ဟော်လန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက်က ကြိုးစားဖူးတယ်။ ဒါပေမဲ့ လုံးဝမဖြစ်နိုင်တော့ ပြန်ရုပ်သိမ်းလိုက်ရတယ်။ ဒုတိယအနေနဲ့ သဘောမတူတာက ဒီအခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်း (curriculum) ရေးမယ့် အဖွဲ့ကို ၉ ဦးနဲ့ ဖွဲ့မယ်တဲ့။ အဲ့ဒီ ၉ ဦးမှာ လေးယောက်က ပညာရေး ဝန်ကြီးဌာနကခန့်၊ ငါးယောက်က ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ တွေက သူတို့ကြိုက်တဲ့ ပညာရှင်ကို ရွေးမယ်တဲ့။ အဲ့ဒါတော့ လုံးဝမဖြစ်သင့်တဲ့ဇာတ်လမ်း။ အာရှတိုက်မှာ ရှိတဲ့နိုင်ငံတိုင်းမှာလည်း အစိုးရ ဌာနတစ်ခုက (curriculum) ရေး တယ်။ ဒါက ထုံးတမ်းစဉ်လာပဲ။ (curriculum) ရေးတာက ဒေါက်တာဘွဲ့ရတိုင်း မရေးနိုင်ဘူး။ အစိုးရဘက်က သင်ရိုးညွှန်းတမ်းရေးတဲ့ ဆရာ ဆရာမတွေကသင်ရိုးညွှန်း တမ်းနဲ့ ဘွဲ့တွေရထားတာ။ ဘယ် တိုင်းပြည်မှာမှ အစိုးရကျောင်းတွေအတွက် အပြင်ကခန့်တဲ့ သင်ရိုး ညွှန်းတမ်းရေးတဲ့သူတွေ မရှိဘူး။

    တတိယအချက် အနေနဲ့ ဒေါက်တာသိန်းလွင်တို့ လက်မှတ်ထိုးထားတဲ့ ဥပဒေမှာ ကျောင်းအလိုက် စိတ်ကြိုက် မိခင်ဘာ သာစကားသင်ကြားဖို့ တင်သွင်း ကြတယ်။ ဆရာမ တို့ ပြုစုခဲ့တဲ့ ဥပဒေဟာ တိုင်းရင်းသား ဘာသာ စကားကို တိုင်းဒေသကြီးကနေ စီစဉ်မယ်ဆိုတာကို သူတို့မကြိုက်ဘူး။ ကျောင်းအလိုက် ကြိုက်သလို ဆုံးဖြတ်မယ်တဲ့။ ဒါဆို စဉ်းစား ကြည့် ။ ဘင်္ဂါလီများတဲ့ နေရာမှာ ဘင်္ဂါလီစာပဲ သင်ရမှာလား။ ဘယ် သူက ဆုံးဖြတ်မှာလဲ။ ဆရာတွေ ဆုံးဖြတ်ရင်လည်း ဆရာတွေ ဆုံး ဖြတ်တယ်ဆို ပြောဦးမယ်။ တရုတ် နယ်စပ်လားရှိုးတို့ဘာတို့မှာ တရုတ်များတယ်။ ဒီတော့ နိုင်ငံတော် ပိုက်ဆံနဲ့ဖွင့်ထားတဲ့ ကျောင်း တွေက ဘင်္ဂါလီစကား၊ တရုတ်ဘာ သာစကားတွေကို မိခင်ဘာသာ စကားအနေနဲ့ သင်ရမှာလား။ ဆရာမ မွေးရပ်ဇာတိဖြစ်တဲ့ ရှမ်း ပြည်မှာလည်းတိုင်းရင်းသားပေါင်း စုံရှိတယ်။ ဆရာမတို့ပြောတဲ့ တိုင်း ဒေသကြီးအစိုးရက စီစဉ်မယ် ဆိုတာ ရှမ်းပြည်နယ်မှာ ရှမ်းစာ၊ ကချင်ပြည်နယ်မှာကချင်စာ တစ် သမတ်တည်း ပြောတာမဟုတ်ဘူး။ မြို့ နယ်အလိုက် ကျောင်းအလိုက် မျှမျှတတစဉ်းစားပေးဖို့အစီအစဉ် တွေကို တိုင်းဒေသကြီး အစိုးရတွေ ကို တာဝန်ပေးလိုက်တာ။ ကျောင်း အလိုက် စဉ်းစားရင်လည်း အဲ့ဒီဘာသာကိုသင်ဖို့ ဆရာမရှိရင် ဘယ်လိုလုပ်မလဲ။ နောက် ဘယ်အတိုင်းအတာထိ သင်မှာလဲ။ တိုင်းရင်းသားဘာသာ စကားအတွက် တစ်ပတ်မှာ ဘယ်နှချိန် ဆိုပြီးတော့ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းထဲမှာ ပါပြီးသား။ လုံလုံလောက်လောက် ပေးထားတယ်။ အဲ့ဒီအပေါ်မှာ တိုင်းဒေသကြီးတွေက မြို့နယ်အလိုက်စီစဉ်ပေး။ မျှမျှတတ စီစဉ်ပေးဖို့။ ကြိုက်တဲ့ကျောင်းက ကြိုက်တဲ့ ဘာသာသင်ဆို ဒါကပြည်ထောင်စု မြန်မာနိုင်ငံတော်လေ။ ဘာသာစကားဆိုတာအရေးကြီးတယ်။ မူ တစ်ခုတော့ ရှိရမယ်။ ဆရာမ ပြောတဲ့အချက်ကို KIA က ဗိုလ်ချုပ် ဂွမ်မော်တောင် သဘောတူတယ်ပြောတယ်။ သူနဲ့ဆွေးနွေး ပြီးပြီ။ ချင်းပြည်နယ်မှာရှိတဲ့ ကျောင်းတွေကိုယ့်ကျောင်းအလိုက် ကြိုက်တဲ့ဘာသာစကားကိုသင်ဆို ချင်းလူမျိုးကိုယ်တိုင် အဲ့ဒီစနစ်ကို ကြိုက်မှာမဟုတ်ဘူး။ ဘာလို့လဲဆို တော့ ချင်းစကားက အမျိုးမျိုးရှိ တယ်။ မတူပီချင်း၊ ဖလန်းချင်း၊ တီးတိန်ချင်း၊ ဟားခါးချင်း၊ မင်း တပ် ချင်းတို့က စကားမတူကြဘူး။ ဒီတော့ကိုယ့်မြို့က ဘာသာစကား ပဲ ကိုယ်သင်ဆိုရင်လည်း ချင်းပြည်နယ်မှာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပြောင်းပြီး အလုပ်လုပ်ဖို့ ခက်သွား တာပေါ့။ ဟားခါးမြို့က အောင်ပြီး မတူပီမှာ ကျောင်းဆရာရာထူး ပေါ်တယ် ဆိုရင်လည်း ဟားခါး မြို့သားဖြစ်တဲ့အတွက် ဘာသာ စကားအရ အားနည်းမှု ရှိနေမယ်။ စည်းနဲ့စနစ်နဲ့မူနဲ့လုပ်ရမှာ ဖြစ်တယ်။
    http://popularmyanmar.com/afpopular/?p=12074

  • kai

    January 15, 2016 at 7:07 am

    The White House
    Office of the Press Secretary
    For Immediate ReleaseDecember 30, 2015
    Statement by the Press Secretary on the U.S.-ASEAN Summit

    As the President announced in Kuala Lumpur, Malaysia last month, he will host leaders from the Association of Southeast Asian Nations next year. The summit will take place at Sunnylands in Rancho Mirage, California on February 15-16, 2016. This unprecedented gathering – the first hosted by the United States with the ASEAN leaders — builds on the deeper partnership that the United States has forged with ASEAN since 2009 and will further advance the Administration’s rebalance to Asia and the Pacific. For nearly 40 years, the United States and ASEAN have worked toward stability, prosperity, and peace in Southeast Asia. This summit will provide leaders a forum to strengthen cooperation under the new U.S.-ASEAN strategic partnership, launched in November 2015 in Kuala Lumpur, on political, security, and economic issues.

