ဟာသအတိုအတွာ

Yin Nyine NwayAugust 29, 20106min1233

အင်တာဗျူးတစ်ခုတွင်….

မန်နေဂျာ။    ။ မင်းမွေးနေ့ ပြောပါ
ကိုထုံ     ။    ။ အောက်တိုဘာ ၁၃
မန်နေဂျာ။    ။ ဘယ် နှစ်လဲ

ကိုထုံ     ။    ။ နှစ်တိုင်း

2.
နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…
“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”
“တူပါဘူး၊ ဘာလို့ လဲ”
“လန်ဒန်မှာ အမျုးိသမီးတယောက်က ငါ့ကို နိုင်ငံခြားသားလားလို့ လာမေးနေလို့”

3.

အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….

အမေရိကန်။    ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ မွေးခဲ့ဘူးသလား

ကိုထုံ       ။    ။ ဟင့်အင်း…ကလေးလေး တွေဘဲ မွေးတာ

4.

စာသင်ခန်းအတွင်း၌ဖြစ်သည်…

ဆရာ   ။    ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ

ကိုထုံ   ။    ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ ကိုတော့ ကျနော် မသိပါဘူး။

5.

ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။

ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…

“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေ့ါလေ၊ ဘယ်ရမလဲကွာ…ဖယ်စမ်း ငါမောင်းမယ်၊ ဒီမှာလာထိုင်”

6.

အင်တာဗျူးတစ်ခုတွင်….

မန်နေဂျာ။    ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ
ကိုထုံ     ။    ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေ့ါ၊

7.

ကိုထုံ         ။    ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ

သူငယ်ချင်း ။    ။ ဘာလို့ လဲ

ကိုထုံ         ။    ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို…သူ့ ထီးက အသစ်ကြီးနော် လို့ပြန်ပြောတယ်လေ

8.

စာသင်ခန်းအတွင်း၌ဖြစ်သည်…

ဆရာ   ။    ။ ကမာ္ဘပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ

ကိုထုံ   ။    ။ မြင်းကျား

ဆရာ   ။    ။ ဘာလို့လဲ

ကိုထုံ   ။    ။ သူက အဖြူအမဲ ဘဲရှိသေးတယ်လေ…

9.

ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်….

မန်နေဂျာ။    ။ မင်း MS office ကို သိသလား
ကိုထုံ     ။    ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမယ်…

10.

စာသင်ခန်းအတွင်း၌ဖြစ်သည်…

ဆရာ   ။    ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ

ကိုထုံ   ။    ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့် ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။



3 comments

  • bigcat

    August 29, 2010 at 4:48 am

    ကိုထုံကို လစ်လပ်သွားတဲ့ တပ်ချုပ်ကြီးနေရာမှာ အစားထိုးဖို့ အဆိုပြုပါတယ်။ သဘောတူရင် မှတ်ချက်လေး ရေးသွားခဲ့ပါလား။

  • tunaung

    August 30, 2010 at 4:38 am

    ကိုထုံကိုရွေးကောက်ပွဲဝင်ခိုင်းသင့်တာ

  • Gong Zhu

    September 16, 2010 at 6:20 pm

    6.

    အင်တာဗျူးတစ်ခုတွင်….
    မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ
    ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေ့ါ၊
    အဲ့လိုသာပြောလိုက်လို့ကတော့ အလုပ်က ချက်ချင်းပြန်ပြောလိုက်လိမ့်မယ် ။ လာစရာမလိုတော့ဘူးလို့

Leave a Reply