  • kai

    January 15, 2016 at 2:17 pm

    ဆရာမြို့မ ငြိမ်း၏ မြန်မာ့ရိုးရာ သင်္ကြန်သီချင်းကို နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှ တူးပို့အမည်ဖြင့် ဘီယာထုတ်လုပ်ရောင်းချနေမှုအား တစ်ပတ်အတွင်း အဆိုပါတံဆိပ်နှင့် ကြောငြာထားမှုများကို ရုတ်သိမ်းပေးရန် မြို့မငြိမ်း၏ သားဖြစ်သူ ဦးရွှန်းမြိုင် က ပြောကြားသည်။

    တူးပို့ နာမည်ဖျက်သိမ်းပေးရန်အတွက် နိုင်ငံပိုင်သတင်းစာများမှထည့်သွင်းကြေငြာသွားမည်ဟုလည်း ဇန်နဝါရီလ ၁၅ ရက် နံနက် ၁ဝ နာရီ က ၈၆ လမ်း၊၂၁လမ်းနှင့်၂၂လမ်းကြားရှိ မြို့မ အသင်းတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ (ဓာတ်ပုံ – အောင်ကိုဦး၊ မဇ္ဈိမ)

    – See more at: http://mizzimaburmese.com/photo-essay/9861#sthash.bjHAC0sf.dpuf

    • kai

      January 15, 2016 at 2:21 pm

      ကျုပ်ပဲ.. ကြောင်သွားသလား.. သူပဲရုးသွားသလားတော့မသိ…။
      အဲဒီကုမ္ပဏီက.. ၁၈၇၃ ကထောင်တာတဲ့..။ ထောင်ချိန်မှာ.. တူးပို့သင်္ကြန်သီချင်းဖန်တီးသူတောင်.. မွေးသေးပုံမပေါ်သေး..။ အနိစ္စ… အနိစ္စ…။

      Tuborg Brewery
      Company · tuborg.com
      Tuborg is a Danish brewing company founded in 1873 by Carl Frederik Tietgen. Since 1970 it has been part of the Carlsberg Group. The brewery was founded in Hellerup, a part of northern Copenhagen, Denmark. Wikipedia
      Parent organization: Carlsberg Group
      Founder: Carl Frederik Tietgen
      Founded: 1873
      Headquarters: Copenhagen, Denmark

      • Ma Ma

        January 18, 2016 at 3:36 pm

        ၁၇၂ နိုင်ငံမှာ ၆၅ ချိတ်တာ ခံသာပါတယ် သဂျီးရယ်။
        ရှေ့ဆုံးက ရေရင် ၁- ၁ဝ ဝင်လိုက်
        နောက်ဆုံးက ရေရင် ၁- ၁ဝ ဝင်လိုက်နဲ့ စာရင်။ :e:

  • kai

    January 16, 2016 at 12:34 pm

    Thant Myint-U FB
    Today is the birth anniversary of Myanmar’s archtypal warrior-king Bayinnaung who was born 16 January 1516. His polyglot empire dominated mainland southeast Asia, integrating the Irrawaddy valley with the Tai-speaking uplands and Chao Phraya valley to the east. His personal name was ရဲထှတျ.

    The map shows Bayinnaung’s empire at its height c. 1565 after his conquests of Siam, and the Lanna and Lanxang kingdoms. The even more cosmopolitan empire of Arakan was of course then a separate and significant power.

    The map is from GE Harvey’s 1925 History of Burma. What the map doesn’t show is that many of the areas within the purported borders were only indirectly administered, if at all. The highlands such as the Chin and Kachin hills were never administered by any central authority until colonial times.

    • kai

      January 16, 2016 at 12:38 pm

      ဇန်နဝါရီ ၁၆ ၂၀၁၆ မှာ ဘုရင့်နောင်မင်း အသက် ၅၀ဝ ပြည့်တယ်ပေါ့…။
      ဂုဏ်ယူစရာ အင်ပါယာ..။ :k:

  • ムラカミ

    January 16, 2016 at 4:20 pm

    အင်း
    ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်သေးတာ ရှိရဲ့…
    တခြားတော့မဟုတ်.. အရောင်ရင့်ကိစ္စ

    ဒီကနေ့ခေတ်ကြီးထဲမယ် … တလ တခါ အရောင်ရင့်တာ .. သိပ်များ နောက်ကျ နှေးကွေးနေလွန်းသလားလို့
    highlights of the week ဆိုပြီး တပါတ်တခါ စုစည်းရင် ပိုသင့်တော်မယ်ထင့်..
    ပြည်တွင်းရေး နိုင်ငံရေး လူမှုရေး စီးပွားရေး နိုင်ငံတကာရေး အားကစား နဲ့ ကျန်းမာရေး စသည် စသည်..
    ခေါင်းစဉ်တခုကို အကြောင်းအရာ တခုစီလောက်ဖြစ်ဖြစ်ပေါ့ …. သည်တပါတ် ဘာ hot ဖြစ်သလဲ ဆိုပြီး စုစည်းရင် ဖတ်ရတာပို အပ္ပဒိတ်ဖြစ်သပေါ့လေ…

    ဆိုပါစို့ … ဟိုးတပါတ် ကဆိုရင် ဟို၂ယောက် သေဒဏ် ကိစ္စ ဟော့တယ်
    နောက်တပါတ် ကျ ဈေး မီးလောင်တာ ဟော့တယ်
    သည်တပါတ် ကျ တူးပို့ ကိစ္စ ဟော့တယ် … စသည်ဖြင့် ပေါ့လေ…

    နောက်ပြီး တခုကျန်သေးငဲ့ … အရောင်ရင့် ကို နှစ်ချုပ် စုစည်းပြီး ၂၀၁၅ ထူးခြားဖြစ်စဉ်များ ဆိုပြီး
    ပြန်ပြုစုထားတဲ့ စာမျိုး လည်း မမြင်ဖူးသေးခဲ့…။

    လအလိုက် မဟုတ်ဘဲ တပါတ်ချင်းစီ ထူးခြားဖြစ်စဉ် ၁ခု သို့ ၂ ခု စီလောက် နဲ့ သွားရင်
    (ခုစလုပ်ရင် မီသေးငဲ့နော်…. သဂျီး)
    တနှစ်ပြည့်တဲ့အခါ 100 . highligh news of myanmar 2016 ဆိုပြီး နှစ်ချုပ်လုပ်လို့ရသေးရဲ့…။
    (နှစ်ချုပ်တွေ ကို တချို့မီဒယာတွေ လုပ်တာမြင်ဖူးပေမယ့် … ၁ပါတ်ကို ၁ခု ၂ခု ..စာလောက်နဲ့ အထူးခြားဆုံး အခု၁၀ဝ စုစည်းတာတော့မမြင်ဘူးသေး)

    အသစ်နော. … သဂျီး..
    (လုပ်ဖြစ်ရင် ခွက်ဒစ်ပေးဘာ)

    တော်သေးဘီ

    • kai

      January 16, 2016 at 6:04 pm

      အခုအရောင်ရင့်တွေက.. သတင်းစာမှာပုံနှိပ်ဖေါ်ပြဖို့.. စုထားတာတွေလေ… ဂီဂီရဲ့..။ အင်တာနက်ပေါ်တက်ရင်း ဖတ်မိတာတွေထဲက စုထားတာ..။
      ပြန်ရွေးပြီး… လတိုင်းဖေါ်ပြနေတာပဲ..။
      တပါတ်စီကတော့.. အင်တာနက်တီဗီအနေနဲ့လွှင့်နေပါကြောင်း..။

  • kai

    January 18, 2016 at 5:55 pm

    NLD အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါမလဲ
    By ထက်နိုင်ဇော် | January 18, 2016 | Hits:0
    4.62k
    ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရဲ့ အစိုးရ အဖွဲ့သစ်ဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရအဖွဲ့ ပုံစံမျိုး ဖွဲ့စည်းမယ် ဆိုတာကလွဲရင် သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ အပါအဝင် ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတာကို NLD က လျှို့ဝှက်ထားလို့ ဘယ်သူကမှ တိတိကျကျ မသိရှိကြသေးပါဘူး။
    NLD ကလည်း အခုလို အချိန်မှာ ထိုင်ခုံ(နိုင်ငံရေးရာထူး)လိုချင်တဲ့ သူတွေများတဲ့အတွက် မလိုလားအပ်ဘဲ သဘောထား ကွဲလွဲမှုတွေ၊ စည်းလုံး ညီညွှတ်မှုတွေ ပြိုကွဲမှာ စိုးရိမ်တဲ့အတွက် သတင်းထုတ်ပြန်မှု မရှိဘဲ လျှို့ဝှက်ထားတာပါ။
    ဒီလိုအချိန်မှာတောင် ဝန်ကြီးရာထူး၊ သံအမတ်ရာထူး တောင်းတဲ့သူတွေများနေလို့ ထပ်ခါတလဲလဲ တောင်းဆိုနေရင် ပါတီ စည်းကမ်း အရ အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ရပါတယ်။
    အခုလည်း ဖေဖော်ဝါရီလအတွင်း လွှတ်တော်သစ် ခေါ်ယူပြီး အစိုးရသစ် ဖွဲ့စည်းဖို့ အချိန်နီးကပ်လာတာနဲ့အမျှ သမ္မတ ဘယ်သူ ဖြစ်မ လဲဆိုတာနဲ့ ပြည်ထောင်စုအဆင့် ရာထူးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်မယ်ဆိုတာ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ခန့်မှန်းပြောဆိုမှုတွေ ရှိလာပါပြီ။
    သမ္မတ ရာထူးအတွက် လက်ရှိ NLD နာယက သူရဦးတင်ဦး၊ NLD ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ ဆရာ မင်းသု ဝဏ်ရဲ့သား ဦးထင်ကျော်တို့ နာမည်ကြီးခဲ့ရာမှာ နောက်ဆုံး ဦးထင်ကျော် ဖြစ်တယ်လို့ NLD အသိုင်းအဝိုင်းက ပြောပါတယ်။
    နိုင်ငံရေးအရ တိုင်းရင်းသားတဦးကို ဒုတိယ သမ္မတ တနေရာ ပေးတဲ့ အစဉ်အလာ ရှိပေမယ့် အခုချိန်အထိ ဘယ်တိုင်းရင်းသားကို ရွေးချယ်ထားတယ်ဆိုတာ မသိရသေးသလို တချို့ကလည်း တချို့ကလည်း NLD ဦးဆောင်အစိုးရမှာ တိုင်းရင်းသား ဒုသမ္မတအတွက် နေရာမရှိတော့ဘူးလို့ ဆိုကြပါတယ်။
    ရှမ်းတိုင်းရင်းသားများ ဒီမိုုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက“NLD ကို အားလုံးပါဝင်နုိုင်တဲ့ အစိုးရမျိုး ဖြစ်စေချင်တယ်။ သူတို့လည်း အမျိုးသား ရင်ကြားစေ့ရေး အစိုးရလို့ အော်နေတာပဲ။ တိုင်းရင်းသားတွေ ပါမှရမှာ။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုလည်း တို့ပါတီက နေရာ ၄ဝ ကျော်နိုင်ထားတာဆိုတော့ တို့ရွေးရမယ်ဆိုရင် အဆင်သင့်ပဲ။ ခက်တာက အခုချိန်အထိ NLD က ဆွေးနွေးဖို့ မကမ်းလှမ်းသေးဘူး”လို့ ဆိုပါတယ်။
    လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်နီးစပ်တဲ့ USDP က ဦးရွှေမန်းကို ဒုတိယ သမ္မတ ဖြစ်နိုင်တယ်ဆိုတာမျိုးတောင် ပြောဆို နေကြပေမယ့် အခုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ရာထူးပေးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
    ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် လှည်းကူးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် အဖြစ် ဗိုလ်တ ထောင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းနဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေကို NLD တိုင်းလွှတ်တော် ကိုယ်စား လှယ်တွေထဲက ညွှန်ချုပ်၊ ညွှန်ကြားရေးမှူး အငြိမ်းစားတွေနဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ NLD နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
    တခြား တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ မြင့်နိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုတို့ကို ရွေးချယ် ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ် အများစုဟာ လက်ရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဗဟိုအလုပ် အမှုဆောင်ထဲက ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
    “ကြံ့ခိုင်ရေးပါတီကလည်း အနည်းဆုံး ၃၊ ၄ ဦးလောက် ပြန်ပါမယ်လို့ ကြားတယ်။ ဦးအောင်မင်းကိုတော့ ပြန်ခန့်ဖို့ လက်ရှိ ကာ/ချုပ် မင်း အောင်လှိုင် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ပြန်တောင်းတယ်လို့ ကြားတယ်”လို့ NLD နဲ့ နီးစပ်သူက ဆိုပါတယ်။
    ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာ အောင်သူ၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးအဖြစ် ဧဒင် ဦးချစ်ခိုင်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးအဖြစ် ဒေါက်တာ ခင်မောင်ညိုနဲ့ ပြန်ကြားရေး ဝန်ကြီးအဖြစ် မုံရွာ ဦးအောင်ရှင် တို့ကို NLD အသိုင်းအဝိုင်းက ခန့်မှန်းထားကြပါတယ်။
    ကြံ့ခိုင်ရေးပါတီဘက်ကနေ တဦးပါတယ်ဆိုပြီး အသံထွက်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးတဲ့ သူရဦးအောင်ကိုက သာသနာရေးဝန်ကြီး ဖြစ်တယ်လို့ ကြားသိနေရပါတယ်။
    NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD က အစိုးရသစ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ဇန်နဝါရီလ ၁ဝ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာရင် ဝန်ကြီးဋ္ဌာနတွေကို လျှော့ချမှာ ဖြစ်ပေမယ့် အစိုးရ ဝန်ထမ်းတွေကိုတော့ ထုတ်ပယ်တာမျိုး မလုပ်ဘဲ သက်ဆိုင်တဲ့ အရည်အချင်းအလိုက် နေရာပေးသွားဖို့ NLD က ပြောဆို ထုတ်ပြန်ထားပါတယ်။
    “ချက်ချင်းကြီးတော့ ဝန်ကြီးဋ္ဌာနတွေက ဖြုတ်ပစ်လိုက်လို့ မရသေးဘူး။ ဒုဝန်ကြီး မခန့်ဘူးဆိုတာလည်း မဟုတ်ဘူး။ အနည်းဆုံး တ ယောက်တော့ ခန့်မယ်”လို့ NLD ပါတီဝင်တဦးက ဆိုပါတယ်။
    NLD အစိုးရသစ်အတွက် မူဝါဒတွေကို ထင်ဟပ်နိုင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ နိုင်ငံတော် အသုံးစရိတ် သက်သာဖို့နဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ဖို့ ဝန်ကြီးဋ္ဌာနတွေကို လျှော့ချမယ်လို့ ထုတ်ပြန်ထားပါတယ်။
    လက်ရှိ သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ ဝန်ကြီးအများစုဟာ စစ်ဘက် အငြိမ်းစားပုဂိ္ဂုလ်တွေ ဖြစ်ပြီး အရပ်သား ဝန်ကြီးကတော့ လက်ချိုး ရေတွက်လို့ ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း ဒုတိယ သမ္မတ တဦးအပါအဝင် နယ်စပ်ရေးရာ၊ ကာကွယ် ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပါတယ်။

  • kai

    January 20, 2016 at 3:52 pm

    FRONTIER MYANMAR MAGAZINE JAN 16 2016
    မြန်မာ့ဂဇက်အင်တာဗျူး…

    =

    =

  • kai

    January 21, 2016 at 4:56 am

    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် NLD မှ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ်NLD မှ ကရင်တိုင်းရင်းသား ဦးဝင်းခိုင်သန်း ကိုရွေးချယ်ထားကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက AFP သတင်းဌာနသို့ပြောဆိုလိုက်သည်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ အမတ်တဦးနှင့်အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် ကချင်တိုင်းရင်းသား အမတ်တဦးကိုလည်းကောင်းရွေးချယ်မည်ဟု သတင်းကဆိုသည်။
    =
    The nominated candidates include two of the party’s own MPs – Win Khaing Than, an ethnic Karen, and spokesman U Win Myint – for Upper and Lower House speaker, party spokesperson Nyan Win said.

    The other nominations for deputy speakers are an ethnic Rahkine from the Arakan National Party, and an ethnic Kachin from the incumbent military-backed party, he added.
    http://www.straitstimes.com/asia/se-asia/aung-san-suu-kyis-party-names-3-ethnic-minority-mps-to-myanmars-new-parliament

  • kai

    January 21, 2016 at 8:08 am

    ဧရာဝတီကို ကယ်တင်ကြ.. Blah.. blah…
    ဧရာဝတီ.. ရာဇဝင်များရဲ့သတို့သမီး.. Blah.. blah…
    THEN……………………..

    Kyaw Thu Naing added 2 new photos —
    January 17 at 4:57pm ·
    မြစ်မရှိတဲ့မြစ်
    ဧရာဝတီ ပြည်ဆိပ်ကမ်း


    =

    =

  • ဦးကြောင်ကြီး

    January 22, 2016 at 12:13 pm

    လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်သူများ စာရင်းတွင် ဇန်နဝါရီ ၂၂ရက် နံနက်ပိုင်း၌ ပြည်မြို့အကျဉ်းထောင်ကြီးမှ ကိုကျော်ဆန်း ပုဒ်မ (၁၈)၊ ကိုဝဏ္ဏ ပုဒ်မ(၁၈)၊ ကိုတိုးကြီး ပုဒ်မ (၁၈)၊ ကိုပဲပဲ (ခ) ကိုရဲကျော်သူ ပုဒ်မ (၅၀၅-ခ)တို့လေးဦး ၊ မြစ်ကြီးနား အကျဉ်းထောင်မှ မိုးပြာဂိုဏ်း ဆရာတော် ၊ ၁၇/၁ ဖြင့်
    ပြစ်ဒဏ်ကျခံနေရသည့် ကိုစိုးလွင်တို့အပြင် ပူတာအို အကျဉ်းထောင်မှ ဒေါက်တာသန်းထိုက်ဦး လည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

    သတင်း – ဇော်မင်းထွန်း
    Photo – Ye Aung FB
    The Ladies News Journal

  • kai

    January 24, 2016 at 6:43 am


    There is a type of fungus that can instantly induce orgasms in women with its smell
    The bright orange fungus only grows on 600-year-old Hawaiian lava flows
    The medicinal qualities of certain plants and herbs are well known, and these types of natural remedies been used to heal people for thousands of years. However, there is one much less well-known type of fungus with an unusual but potentially very important power.

    The fungus, which appears to only grow on Hawaiian lava flows that are between 600 and 1,000 years old, can apparently induce spontaneous orgasms in women when they smell it.
    .
    The mushroom’s “fetid” smell didn’t seem to have the same effect on the male test subjects, however.
    http://www.independent.co.uk/news/science/there-is-a-type-of-fungus-that-can-instantly-induce-orgasms-in-women-with-its-smell-a6687611.html

  • လောလောဆယ် တော့ ဟိုဘီယာက တူးပို့ ကိုဖြုတ်မယ်လို့ တရားဝင်စာထွက်လာပါပြီ

    ဒါပေမယ့် အရင်က လူ သိပ်မသိတဲ့ နာမယ်ကို အခု အတော်များများ သိကုန်ကြပြီ

    ထုုတ်လုပ်သူ ဘက်က နာမယ် မတတ်တော့ ဘူး ဆိုပေမယ့်

    အပြင်မှာတော့ ဘီယာဆိုင်ထိုင်သူတွေက ရော စားပွဲထိုးလေးတွေကပါ

    တူးပို့ ဝမ်းကဒ်

    တူး ပို့ တစ်လုံး လို့ အော်ပြီး မှာကုန်ကြတာကတော့ အဖြစ်မှန်ပါဘဲ

    အချို့ကိစ္စတွေက အုံမကြွဘဲ တိတ်တိတ်ဖြေရှင်းတာ ပိုပြီးထိရောက်တတ် အသက်ဝင်တတ်ပါတယ်။

    လိပ်ကျွန်းလဲ ထို့ အတူ ဘဲလိုထင်ပါတယ်

  • kai

    January 28, 2016 at 5:24 pm

    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် (အဖွဲ့ချုပ်) ဗမာ
    ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် (ပြည်ခိုင်ဖြိုး) ကချင်

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း (အဖွဲ့ချုပ်) ကရင်
    ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ( ရခိုင်အမျိုးသားပါတီ) ရခိုင်

  • kai

    January 29, 2016 at 2:07 pm

    Thaung Su Nyein
    14 hrs ·

    ၃၁.၁.၂၀၁၁ နံနက် ၈:၅၅နာရီမှာ ပထမအကြိမ် လွှတ်တော်ကို ခေါ်ယူကျင်းပခဲ့ပါတယ်။

    လေးရက်အကြာ ၃.၂.၂၀၁၁ မှာ ဒုသမ္မတ သုံးယောက်ကို လွှတ်တော် နှစ်ရပ်က မဲခွဲ၍သော်လည်းကောင်း၊ တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့က ခန့်အပ်၍သော်လည်းကောင်း ရွေးချယ်ခဲ့ရာ ပြည်သူ့လွှတ်တော်က ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်က ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော်က သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ဖြစ်လာပါတယ်။

    ၄.၂.၂၀၁၁ မှာ ပြည်ထောင်စုလွှတ်တော်က မဲဖြင့် ရွေးချယ်ရာ မဲအများဆုံး ရရှိတဲ့ ဦးသိန်းစိန် (ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ဟာ မြန်မာနိုင်ငံရဲ့ နဝမမြောက် သမ္မတ ဖြစ်လာခဲ့ပါတယ်။

    တစ်ပတ်အကြာ ၁၁.၂.၂၀၁၁ မှာ သမ္မတဦးသိန်းစိန် တင်သွင်းတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ဝဦးကို လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ဝန်ကြီးများကို ဌာန တာဝန်ပေးအပ်ခြင်း မရှိသေးပါဘူး။

    လွန်ခဲ့တဲ့ ငါးနှစ် ဒီအချိန်က ဖြစ်ရပ်လေးတွေ ပြန်သိနိုင်အောင် တင်ပြပေးခြင်း ဖြစ်ပါတယ်။

  • kai

    January 31, 2016 at 7:29 am

    Kyawlwin Htun
    Follow
    Yesterday at 4:32am ·

    အဲဒီကောင်
    ပြည်ထောင်စုမြန်မာနိုင်ငံပြန်လာတယ်ဗျို့။
    ဘယ်သူ့မှ သူ့လောက်တပ်တယ်မထင်ဘူးဗျ။
    ခံဘူးသူတေလည်း ခံဘူးသွားပြီဗျို့။
    အလျင်းသင့်ရင်ဖောက်သည်ချပါ့မယ်။
    ခင်ဗျားတို့ ကျောကော့ဘို့သာပြင်ပေတော့။

    ဉာဏ်ပညာက စာရိတ္တရဲ့ကွက်လပ်ကို မဖြည့်ပေးနိုင်ဘူး။
    ဘာဖြစ်လို့ ဥရောပနိုင်ငံသားတွေက အမြဲတမ်း ရှေ့ပြေးနေရနေတာလဲ၊
    တကယ်လို့ သင် ဩစတေးလျကိုသွားဖူးရင် သိပါလိမ့်မယ်၊ ဘတ်စကားစီးတာ၊ မော်တော်ဘုတ်စီးတာတွေမှာ လက်မှတ်စစ်မရှိဘူး၊ စာရိတ္တက နိုင်ငံရဲ့ အဓိက အုတ်မြစ်ပဲ၊

    ဖြစ်ရပ်မှန်လေးတစ်ခုရှိခဲ့တယ်၊
    လွန်ခဲ့တဲ့ ၁၂နှစ်လောက်တုန်းက လူငယ်တစ်ယောက်၊ ဘွဲ့ရပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ကျောင်းဆက်တက်တယ်၊ သူ သတိထားမ ိလိုက်တာက အဲဒီမှာ ဘယ်သွားသွား လက်မှတ်က ကိုယ့်ဖာသာ ကိုယ်ငွေထည့်ပြီး ကိုယ့်ဖာသာကိုယ် ဘူဖေးစနစ်နဲ့ ဝယ်ရတာ၊ ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာအတွက်ရည်ရွယ်.. ပိုက်ဆံချေပြီး ကို်ယ့်ကိုယ်လက်မှတ်ဝယ်၊ ဂိတ်တွေမှာလည်း တံခါးမရှိဘူး၊ လက်မှတ်စစ်ဖို့ အစောင့်မရှိဘူး၊ ရှောင်တခင် လက်မှတ်စစ်တယ်ဆိုတာ အရမ်းရှားတယ်၊

    သူက ဒါကို အကွက်လို့မြင်ပြီး ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတယ်ပေါ့၊ လက်မှတ်စစ်လို့ မိနိုင်ခြေက ပြင်သစ်လူမျိုး အယောက်သိန်းသန်းနဲ့ချီမှ သူတစ်ယောက်တည်းရှိတယ်ပေ့ါ၊ အဲဒီအတွက် သူ့ကိုယ်သူ ဂုဏ်ယူပြီး နောက်ပိုင်း ဘယ်သွားသွား ဘာလက်မှတ်မှ မဝယ်တော့ဘူး၊ ကိုယ့်ကိုယ်ကို “ အော်.. ငါကအခုမှ အလုပ်အတည်တကျမရှိသေးတဲ့ ကျောင်းသားလေးပဲဟာ .. ချွေတာနိုင်သလောက် ချွေတာမှ ဖြစ်မှာပါလေ” ဆိုပြီး ဒီလိုအကြောင်းပြချက်လေး ပေးတယ်၊

    ဒီလိုနဲ့ လေးနှစ်ကုန်ဆုံးသွားတယ်၊
    နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ရွှေစာလုံးနဲ့ ထူးချွန်အောင်မြင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရတဲ့အတွက် သူ့ကိုယ်သူ အရမ်းဂုဏ်ယူတယ်၊ ဒါနဲ့ နာမည်ကြီး ပြင်သစ်ကုမ္ပဏီတွေမှာယုံကြည်ချက်အပြည့်နဲ့ သူ အလုပ်သွားလျှောက်တယ်၊
    ဒါပေမယ့် အဲဒီကုမ္ပဏီတွေက အစပိုင်းမှာတော့ သူ့ကိုလှိုက်လှိုက်လှဲလှဲနဲ့ ဖိတ်ခေါ် အင်တာဗျူးပြီး နောက်ပိုင်း အင်တာဗျူးအားလုံး မအောင်ခဲ့ဘူး၊ ဒီ့အတွက် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမချမ်းဖြစ်ခဲ့တယ်၊
    ဒါနဲ့ နောက်ဆုံး ကုမ္ပဏီတစ်ခုမှာသူ အင်တာဗျူးကျမှန်းသိသွားတော့ ရုံးခန်းထဲ ဇွတ်အတင်းဝင်သွားပြီး အင်တာဗျူးလူကြီးတွေကိုမေးလိုက်တယ်၊ “ သူက နိုင်ငံခြားသားတစ်ယောက်ဖြစ်နေလို့ သူ့ကိုနှိမ်ရတာလာ၊ အထင်သေးတာလားတဲ့

    သူလက်ခံနိုင်တဲ့ အကြောင်းပြချက်တစ်ခုပေးပါလို့” မေးလိုက်တယ်၊
    ဇတ်သိမ်းမှာ သူလုံးဝ မျှော်လင့်မထားတဲ့အဖြေတစ်ခုက သူ့နားပင် သူမယုံနိုင်လောက်အောင် ခေါင်းကြီးသွားခဲ့တယ် ..
    “မစ္စတာ၊ ကျနော်တို့ ခင်ဗျားကို အထင်မသေးပါဘူး၊ ဒါ့အပြင် အထင်တောင်ကြီးသေးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကုမ္ပဏီက အခုထက်ထိ ကြီးသတဲ့ကြီးအောင် ကြိုးစားဆဲဖြစ်လို့၊ ခင်ဗျားတို့လို လူတော်လူမော်တွေကို အရမ်းကိုလိုအပ်လျက်ရှိပါတယ်၊ ဒါ့ကြောင့် ခင်ဗျား ဒီအခန်းထဲစစဝင်လာပြီး ကျနော်တို့နဲ့အင်တာဗျူးတာနဲ့ ခင်ဗျားရဲ့ ပညာရေးနဲ့ အရည်အချင်းကို အင်မတန်မှသဘောကျခဲ့တယ်၊ အမှန်အတိုင်းပြောရင်၊ ကုမ္ပဏီဘက်ကကြည့်ရင် ခင်ဗျားဟာ ကျနော်တို့ရှာနေတဲ့လူတော်တစ်ဦးပါ”

    “ ဒါဖြင့် ဘာဖြစ်လို့ ကျနော့်လို လူတော်ကို ခင်ဗျားတို့ကုမ္ပဏီအတွက် အသုံးမချလိုက်တာလဲ ” ထိုသူပြန်မေးလိုက်သည်၊
    “ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ သမိုင်းကို ပြန်ကြည့်တာ၊ ခင်ဗျားcredit card ထဲကနေ လက်မှတ်စစ်တဲ့အခါ လက်မှတ်မပြနိုင်တဲ့အတွက် သုံးကြိမ်တိတိ ငွေဒဏ်ရိုက်ထားတာ တွေ့ ရှိရလို့ ဖြစ်တယ် ”
    “ ကျနော် ဒီအကြောင်းပြချက်ကို လက်မခံနိုင်ဘူး.. ဒီကိစ္စလေးအတွက် နာမည်ကြီးကျောင်းတစ်ခုက ဘွဲ့ရပညာတတ်တစ်ယောက်ကို ငြင်းပယ်ရဲတယ်ဆိုတာ ကျနော်မယုံဘူး ”
    “ ကိစ္စလေး… ဟုတ်လား၊ ကျနော်တို့က ဒါကို ကိစ္စလေးလို့ မမြင်ပါဘူး၊ ကျနော်တို့ သတိထားမိတာ ပထမအကြိမ်ခင်ဗျားလက်မှတ်စစ်မိတာ ကျနော်တို့နိုင်ငံကိုရောက်ပြီးပထမအပတ်မှာဖြစ်တာ၊ လက်မှတ်စစ်က ခင်ဗျားပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နိုင်ငံခြားသားဆိုတော့ ရောက်တာသိပ်မကြာသေးလို့ လက်မှတ်မဝယ်တတ်ဘူးဆိုပြီးအကြောင်းပြချက်ပေးခဲ့လို့ ခင်ဗျားကိုခွင့်လွှတ်ခဲ့တယ်၊
    ဒီလိုနဲ့ ဒုတိယအခေါက်ထပ်ကျူးလွန်ပြန်တယ် ”
    “အဲတုန်းက ကျနော့်အိတ်ကပ်ထဲမှာ ပိုက်ဆံအကြွေမရှိလို့ ”
    “ မဟုတ်ဘူး၊ မဟုတ်ဘူး မစ္စတာ၊ ကျနော် ဒီအကြောင်းပြချက်ကိုလက်မခံနိုင်ဘူး၊ ခင်ဗျားက ကျနော့်ရဲ့ အကဲဖြတ်နိုင်စွမ်းဉာဏ်ကို သံသယဝင်နေပြီ၊ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ခင်ဗျား လက်မှတ်မဝယ်တာ အကြိမ်တစ်ရာအထက်မနည်းဘူး လို့ ကျနော်ယူဆတယ်”

    “ အဲဒါလေးနဲ့ပဲ အပြစ်က ဒီလောက်ကြီးသွားရောလား .. နောက်ပြင်လို့ရတာပဲလေ… မဟုတ်ဘူးလား”
    “ မရဘူး.. မရဘူးမစ္စတာ၊ ဒီကိစ္စအတွက် ကျနော် အချက်နှစ်ချက်ကို ထောက်ပြချင်တယ် ..
    တစ်… ခင်ဗျားဟာ စည်းကမ်းကိုမလေးစားဘူး၊ ဒါတင်မကဘူး၊ ခင်ဗျားဟာ စည်းကမ်းထဲက လစ်ဟာနေတဲ့အချက်ကိုအသုံးချပြီး မကောင်းကြံခဲ့တယ်
    နှစ်… ခင်ဗျားဟာ ယုံကြည်ထိုက်သူမဟုတ်ဘူး၊ ကျနော်တို့ကုမ္ပဏီက ယုံကြည်မှုကိုအားထားပြီး အလုပ်လုပ်နေရတဲ့ကုမ္ပဏီဖြစ်တယ်၊ တကယ်လို့ကျနော်တို့ခင်ဗျားကို အလုပ်ခန့်လိုက်ရင် ခင်ဗျားတာဝန်ယူရတဲ့အပိုင်းက ဒေသတစ်ခုအတွက် ဈေးကွက်ဖြန့်ကျက်ဖို့လည်းဖြစ်သွားချင် ဖြစ်သွားနိုင်တယ်၊ ကုမ္ဗဏီရဲ့ ဘဏ္ဍရေးကို ချွေတာတဲ့အနေနဲ့ ကျနော်တို့ ကုမ္ပဏီတွေမှာ လုံခြုံရေးကင်မရာတွေ၊ လုံခြုံရေး စနစ်တွေလည်းထားရှိတာမဟုတ်ဘူး၊ ကျနော်တို့ အများပြည်သူသုံး ဘတ်စကား၊ရထားလိုမျိုးပေါ့။

    ဒါ့ကြောင့် ကျနော်တို့ ခင်ဗျားကိုလုံးဝ အသုံးချလို့မရဘူး၊ ကုန်ကုန်ပြောရရင်၊ ကျနော်တို့ မှမဟုတ်ဘူး၊ ခင်ဗျားကို ကျနော်တို့တစ်နိုင်ငံလုံးက အခြားကုမ္ပဏီတွေလည်း အသုံးချရဲမှာလည်းမဟုတ်ဘူး၊
    ဒီအချိန်မှာမှ သူအိပ်မက်က နိုးထလာသလို ဖြတ်ခနဲ အသိတစ်ခုရသွားတယ်၊

    တကယ့်မှာ သူအသိတရားရသွားစေတဲ့စကားတစ်ခွန်းက အင်တာဗျူးလူကြီး ပြောလိုက်တဲ့ နောက်ဆုံးစကားတစ်ခွန်း ကြောင့်ဖြစ်တယ်။
    ထိုလူကြီးပြောလိုက်တဲ့နောက်ဆုံးစကားတစ်ခွန်းလေးက..
    “ စာရိတ္တက ဉာဏ်ပညာရဲ့ ချို့တဲ့မှုကွက်လပ်ကိုခဏခဏ ဖြည့်ပေးနိုင်တယ်၊ ဒါပေမယ့် ဉာဏ်ပညာက စာရိတ္တရဲ့ ကွက်လပ်ကို တစ်သက်လုံး မဖြည့်ပေးနိုင်ဘူး” တဲ့

    ၁။ တောင်းရမ်းနေတဲ့သူအချို့နဲ့ တွေ့တဲ့အခါ –
    ပိုက်ဆံလိုအပ်လို့ တောင်းနေတဲ့သူတွေ့တဲ့အခါ ပိုက်ဆံလေးနည်းနည်းလောက်ပေးခဲ့၊
    စားစရာမရှိလို့ ငတ်နေတဲ့သူတွေ့တဲ့အခါ ကိုယ်အိမ်ပြန်ရင်စားဖို့ အစာထုပ်လေးကို ပေးခဲ့၊

    ၂။ ဘတ်စ်ကားပေါ်မှာ၊ သူအို၊သူနာ၊ကိုယ်ဝန်သည်တွေတွေ့တဲ့အခါ အသံအကျယ်ကြီးလည်းပြောစရာမလိုဘူး၊အရမ်းကိုစိတ်အားထက်သန်စရာလည်းမလိုဘူး၊ ကိုယ်နောက်တစ်ဂိတ်ဆင်းတော့မှာလိုလိုနဲ့ သူ့အတွက်အသာလေး ထပေးလိုက်၊ ပြီးတော့မှ ကားပေါ်ကဆင်းသလိုလိုနဲ့ ခပ်လှမ်းလှမ်းကားအနောက်မှာသွားရပ်ပေးလိုက်၊ (သူအားနာမမိအောင်လို့) ၊ သူက ကျေးဇူးတင်ပါတယ်လို့ ဖွဖွလေးပြောတဲ့အခါ ကိုယ်က တစ်ချက်ပြန်ပြုံးပြလိုက်။

    ၃။ မိုးရွာထဲ၊ ရာသီဥတုအရမ်းအေးတဲ့ညတွေမှာ ၊ ညနေစောင်းတွေမှာ ဈေးရောင်းနေတဲ့သူတွေ၊ သစ်သီးရောင်းနေတဲ့သူတွေ၊ သတင်းစာရောင်းနေတဲ့သူတွေ၊ စံပယ်ကုံးရောင်းနေတဲ့အဘွားအိုတွေ၊ လက်ထဲမှာ နည်းနည်းလေးကျန်နေတယ်၊ အိမ်ပြန်လည်းသယ်သွားလို့မရ ဖြစ်နေတာမျိုးတွေ့ရင်၊ အကုန်ဝယ်နိုင်ရင် ဝယ်ပစ်လိုက်၊ မဝယ်နိုင်ရင် နည်းနည်းလောက်တော့ဝယ်လိုက်၊ ကိုယ်စားနိုင်နိုင်၊ မစားနိုင်နိုင်၊ ဖတ်ဖြစ်ဖြစ်၊ မဖတ်ဖြစ်ဖြစ် ဝယ်ပေးလိုက်၊ အဲဒီလို စိတ်မျိုးလူနည်းနည်းလေးရှိပစေဦး၊ ကုန်သွားရင် သူဒီည အိမ်စောစောပြန်လို့ရလိမ့်မယ်၊
    smile emoticon

    ၄။ လမ်းမှားနေတဲ့ ကလေးတွေ၊ အဘွားအိုတွေ ၊ အိမ်လိုက်ပို့ပေးနိုင်ရင် ပို့ပေးလိုက်၊ (ကိုယ့်လုံခြုံမှုတော့ သတိထားပေါ့) ၊ မပို့ပေးနိုင်ရင် တက္ကစီငှားပေးလိုက် ၊ ရဲစခန်းလိုက်ပို့လိုက်လည်းဖြစ်တယ်၊ တကယ်လို့ သူက သူ့အိမ်ဖုန်းနံပါတ်သိရင် ဖုန်းလေးတစ်ချက် ကူဆက်ပေးလိုက်။

    ၅။ လိပ်စာမသိလို့လာမေးတဲ့အခါ သင်သိရင် ကြုံတုန်းတစ်ချက်လေးပြောခဲ့လိုက်၊ ထင်ရှားတဲ့အမှတ်အသားတွေနဲ့ လမ်းပြပေးလိုက်၊

    ၆။ ပို်က်ဆံအိတ်ကောက်ရရင် ဆက်သွယ်ဖို့လိပ်စာပါခဲ့ရင် ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေးလိုက်၊ မဆက်သွယ်နိုင်ရင် ရဲစခန်းအပ်လိုက်၊ ( ပေါက်ကရမတွေးပါနှင့်)

    ၇။ ကျောင်းအကျီင်္နဲ့အချို့ကလေးတွေ၊ ဆယ်တန်းတောင်မအောင်သေးဘူး၊ ကျောင်းတတ်ရင်း အလုပ်လုပ်နေတာမျိုးတွေ့ရင် သူဘာရောင်းရောင်း ဝယ်လိုက်၊ တကယ်လို့ သူ့အိမ်မှာသာ တကယ်အခက်အခဲမရှိဘူးဆိုရင် သူလည်း ဒီလိုထွက်လာပြီး အလုပ်လုပ်ရဲမှာမဟုတ်ဘူး၊ ( ကိုယ်တွေငယ်စဉ်ကလိုပေါ့၊ ကိုယ့်မိဘတွေ ဈေးဆစ်တာကို သေလောက်အောင်ရှက်တယ်၊ သူတို့လေးတွေဆို အပြင်ထွက်ပြီး ဈေးဗန်းကိုင်ဖို့ ပိုလို့တောင်ရှက်ရှာကြမှာပေါ့) တကယ်မလိုအပ်ရင် သူ့မိဘတွေလည်း ကလေးကို နေပူထဲ၊ မိုးထဲ အလုပ်ထွက်လုပ်ခိုင်းမှာမဟုတ်ဘူး၊ သူ့ရဲ့ စိတ်ဓာတ်နဲ့ခွန်အားကို အားပေးလိုက်၊ ဝယ်ပေးလိုက်၊ နည်းနည်းလေးဝယ်လိုက်လို့လည်း သင်လည်းမွဲသွားမှာမှ မဟုတ်တာ။

    ၈။ အချို့ ဘာမှမလုပ်တတ်မကိုင်တတ်တော့ လမ်းဘေးမှာ အပိုဝင်ငွေလေးရအောင် စကော့ဈေးတွေရှေ့မှာ ကားဂိတ်မှာ၊ အန္တရာယ်များတဲ့မီးပွိုင့်ကားကြားတွေမှာ၊ လက်ကမ်းစာစောင်ဝေနေတာမျိုးတွေ့ရင် ကိုယ်က လက်နှစ်ဖက်နဲ့ယူပေးလိုက်၊ သူ့အလုပ်ကို လေးစားကြောင်းပြလိုက်၊ အဲဒါက လက်စိမ်းစိမ်းကြီးထုတ်ကာလိုက်တာထက်စာရင်တော့ သူ့အတွက်အများကြီး နွေးထွေးနေလိမ့်မယ်၊

    ၉။ ည၉နာရီကျော်ပြီးသည့်တိုင်အောင် အိမ်မပြန်သေးဘဲ လက်ကျန်နည်းနည်းလေး ဆက်ရောင်းနေတာမျိုးတွေ့ရင် ဝယ်လိုက်၊ ဈေးမဆစ်နဲ့၊ ဘယ်သူက မိုးချုပ်ကြီး အိမ်ပြန်ပြီး မိသားစုနဲ့မတွေ့ချင်ဘဲ ညအေးကြီးထဲမှာ ဈေးကို ခဲရာခဲဆစ်ရောင်းနေပါ့မလဲ၊

    ၁၀။ တကယ်လို့ ပိုက်ဆံအရမ်းချမ်းသာနေရင်၊ အပျော်မရှာနဲ့၊ မယားငယ်မရှာနဲ့၊ မယားငယ်ထားမယ့်အစား အရှင်ဇဝနတို့လို၊ အရှင်ဆေကိန္ဒတို့ို တကယ်ချို့တဲ့တဲ့ ကျောင်းသားတစ်ယောက်ယောက်ကိုထား၊ ခိုးမွေးစား၊ သင်ဘယ်သူလဲဆိုတာ ကလေးကို မသိစေနဲ့၊ မဟုတ်လို့ရှိရင် တွေ့တဲ့အခါ အားနာနေလိမ့်မယ်၊ ဒါပေမယ့် သင့်စိတ်ထဲမှာတော့ မယားငယ်ထားတာထက်ကိုစိတ်ထဲမှာ အင်မတန်အေးချမ်းနေတာကို သင်တွေ့ရလိမ့်မယ်၊

    ၁၁။ တကယ်လို့ သင့်မှာ အားလပ်ချိန်အချို့ရှိရင် ပရဟိတလုပ်နေတဲ့ အသင်းအဖွဲ့တွေနဲ့ ချိတ်မိနိုင်ဖို့ကိ ုကြိုးစား၊ သူတို့ဘာတွေလှုပ်ရှားလဲ၊ ဘယ်နေရာမှာ ဘာတွေချို့တဲ့နေလဲ၊ သိအောင်လုပ်၊ ပြီးရင်တတ်နိုင်သလောက် လိုတဲ့နေရာမှာ အကူအညီပေးဖို့ ကြိုးစား၊ အကျီင်္ အရောင်တွေဘာတွေ မခွဲနဲ့၊

    ၁၂။ နောက်ဆုံး စကားက တတ်နိုင်ရင် အခြားလူတွေလည်း ဒီလိုစိတ်လေးတွေ မွေးမြူရကောင်းမှန်း သတိထားမိအောင် တတ်နိုင်သလောက်လေးတော့ ရှဲ သွား.. ဒါမှမဟုတ် ကူးသွား … စိတ်မဆိုးဘူး … ရေးရကြိုးနပ်တယ်။

    စဉ်းစားကြည့်နော်၊ ကိုယ်နေတဲ့နိုင်ငံမတိုးတတ်သေးဘူးဘဲထား၊ စိတ်လေးတွေမှာ သူလည်းဒီလို၊ကိုယ်လည်းဒီလိုတိုးတက်နေရင် ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကလေးက အင်မတန်မှ ကြည်နူးစရာကောင်းလိမ့်မယ်၊

    ကြိုးစားနိုင်ကြပါစေပေါ့ ..
    Credit to စာပေ

  • kai

    January 31, 2016 at 8:13 am

    Zika virus could be bigger global health threat than Ebola, say health experts
    The Guardian‎ –

    The Zika virus outbreak in Latin America could be a bigger threat to global health than the …

  • kai

    February 1, 2016 at 6:30 am

    Can ‘Cultured Beef’ Ease Meat Industry’s Environmental Impact?

    by Nyshka Chandran, CNBC

    “Cultured meat” and a book that cleans dirty water are the latest innovations in food technology that could be key to sustainability in a world of finite resources.

    Researchers from Germany and the U.S. revealed their solutions to surging meat demand and fatalities from waterborne diseases at the EMTech Asia conference in Singapore on Wednesday.
    Eco-friendly meat

    Maastricht University has developed “cultured beef,” which is created by harvesting muscle cells from a living cow.
    http://www.nbcnews.com/business/consumer/can-cultured-beef-ease-meat-industry-s-environmental-impact-n506241

    • kai

      February 1, 2016 at 6:35 am

      နွားရဲ့အသားတစကိုယူ… မွေးမြူကြီးထွားရေးလုပ်လိုက်တာတဲ့..။
      ထေရာဝါဒ သက်သတ်လွတ်သမားတွေ.. ဘာပြောမလဲမသိ.. :k:

  • kai

    February 3, 2016 at 6:41 am

    Kamayut Media
    15 hrs ·

    BREAKING NEWS:

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမယ့် ပြည်နယ်နဲ့တိုင်း လွှတ်တော်ဥက္ကဌတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ့်သူတွေကို နေပြည်တော် လွှတ်တော်ဝင်းထဲမှာ သီတင်းတစ်ပတ်ကြာ သင်တန်းပေးခဲ့ပါတယ်။ ဒီသင်တန်းမှာ အုပ်ချုပ်ရေးဆိုင်ရာတွေ သင်ကြားပေးခဲ့တာဖြစ်ပြီး ဒီကနေ့ သင်တန်းဆင်းပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါတီ နာယကကြီး သူရဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။

    • kai

      February 3, 2016 at 3:19 pm

      ဦးရွှေမန်းနေရာကြီးက… :k:

  • kai

    February 4, 2016 at 6:30 pm

    ၁။ ငရုတ်သီးစားခြင်းကနေ ပထမဆုံးရမယ့် အကျိုးကျေးဇူးကတော့ ဝိတ်ကျသွားစေတာပါပဲ။ ငရုပ်သီးအစပ် ပါဝင်တဲ့ အစားတွေစားခြင်း၊ စွပ်ပြုတ်တွေ သောက်ခြင်းနဲ့ ငရုတ်သီးအနီတောင့်က ပိုပြီး ဝိတ်ကျစေပါတယ်။
    ၂။ ကင်ဆာကို ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်ပွားနိုင်ချေရှိတဲ့ ဆဲလ်တွေ ရှိနေတတ်ပါတယ်။ ဒီဆဲလ်တွေ ကြီးထွားပျံ့နှံ့လာမှုကို ငရုတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေက တို်က်ဖျက်ပေးပါတယ်။
    ၃။ အသက်ရှည်မယ်။ ဒါဟာ ငရုတ်သီးစားခြင်းတွေထဲက အကောင်းဆုံး အာနိသင်ဖြစ်ပါတယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ကင်ဆာတွေကို ပျောက်ကင်းစေရုံသာမက သွေးတိုးတာကို ကာကွယ်ပေးပါတယ်။ ငရုတ်သီးကို တစ်ပတ် အနည်းဆုံး သုံးရက်စားမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးမှုနှုန်း ၁၄ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။
    Source : Hufftingtonpost

  • kai

    February 5, 2016 at 8:28 am

    President Obama Asks All Americans to Fight Islamophobia During First Mosque Visit
    by ERIK ORTIZ
    President Barack Obama, focusing on a message of religious tolerance and unity, called for all Americans to stamp out anti-Muslim prejudice during his first presidential visit Wednesday to an American mosque.

    “An attack on one faith is an attack on all our faiths,” Obama said, adding that “we have to be consistent in condemning hateful rhetoric … none of us can be bystanders to bigotry.”
    http://www.nbcnews.com/politics/white-house/president-obama-first-visit-u-s-mosque-call-religious-tolerance-n510296

  • kai

    February 5, 2016 at 8:38 am

    တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၏ နေအိမ်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများ တွေ့ဆုံပွဲကျင်းပ
    Submitted by Zay Thu on Wed, 02/03/2016 – 16:38

    တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးခင်ညွန့်က တပ်မတော် ထောက်လှမ်းရေးတွင် တာဝန်ထမ်းဆောင်ခဲ့သော အရာရှိဟောင်းများကို ဇန်နဝါရီလ ၃ဝရက်က ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးလမ်းသွယ် အမှတ် ၂ရရှိ သူ၏နေအိမ်တွင် ညစာကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ညစာစားပွဲသို့ ထောက်လှမ်းရေးတွင် တာဝန်ထမ်းဆောင်ခဲ့သော အရာရှိဟောင်း ၆ဝခန့် တက်ရောက်ခဲ့ပြီး အဆိုပါညစာစားပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က သူ့အနေဖြင့် နိုင်ငံရေး လုံးဝပြုလုပ်တော့မည် မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံရေး ပါတီဘက်မှလည်း လိုက်မည်မဟုတ်ကြောင်း၊ သို့သော်ယခု အချိန်သည် ပြည်သူများ အလွန်ဆင်းရဲ ကြပ်တည်းနေသည့် အချိန်ဖြစ်သဖြင့် တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်းများ အနေဖြင့် ပြည်သူများကို တက်စွမ်းသည့်ဘက်မှ ကူညီစေလိုကြောင်း၊ ထို့ပြင် အမှန်တရားဘက်မှ ရဲရဲဝံဝံ ရပ်တည်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply